×

    ဆိုင္ေတြမွာေရာင္းရင္လည္း ထမင္းတစ္ပြဲစာဟာ
    တစ္လုပ္စာသာသာမွ်သာရွိတ့ဲပန္းကန္လံုးေလး
    တစ္လံုးစာပဲရွိပါတယ္။ဒါဟာဘာလို႔လဲဆိုရင္
    ကိုးရီးယားေတြဟာထမင္းကိုအရမ္းတန္ဖိုးထားလို႔ပါ။

    ဒီပန္းကန္လံုးေလးထဲကထမင္းဟာ လူတစ္ေယာက္
    အတြက္အကုန္မစားနိုင္စရာအေၾကာင္းမရွိပါဘူး
    အရမ္းဗိုက္ဆာေနလို႔ ဒီလိုထမင္းဆယ္လံုးစားရင္လည္း
    သူတို႔မျငိဳျငင္ပါဘူးသူတို႔စိုးရိမ္တာက ထမင္းကိုမကုန္ဘဲ
    လႊင့္ပစ္မွာကိုစိုးလို႔ပါ တ့ဲ။

    ေတာင္ကိုးရီးယားနိုင္ငံသားေတြဟာထမင္း
    လႊင့္ပစ္တတ္တ့ဲလူေတြကိုမ်က္ေစာင္းထိုးပါတယ္။
    မ်က္ေစာင္းထိုးတယ္ဆိုတာကိုးရီးယားနိုင္ငံသားေတြ
    ေတာ္ရံုတန္ရုံံုအျပစ္မ်ိဳးကိုက်ဴးလြန္ရင္ေတာင္
    မ်က္ေစာင္းမထိုးတတ္ပါဘူး မ်က္ေစာင္းထိုးခံရတ့ဲလူဟာ
    အင္မတန္ေဒါသထြက္အျမင္ကတ္စရာ
    ေကာင္းတ့ဲလူပါ ။

    ဒါ့ေၾကာင့္ ကိုးရီးယားနိုင္ငံသားေတြဟာ
    လူတစ္ေယာက္ေယာက္ကမ်က္ေစာင္းထိုးျပီးၾကည့္မွာကို
    အလြန္အင္မတန္္စိုးရိမ္ၾကပါတယ္။
    ကိုးရီးယားနိုင္ငံသားေတြ ထမင္းကိုတန္ဖိုးထားရတ့ဲ
    အေၾကာင္းအရင္းကိုေျပာပါမယ္။

    ကိုးရီးယားနိုင္ငံဟာ ၁၉၄၅ခုနွစ္က
    ဂ်ပန္လက္ေအာက္ကလြတ္လပ္ေရးရခ့ဲတာပါ။
    ဂ်ပန္လက္ေအာက္မွာဖိနွိပ္ခံဘ၀န႔ဲ
    အစာေရစာငတ္ ဆင္းဆင္းရဲရဲေနခ့ဲၾကရပါတယ္။
    ထမင္းအစားေျပာင္းဆန္မ်ားကိုျပဳတ္ျပီးစားၾကရပါတယ္။
    ဒါ့ေၾကာင့္ ခုခ်ိန္ထိ ဂ်ပန္ဆိုရင္ စိတ္ထဲမွာ
    အရမ္းမုန္းပါတယ္။

