မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ရန္ကုန္တိုင္းအစိုးရအစီအစဥ္ျဖင့္ေရာင္းခ်သည့္ တန္ ဖိုးနည္းအိမ္ရာတိုက္ခန္းမလိုခ်င္ ၍ ျပန္လည္အပ္ႏွံမႈမ်ားရွိသျဖင့္ ယင္းတိုက္ခန္းမ်ားကို ဒုတိယအႀကိမ္ ျပန္လည္မဲေဖာက္မည္ဟု ျပည္သူ႔အိမ္ရာ ေရာင္းခ်ေရးေကာ္ မတီ၀င္ ဦးသာေအာင္က ေျပာ ၾကားသည္။

‘‘တခ်ိဳ႕က ကိုယ္လိုခ်င္တဲ့ အခန္း၊ လုိခ်င္တဲ့အထပ္မရလို႔မ ယူေတာ့ဘူးဆိုၿပီး ျပန္အပ္တာ ေတြရွိတယ္။ ေနာက္ၿပီးလက္က်န္ တိုက္ခန္းေတြလည္း က်န္ရွိေန ေသးတယ္။ ဒါေတြစုေပါင္းၿပီး တန္းစီဇယားမွာ က်န္တဲ့သူေတြ ကို ဒုတိယအႀကိမ္မဲျပန္ႏိႈက္ေပး  သြားမယ္’’ ဟု ဦးသာေအာင္ကေျပာသည္။တန္ဖိုးနည္းအိမ္ရာ ၀ယ္ယူ ခြင့္ရရွိသူ ၈၆၄ ဦးကို ပထမအ သုတ္အျဖစ္ေရႊေပါက္ကံ၊ ေရႊ လင္ဗန္း၊ ယုဇနႏွင့္ ကေနာင္တန္ ဖိုးနည္းအိမ္ရာတို႔ကို ၿပီးခဲ့သည့္   ဇူလိုင္က မဲေဖာက္ေပးခဲ့သည္။

မဲေဖာက္ေပးသည့္ တိုက္ ခန္းေနရာႏွင့္ ၀ယ္ယူသူမ်ားလို ခ်င္သည့္ အထပ္ျမင့္သည္ ခန္႔ မွန္းခ်က္မ်ားႏွင့္ ကြဲလြဲရာတိုက္ ခန္းအလိုက္ ေစ်းအနည္းအမ်ား အေပၚမူတည္၍ ေပးသြင္းရျခင္း ေၾကာင့္ ေငြေၾကးအခက္အခဲမ်ား  ရွိေၾကာင္း ယင္းတုိက္ခန္း၀ယ္သူ မ်ားက ေျပာသည္။

‘‘လက္ရွိေတာ့ စာရင္းအ ေရအတြက္လုပ္ေနတုန္းပဲရွိေသး တယ္။ တုိက္ခန္းျပန္အပ္တဲ့အ ေရအတြက္ဘယ္ေလာက္ရွိတယ္ ဆိုတာမသိရေသးဘူး။ အေရအ တြက္သိတာနဲ႔ အိုးအိမ္မွာစာရင္း ထုတ္ျပန္ေပးမယ္။ ဒုတိယအ သုတ္မဲႏိႈက္မယ့္ရက္ကိုလည္း မ သတ္မွတ္ရေသးပါဘူး။ ရက္ေသ ခ်ာတာနဲ႔ထုတ္ျပန္ေပးမယ္’’ ဟု ရန္ကုန္ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရး မွဴး ဦးခင္ေဇာ္ကေျပာသည္။

တန္ဖိုးနည္းအိမ္ရာေလွ်ာက္ ထားသူ မိသားစု၀င္ေငြသည္ တစ္ လက်ပ္သံုးသိန္းမွ ငါးသိန္းၾကား ရွိရမည္ျဖစ္ၿပီး တန္ဖိုးသင့္အိမ္ရာ အတြက္ က်ပ္ငါးသိန္းမွ ၁၂ သိန္း   ၾကားရွိရမည္ဟု တိုင္းအစိုးရက ထုတ္ျပန္ထားသည္။

၀ယ္ယူလိုသူသည္ ပထမအ ဆင့္ေငြသြင္းရာ၌ ကုမၸဏီ၀န္ ထမ္းျဖစ္လွ်င္ တိုက္ခန္း၏ ၂၅ ရာခိုင္ႏႈန္း၊ အစိုးရ၀န္ထမ္းျဖစ္ပါ က ၁၅ ရာခိုင္ႏႈန္းသြင္းရမည္ဟု  ေဆာက္လုပ္ေရး၀န္ႀကီးဌာနက  သတ္မွတ္ထားသည္။

