×

ဖမ္းဆီးစဥ္ ကိုင္းခုတ္ဓားျဖင့္ ခုခံသည့္အတြက္ရဲတပ္ဖြဲ႕က အေသပစ္ခတ္ဖမ္းဆီးခဲ့ရသူ ေဝရွင္း / မ်ိဳးမင္းထက္ / သေဘာ့ကန္

ဧရာဝတီတိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕မွ လူသတ္မႈျဖင့္ အလိုရွိေနေသာ တရားခံေျပး တဦးအား ဖမ္းဆီးစဥ္ ျပန္လည္ ခုခံသည့္ အတြက္ အေသပစ္ခတ္ ဖမ္းဆီးခဲ့ရေၾကာင္း တိုင္း ရဲတပ္ဖြဲ႕ က ေျပာသည္။

လူသတ္မႈျဖင့္ အလိုရွိေနသူ ေဝရွင္း (၂၇) ႏွစ္မွာ ထြက္ေျပး ပုန္းေရွာင္ေနသည့္ အတြက္ စက္တင္ဘာလ ၉ ရက္၌ ေ႐ႊ ေသာင္ယံနယ္ေျမ စခန္းမႉး ရဲအုပ္ ရဲလင္း ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားမွ ပုသိမ္ၿမိဳ႕၊ ေ႐ႊေသာင္ယံၿမိဳ႕၊ သေဘာ့ကန္ ေက်း႐ြာအနီးရွိ ေတာထဲတြင္ လိုက္လံ ဖမ္းဆီးခဲ့ရာ ျပန္လည္ ခုခံသျဖင့္ ေသနတ္၂ ခ်က္ ပစ္ခတ္ကာ အေသ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

တိုင္းရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ ရွိသူ ဒုရဲမႉးႀကီး ထြန္းေ႐ႊ က “တရားခံ ေဝရွင္းကို လက္နက္ခ်ၿပီး အသာတၾကည္ အဖမ္းခံဖို႔ ေျပာတာကို သူက လက္မခံဘူး။ သူ႔လက္ထဲက ကိုင္းခုတ္ဓားနဲ႔ ရဲတပ္ဖြဲ႕ကိုေရာ ရပ္မိရပ္ဖေတြကိုပါ ရန္ျပဳဖို႔ ေျပးဝင္လာတယ္။ အဲဒီမွာ ရဲတပ္သား တဦးက ေျခာက္လွန႔္တဲ့ အေနနဲ႔ မိုးေပၚေထာင္ၿပီး တခ်က္ပစ္တယ္။ ေသနတ္ပစ္ေဖာက္တဲ့ ရဲတပ္သားကို ေဝရွင္းက ဓားနဲ႔ခုတ္ဖို႔ ေျပးလာေတာ့ ရဲတပ္သားက ေသနတ္နဲ႔ ပစ္ခတ္ ဖမ္းဆီးခဲ့တဲ့ အတြက္ေၾကာင့္ ရင္ဘတ္မွာ တခ်က္၊ လည္ပင္းမွာ တခ်က္၊ ေသနတ္ဒဏ္ရာရၿပီး တရားခံကို အေသ ဖမ္းဆီးရမိခဲ့ပါတယ္”ဟု ဧရာဝတီကို ေျပာသည္။

ေဝရွင္းမွာ စက္တင္ဘာလ ၈ ရက္ ေန႔လယ္ပိုင္းက သေဘာ့ကန္ ေက်း႐ြာရွိ မိဘမ်ားအိမ္တြင္ ေနထိုင္သည့္ ဇနီးေဟာင္း မစိုးစိုးဝင္း (၂၅ ႏွစ္) အား အတင္းဆြဲေခၚရာ ျငင္းဆန္သည့္ အတြက္ မစိုးစိုးဝင္းအား ႐ိုက္ႏွက္ ထိုးႀကိတ္မႈမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း၊ ပတ္ဝန္းက်င္မွ ဝိုင္းဝန္း တားျမစ္ၾကရာ ၎က တမိသားစုလုံးအား သတ္ပစ္မယ္ဟု ႀကိမ္းဝါး ေျပာဆိုကာ ေတာ ထဲသို႔ ထြက္သြားခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕က ဆိုသည္။