    ကိုးရီးယားနိုင္ငံဟာ ၁၅ရက္ ၈လ ၁၉၄၅ခုနွစ္က
    ဂ်ပန္လက္ေအာက္ကလြတ္ေျမာက္ခ့ဲတာျဖစ္ျပီး
    ျမန္မာနိုင္ငံထက္ ၂နွစ္ေက်ာ္ေစာျပီးလြတ္လပ္ေရးရခ့ဲတာ
    ျဖစ္ေပမယ့္တိုင္းျပည္ဟာ လံုး၀မျငိမ္းခ်မ္းခ့ဲပါဘူး။
    ေတာင္န႔ဲေျမာက္သေဘာထားကြဲလြဲမႈေတြြျဖစ္လာျပီး
    လြတ္လပ္ေရးရျပီး၅နွစ္အၾကာ ၁၉၅၀ခုနွစ္မွာေတာ့
    ေတာင္န႔ဲေျမာက္စစ္ပြဲစတင္ပါေတာ့တယ္ ။
    ၁၉၅၀ခုနွစ္ကေန ၁၉၅၃ခုနွစ္ထိ ၃နွစ္ဆက္တိုက္စစ္ေတြ
    အျပန္အလွန္တိုက္လိုက္ၾကတာနဂိုကတည္းကမွ
    ေဆာင္းရာသီဆို ဘာအပင္မွ မျဖစ္ထြန္းတ့ဲနိုင္ငံစစ္ေၾကာင့္
    ဘာဆန္စပါးမွမစိုက္ပ်ိဳးရဲစိုက္ပ်ိဳးေျမလည္းနည္းပါးတ့ဲနိုင္ငံမွာ
    လူေတြအကုန္လံုးျမက္ေျခာက္စားရေတာ့့မယ့္ဘ၀ကို
    ေရာက္လာပါေတာ့တယ္။

    ဒါေတြကိုမၾကည့္ရက္ေတာ့လို႔နိုင္ငံတစ္ကာက
    ဆန္စပါးေတြ ေထာက္ပ့ံတာ ကြ်န္ေတာ္တို႔ျမန္မာ
    နိုင္ငံကလည္း စပါးတင္းသိန္းေပါင္းမ်ားစြာ
    အကူညီေပးခ့ဲပါတယ္ ။
    ဒါ့ေၾကာင့္လည္းကိုးရီးယားနိုင္ငံရ့ဲလြတ္လပ္ေရးေန႔ေတြမွာ
    အလံေတြစိုက္ ထူရင္ ျမန္မာနိုင္ငံအလံလည္း
    ေက်းဇူးရွင္နိုင္ငံအျဖစ္အခုခ်ိန္ထိသတ္မွတ္ျပီး
    စိုက္ထူထားေလ့ရွိပါတယ္။

    ဒီလို တိုင္းျပည္တစ္ခုလံုးအငတ္္ဘ၀ကိုက်ေရာက္ခ့ဲဖူးေတာ့
    ထမင္းတစ္လံုးတစ္မင္းတစ္လုပ္ရ့ဲတန္ဖိုးကို
    ကိုးရီးယားနိုင္ငံသားေတြကပိုျပီးတန္ဖိုး
    သိတတ္ၾကတာပါ။
    အခုေတာ့ စိုက္ပ်ိဳးေျမေတြတိုးခ်ဲ႕.အထြက္တိုးေစတ့ဲ
    နည္းပညာေကာင္းေတြန႔ဲ နိုင္ငံျခားထိ
    ဆန္ေတြတင္ပို႔နိုင္ခ့ဲပါျပီ။

    ဒါေပမယ့္သူတို႔ေတြဟာ ထမင္းတစ္လုပ္ဆန္တစ္ေစ့ရ့ဲ
    တန္ဖိုးကို မေမ့ပစ္ၾကပါဘူး။အလဟသတ္မျဖစ္ေအာင္
    မလႊင့္ပစ္ရေအာင္ စီမံျပဳလုပ္ၾကပါတယ္။
    ဒါေတြဟာအတုယူစရာပါ။ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ
    ဆန္စပါးေပါၾကြယ္၀စိုက္ပ်ိဳးေျမေတြေပါမ်ား
    ဆန္စပါးခ်မ္းသာၾကလို႔သိပ္ျပီးတန္ဖိုးမထားခ်င္ၾကဘူး။
    ထမင္းဆိုလည္း လိုတာထက္ပိုျပီးထမင္း
    ပန္းကန္အၾကီးၾကီးထဲထည့္စားမကုန္ရင္
    အလြယ္တစ္ကူလႊင့္ပစ္ၾကတတ္တာ
    ကေလးကအစလူၾကီးေတြအဆံုးပါပဲ..။