လက္ရွိတြင္ ကေနာင္အိမ္ ရာမွ ၆၉ ခန္းႏွင့္ ေရႊလင္ဗန္းအိမ္ ရာမွ ၂၃ ခန္းေရာင္းခ်ရန္ က်န္ရွိ ေနၿပီး အျခားေျမေနရာမ်ား၌ တန္ ဖိုးနည္းအိမ္ရာမ်ား ေဖာ္ေဆာင္ ရန္ျပည္သူ႔အိမ္ရာ ေရာင္းခ်ေရး  ေကာ္မတီက စီစဥ္ေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
ရန်ကုန်တိုင်းအစိုးရအစီအစဉ်ဖြင့်ရောင်းချသည့် တန် ဖိုးနည်းအိမ်ရာတိုက်ခန်းမလိုချင် ၍ ပြန်လည်အပ်နှံမှုများရှိသဖြင့် ယင်းတိုက်ခန်းများကို ဒုတိယအကြိမ် ပြန်လည်မဲဖောက်မည်ဟု ပြည်သူ့အိမ်ရာ ရောင်းချရေးကော် မတီဝင် ဦးသာအောင်က ပြော ကြားသည်။

‘‘တချို့က ကိုယ်လိုချင်တဲ့ အခန်း၊ လိုချင်တဲ့အထပ်မရလို့မ ယူတော့ဘူးဆိုပြီး ပြန်အပ်တာ တွေရှိတယ်။ နောက်ပြီးလက်ကျန် တိုက်ခန်းတွေလည်း ကျန်ရှိနေ သေးတယ်။ ဒါတွေစုပေါင်းပြီး တန်းစီဇယားမှာ ကျန်တဲ့သူတွေ ကို ဒုတိယအကြိမ်မဲပြန်နှိုက်ပေး  သွားမယ်’’ ဟု ဦးသာအောင်ကပြောသည်။တန်ဖိုးနည်းအိမ်ရာ ဝယ်ယူ ခွင့်ရရှိသူ ၈၆၄ ဦးကို ပထမအ သုတ်အဖြစ်ရွှေပေါက်ကံ၊ ရွှေ လင်ဗန်း၊ ယုဇနနှင့် ကနောင်တန် ဖိုးနည်းအိမ်ရာတို့ကို ပြီးခဲ့သည့်   ဇူလိုင်က မဲဖောက်ပေးခဲ့သည်။

မဲဖောက်ပေးသည့် တိုက် ခန်းနေရာနှင့် ဝယ်ယူသူများလို ချင်သည့် အထပ်မြင့်သည် ခန့် မှန်းချက်များနှင့် ကွဲလွဲရာတိုက် ခန်းအလိုက် ဈေးအနည်းအများ အပေါ်မူတည်၍ ပေးသွင်းရခြင်း ကြောင့် ငွေကြေးအခက်အခဲများ  ရှိကြောင်း ယင်းတိုက်ခန်းဝယ်သူ များက ပြောသည်။

‘‘လက်ရှိတော့ စာရင်းအ ရေအတွက်လုပ်နေတုန်းပဲရှိသေး တယ်။ တိုက်ခန်းပြန်အပ်တဲ့အ ရေအတွက်ဘယ်လောက်ရှိတယ် ဆိုတာမသိရသေးဘူး။ အရေအ တွက်သိတာနဲ့ အိုးအိမ်မှာစာရင်း ထုတ်ပြန်ပေးမယ်။ ဒုတိယအ သုတ်မဲနှိုက်မယ့်ရက်ကိုလည်း မ သတ်မှတ်ရသေးပါဘူး။ ရက်သေ ချာတာနဲ့ထုတ်ပြန်ပေးမယ်’’ ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးခင်ဇော်ကပြောသည်။

တန်ဖိုးနည်းအိမ်ရာလျှောက် ထားသူ မိသားစုဝင်ငွေသည် တစ် လကျပ်သုံးသိန်းမှ ငါးသိန်းကြား ရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာ အတွက် ကျပ်ငါးသိန်းမှ ၁၂ သိန်း   ကြားရှိရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ဝယ်ယူလိုသူသည် ပထမအ ဆင့်ငွေသွင်းရာ၌ ကုမ္ပဏီဝန် ထမ်းဖြစ်လျှင် တိုက်ခန်း၏ ၂၅ ရာခိုင်နှုန်း၊ အစိုးရဝန်ထမ်းဖြစ်ပါ က ၁၅ ရာခိုင်နှုန်းသွင်းရမည်ဟု  ဆောက်လုပ်ရေးဝန်ကြီးဌာနက  သတ်မှတ်ထားသည်။

လက်ရှိတွင် ကနောင်အိမ် ရာမှ ၆၉ ခန်းနှင့် ရွှေလင်ဗန်းအိမ် ရာမှ ၂၃ ခန်းရောင်းချရန် ကျန်ရှိ နေပြီး အခြားမြေနေရာများ၌ တန် ဖိုးနည်းအိမ်ရာများ ဖော်ဆောင် ရန်ပြည်သူ့အိမ်ရာ ရောင်းချရေး  ကော်မတီက စီစဉ်နေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top