iMyanmarHouse.com - Best Property Website for Myanmar
×

ျပည္တြင္း၌ ေဒၚလာေဈးဆက္တိုက္ျမင့္တက္ေနျခင္းသည္ ေဈးကစားေနမႈမ်ားေၾကာင့္ျဖစ္သည္ဟု အစိုးရႏွင့္ ေဈးကြက္ကြၽမ္းက်င္သူမ်ားက သံုးသပ္သည္။ (ဓာတ္ပံု − အီးပီေအ)

ေဒၚလာ ေလပတ္ကား ေဈးကစားသူသံုးဦးကို အထူး စံုစမ္းစစ္ေဆးေရးဦးစီးဌာန (စသံုးလံုးအဖြဲ႕)က ေခၚယူစစ္ေဆးခဲ့ၿပီး ရွစ္ဦးအထိ စစ္ေဆးရန္ စာရင္းရွိ ေနေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ မွ အမည္မေဖာ္လိုသူ ရဲအရာရွိ တစ္ဦးက အတည္ျပဳသည္။

စက္တင္ဘာ ၂၃ ရက္ ညေနက ပန္းဘဲတန္းၿမိဳ႕နယ္ ေရႊဘံု သာလမ္း (မဂိုလမ္း)တြင္ ေဒၚလာေဈးကစားသူ သံုးဦးကို စသံုးလံုး အဖြဲ႕က ေခၚယူၿပီး ဆိပ္ကမ္းသာ လမ္းရွိ႐ံုး၌ စစ္ေဆးေမးျမန္းခဲ့ ေၾကာင္း အဆုိပါ ရဲအရာရွိက 7Day Daily သတင္းစာအား ေျပာၾကားသည္။

‘‘စသံုးလံုးက ဝင္ဖမ္းလိုက္ တာ။ သံုးေယာက္လုိ႔ သိရတယ္။က်န္တဲ့သူေတြက ထြက္ေျပးေနတယ္။ အားလံုးရွစ္ေယာက္ ေလာက္ ေခၚစစ္မယ္လို႔ သိရ တယ္။ ထြက္ေျပးေနၾကတယ္’’ ဟု ၎က ဆက္လက္ေျပာၾကားသည္။

‘‘စသံုးလံုးက ေခၚၿပီးစစ္ တယ္။ သံုးေယာက္ပါတယ္။ အ ေသးစိတ္ေတာ့ ဘာမွမသိရေသး ဘူး။ ၀ယ္၊ ေရာင္းသမားေတြပဲ’’ ဟု ေငြလဲေကာင္တာပိုင္ရွင္တစ္ ဦးကလည္း ေျပာသည္။

ေဒၚလာေဈး ကစားသူမ်ား ကို စစ္ေဆးရန္ ႏုိင္ငံေတာ္သမၼတ ႐ံုးက စက္တင္ဘာ ၂၁ ရက္တြင္ ၫႊန္ၾကားထားေၾကာင္း ၎က ေျပာသည္။

ေဒၚလာေဈးကစားသူမ်ား ကို အေရးယူမည္ဟု ႏုိင္ငံေတာ္သမၼတ႐ံုး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ ေဌးက စက္တင္ဘာ ၂၁ ရက္တြင္ ေျပာၾကားခဲ့ၿပီးေနာက္ ေဒၚလာေဈးတျဖည္းျဖည္း ျပန္လည္က် ဆင္းလာသည္။

အစိုးရက ဖမ္းဆီးအေရးယူ မည္ဟု ေျပာၾကားၿပီးေနာက္ ေရႊ ဘံုသာလမ္းအတြင္း ေလာင္းကစားဆန္ဆန္ ေဒၚလာေဈးကစားမႈမ်ား အရွိန္တန္႔သြားခဲ့သည္။

ယမန္ေန႔တြင္ ေဒၚလာပမာ ဏ ႀကီးႀကီးမားမားကစားသူမ်ား ေဈးကြက္မဖြင့္ျခင္းေၾကာင့္ ေဒၚ လာေဈး တျဖည္းျဖည္းျပန္လည္ က်ဆင္းလာသည္။

‘‘ဒီေန႔ကေတာ့ ခပ္ပါးပါး ဒိုင္လွ်ိဳလုပ္ၾကတယ္။ နည္းနည္းပါး ပါးပဲ ေရာင္းၾက၊ ဝယ္ၾကတယ္’’ ဟု ေရႊဘံုသာလမ္းမွ ေဒၚလာဝယ္ ေရာင္းလုပ္ကိုင္သူတစ္ဦးက ေျပာသည္။

ထိုလမ္းအတြင္း ေဒၚလာ ေဈးကစား၍ အေရာင္းအဝယ္ လုပ္သူ အနည္းဆံုး ၅၀ ေက်ာ္ ပံုမွန္ရွိသည္ဟု ၎က ဆုိသည္။

စက္တင္ဘာ ၂၁ ရက္တြင္ ေဒၚလာေဈးသည္ အျမင့္ဆံုး က်ပ္ ၁,၆၃၀ မွ စက္တင္ဘာ ၂၄ ရက္တြင္ က်ပ္ ၁,၅၉၀ ေပါက္၍ က်ပ္ ၄၀ က်ဆင္းခဲ့သည္။

