ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကို၀လုံးႏွင့္ ကိုေက်ာ္စုိးဦးတို႔ကို ႐ုံးထုတ္လာစဥ္ သမီးငယ္ခ်ီပိုးထားေသာ မခ်စ္စုႏွင့္ ထိုစဥ္က ကိုယ္၀န္လြယ္ထားသည့္ မပန္းအိတို႔ကိုေတြ႕ရစဥ္ (ဓာတ္ပံု − ေက်ာ္ဇင္သန္း)

မပန္းအိသည္ တစ္လ သား အရြယ္ကေလးကုိ ကာကြယ္ေဆး ထုိးရန္ ေဆးခန္းတြင္တုိကင္ ထုိင္ ေစာင့္ေနသည္။ ၎က နီတာရဲ ေနသည့္ သမီးေလးကုိေပြ႕ခ်ီထား ၿပီး အနားရွိအေမႏွင့္ေဒၚေလးက ကေလးခ်ီေပြ႕နည္းကုိ သင္ျပေပး ေနသည္။ ၎၏မ်က္လုံးမ်ား သည္ မၾကာခဏ ဆုိသလုိပင္ ကေလးကုိ ေဆးခန္းလာျပေသာ အျခားမိသားစုမ်ားထံ ေရာက္ေန တတ္သည္။

ကေလး ေဆးခန္းလာျပသူ အျခား အမ်ိဳးသမီးမ်ားကေတာ့ ကေလးဖခင္ႏွင့္အတူ ရွိေနသည္ ကုိေတြ႕ရသည္။

မပန္းအိက ၎ႏွင့္သမီး ေလး၏ပုံကုိ ေဆးခန္းထဲတြင္ ဓာတ္ပုံ႐ုိက္ခုိင္းသည္။ အင္းစိန္ ေထာင္ထဲရွိေနသည့္ ခင္ပြန္းသည္ သတင္းေထာက္ကုိ၀လုံးကုိ သမီး ေလး၏ဓာတ္ပုံ ျပန္ျပရန္ျဖစ္ သည္။

 ခင္ပြန္းအဖမ္းခံရၿပီး တစ္ လအၾကာတြင္မွ မပန္းအိ၌ ကုိယ္၀န္ရွိေနမွန္း သိခဲ့ရသည္။ကေလးအင္မတန္ခ်စ္တတ္သျဖင့္ ကေလးပုံျပင္အခမဲ့ ျဖန္႔ေ၀ေရးစီမံကိန္းတြင္ ပရဟိတလႈပ္ ရွားသူကုိ၀လုံးအတြက္ မပန္းအိ၏၀မ္းနည္းမႈကုိေျပာျပ၍ မရႏုိင္။

သတင္းမီဒီယာကုိ ႏုိင္ငံ၏ စတုတၳမ႑ိဳင္ဟူ၍လည္းေကာင္း၊လူအမ်ား၏မ်က္စိႏွင့္ နားဟုလည္းေကာင္း တင္စားၾကပါသည္။

ျမန္မာႏုိင္ငံတြင္ သတင္းလြတ္လပ္ခြင့္အေျခအေနဆုိးရြား ေနေၾကာင္း ေလ့လာခ်က္စစ္တမ္းမ်ားက ေဖာ္ျပသည့္အျပင္သတင္း စာဆရာမ်ားက သတင္းလြတ္ လပ္ခြင့္ႏွင့္ပတ္သက္၍ က်ယ္ က်ယ္ေလာင္ေလာင္ ေျပာဆုိေန သည္မွာလည္း ၾကာရွည္လာၿပီ ျဖစ္သည္။

ယခုအခါ ထုိအေျခအေနဆုိး ဒဏ္ကုိ သတင္းသမားမ်ားသာမ က ၎တို႔၏မိသားစု၀င္မ်ားပါ ႐ုိက္ခတ္ခံေနရသည္။

