Credit: We Love Cele
#Unicode Version#
ပရိသတ်တွေရဲ့အချစ်တော် ဖြိုးမြတ်အောင်ကတော့ ဝင်းနားဆုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ကောင်းမွန်စွာလျှောက်လှမ်းနေပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၇) ရက်နေ့မှာတော့ ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ပရိသတ်တွေအတွက် ဟင်္သာတမြို့မှာ ကျေးဇူးဆပ်တဲ့အနေနဲ့ Free Show ဖျော်ဖြေပွဲပြုလုပ်ပေးခဲ့ပါတယ်။
ထိုပွဲမှာတော့ ဖြိုးမြတ်အောင်နဲ့အတူ နေခန့်မင်းသစ်၊ ငွေဇင်လှိုင်းတို့က အတူဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ ထောင်သောင်းချီတဲ့ပရိသတ်အားပေးကြမ်းချက်ကိုလည်း ထိုပွဲမှာ တွေ့ရမှာဖြစ်ပါတယ်။ ယခုလက်တလောမှာတော့ ဖြိုးမြတ်အောင်ပါဝင်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ယက်ပရိသတ်တွေကြား ပျံ့နှံ့နေတာဖြစ်ပါတယ်။ ထိုဗီဒီယိုထဲမှာတော့ ဆရာလေးတစ်ပါးဆီကနေ ဖြိုးမြတ်အောင်ဟာ ဓာတ်လုံးရရှိသွားတာဖြစ်ပါတယ်။
ဒီလိုဓာတ်လုံးရရှိသွားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားဝေဖန်မှုတွေလညး်ရှိနေပါတယ်။ အချို့ပရိသတ်တွေက ဗုဒ္ဓ ဘာသာစစ်စစ်မှာ ဒီလိုအယူအဆတွေမရှိကြောင်း ဝိုင်းဝန်းထောက်ပြမှုတွေရှိနေသလို အချို့ပရိသတ်တွေကလည်းဒါကို ယုံကြည်ကြောင်း မှတ်ချက်ပေးပြောဆိုထားတာတွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကို ဓာတ်လုံးပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele