×

႐ုရွားႏုိင္ငံ ေမာ္စကိုၿမိဳ႕မွာ ဆရာဝန္ေတြက အျမႊာကိုယ္ဝန္ေဆာင္ မိခင္တစ္ဦးကို သားဖြားေပးရင္း အဆိုပါ မိခင္ရဲ႕ သားအိမ္က အသည္းပံု သ႑ာန္ျဖစ္ေနခဲ့တာကို ေတြ႔ရိွခဲ့ၾကတဲ့ ထူးျခားျဖစ္စဥ္ေလးတစ္ခုအေၾကာင္းပါ။ (၃၉)ႏွစ္အရြယ္ မိခင္ကို C-section နဲ႔ ခြဲေမြးခဲ့တာ ျဖစ္ၿပီး သူမရဲ႕ သားအိမ္ပံုစံက ရွားပါးအေျခအေန ျဖစ္တာေၾကာင့္ ဆရာဝန္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။

အမ်ိဳးသမီးဟာ သားအိမ္ႏွစ္ခြ သို႔မဟုတ္ အသည္းပံု သားအိမ္လို႔ ေခၚတဲ့ ထူးျခားသားအိမ္ အေျခအေနကို ခံစားေနရတယ္လို႔ ယူဆထားၾကပါတယ္။ ထုိအေျခအေနဟာ သားအိမ္တြင္း ျပြန္မ်ား မူမမွန္စြာ ဖြံ႔ၿဖိဳးရာမွ ျဖစ္ေပၚလာတတ္တာ ျဖစ္ပါတယ္။ သားအိမ္ျပြန္ေတြဟာ တစ္ခုနဲ႔တစ္ခု ေကာင္းစြာ မဆက္ႏုိင္တဲ့အခါ သားအိမ္ ႏွစ္ခြ ကြဲသြားသလိုျဖစ္ၿပီး အသည္းပံုသ႑ာန္ ျဖစ္သြားတာျဖစ္ပါတယ္။ ထုိအမ်ိဳးသမီးဟာဆိုရင္လည္း အခုလို သားအိမ္အေျခအေန မူမမွန္ျခင္းေၾကာင့္ ကေလးယူလို႔ မရဘူးလို႔ ႏွစ္ေပါင္းမ်ားစြာ အေျပာခံခဲ့ရသူပါ။

“သားအိမ္ကို အျပင္ထုတ္လုိက္ခ်ိန္မွာ ဆရာဝန္ေတြက ကိုယ့္မ်က္စိကိုယ္ေတာင္ မယံုႏုိင္ခဲ့ၾကေလာက္ေအာင္ အံ့ၾသသြားခဲ့ၾကပါတယ္။ လံုးဝကို အသည္းပံုစံ သားအိမ္ပါ။ ေတြ႔ျမင္ရတာကေတာ့ သားအိမ္ကို ထုတ္ပစ္လိုက္တာ မဟုတ္ပါဘူး။ ဓာတ္ပံု႐ိုက္ၿပီး မူလေနရာကို ျပန္ထည့္လိုက္ၾကပါတယ္” လို႔ ႐ုရွားသတင္းစာ Moskovsky Komsomolets မွာ ေဖာ္ျပထားခဲ့ပါတယ္။ အခုဆို မိခင္နဲ႔ အျမြာကေလးႏွစ္ဦးလံုးတုိ႔က က်န္းမာၾကေၾကာင္း Bauman Moscow ေဆး႐ံုက ေျပာဆိုခြင့္ရိွသူထံမွလည္း သိရပါတယ္။

အျမႊာေလးေတြကေတာ့ သားေလးနဲ႔ သမီးေလးပါ။ သားေလးက (၇) ေပါင္ရိွၿပီး သမီးေလးကေတာ့ (၆) ေပါင္နီးပါး ရိွပါတယ္။ အသည္းပံု သားအိမ္ပိုင္ရွင္ အမ်ိဳးသမီးကေတာ့ အနာဂတ္မွာ ရင္ေသြးထပ္လိုခ်င္ေၾကာင္းလည္း ဆုိပါတယ္။ အသည္းပံု သားအိမ္နဲ႔ အျမႊာကိုယ္ဝန္ေဆာင္ဖို႔ ဆိုတာလည္း အပံု သန္း (၅၀၀) မွာ (၁) ပံုသာ ျဖစ္ႏုိင္ေခ် ရိွတဲ့ ျဖစ္စဥ္ ျဖစ္ပါတယ္။ ယခုအမ်ိဳးသမီးကေတာ့ အျမႊာကိုယ္ဝန္ကို ေအာင္ျမင္စြာ ေမြးဖြားႏုိင္ခဲ့ေပမယ့္ အသည္းပံု သားအိမ္အေျခအေန ရိွသူေတြဟာ သေႏၶသား အမွားအယြင္း ျဖစ္တတ္ေၾကာင္း ဆရာဝန္ေတြက သတိေပးထားၾကပါတယ္။