    ကိုးရီးယားတစ္ေယာက္ကေျပာဖူးတာကေတာ့
    ဒီထမင္းပန္ကန္လံုးေသးေသးေလးေတြကိုျမင္တိုင္း
    ငါတို႔စိတ္ထဲမွာ မခံခ်င္စိတ္ေတြၾကိဳးစားခ်င္စိတ္ေတြ
    ျဖစ္ေပၚလာတယ္တ့ဲ ။
    ဗဟုသုတအေနန႔ဲ ၾကားဖူးနား၀ရွိသေလာက္
    တင္ျပတာပါ။ေကာင္းတ့ဲအယူအဆဆို
    အတုယူနိုင္ၾကပါေစ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)

# Unicode Version ျဖင့္ ဖတ္ပါ #
    ဆိုင်တွေမှာရောင်းရင်လည်း ထမင်းတစ်ပွဲစာဟာ
    တစ်လုပ်စာသာသာမျှသာရှိတဲ့ပန်းကန်လုံးလေး
    တစ်လုံးစာပဲရှိပါတယ်။ဒါဟာဘာလို့လဲဆိုရင်
    ကိုးရီးယားတွေဟာထမင်းကိုအရမ်းတန်ဖိုးထားလို့ပါ။

    ဒီပန်းကန်လုံးလေးထဲကထမင်းဟာ လူတစ်ယောက်
    အတွက်အကုန်မစားနိုင်စရာအကြောင်းမရှိပါဘူး
    အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်းဆယ်လုံးစားရင်လည်း
    သူတို့မငြိုငြင်ပါဘူးသူတို့စိုးရိမ်တာက ထမင်းကိုမကုန်ဘဲ
    လွှင့်ပစ်မှာကိုစိုးလို့ပါ တဲ့။

    တောင်ကိုးရီးယားနိုင်ငံသားတွေဟာထမင်း
    လွှင့်ပစ်တတ်တဲ့လူတွေကိုမျက်စောင်းထိုးပါတယ်။
    မျက်စောင်းထိုးတယ်ဆိုတာကိုးရီးယားနိုင်ငံသားတွေ
    တော်ရုံတန်ရုံုံအပြစ်မျိုးကိုကျူးလွန်ရင်တောင်
    မျက်စောင်းမထိုးတတ်ပါဘူး မျက်စောင်းထိုးခံရတဲ့လူဟာ
    အင်မတန်ဒေါသထွက်အမြင်ကတ်စရာ
    ကောင်းတဲ့လူပါ ။

    ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ
    လူတစ်ယောက်ယောက်ကမျက်စောင်းထိုးပြီးကြည့်မှာကို
    အလွန်အင်မတန်စိုးရိမ်ကြပါတယ်။
    ကိုးရီးယားနိုင်ငံသားတွေ ထမင်းကိုတန်ဖိုးထားရတဲ့
    အကြောင်းအရင်းကိုပြောပါမယ်။

    ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ်က
    ဂျပန်လက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ။
    ဂျပန်လက်အောက်မှာဖိနှိပ်ခံဘဝနဲ့
    အစာရေစာငတ် ဆင်းဆင်းရဲရဲနေခဲ့ကြရပါတယ်။
    ထမင်းအစားပြောင်းဆန်များကိုပြုတ်ပြီးစားကြရပါတယ်။
    ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ
    အရမ်းမုန်းပါတယ်။

