iMyanmarHouse.com - Best Property Website for Myanmar
×

 အခန္းမွားဝင္ၿပီး လူတစ္ဦးကို ပစ္သတ္ခဲ့သည့္ အေမရိကန္ အမ်ိဳးသမီး ရဲအရာရွိ တစ္ဦးကို လူသတ္မႈျဖင့္ စြဲခ်က္တင္လိုက္ေၾကာင္း သိရသည္။

တကၠဆက္စ္မွ အသက္ ၃၀ အရြယ္ ရဲအရာရွိ အမ္ဘာဂိုင္ဂါက သူမသည္ ကိုယ္ပိုင္ တိုက္ခန္းဟု အမွတ္မွားေနသည့္ အခန္းထဲတြင္ မသကၤာဖြယ္ လူတစ္ဦးကို ေတြ႕ရွိသည့္ေနာက္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္။ အဆိုပါ ျဖစ္စဉ္တြင္ အသက္ ၂၆ ႏွစ္အရြယ္ ဘိုသမ္ရွန္ ဂ်င္းမွာ ဒဏ္ရာမ်ားျဖင့္ ကြယ္လြန္သြားခဲ့သည္။

ရဲဝန္ထမ္း လုပ္သက္ ေလးႏွစ္ရွိသည့္ ဂိုင္ဂါသည္ ထိုကိစၥေၾကာင့္ ထိန္းသိမ္းခံရေသာ္လည္း ေနာက္ပိုင္းတြင္ ေဒၚလာ သံုးသိန္းတန္ အာမခံျဖင့္ ျပန္လြတ္ခဲ့သည္။ ေသသူ၏ မိသားစုကမူ ဂိုင္ဂါကို ထိန္းသိမ္းထားရန္ ဆႏၵျပ ေတာင္းဆိုေနၾကသည္။

ေသဆံုးသူသည္ ဘာသာေရး ကိုင္း႐ိႈင္းၿပီး အာကန္ဆက္စ္ တကၠသိုလ္မွ ဘြဲ႕ရထားသူ တစ္ဦးဟုလည္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

ဂိုင္ဂါကို လူသတ္မႈျဖင့္ တရားစြဲရန္ ဆံုးျဖတ္ခဲ့ၿပီးေနာက္ ျပည္နယ္ တရား႐ံုးက သူမအတြက္ ဝရမ္းတစ္ေစာင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ ဒဲလက္စ္တြင္ ျဖစ္ပြားေသာ ပစ္ခတ္မႈမွာ ရဲဌာနႏွင့္ တစ္လမ္းမွ်သာျခားသည့္ အထပ္ျမင့္ တိုက္ခန္း တစ္ခုတြင္ ေပၚေပါက္လာျခင္း ျဖစ္သည္။

အခင္းျဖစ္ခ်ိန္က ဂိုင္ဂါသည္ သူမ၏ တာဝန္ခ်ိန္ ၿပီးဆံုးသျဖင့္ အိမ္ျပန္ၿပီး ယူနီေဖာင္းပင္ မလဲရေသးဟု ဆိုသည္။ ဂိုင္ဂါက သူမ၏ အခန္းထဲတြင္ လူစိမ္းတစ္ေယာက္ မသမာသည့္ နည္းလမ္းျဖင့္ ခိုးဝင္ေနသည္ဟု ယံုၾကည္ၿပီး ဂ်င္းကို ေသနတ္ျဖင့္ ပစ္ခဲ့ျခင္းဟု ထြက္ဆုိထားသည္။

ထို႔ေနာက္တြင္မွ အမွားအယြင္းကို သတိျပဳမိၿပီး ကိုယ္တုိင္ ေဆး႐ံုသို႔ ဖုန္းေခၚ အေၾကာင္းၾကားခဲ့ေသာ္လည္း ဂ်င္းမွာ ေသနတ္ဒဏ္ရာျဖင့္ပင္ ေသဆံုးသြားခဲ့သည္။ ထိုအခ်ိန္က ဂိုင္ဂါ အေနျဖင့္ အရက္ေသာက္ျခင္း၊ မူးယစ္ေဆး သံုးထားျခင္း ရွိမရွိကို အခင္းျဖစ္သည့္ ေနရာတြင္ပင္ စစ္ေဆးခ်က္ ယူထားခဲ့သည္။