ထိုေန႔တြင္ ေတာထဲသို႔ ဟင္းသီးဟင္း႐ြက္ခူးရန္ သြားသည့္ မစိုးစိုးဝင္း၏ အေဒၚ ျဖစ္သူ ေဒၚမဲ (ခ) ေဒၚစန္းျမမွာ ညမိုးခ်ဳပ္ သည္ အထိ အိမ္ျပန္ေရာက္ မလာဘဲ ေပ်ာက္ဆုံးေနသည့္ အတြက္ ည ၈ နာရီ အခ်ိန္ခန႔္တြင္ သေဘာ့ကန္ အုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဌးႏွင့္ အဖြဲ႕မွ ပဲ့ေထာင္ စက္ေလွ ၂ စီးျဖင့္ ေ႐ႊလီေခ်ာင္း တေလွ်ာက္ လိုက္လံ ရွာေဖြခဲ့ရာ စက္တင္ ဘာလ ၉ ရက္ နံနက္ ၃ နာရီ ၃၀ မိနစ္ အခ်ိန္တြင္ ဓားခုတ္ဒဏ္ရာမ်ားျဖင့္ ေဒၚမဲ၏ အေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္း သိရ သည္။

သေဘာ့ကန္ ေက်း႐ြာသားတခ်ိဳ႕က ေဒၚမဲႏွင့္ ေဝရွင္းတို႔ ေတာထဲ၌ စကားမ်ား ရန္ျဖစ္ေနသည္ကို ျမင္ေတြ႕ခဲ့ေၾကာင္း သက္ ေသ ထြက္ဆိုခဲ့သည့္ အတြက္ မစိုးစိုးဝင္းက အေဒၚျဖစ္သူကို သတ္ျဖတ္ခဲ့သည္ဟု ဆိုကာ ခင္ပြန္းေဟာင္းကို ေ႐ႊေသာင္ယံ နယ္ေျမ ရဲစခန္းတြင္ တိုင္တန္းခဲ့ရာ ျပစ္မႈ အမွတ္ ၂၃/ ၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ (လူသတ္မႈ) ျဖင့္ ရဲစခန္းက အမႈဖြင့္လွစ္ ခဲ့သည္။

လူသတ္မႈျဖင့္ ထြက္ေျပးေနသူ ေဝရွင္းအား ဖမ္းဆီးရန္ အတြက္ စခန္းမႉး ရဲအုပ္ ရဲလင္း ဦးစီးသည့္ တပ္ဖြဲ႕ဝင္ ၉ ဦးႏွင့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ား ပူးေပါင္း၍ ရွာေဖြခဲ့ရာ သေဘာ့ကန္ ေက်း႐ြာအုပ္စု ေ႐ႊလီေခ်ာင္းဖ်ား အထက္ ၁ မိုင္ ခန႔္ အကြာ ေဒသအေခၚ အုတ္တြင္းေတာထဲရွိ လူမေနေသာ လယ္ေစာင့္တဲ အနီး၌ ကိုင္းခုတ္ ဓားကိုင္ကာ ပုန္းေအာင္း ေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ဒုရဲမႉးႀကီး ထြန္းေ႐ႊက “တရားခံကို ပစ္ခတ္တဲ့ ရဲတပ္ဖြဲ႕ဝင္က ဥပေဒနဲ႔ အညီ လုပ္တာျဖစ္လို႔ က်ေန္ာတို႔ အေရးယူလို႔ မရ ပါဘူး။ တရားခံနဲ႔ ပတ္သက္လို႔ ေထာင္ဒဏ္ ႏွစ္ ၂၀ နဲ႔ ေသဒဏ္ က်ခံႏိုင္တဲ့ တရားခံမ်ိဳးဆို ေသေအာင္ ပစ္ခတ္ ဖမ္းဆီး ပိုင္ခြင့္ ရွိပါတယ္။ ဒါေၾကာင့္ ဒီကိစၥမွာ ရဲတပ္ဖြဲ႕ အေနနဲ႔ ဥပေဒနဲ႔အညီ ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္”ဟု ေျပာသည္။

