(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရခိုင္ျပည္နယ္က ထြက္ေျပးလာခဲ့ၾကတဲ့ ဒုကၡသည္ေတြကို ျပန္လည္ေခၚယူေရး ျမန္မာအစိုးရအေပၚ ပိုၿပီး ဖိအားေပးၾကဖို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ ဟာဆီနာ က ကမၻာတဝွမ္းကို တနဂၤေႏြေန႔က တိုက္တြန္းလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္မွာ အသစ္ဖြင့္လွစ္လိုက္တဲ့ IDB ဘဏ္ ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့တာပါ။

ဘဂၤလားေဒ့ရွ္အတြက္ ျပည္တြင္းလူဦးေရ၊ သဘာ၀ပတ္၀န္းက်င္၊ သယံဇာတ စတာေတြ အေပၚ ထိခိုက္မႈေတြ ရွိလာမယ္ ဆိုတာသိေပမဲ့၊ ေထာင္နဲ႔ခ်ီတဲ့ ဒုကၡသည္ေတြအတြက္ နယ္စပ္ကို ဖြင့္ေပး၊ ေနထိုင္စရာေတြနဲ႔ လူသားခ်င္း စာနာေရး အကူအညီေတြ ေပးခဲ့ေၾကာင္းလည္းေျပာပါတယ္။

ဒုကၡသည္ကိစၥနဲ႔ ပတ္သက္ၿပီး ႏွစ္လအတြင္း အၿပီးျပန္ပို႔ဖို႔ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ႏွစ္ႏိုင္ငံ သေဘာတူခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုထိ မစႏိုင္ေသးပဲျဖစ္ေနပါတယ္။ ဒုကၡသည္ေတြကိ္ု ျပန္ေခၚဖို႕ ျမန္မာဘက္က ဘာမွ မလုပ္ေသးဘူးလို႕ ဘဂၤလားေဒ့ရွ္က ေျပာဆိုေနသလို၊ ျမန္မာဘက္ကလည္း ဒုကၡသည္ေတြကို လက္ခံဖို႔ အသင့္ျပင္ထားေပမဲ့ အခုထိ တေယာက္မွ ျပန္မလာေသးဘူးလို႔ ေျပာဆိုေနၾကေၾကာင္း Channel News Asia သတင္းက ေဖၚျပပါတယ္။

ဒီအတြင္း အစၥေရးႏိုင္ငံက ပညာေရးပါရဂူေတြ၊ တကၠသိုလ္ပါေမာကၡေတြက ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးတံုး သတ္ျဖတ္မႈေတြေၾကာင့္ အစၥေရးနဲ႔ ျမန္မာၾကား ပညာေရးဆိုင္ရာ သေဘာတူညီခ်က္ေတြကို ဖ်က္သိမ္းဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုထံ စာေရသားေတာင္းဆိုခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေမလက ပညာေရးက႑မွာ ျမန္မာနဲ႔ ပူးးေပါင္းေဆာင္ရြက္ဖို႔ အစၥေရး ဒု ႏိုင္ငံျခားေရးဝန္ႀကီးက လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese

#Unicode Version#
ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ကမ္ဘာတဝှမ်းကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ IDB ဘဏ် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်အတွက် ပြည်တွင်းလူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ စတာတွေ အပေါ် ထိခိုက်မှုတွေ ရှိလာမယ် ဆိုတာသိပေမဲ့၊ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေး၊ နေထိုင်စရာတွေနဲ့ လူသားချင်း စာနာရေး အကူအညီတွေ ပေးခဲ့ကြောင်းလည်းပြောပါတယ်။

ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်လအတွင်း အပြီးပြန်ပို့ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အခုထိ မစနိုင်သေးပဲဖြစ်နေပါတယ်။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ မြန်မာဘက်က ဘာမှ မလုပ်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုနေသလို၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေကို လက်ခံဖို့ အသင့်ပြင်ထားပေမဲ့ အခုထိ တယောက်မှ ပြန်မလာသေးဘူးလို့ ပြောဆိုနေကြကြောင်း Channel News Asia သတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း အစ္စရေးနိုင်ငံက ပညာရေးပါရဂူတွေ၊ တက္ကသိုလ်ပါမောက္ခတွေက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် အစ္စရေးနဲ့ မြန်မာကြား ပညာရေးဆိုင်ရာ သဘောတူညီချက်တွေကို ဖျက်သိမ်းဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ စာရေသားတောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ပညာရေးကဏ္ဍမှာ မြန်မာနဲ့ ပူးးပေါင်းဆောင်ရွက်ဖို့ အစ္စရေး ဒု နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top