 ႐ိုက္တာ သတင္းေထာက္ ကုိ၀လုံးႏွင့္ ကုိေက်ာ္စုိးဦးတို႔သည္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းရွိ အင္းဒင္ေက်းရြာတြင္ ျဖစ္ပြားေသာလူ သတ္မႈအေၾကာင္းကုိ သတင္း လုိက္ေနစဥ္ ႏုိင္ငံေတာ္လွ်ိဳ႕၀ွက္ အက္ဥပေဒျဖင့္ ဖမ္းဆီးအေရးယူ ခံရၿပီး ေထာင္ဒဏ္ခုနစ္ႏွစ္အမိန္႔ ခ်မွတ္ခံခဲ့ရသည္။ သတင္းစာ ဆရာအမ်ားစုက ကို၀လုံးႏွင့္ ကုိ ေက်ာ္စုိးဦးတို႔ ေထာင္ဖမ္းခံရ သည္ဟု ခ်က္က်လက္က်ေ၀ဖန္ ခဲ့ၾကသည္။ ယင္းအမႈႏွင့္ပတ္ သက္၍ တရားလုိျပသက္ေသ ဒုရဲမွဴးေဟာင္း မုိးရန္ႏုိင္ကုိယ္ တိုင္က ႐ိုက္တာသတင္းေထာက္ ႏွစ္ဦးကုိ ေထာင္ဖမ္းခဲ့ေၾကာင္း တရား႐ုံးတြင္၀န္ခံထားသည္။

ပရဟိတစိတ္ထက္သန္ၿပီး သတင္းေကာင္းမ်ားစြာ ေရးသား တတ္သည့္ သတင္းေထာက္ကုိ လက္ထပ္ရန္ ဆုံးျဖတ္ခဲ့စဥ္က သတင္းေထာက္အလုပ္သည္ ယ ခုကဲ့သုိ႔ အင္းစိန္ေထာင္အတြင္းသုိ႔ ေရာက္ႏုိင္ေၾကာင္း မစဥ္းစားခဲ့ မိဟု ကုိ၀လုံး၏ဇနီးမပန္းအိက ဖြင့္ဟေျပာဆုိသည္။

ကုိ၀လုံးႏွင့္ မပန္းအိသည္ Myanmar Times သတင္းဌာန တြင္ အလုပ္လုပ္ၾကစဥ္ ေတြ႕ဆုံ ျခင္းျဖစ္သည္။ ထုိအခ်ိန္က ကုိ ၀လုံးက Myanmar Times တြင္ သတင္းေထာက္ျဖစ္ကာ မပန္းအိ က ႐ုံးလုပ္ငန္းလုပ္ကိုင္ေနသူျဖစ္ သည္။

‘‘သူက သတင္းကုိေကာင္း ေအာင္၊ မွန္ေအာင္အားထုတ္ တတ္တယ္။ သူမွားမွာကုိ မစိုးရိမ္ ခဲ့ဖူးဘူး။ ျပည္တြင္းစစ္ပြဲေတြမွာ သတင္းယူရတာသိပါတယ္။ က ခ်င္တို႔၊ ရွမ္းတို႔ကုိ ခရီးထြက္ရတာ စိတ္ပူတယ္။ ဒါေပမဲ့လည္း ဒီလုိ အေျခအေနမ်ိဳး (ေထာင္ဖမ္းခံရ သည့္အေျခအေနကုိဆုိလုိ)နဲ႔ ေတာ့ တစ္ခါမွမစဥ္းစားခဲ့ဖူးဘူး’’ ဟု မပန္းအိကကေလးကုိ ေဆး ခန္းျပေနစဥ္တြင္ေျပာသည္။

႐ိုက္တာသတင္းေထာက္ ႏွစ္ဦးႏုိင္ငံေတာ္လွ်ိဳ႕၀ွက္အက္ ဥပေဒျဖင့္ အမႈဖြင့္ခံရသည့္အေပၚ အမ်ားကသစၥာေဖာက္ဟု ေ၀ဖန္ ေနျခင္းကုိလည္း မိသားစု၀င္မ်ား က ႀကံ႕ႀကံ႕ခံရသည္။ ၎တို႔ကိုယ္ တုိင္က ခင္ပြန္းျဖစ္သူ၏ႏုိင္ငံအ ေပၚထားေသာ သစၥာတရားအ ေပၚယံုၾကည္ေၾကာင္း ဆုိသည္။

 ရခုိင္ေဒသ အေျခစိုက္ သ တင္းေထာက္ ကုိေက်ာ္စုိးဦး၏ ဇနီးမခ်စ္စုကလည္း ၎၏ခင္ ပြန္းအေၾကာင္း မေကာင္းေျပာ သူမ်ားရွိေသာ္လည္း ဂ႐ုမစုိက္ ေတာ့ဟု ဆုိသည္။

‘‘လုိင္းေပၚမွာ ဆဲေနၾကတာ ေတြ႕တယ္။ အရင္ကေတာ့ ကြၽန္ မလည္း လုိက္ေျဖရွင္းတယ္။ ေနာက္မေျပာေတာ့ပါဘူး’’ ဟု ဆုိ သည္။ မခ်စ္စုက ၎တို႔တြင္ (၃) ႏွစ္အရြယ္သမီးေလးရွိသျဖင့္ ခင္ ပြန္းကုိ အျမန္ဆုံးျပန္လြတ္လာေစ ခ်င္သည္ဟု ဆုိသည္။

ကုိ၀လုံးႏွင့္ကုိေက်ာ္စုိးဦးတို႔ သည္ သတင္းေထာက္တာ၀န္ကုိ ေဆာင္ရြက္ျခင္းသာျဖစ္ၿပီး ႏုိင္ငံ ေတာ္လွ်ိဳ႕၀ွက္ခ်က္အက္ဥပေဒ ကုိ က်ဴးလြန္ျခင္းမရွိဟုဆုိကာ အ ျမန္ဆုံးျပန္လႊတ္ေပးရန္ မပန္းအိ ႏွင့္မခ်စ္စုတို႔က စက္တင္ဘာ ၄ ရက္တြင္ သတင္းစာရွင္းလင္းပြဲျပဳ လုပ္ကာ ေမတၱာရပ္ခံခဲ့သည္။ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ၀န္ႀကီးဌာနခုနစ္ခုသုိ႔ အသနားခံ စာမ်ားတင္ထားသည္။

သုိ႔ေသာ္ ႐ိုက္တာသတင္း ေထာက္ႏွစ္ဦးကုိ ေထာင္ဒဏ္ခ် မွတ္ျခင္းသည္ လြတ္လပ္စြာထုတ္ ေဖာ္ေရးသားခြင့္ကုိ ဖိႏွိပ္သည့္ သေဘာမ်ိဳးမဟုတ္ေၾကာင္း ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာၾကား သည္။ သတင္းေထာက္ျဖစ္၍ ေထာင္က်ျခင္းမဟုတ္ဘဲ ဥပေဒ ခ်ိဳးေဖာက္၍သာ တရား႐ုံးကအ မိန္႔ခ်မွတ္ျခင္းျဖစ္ရာ အယူခံထပ္ တက္ႏုိင္ေၾကာင္း ၎ကေျပာ ၾကားသည္။

႐ုိက္တာသတင္းေထာက္ ႏွစ္ဦးကုိ ေထာင္ဒဏ္ခုနစ္ႏွစ္ခ် မွတ္လုိက္သည့္သတင္းသည္ အ ျခားေသာ သတင္းေထာက္မ်ား၊ သတင္းေထာက္၏မိသားစု၀င္ မ်ားကုိပါ တုန္လႈပ္ေစခဲ့သည္။

ျပည္တြင္းသတင္းစာတိုက္ တြင္ အလုပ္လုပ္သည့္သတင္း ေထာက္အမ်ိဳးသမီးတစ္ဦးက ၎ ၏ခင္ပြန္းသတင္းေထာက္က အ ေရးႀကီးသည့္ေဆာင္းပါးေရးရန္ ရွိေၾကာင္း ေျပာျပသည့္အခါမ်ိဳး၌ စိတ္တြင္မသက္မသာျဖစ္လာရ ေၾကာင္းဆုိသည္။ ေဆာင္းပါးအ တြက္ ဘက္ေပါင္းစုံကဂ႐ုစုိက္ရန္ ေျပာဆုိရၿပီးထုိေဆာင္းပါး ေဖာ္ျပ ၿပီးမွသာ သက္ျပင္းခ်ႏုိင္ေၾကာင္း ဖြင့္ဟသည္။

Myanmar Now သတင္း ဌာနမွ သတင္းေထာက္မထုိက္ နႏၵာ၀င္းကလည္း ႐ုိက္တာသ တင္းေထာက္ႏွစ္ဦးကုိ ေထာင္ ဒဏ္ခုနစ္ႏွစ္ အမိန္႔ခ်ၿပီးေနာက္ မိသားစုက အလုပ္ထြက္ရန္ ပုိမုိ တြန္းအားေပးလာသည္ဟု ဆို သည္။

၎တို႔မိသားစုတြင္ဩဇာ ႀကီးသူအစ္ကုိက ‘‘နင္အ႐ူးထတာ အခ်ိန္အကန္႔အသတ္ရွိတယ္’’ ဟု ဆုံးမေၾကာင္း ေျပာသည္။

မထုိက္သည္ Myanmar Now သတင္းဌာနတြင္ စုံစမ္းေဖာ္ ထုတ္ရသည့္သတင္းမ်ားေရးသား ေနေသာ အႀကီးတန္းသတင္း ေထာက္တစ္ဦးျဖစ္သည္။ ယခင္ က ကုိယ္ပုိင္စီးပြားေရးလုပ္ငန္း လုပ္ကိုင္ရာမွ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲနားနီးခ်ိန္ အသက္ (၃၀)တြင္ သတင္းေထာက္အလုပ္ ကုိ လုပ္ကိုင္ရန္စြန္႔စားဆုံးျဖတ္ခဲ့ သည္။

 ကိုယ္ပိုင္စီးပြားေရးလုပ္ သကဲ့သုိ႔ ၀င္ေငြမရေသာ္လည္း ၀ါသနာကုိအရင္းခံ၍ သည္းခံကာ ႀကိဳးစားခဲ့ေၾကာင္း မထုိက္နႏၵာ ၀င္းက ေျပာသည္။

‘‘ပိုက္ဆံကုိ မၾကည့္ခဲ့လုိ႔သာ လုပ္ႏုိင္ခဲ့တာ’’ ဟု ၎ကဖြင့္ဟ ေျပာဆိုသည္။

သုိ႔ေသာ္ အစ္မျဖစ္သူက ခႏၶာကုိယ္မသန္စြမ္းသူျဖစ္ၿပီး ေမာင္ျဖစ္သူသည္ ေဆးစြဲေနသ ျဖင့္ကုသေနရသည္။ ထုိအေျခအ ေနတြင္ မိခင္ကုိယ္တုိင္ကေရွ႕ေန တစ္ဦးျဖစ္ၿပီး ကိုယ္ပိုင္၀င္ေငြရွာ ႏုိင္၍သာ  ၀ါသနာပါရာအလုပ္ကုိ စိတ္ေျဖာင့္ေျဖာင့္ လုပ္ႏုိင္ခဲ့ ေၾကာင္း ၎ကဆုိသည္။

ထုိသုိ႔အခက္အခဲမ်ားစြာ ေက်ာ္ျဖတ္၍ သတင္းေထာက္အ လုပ္ကုိေရြးခ်ယ္လုပ္ကိုင္ခဲ့ေသာ္ လည္း ႐ိုက္တာသတင္းေထာက္ ႏွစ္ဦး အမိန္႔ခ်သည့္သတင္း ေၾကာင့္ ေသြးပ်က္ခဲ့ရေၾကာင္း မထုိက္နႏၵာ၀င္းက ေျပာသည္။

‘‘အစုိးရေရာ၊ ျပည္သူေရာ က သတင္းသမားေတြကုိယံုၾကည္ မႈမရွိၾကေတာ့ဘူး။ အလုပ္လုပ္ဖုိ႔ စိတ္ခြန္အားေတာ္ေတာ္ထားရ တယ္။ ႐ိုက္တာကိစၥက ရွင္းေန တာပဲ။ ဒုရဲမွဴးေဟာင္းမုိးရန္ႏုိင္ ကုိယ္တိုင္က ေထာင္ဖမ္းပါတယ္ လုိ႔ တရား႐ုံးမွာ ထြက္ဆုိထားတာ ပဲ။ သတင္းမီဒီယာေလာက ဆုတ္ ယုတ္လာရတဲ့အေၾကာင္းရင္းက အဲဒါပဲ။ စတုတၳမ႑ိဳင္လုိ႔အစုိးရ က မသတ္မွတ္တဲ့အတြက္ ျပည္ သူေတြကလည္း မသတ္မွတ္ဘူး’’ ဟု ၎ကဆုိသည္။

Career Cast ၏ (၂၀၁၈) သုေတသန ထုတ္ျပန္ခ်က္အရ သတင္းေထာက္အလုပ္သည္ အ ဆုိးရြားဆုံးႏွင့္ စိတ္ဖိစီးမႈအမ်ား ဆုံးစာရင္းတြင္ ပါ၀င္ေၾကာင္း ေဖာ္ျပထားသည္။ ၎တို႔က အ သက္ေမြး၀မ္းေက်ာင္းအလုပ္အ မ်ိဳးအစား ၂၂၀ ကုိ သုေတသန ျပဳထားရာ ပုံႏွိပ္သတင္းေထာက္ အလုပ္က အဆင့္(၂၁၈)ခ်ိတ္ၿပီး ယင္းေအာက္တြင္ တကၠစီေမာင္း သူႏွင့္ Logger (သစ္ျဖတ္သမား)တို႔သာက်န္ေတာ့သည္။ မီးသတ္ သမား၏အဆင့္သည္ပင္ သတင္း ေထာက္အလုပ္၏ အထက္တြင္ရွိ သည္။

