iMyanmarHouse.com - Best Property Website for Myanmar
×

ယခုေနာက္ပိုင္းနွစ္ေတြ ျမန္မာ့ရုပ္ရွင္ေလာကမွာ လူျကိုက္အမ်ားဆုံး ပရိတ္သတ္ အားေပးခ်ီးက်ူးမွုအမ်ားဆုံး မင္းသားမွာ ျမင့္ျမတ္ ျဖစ္လာပါတယ္။

ျမင့္ျမတ္ဟာ သရုပ္ေဆာင္ ေကာင္းသူ တစ္ေယာက္ျဖစ္ျပီး အျကမ္းအရမ္း ဟာသ စြယ္စုံရ မင္းသား တစ္ဦး ျဖစ္ပါတယ္။

ထို့အတူ ျမန္မာ့ဗီဒီယိုေလာကမွာလည္း ပရိတ္သတ္အားေပးခ်ီးက်ူးမွု အမ်ားဆုံး မင္းသားမွာ ေနထူးနိုင္ျဖစ္ပါတယ္။

ေနထူးနိုင္ဟာ ဆိုရင္လည္း သရုပ္ေဆာင္ေကာင္းသူတစ္ေယာက္ျဖစ္ျပီး အခ်စ္အျကမ္းအရမ္း ဟာသသာမက အလြမ္းအေဆြး အနုအယြမ်ားပါ ကြ်မ္းက်င္ပိုင္နိုင္စြာ သရုပ္ေဆာင္နိုင္ေသာ မင္းသားတစ္ဦး ျဖစ္သည္။

မျကာမွီအခ်ိန္က ရုံတင္ခဲ့တဲ့ ျမင့္ျမတ္ရဲ႕ ငဒူ ရုပ္ရွင္ဇာတ္ကားျကီးဟာေအာင္ျမင္မွုမ်ားစြား ရရွိျပီး ပရိတ္သတ္မ်ား သည္းသည္းလွုပ္ အားေပးငိုေျကြး မ်က္ရည္မဆည္ ျဖစ္ခဲ့ရေသာ ဇာတ္ကားေကာင္း တစ္ကားျဖစ္ပါတယ္။

ယခုအခါမွာေတာ့ ေနထူးနိုင္မွာလည္း ငတုံးဇာတ္ကားကို စြန့္စြန့္စားစား ခက္ခက္ခဲခဲ ရိုက္ကူးထားျပီး ျဖစ္ေျကာင္းကို သူ၏ လူမွုကြန္ယက္ ေဖ့ဘုတ္စ္ စာမ်က္နွာမွာ ယခုလို ပို့စ္တင္ခဲ့ပါတယ္။

“ငတုံးဇာတ္ကားနဲ႔ လိုက္ဖက္မယ့္ေနရာကို ကားနဲ့ (၃)နာရီေမာင္းရတယ္။ (ဂဏန္းသြားသလို)ေျခလ်င္ ၄၅မိနစ္ေက်ာ္ လမ္းေလ်ာက္ ရတယ္။ မနက္(၅)နာရီထၿပီး အဆင္သင့္လိုက္ပါလာေသာ စက္အဖြဲ႕ႏွင့္ပါဝင္ေသာအႏုပညာရွင္မ်ား အားလုံး ေက်းဇူးပါ” ဟူ ၍ ျဖစ္ပါတယ္။

ထို့အျပင္ ထိုပို့စ္ရဲ႕မန့္ေအာက္မွာ ပရိတ္သတ္တစ္ဦးက”ငဒူစရိုက္လိုပဲေပါ့ေနာ္ ငတုံးစရိုက္က”ဟူ၍ မန့္ခဲ့ရာ ေနထူးနိုင္မွ “မတူပါ တုံးတဲ့သူက ခြ်န္လို့ ရတယ္ ဆိုတဲ့ ဇာတ္ပါ”ဟူ၍ ျပန္လည္ေျဖျကားထားသည္ကို ေတြ့ျမင္ရပါသည္။

သို့အတြက္ ဤကဲ့သို့ခက္ခက္ခဲခဲ စြန့္စားရိုက္ကူး တင္ဆက္ျပလာမည့္ ေနထူးနိုင္၏ ” ငတုံး ” ဇာတ္ကားျကီးဟာ ဆိုရင္ျဖင့္ ျမင့္ျမတ္၏ ငဒူ ဇာတ္ကားလိုပဲ ပရိတ္သတ္၏ အသည္းနွလုံးကို
ဆြဲကိုင္လွုပ္ယမ္း မ်က္ရည္ဝဲေစမွာလားး ???