ေသဆုံးသူ ေဝရွင္း၏ အေလာင္းအား ေ႐ႊေသာင္ယံၿမိဳ႕နယ္ခြဲ ေဆး႐ုံသို႔ သယ္ေဆာင္ကာ စစ္ေဆးၿပီးေနာက္ ေ႐ႊေသာင္ယံ နယ္ေျမ ရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၁၈ ျဖင့္ ဖြင့္ကာ စခန္းမႉး ရဲအုပ္ ရဲလင္းက အမႈစစ္အျဖစ္ စစ္ေဆး ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်မ္းပံု
# Unicode Version ျဖင့္ ဖတ္ပါ #
ဖမ်းဆီးစဉ် ကိုင်းခုတ်ဓားဖြင့် ခုခံသည့်အတွက်ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့ရသူ ဝေရှင်း / မျိုးမင်းထက် / သဘော့ကန်

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ လူသတ်မှုဖြင့် အလိုရှိနေသော တရားခံပြေး တဦးအား ဖမ်းဆီးစဉ် ပြန်လည် ခုခံသည့် အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း တိုင်း ရဲတပ်ဖွဲ့ က ပြောသည်။

လူသတ်မှုဖြင့် အလိုရှိနေသူ ဝေရှင်း (၂၇) နှစ်မှာ ထွက်ပြေး ပုန်းရှောင်နေသည့် အတွက် စက်တင်ဘာလ ၉ ရက်၌ ရွှေ သောင်ယံနယ်မြေ စခန်းမှူး ရဲအုပ် ရဲလင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ ပုသိမ်မြို့၊ ရွှေသောင်ယံမြို့၊ သဘော့ကန် ကျေးရွာအနီးရှိ တောထဲတွင် လိုက်လံ ဖမ်းဆီးခဲ့ရာ ပြန်လည် ခုခံသဖြင့် သေနတ်၂ ချက် ပစ်ခတ်ကာ အသေ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “တရားခံ ဝေရှင်းကို လက်နက်ချပြီး အသာတကြည် အဖမ်းခံဖို့ ပြောတာကို သူက လက်မခံဘူး။ သူ့လက်ထဲက ကိုင်းခုတ်ဓားနဲ့ ရဲတပ်ဖွဲ့ကိုရော ရပ်မိရပ်ဖတွေကိုပါ ရန်ပြုဖို့ ပြေးဝင်လာတယ်။ အဲဒီမှာ ရဲတပ်သား တဦးက ခြောက်လှန့်တဲ့ အနေနဲ့ မိုးပေါ်ထောင်ပြီး တချက်ပစ်တယ်။ သေနတ်ပစ်ဖောက်တဲ့ ရဲတပ်သားကို ဝေရှင်းက ဓားနဲ့ခုတ်ဖို့ ပြေးလာတော့ ရဲတပ်သားက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တဲ့ အတွက်ကြောင့် ရင်ဘတ်မှာ တချက်၊ လည်ပင်းမှာ တချက်၊ သေနတ်ဒဏ်ရာရပြီး တရားခံကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဝေရှင်းမှာ စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက သဘော့ကန် ကျေးရွာရှိ မိဘများအိမ်တွင် နေထိုင်သည့် ဇနီးဟောင်း မစိုးစိုးဝင်း (၂၅ နှစ်) အား အတင်းဆွဲခေါ်ရာ ငြင်းဆန်သည့် အတွက် မစိုးစိုးဝင်းအား ရိုက်နှက် ထိုးကြိတ်မှုများ လုပ်ဆောင် ခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ ဝိုင်းဝန်း တားမြစ်ကြရာ ၎င်းက တမိသားစုလုံးအား သတ်ပစ်မယ်ဟု ကြိမ်းဝါး ပြောဆိုကာ တော ထဲသို့ ထွက်သွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထိုနေ့တွင် တောထဲသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားသည့် မစိုးစိုးဝင်း၏ အဒေါ် ဖြစ်သူ ဒေါ်မဲ (ခ) ဒေါ်စန်းမြမှာ ညမိုးချုပ် သည် အထိ အိမ်ပြန်ရောက် မလာဘဲ ပျောက်ဆုံးနေသည့် အတွက် ည ၈ နာရီ အချိန်ခန့်တွင် သဘော့ကန် အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးနှင့် အဖွဲ့မှ ပဲ့ထောင် စက်လှေ ၂ စီးဖြင့် ရွှေလီချောင်း တလျှောက် လိုက်လံ ရှာဖွေခဲ့ရာ စက်တင် ဘာလ ၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် ဓားခုတ်ဒဏ်ရာများဖြင့် ဒေါ်မဲ၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရ သည်။