ဗဟိုဘဏ္က စက္တင္ဘာ ၂၄ ရက္တြင္ ေဒၚလာ ၁ ဒသမ ၃ သန္း ထုတ္ေရာင္းခဲ့ၿပီး ရည္ၫႊန္းေဈးကို တစ္ေဒၚလာ က်ပ္ ၁,၅၉၀ ျဖင့္ ေဈးဖြင့္ခဲ့သည္။

ထို႔ေၾကာင့္ စက္တင္ဘာ ၂၄ ရက္ ျပင္ပေပါက္ေဈးတြင္ ေဒၚလာဝယ္ေဈး က်ပ္ ၁,၅၅၀ မွ အေရာင္းက်ပ္ ၁,၅၉၀ အတြင္း ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ပြည်တွင်း၌ ဒေါ်လာဈေးဆက်တိုက်မြင့်တက်နေခြင်းသည် ဈေးကစားနေမှုများကြောင့်ဖြစ်သည်ဟု အစိုးရနှင့် ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။ (ဓာတ်ပုံ − အီးပီအေ)

ဒေါ်လာ လေပတ်ကား ဈေးကစားသူသုံးဦးကို အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံးအဖွဲ့)က ခေါ်ယူစစ်ဆေးခဲ့ပြီး ရှစ်ဦးအထိ စစ်ဆေးရန် စာရင်းရှိ နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက အတည်ပြုသည်။

စက်တင်ဘာ ၂၃ ရက် ညနေက ပန်းဘဲတန်းမြို့နယ် ရွှေဘုံ သာလမ်း (မဂိုလမ်း)တွင် ဒေါ်လာဈေးကစားသူ သုံးဦးကို စသုံးလုံး အဖွဲ့က ခေါ်ယူပြီး ဆိပ်ကမ်းသာ လမ်းရှိရုံး၌ စစ်ဆေးမေးမြန်းခဲ့ ကြောင်း အဆိုပါ ရဲအရာရှိက 7Day Daily သတင်းစာအား ပြောကြားသည်။

‘‘စသုံးလုံးက ဝင်ဖမ်းလိုက် တာ။ သုံးယောက်လို့ သိရတယ်။ကျန်တဲ့သူတွေက ထွက်ပြေးနေတယ်။ အားလုံးရှစ်ယောက် လောက် ခေါ်စစ်မယ်လို့ သိရ တယ်။ ထွက်ပြေးနေကြတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘စသုံးလုံးက ခေါ်ပြီးစစ် တယ်။ သုံးယောက်ပါတယ်။ အ သေးစိတ်တော့ ဘာမှမသိရသေး ဘူး။ ဝယ်၊ ရောင်းသမားတွေပဲ’’ ဟု ငွေလဲကောင်တာပိုင်ရှင်တစ် ဦးကလည်း ပြောသည်။

ဒေါ်လာဈေး ကစားသူများ ကို စစ်ဆေးရန် နိုင်ငံတော်သမ္မတ ရုံးက စက်တင်ဘာ ၂၁ ရက်တွင် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ဒေါ်လာဈေးကစားသူများ ကို အရေးယူမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော် ဌေးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် ဒေါ်လာဈေးတဖြည်းဖြည်း ပြန်လည်ကျ ဆင်းလာသည်။

အစိုးရက ဖမ်းဆီးအရေးယူ မည်ဟု ပြောကြားပြီးနောက် ရွှေ ဘုံသာလမ်းအတွင်း လောင်းကစားဆန်ဆန် ဒေါ်လာဈေးကစားမှုများ အရှိန်တန့်သွားခဲ့သည်။

ယမန်နေ့တွင် ဒေါ်လာပမာ ဏ ကြီးကြီးမားမားကစားသူများ ဈေးကွက်မဖွင့်ခြင်းကြောင့် ဒေါ် လာဈေး တဖြည်းဖြည်းပြန်လည် ကျဆင်းလာသည်။

‘‘ဒီနေ့ကတော့ ခပ်ပါးပါး ဒိုင်လျှိုလုပ်ကြတယ်။ နည်းနည်းပါး ပါးပဲ ရောင်းကြ၊ ဝယ်ကြတယ်’’ ဟု ရွှေဘုံသာလမ်းမှ ဒေါ်လာဝယ် ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ထိုလမ်းအတွင်း ဒေါ်လာ ဈေးကစား၍ အရောင်းအဝယ် လုပ်သူ အနည်းဆုံး ၅၀ ကျော် ပုံမှန်ရှိသည်ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်လာဈေးသည် အမြင့်ဆုံး ကျပ် ၁,၆၃၀ မှ စက်တင်ဘာ ၂၄ ရက်တွင် ကျပ် ၁,၅၉၀ ပေါက်၍ ကျပ် ၄၀ ကျဆင်းခဲ့သည်။

ဗဟိုဘဏ်က စက်တင်ဘာ ၂၄ ရက်တွင် ဒေါ်လာ ၁ ဒသမ ၃ သန်း ထုတ်ရောင်းခဲ့ပြီး ရည်ညွှန်းဈေးကို တစ်ဒေါ်လာ ကျပ် ၁,၅၉၀ ဖြင့် ဈေးဖွင့်ခဲ့သည်။

ထို့ကြောင့် စက်တင်ဘာ ၂၄ ရက် ပြင်ပပေါက်ဈေးတွင် ဒေါ်လာဝယ်ဈေး ကျပ် ၁,၅၅၀ မှ အရောင်းကျပ် ၁,၅၉၀ အတွင်း ရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top