Ref: The Sun
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  SearchMyanmar

#Unicode Version#

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဆရာဝန်တွေက အမြွှာကိုယ်ဝန်ဆောင် မိခင်တစ်ဦးကို သားဖွားပေးရင်း အဆိုပါ မိခင်ရဲ့ သားအိမ်က အသည်းပုံ သဏ္ဍာန်ဖြစ်နေခဲ့တာကို တွေ့ရှိခဲ့ကြတဲ့ ထူးခြားဖြစ်စဉ်လေးတစ်ခုအကြောင်းပါ။ (၃၉)နှစ်အရွယ် မိခင်ကို C-section နဲ့ ခွဲမွေးခဲ့တာ ဖြစ်ပြီး သူမရဲ့ သားအိမ်ပုံစံက ရှားပါးအခြေအနေ ဖြစ်တာကြောင့် ဆရာဝန်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

အမျိုးသမီးဟာ သားအိမ်နှစ်ခွ သို့မဟုတ် အသည်းပုံ သားအိမ်လို့ ခေါ်တဲ့ ထူးခြားသားအိမ် အခြေအနေကို ခံစားနေရတယ်လို့ ယူဆထားကြပါတယ်။ ထိုအခြေအနေဟာ သားအိမ်တွင်း ပြွန်များ မူမမှန်စွာ ဖွံ့ဖြိုးရာမှ ဖြစ်ပေါ်လာတတ်တာ ဖြစ်ပါတယ်။ သားအိမ်ပြွန်တွေဟာ တစ်ခုနဲ့တစ်ခု ကောင်းစွာ မဆက်နိုင်တဲ့အခါ သားအိမ် နှစ်ခွ ကွဲသွားသလိုဖြစ်ပြီး အသည်းပုံသဏ္ဍာန် ဖြစ်သွားတာဖြစ်ပါတယ်။ ထိုအမျိုးသမီးဟာဆိုရင်လည်း အခုလို သားအိမ်အခြေအနေ မူမမှန်ခြင်းကြောင့် ကလေးယူလို့ မရဘူးလို့ နှစ်ပေါင်းများစွာ အပြောခံခဲ့ရသူပါ။

“သားအိမ်ကို အပြင်ထုတ်လိုက်ချိန်မှာ ဆရာဝန်တွေက ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်ခဲ့ကြလောက်အောင် အံ့သြသွားခဲ့ကြပါတယ်။ လုံးဝကို အသည်းပုံစံ သားအိမ်ပါ။ တွေ့မြင်ရတာကတော့ သားအိမ်ကို ထုတ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ပြီး မူလနေရာကို ပြန်ထည့်လိုက်ကြပါတယ်” လို့ ရုရှားသတင်းစာ Moskovsky Komsomolets မှာ ဖော်ပြထားခဲ့ပါတယ်။ အခုဆို မိခင်နဲ့ အမြွာကလေးနှစ်ဦးလုံးတို့က ကျန်းမာကြကြောင်း Bauman Moscow ဆေးရုံက ပြောဆိုခွင့်ရှိသူထံမှလည်း သိရပါတယ်။

အမြွှာလေးတွေကတော့ သားလေးနဲ့ သမီးလေးပါ။ သားလေးက (၇) ပေါင်ရှိပြီး သမီးလေးကတော့ (၆) ပေါင်နီးပါး ရှိပါတယ်။ အသည်းပုံ သားအိမ်ပိုင်ရှင် အမျိုးသမီးကတော့ အနာဂတ်မှာ ရင်သွေးထပ်လိုချင်ကြောင်းလည်း ဆိုပါတယ်။ အသည်းပုံ သားအိမ်နဲ့ အမြွှာကိုယ်ဝန်ဆောင်ဖို့ ဆိုတာလည်း အပုံ သန်း (၅၀၀) မှာ (၁) ပုံသာ ဖြစ်နိုင်ချေ ရှိတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ယခုအမျိုးသမီးကတော့ အမြွှာကိုယ်ဝန်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပေမယ့် အသည်းပုံ သားအိမ်အခြေအနေ ရှိသူတွေဟာ သန္ဓေသား အမှားအယွင်း ဖြစ်တတ်ကြောင်း ဆရာဝန်တွေက သတိပေးထားကြပါတယ်။

Ref: The Sun
ဖိုးသူတော် (www.phothutaw.com)
Credit:  SearchMyanmar

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top