×

အိႏၵိယႏိုင္ငံက အသက္ (၃) ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးဟာ ျမားအခ်က္ေပါင္းေထာင္ခ်ီကို သုံးနာရီခြဲၾကာပစ္ခတ္ၿပီး ဂင္းနစ္ကမၻာ့စံခ်ိန္တင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ (၃) ႏွစ္အ႐ြယ္သာရွိေသးတဲ့ ပီဆန္ဂ်ီနာဟာ ေပ (၂၆) ေပအကြာအေဝးက ပစ္မွတ္ကို

ျမားအခ်က္ေပါင္း (၁၁၁၁) ခ်က္တိတိ ပစ္ခတ္ျပခဲ့တာ ျဖစ္ပါတယ္။ သုံးနာရီခြဲၾကာ ျမားပစ္ခ်ိန္အတြင္းမွာ ပစ္ခ်က္အမ်ားစုက ပစ္မွတ္ကို ထိမွန္ခဲ့တယ္လို႔လည္း သိရပါတယ္။
 ပီဆန္ဂ်ီနာက "သမီးက သုံးနာရီခြဲၾကာေအာင္ ျမားပစ္ခဲ့ေပမဲ့ နာက်င္တာ၊ ေမာပန္းတာမ်ိဳး မရွိပါဘူး။ သမီးရဲ႕ရည္မွန္းခ်က္က အိုလံပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆု ရယူႏိုင္ဖို႔ျဖစ္ပါတယ္“ လို႔ေျပာခဲ့ပါတယ္။ နည္းျပ ျဖစ္သူ ရွီဟန္ဟူဆာနီက ပီဆန္ဂ်ီနာဟာ (၁) နာရီၾကာ ျမားပစ္ၿပီးတိုင္း (၅) မိနစ္ေလာက္နားခဲ့တယ္လို႔ ေျပာျပပါတယ္။


နည္းျပျဖစ္သူကေတာ့ ပီဆန္ဂ်ီနာဟာ အိုလံပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆုရယူႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိေနေၾကာင္း ေျပာခဲ့ပါတယ္၊ ပီဆန္ဂ်ီနာရဲ႕ ခြန္အား၊ ႀကံခိုင္မႈနဲ႔ အာ႐ုံစိုက္မႈေတြက အိုလံပစ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရယူႏိုင္မယ္ဆိုတာကို သံသယရွိစရာ မလိုဘူးလို႔ နည္းျပ ဟူဆာနီက ယုံၾကည္ေနပါတယ္။

ပီဆန္ဂ်ီနာဟာ ငယ္စဥ္တည္းက ျမားပစ္တာကိုစိတ္ဝင္စားၿပီး မူႀကိဳတက္ၿပီးေနာက္ပိုင္းမွာ ျမားပစ္တာကို ေန႔တိုင္းေလက်င့္ခဲ့တယ္လို႔ သူ႕မိဘေတြရဲ႕ ေျပာျပမႈအရ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံက အသက် (၃) နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ မြားအချက်ပေါင်းထောင်ချီကို သုံးနာရီခွဲကြာပစ်ခတ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၃) နှစ်အရွယ်သာရှိသေးတဲ့ ပီဆန်ဂျီနာဟာ ပေ (၂၆) ပေအကွာအဝေးက ပစ်မှတ်ကို

မြားအချက်ပေါင်း (၁၁၁၁) ချက်တိတိ ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။ သုံးနာရီခွဲကြာ မြားပစ်ချိန်အတွင်းမှာ ပစ်ချက်အများစုက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

ပီဆန်ဂျီနာက "သမီးက သုံးနာရီခွဲကြာအောင် မြားပစ်ခဲ့ပေမဲ့ နာကျင်တာ၊ မောပန်းတာမျိုး မရှိပါဘူး။ သမီးရဲ့ရည်မှန်းချက်က အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ဖို့ဖြစ်ပါတယ်“ လို့ပြောခဲ့ပါတယ်။ နည်းပြ ဖြစ်သူ ရှီဟန်ဟူဆာနီက ပီဆန်ဂျီနာဟာ (၁) နာရီကြာ မြားပစ်ပြီးတိုင်း (၅) မိနစ်လောက်နားခဲ့တယ်လို့ ပြောပြပါတယ်။

နည်းပြဖြစ်သူကတော့ ပီဆန်ဂျီနာဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆုရယူနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်း ပြောခဲ့ပါတယ်၊ ပီဆန်ဂျီနာရဲ့ ခွန်အား၊ ကြံခိုင်မှုနဲ့ အာရုံစိုက်မှုတွေက အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်မယ်ဆိုတာကို သံသယရှိစရာ မလိုဘူးလို့ နည်းပြ ဟူဆာနီက ယုံကြည်နေပါတယ်။

ပီဆန်ဂျီနာဟာ ငယ်စဉ်တည်းက မြားပစ်တာကိုစိတ်ဝင်စားပြီး မူကြိုတက်ပြီးနောက်ပိုင်းမှာ မြားပစ်တာကို နေ့တိုင်းလေကျင့်ခဲ့တယ်လို့ သူ့မိဘတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top