ျမင့္ျမတ္ ရဲ႕ ငဒူ ဇာတ္ကားထက္ ေနထူးနိုင္ ၏ ငတုံး ဇာတ္ကားက ပိုသာေလမလား ဆိုတာကေတာ့ ပရိတ္သတ္ျကီး ေစာင္စားေမွ်ာ္လင့္ ဆုံးျဖတ္ခြင့္ ရပါေတာ့မည္ ျဖစ္ေျကာင္း သတင္းေကာင္း ။ ။

Written by Mr

ဖိုးသူေတာ္ (www.phothutaw.com)
Credit: SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
ယခုနောက်ပိုင်းနှစ်တွေ မြန်မာ့ရုပ်ရှင်လောကမှာ လူကြိုက်အများဆုံး ပရိတ်သတ် အားပေးချီးကျူးမှုအများဆုံး မင်းသားမှာ မြင့်မြတ် ဖြစ်လာပါတယ်။

မြင့်မြတ်ဟာ သရုပ်ဆောင် ကောင်းသူ တစ်ယောက်ဖြစ်ပြီး အကြမ်းအရမ်း ဟာသ စွယ်စုံရ မင်းသား တစ်ဦး ဖြစ်ပါတယ်။

ထို့အတူ မြန်မာ့ဗီဒီယိုလောကမှာလည်း ပရိတ်သတ်အားပေးချီးကျူးမှု အများဆုံး မင်းသားမှာ နေထူးနိုင်ဖြစ်ပါတယ်။

နေထူးနိုင်ဟာ ဆိုရင်လည်း သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ပြီး အချစ်အကြမ်းအရမ်း ဟာသသာမက အလွမ်းအဆွေး အနုအယွများပါ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သော မင်းသားတစ်ဦး ဖြစ်သည်။

မကြာမှီအချိန်က ရုံတင်ခဲ့တဲ့ မြင့်မြတ်ရဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးဟာအောင်မြင်မှုများစွား ရရှိပြီး ပရိတ်သတ်များ သည်းသည်းလှုပ် အားပေးငိုကြွေး မျက်ရည်မဆည် ဖြစ်ခဲ့ရသော ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

ယခုအခါမှာတော့ နေထူးနိုင်မှာလည်း ငတုံးဇာတ်ကားကို စွန့်စွန့်စားစား ခက်ခက်ခဲခဲ ရိုက်ကူးထားပြီး ဖြစ်ကြောင်းကို သူ၏ လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာမှာ ယခုလို ပို့စ်တင်ခဲ့ပါတယ်။

“ငတုံးဇာတ်ကားနဲ့ လိုက်ဖက်မယ့်နေရာကို ကားနဲ့ (၃)နာရီမောင်းရတယ်။ (ဂဏန်းသွားသလို)ခြေလျင် ၄၅မိနစ်ကျော် လမ်းလျောက် ရတယ်။ မနက်(၅)နာရီထပြီး အဆင်သင့်လိုက်ပါလာသော စက်အဖွဲ့နှင့်ပါဝင်သောအနုပညာရှင်များ အားလုံး ကျေးဇူးပါ” ဟူ ၍ ဖြစ်ပါတယ်။

ထို့အပြင် ထိုပို့စ်ရဲ့မန့်အောက်မှာ ပရိတ်သတ်တစ်ဦးက”ငဒူစရိုက်လိုပဲပေါ့နော် ငတုံးစရိုက်က”ဟူ၍ မန့်ခဲ့ရာ နေထူးနိုင်မှ “မတူပါ တုံးတဲ့သူက ချွန်လို့ ရတယ် ဆိုတဲ့ ဇာတ်ပါ”ဟူ၍ ပြန်လည်ဖြေကြားထားသည်ကို တွေ့မြင်ရပါသည်။

သို့အတွက် ဤကဲ့သို့ခက်ခက်ခဲခဲ စွန့်စားရိုက်ကူး တင်ဆက်ပြလာမည့် နေထူးနိုင်၏ ” ငတုံး ” ဇာတ်ကားကြီးဟာ ဆိုရင်ဖြင့် မြင့်မြတ်၏ ငဒူ ဇာတ်ကားလိုပဲ ပရိတ်သတ်၏ အသည်းနှလုံးကို
ဆွဲကိုင်လှုပ်ယမ်း မျက်ရည်ဝဲစေမှာလားး ???

မြင့်မြတ် ရဲ့ ငဒူ ဇာတ်ကားထက် နေထူးနိုင် ၏ ငတုံး ဇာတ်ကားက ပိုသာလေမလား ဆိုတာကတော့ ပရိတ်သတ်ကြီး စောင်စားမျှော်လင့် ဆုံးဖြတ်ခွင့် ရပါတော့မည် ဖြစ်ကြောင်း သတင်းကောင်း ။ ။

Written by Mr

ဖိုးသူတော် (www.phothutaw.com)
Credit: SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top