    ကိုးရီးယားနိုင်ငံဟာ ၁၅ရက် ၈လ ၁၉၄၅ခုနှစ်က
    ဂျပန်လက်အောက်ကလွတ်မြောက်ခဲ့တာဖြစ်ပြီး
    မြန်မာနိုင်ငံထက် ၂နှစ်ကျော်စောပြီးလွတ်လပ်ရေးရခဲ့တာ
    ဖြစ်ပေမယ့်တိုင်းပြည်ဟာ လုံးဝမငြိမ်းချမ်းခဲ့ပါဘူး။
    တောင်နဲ့မြောက်သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး
    လွတ်လပ်ရေးရပြီး၅နှစ်အကြာ ၁၉၅၀ခုနှစ်မှာတော့
    တောင်နဲ့မြောက်စစ်ပွဲစတင်ပါတော့တယ် ။
    ၁၉၅၀ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃နှစ်ဆက်တိုက်စစ်တွေ
    အပြန်အလှန်တိုက်လိုက်ကြတာနဂိုကတည်းကမှ
    ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့နိုင်ငံစစ်ကြောင့်
    ဘာဆန်စပါးမှမစိုက်ပျိုးရဲစိုက်ပျိုးမြေလည်းနည်းပါးတဲ့နိုင်ငံမှာ
    လူတွေအကုန်လုံးမြက်ခြောက်စားရတော့မယ့်ဘဝကို
    ရောက်လာပါတော့တယ်။

    ဒါတွေကိုမကြည့်ရက်တော့လို့နိုင်ငံတစ်ကာက
    ဆန်စပါးတွေ ထောက်ပံ့တာ ကျွန်တော်တို့မြန်မာ
    နိုင်ငံကလည်း စပါးတင်းသိန်းပေါင်းများစွာ
    အကူညီပေးခဲ့ပါတယ် ။
    ဒါ့ကြောင့်လည်းကိုးရီးယားနိုင်ငံရဲ့လွတ်လပ်ရေးနေ့တွေမှာ
    အလံတွေစိုက် ထူရင် မြန်မာနိုင်ငံအလံလည်း
    ကျေးဇူးရှင်နိုင်ငံအဖြစ်အခုချိန်ထိသတ်မှတ်ပြီး
    စိုက်ထူထားလေ့ရှိပါတယ်။

    ဒီလို တိုင်းပြည်တစ်ခုလုံးအငတ်ဘဝကိုကျရောက်ခဲ့ဖူးတော့
    ထမင်းတစ်လုံးတစ်မင်းတစ်လုပ်ရဲ့တန်ဖိုးကို
    ကိုးရီးယားနိုင်ငံသားတွေကပိုပြီးတန်ဖိုး
    သိတတ်ကြတာပါ။
    အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့.အထွက်တိုးစေတဲ့
    နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားထိ
    ဆန်တွေတင်ပို့နိုင်ခဲ့ပါပြီ။

    ဒါပေမယ့်သူတို့တွေဟာ ထမင်းတစ်လုပ်ဆန်တစ်စေ့ရဲ့
    တန်ဖိုးကို မမေ့ပစ်ကြပါဘူး။အလဟသတ်မဖြစ်အောင်
    မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။
    ဒါတွေဟာအတုယူစရာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာ
    ဆန်စပါးပေါကြွယ်ဝစိုက်ပျိုးမြေတွေပေါများ
    ဆန်စပါးချမ်းသာကြလို့သိပ်ပြီးတန်ဖိုးမထားချင်ကြဘူး။
    ထမင်းဆိုလည်း လိုတာထက်ပိုပြီးထမင်း
    ပန်းကန်အကြီးကြီးထဲထည့်စားမကုန်ရင်
    အလွယ်တစ်ကူလွှင့်ပစ်ကြတတ်တာ
    ကလေးကအစလူကြီးတွေအဆုံးပါပဲ..။

    ကိုးရီးယားတစ်ယောက်ကပြောဖူးတာကတော့
    ဒီထမင်းပန်ကန်လုံးသေးသေးလေးတွေကိုမြင်တိုင်း
    ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေကြိုးစားချင်စိတ်တွေ
    ဖြစ်ပေါ်လာတယ်တဲ့ ။
    ဗဟုသုတအနေနဲ့ ကြားဖူးနားဝရှိသလောက်
    တင်ပြတာပါ။ကောင်းတဲ့အယူအဆဆို
    အတုယူနိုင်ကြပါစေ…။

ဖိုးသူတော် (www.phothutaw.com)
Credit: (သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top