သဘော့ကန် ကျေးရွာသားတချို့က ဒေါ်မဲနှင့် ဝေရှင်းတို့ တောထဲ၌ စကားများ ရန်ဖြစ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း သက် သေ ထွက်ဆိုခဲ့သည့် အတွက် မစိုးစိုးဝင်းက အဒေါ်ဖြစ်သူကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကာ ခင်ပွန်းဟောင်းကို ရွှေသောင်ယံ နယ်မြေ ရဲစခန်းတွင် တိုင်တန်းခဲ့ရာ ပြစ်မှု အမှတ် ၂၃/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် ရဲစခန်းက အမှုဖွင့်လှစ် ခဲ့သည်။

လူသတ်မှုဖြင့် ထွက်ပြေးနေသူ ဝေရှင်းအား ဖမ်းဆီးရန် အတွက် စခန်းမှူး ရဲအုပ် ရဲလင်း ဦးစီးသည့် တပ်ဖွဲ့ဝင် ၉ ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ ရှာဖွေခဲ့ရာ သဘော့ကန် ကျေးရွာအုပ်စု ရွှေလီချောင်းဖျား အထက် ၁ မိုင် ခန့် အကွာ ဒေသအခေါ် အုတ်တွင်းတောထဲရှိ လူမနေသော လယ်စောင့်တဲ အနီး၌ ကိုင်းခုတ် ဓားကိုင်ကာ ပုန်းအောင်း နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒုရဲမှူးကြီး ထွန်းရွှေက “တရားခံကို ပစ်ခတ်တဲ့ ရဲတပ်ဖွဲ့ဝင်က ဥပဒေနဲ့ အညီ လုပ်တာဖြစ်လို့ ကျနေ်ာတို့ အရေးယူလို့ မရ ပါဘူး။ တရားခံနဲ့ ပတ်သက်လို့ ထောင်ဒဏ် နှစ် ၂၀ နဲ့ သေဒဏ် ကျခံနိုင်တဲ့ တရားခံမျိုးဆို သေအောင် ပစ်ခတ် ဖမ်းဆီး ပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။

သေဆုံးသူ ဝေရှင်း၏ အလောင်းအား ရွှေသောင်ယံမြို့နယ်ခွဲ ဆေးရုံသို့ သယ်ဆောင်ကာ စစ်ဆေးပြီးနောက် ရွှေသောင်ယံ နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၈ ဖြင့် ဖွင့်ကာ စခန်းမှူး ရဲအုပ် ရဲလင်းက အမှုစစ်အဖြစ် စစ်ဆေး ဆောင် ရွက်နေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျမ်းပုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top