ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
ဖြစ်စဉ်မှာ စက်တင်ဘာ(၈)ရက် ၊ ၁၇း၅၀နာရီအချိန်က အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းသားများအနက်မှ ရေသန့်စက်ရုံတည်ဆောက်ရေးဘက်မှ အကျဉ်းသားထောင်ဝင်အမှတ်- တင/၁၆/၀၀၁၆၇/က၊ မင်းရဲကိုကို ပုဒ်မ-၃၆၃/၃၇၉ ဖြင့် ပြစ်ဒဏ် (၄)နှစ်ကျခံနေသူအား အပြင်ဘုတ်မှပြန်အဝင်
တံခါးကြီးအတွင်းရှာဖွေရေးပြုလုပ်ရာ WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀)၊ အစိမ်းရောင်ဆေးပြား(၁)ပြား ပေါင်း(၁၀၁)ပြားအားတိတ်အမည်းရောင်ဖြင့်ပတ်လျက် ၄င်း၏စအိုတွင်းထည့်သွင်းယူဆောင်လာကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာအမှတ်(၇)နယ်မြေရဲစခန်းနှင့်မူးယစ်တပ်ဖွဲ့သို့ အကြောင်းလာကြောင်း သိရသည်။
#Unicode Version#
အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းသားတဦး အပြင်ဘုတ်ထွက်၍ အကျဉ်းထောင်အတွင်းသို့ပြန်အဝင်တွင် စစ်ဆေးရှာဖွေရာ စအိုတွင်းထည့်သွင်းယူဆောင်လာသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၁)ပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ(၈)ရက် ၊ ၁ရး၅၀နာရီအချိန်က အကျဉ်းဦးစီးဌာန၊ နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းသားများအနက်မှ ရေသန့်စက်ရုံတည်ဆောက်ရေးဘက်မှ အကျဉ်းသားထောင်ဝင်အမှတ်- တင/၁၆/၀၀၁၆၇/က၊ မင်းရဲကိုကို ပုဒ်မ-၃၆၃/၃၇၉ ဖြင့် ပြစ်ဒဏ် (၄)နှစ်ကျခံနေသူအား အပြင်ဘုတ်မှပြန်အဝင်
တံခါးကြီးအတွင်းရှာဖွေရေးပြုလုပ်ရာ WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀၀)၊ အစိမ်းရောင်ဆေးပြား(၁)ပြား ပေါင်း(၁၀၁)ပြားအားတိတ်အမည်းရောင်ဖြင့်ပတ်လျက် ၎င်း၏စအိုတွင်းထည့်သွင်းယူဆောင်လာကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာအမှတ်(၇)နယ်မြေရဲစခန်းနှင့်မူးယစ်တပ်ဖွဲ့သို့ အကြောင်းလာကြောင်း သိရသည်။
ထိုသို့ အကျဉ်းသားတဦးက စိတ်ကြွဆေးပြားများကို စအိုအတွင်းထည့်ယူဆောင်လာခြင်းနှင့်ပတ်သက်၍ မူးယစ်တပ်ဖွဲ့(၁၀၁)နေပြည်တော်မှ အမှတ်(၇)နယ်မြေရဲစခန်းတွင် မူးယစ်(ပ) ၁/၂၀၁၈ ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။…..
ဖိုးသူတော် (www.phothutaw.com)
Credit: ထွန်း(နေပြည်တော်)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top