ဒဲလက္စ္ ၿမိဳ႕ေတာ္ဝန္ မိုက္ခ္ေရာလင္းစ္က ျဖစ္စဉ္အတြက္ စိတ္မေကာင္းေၾကာင္း ေျပာၾကားခဲ့ၿပီး မိမိတို႔ အေနျဖင့္ အလားအလာ ေကာင္းမြန္သည့္ လူငယ္တစ္ဦးႏွင့္ အနာဂတ္ ေခါင္းေဆာင္ တစ္ဦးကို မေတာ္တဆ ဆံုး႐ံႈးခဲ့ရေၾကာင္း မွတ္ခ်က္ေပးသြားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DyDaily
# Unicode Version ျဖင့္ ဖတ္ပါ #
 အခန်းမှားဝင်ပြီး လူတစ်ဦးကို ပစ်သတ်ခဲ့သည့် အမေရိကန် အမျိုးသမီး ရဲအရာရှိ တစ်ဦးကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရသည်။

တက္ကဆက်စ်မှ အသက် ၃၀ အရွယ် ရဲအရာရှိ အမ်ဘာဂိုင်ဂါက သူမသည် ကိုယ်ပိုင် တိုက်ခန်းဟု အမှတ်မှားနေသည့် အခန်းထဲတွင် မသင်္ကာဖွယ် လူတစ်ဦးကို တွေ့ရှိသည့်နောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် အသက် ၂၆ နှစ်အရွယ် ဘိုသမ်ရှန် ဂျင်းမှာ ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။

ရဲဝန်ထမ်း လုပ်သက် လေးနှစ်ရှိသည့် ဂိုင်ဂါသည် ထိုကိစ္စကြောင့် ထိန်းသိမ်းခံရသော်လည်း နောက်ပိုင်းတွင် ဒေါ်လာ သုံးသိန်းတန် အာမခံဖြင့် ပြန်လွတ်ခဲ့သည်။ သေသူ၏ မိသားစုကမူ ဂိုင်ဂါကို ထိန်းသိမ်းထားရန် ဆန္ဒပြ တောင်းဆိုနေကြသည်။

သေဆုံးသူသည် ဘာသာရေး ကိုင်းရှိုင်းပြီး အာကန်ဆက်စ် တက္ကသိုလ်မှ ဘွဲ့ရထားသူ တစ်ဦးဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

ဂိုင်ဂါကို လူသတ်မှုဖြင့် တရားစွဲရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပြည်နယ် တရားရုံးက သူမအတွက် ဝရမ်းတစ်စောင် ထုတ်ပြန် ကြေညာခဲ့သည်။ ဒဲလက်စ်တွင် ဖြစ်ပွားသော ပစ်ခတ်မှုမှာ ရဲဌာနနှင့် တစ်လမ်းမျှသာခြားသည့် အထပ်မြင့် တိုက်ခန်း တစ်ခုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အခင်းဖြစ်ချိန်က ဂိုင်ဂါသည် သူမ၏ တာဝန်ချိန် ပြီးဆုံးသဖြင့် အိမ်ပြန်ပြီး ယူနီဖောင်းပင် မလဲရသေးဟု ဆိုသည်။ ဂိုင်ဂါက သူမ၏ အခန်းထဲတွင် လူစိမ်းတစ်ယောက် မသမာသည့် နည်းလမ်းဖြင့် ခိုးဝင်နေသည်ဟု ယုံကြည်ပြီး ဂျင်းကို သေနတ်ဖြင့် ပစ်ခဲ့ခြင်းဟု ထွက်ဆိုထားသည်။

ထို့နောက်တွင်မှ အမှားအယွင်းကို သတိပြုမိပြီး ကိုယ်တိုင် ဆေးရုံသို့ ဖုန်းခေါ် အကြောင်းကြားခဲ့သော်လည်း ဂျင်းမှာ သေနတ်ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်။ ထိုအချိန်က ဂိုင်ဂါ အနေဖြင့် အရက်သောက်ခြင်း၊ မူးယစ်ဆေး သုံးထားခြင်း ရှိမရှိကို အခင်းဖြစ်သည့် နေရာတွင်ပင် စစ်ဆေးချက် ယူထားခဲ့သည်။

ဒဲလက်စ် မြို့တော်ဝန် မိုက်ခ်ရောလင်းစ်က ဖြစ်စဉ်အတွက် စိတ်မကောင်းကြောင်း ပြောကြားခဲ့ပြီး မိမိတို့ အနေဖြင့် အလားအလာ ကောင်းမွန်သည့် လူငယ်တစ်ဦးနှင့် အနာဂတ် ခေါင်းဆောင် တစ်ဦးကို မတော်တဆ ဆုံးရှုံးခဲ့ရကြောင်း မှတ်ချက်ပေးသွားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7DyDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top