ကိုယ္အေလးခ်ိန္လည္းေလ်ာ့ခ်လိုတယ္၊ က်န္းမာေရးနဲ႕ညီညြတ္ၿပီး က်စ္လ်စ္လွပတဲ့
ကိုယ္ခႏၶာကိုလည္း ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့
ယခုေဖာ္ျပေပးမယ့္အိမ္လုပ္ေဖ်ာ္ရည္ေလးေတြကို ေသာက္သံုးေပးႏုိင္ပါတယ္ေနာ္။
အေျခခံလုပ္နည္းေလးေတြျဖစ္လို႕ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့အတုိင္း ျပန္လည္ျပဳျပင္ႏုိင္မွာျဖစ္ၿပီး အရသာလည္းအလြန္ရွိမွာပါေနာ္။
သခြားသီးအဆီက်ေဖ်ာ္ရည္
ပါ၀င္ပစၥည္းမ်ား
သခြားသီး – ၁ လံုး
နံနံပင္ – လက္တစ္ဆုပ္စာ
သံပုယိုသီး – ၁ လံုး
ဂ်င္း (ေထာင္းၿပီးသား) – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ရွားေစာင္းလက္ပတ္အရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ေရ – ခြက္တစ္၀က္ခန္႕
ျပဳလုပ္ပံု
ေဖာ္ျပထားတဲ့
ပါ၀င္ပစၥည္းအကုန္လံုးကို အရည္ညွစ္ၿပီး အိပ္ရာမ၀င္ခင္ေသာက္သံုးေပးပါ။
တစ္လေသာက္ၿပီး တစ္ပတ္နားေပးကာ လိုအပ္လွ်င္ ျပန္စေပးႏုိင္ပါတယ္။
ဂရိတ္ဖရုႏွင့္သစ္ႀကံပိုးေခါက္ေဖ်ာ္ရည္
ပါ၀င္ပစၥည္းမ်ား
ဂရိတ္ဖရုအရည္ – ၅၀၀ မီလီလီတာ
စပါကလင္ေရ – ၅၀၀ မီလီလီတာ
ေရ – ၁ ခြက္
သစ္ႀကံပိုးေခါက္ – ၂ ေခ်ာင္း
စမုန္စပါးေစ့ – ၁ ေစ့
ပူစီနံ၊ ေရခဲ၊ သႀကားအနည္းငယ္
ၿပဳလုပ္နည္း
သႀကား၊
ေရႏွင့္ သစ္ႀကံပိုးေခါက္တုိ႕ကို ဒယ္အိုးထဲေပါင္းထည့္ၿပီး
အခ်ိဳရည္ရေအာင္လုပ္ပါ။ သႀကားမေပ်ာ္မခ်င္း ငါးမိနစ္မွဆယ္မိနစ္အထိ ေမႊေပးပါ။
အေအးခံၿပီး အသီးအရည္ေတြ၊ အခ်ိဳရည္ႏွင့္ စပါကလင္ေရတုိ႕ကို ခရားတစ္ခုထဲမွာ
ေရာေမႊပါ။ ေရခဲႏွင့္ ပူစီနံ၊ စမုန္ေစ့တုိ႕ကို ထည့္ၿပီးရင္
ေသာက္သံုးႏုိင္ပါၿပီ။
ပူရွိန္းရွိန္းေလးနဲ႕ အိႏၵိယစတိုင္ေဖ်ာ္ရည္
ပါ၀င္ပစၥည္းမ်ား
သံပရာသီး – ၄ လံုး
ဂ်င္း၊ ပူစီနံ
စပါကလင္ေရ – ၁ လီတာ
ေရ – ခြက္တစ္၀က္ခန္႕
ေရခဲ၊ သႀကားအနည္းငယ္
ၿပဳလုပ္ပံုအဆင့္ဆင့္
သံပရာသီးအခ်ိုဳ႕ကိုအရည္ညွစ္ၿပီး
သႀကားႏွင့္ ေရခြက္တစ္၀က္ကို ဒယ္အိုးထဲေပါင္းထည့္ကာ သႀကားအရည္ေပ်ာ္သည္အထိ
ေမႊေပးပါ။ ဂ်င္းကို ျခစ္ၿပီး အခ်ိဳရည္ထဲေပါင္းထည့္ပါ။ ပြက္လာၿပီဆိုရင္
မီးပိတ္လိုက္ၿပီး အေအးခံပါ။ သံပရာရည္၊ စပါကလင္ေရႏွင့္ေရခဲတုိ႕ကို
ေရာထည့္ၿပီး ပူစီနံ၊ သံပရာသီးအျခမ္းေလးေတြနဲ႕ အလွဆင္ၿပီးရင္
အရသာရွိရွိေသာက္သံုးႏုိင္ပါၿပီ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Food
#Unicode Version#
ကိုယ်အလေးချိန်လည်းလျော့ချလိုတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့်အိမ်လုပ်ဖျော်ရည်လေးတွေကို သောက်သုံးပေးနိုင်ပါတယ်နော်။
အခြေခံလုပ်နည်းလေးတွေဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အတိုင်း ပြန်လည်ပြုပြင်နိုင်မှာဖြစ်ပြီး အရသာလည်းအလွန်ရှိမှာပါနော်။
သခွားသီးအဆီကျဖျော်ရည်
ပါဝင်ပစ္စည်းများ
သခွားသီး – ၁ လုံး
နံနံပင် – လက်တစ်ဆုပ်စာ
သံပုယိုသီး – ၁ လုံး
ဂျင်း (ထောင်းပြီးသား) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှားစောင်းလက်ပတ်အရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ခွက်တစ်ဝက်ခန့်
ပြုလုပ်ပုံ
ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းအကုန်လုံးကို အရည်ညှစ်ပြီး အိပ်ရာမဝင်ခင်သောက်သုံးပေးပါ။ တစ်လသောက်ပြီး တစ်ပတ်နားပေးကာ လိုအပ်လျှင် ပြန်စပေးနိုင်ပါတယ်။
ဂရိတ်ဖရုနှင့်သစ်ကြံပိုးခေါက်ဖျော်ရည်
ပါဝင်ပစ္စည်းများ
ဂရိတ်ဖရုအရည် – ၅၀၀ မီလီလီတာ
စပါကလင်ရေ – ၅၀၀ မီလီလီတာ
ရေ – ၁ ခွက်
သစ်ကြံပိုးခေါက် – ၂ ချောင်း
စမုန်စပါးစေ့ – ၁ စေ့
ပူစီနံ၊ ရေခဲ၊ သကြားအနည်းငယ်
ပြုလုပ်နည်း
သကြား၊ ရေနှင့် သစ်ကြံပိုးခေါက်တို့ကို ဒယ်အိုးထဲပေါင်းထည့်ပြီး အချိုရည်ရအောင်လုပ်ပါ။ သကြားမပျော်မချင်း ငါးမိနစ်မှဆယ်မိနစ်အထိ မွှေပေးပါ။ အအေးခံပြီး အသီးအရည်တွေ၊ အချိုရည်နှင့် စပါကလင်ရေတို့ကို ခရားတစ်ခုထဲမှာ ရောမွှေပါ။ ရေခဲနှင့် ပူစီနံ၊ စမုန်စေ့တို့ကို ထည့်ပြီးရင် သောက်သုံးနိုင်ပါပြီ။
ပူရှိန်းရှိန်းလေးနဲ့ အိန္ဒိယစတိုင်ဖျော်ရည်
ပါဝင်ပစ္စည်းများ
သံပရာသီး – ၄ လုံး
ဂျင်း၊ ပူစီနံ
စပါကလင်ရေ – ၁ လီတာ
ရေ – ခွက်တစ်ဝက်ခန့်
ရေခဲ၊ သကြားအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
သံပရာသီးအချိုု့ကိုအရည်ညှစ်ပြီး သကြားနှင့် ရေခွက်တစ်ဝက်ကို ဒယ်အိုးထဲပေါင်းထည့်ကာ သကြားအရည်ပျော်သည်အထိ မွှေပေးပါ။ ဂျင်းကို ခြစ်ပြီး အချိုရည်ထဲပေါင်းထည့်ပါ။ ပွက်လာပြီဆိုရင် မီးပိတ်လိုက်ပြီး အအေးခံပါ။ သံပရာရည်၊ စပါကလင်ရေနှင့်ရေခဲတို့ကို ရောထည့်ပြီး ပူစီနံ၊ သံပရာသီးအခြမ်းလေးတွေနဲ့ အလှဆင်ပြီးရင် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit: My Food
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ဗိုက္ကအဆီပိုေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ ဒီေဖ်ာ္ရည္ (၃) ခြက္ကို အိပ္ရာမ၀င္ခင္ ေသာက္သံုးေပးေနာ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။