ယင္းအခ်က္အလက္သည္ လုပ္ငန္းခြင္အတြင္း လုံၿခံဳစိတ္ခ် ရမႈ၊ စိတ္ဖိစီးမႈႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းအေပၚ မူတည္ကာ ျပဳစုထားေၾကာင္းသိရသည္။

မပန္းအိႏွင့္ မခ်စ္စုကေတာ့ ၎တို႔၏ ခင္ပြန္းမ်ား ျပန္လည္ လြတ္ေျမာက္လာၿပီး သတင္း ေထာက္အလုပ္ျပန္လည္ လုပ္ ကိုင္မည္ဆုိလွ်င္ပင္ တားဆီးမည္ မဟုတ္ဟု ဆုိပါသည္။   ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရုံးထုတ်လာစဉ် သမီးငယ်ချီပိုးထားသော မချစ်စုနှင့် ထိုစဉ်က ကိုယ်ဝန်လွယ်ထားသည့် မပန်းအိတို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

မပန်းအိသည် တစ်လ သား အရွယ်ကလေးကို ကာကွယ်ဆေး ထိုးရန် ဆေးခန်းတွင်တိုကင် ထိုင် စောင့်နေသည်။ ၎င်းက နီတာရဲ နေသည့် သမီးလေးကိုပွေ့ချီထား ပြီး အနားရှိအမေနှင့်ဒေါ်လေးက ကလေးချီပွေ့နည်းကို သင်ပြပေး နေသည်။ ၎င်း၏မျက်လုံးများ သည် မကြာခဏ ဆိုသလိုပင် ကလေးကို ဆေးခန်းလာပြသော အခြားမိသားစုများထံ ရောက်နေ တတ်သည်။

ကလေး ဆေးခန်းလာပြသူ အခြား အမျိုးသမီးများကတော့ ကလေးဖခင်နှင့်အတူ ရှိနေသည် ကိုတွေ့ရသည်။

မပန်းအိက ၎င်းနှင့်သမီး လေး၏ပုံကို ဆေးခန်းထဲတွင် ဓာတ်ပုံရိုက်ခိုင်းသည်။ အင်းစိန် ထောင်ထဲရှိနေသည့် ခင်ပွန်းသည် သတင်းထောက်ကိုဝလုံးကို သမီး လေး၏ဓာတ်ပုံ ပြန်ပြရန်ဖြစ် သည်။

 ခင်ပွန်းအဖမ်းခံရပြီး တစ် လအကြာတွင်မှ မပန်းအိ၌ ကိုယ်ဝန်ရှိနေမှန်း သိခဲ့ရသည်။ကလေးအင်မတန်ချစ်တတ်သဖြင့် ကလေးပုံပြင်အခမဲ့ ဖြန့်ဝေရေးစီမံကိန်းတွင် ပရဟိတလှုပ် ရှားသူကိုဝလုံးအတွက် မပန်းအိ၏ဝမ်းနည်းမှုကိုပြောပြ၍ မရနိုင်။

သတင်းမီဒီယာကို နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟူ၍လည်းကောင်း၊လူအများ၏မျက်စိနှင့် နားဟုလည်းကောင်း တင်စားကြပါသည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အခြေအနေဆိုးရွား နေကြောင်း လေ့လာချက်စစ်တမ်းများက ဖော်ပြသည့်အပြင်သတင်း စာဆရာများက သတင်းလွတ် လပ်ခွင့်နှင့်ပတ်သက်၍ ကျယ် ကျယ်လောင်လောင် ပြောဆိုနေ သည်မှာလည်း ကြာရှည်လာပြီ ဖြစ်သည်။

ယခုအခါ ထိုအခြေအနေဆိုး ဒဏ်ကို သတင်းသမားများသာမ က ၎င်းတို့၏မိသားစုဝင်များပါ ရိုက်ခတ်ခံနေရသည်။

 ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အင်းဒင်ကျေးရွာတွင် ဖြစ်ပွားသောလူ သတ်မှုအကြောင်းကို သတင်း လိုက်နေစဉ် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူ ခံရပြီး ထောင်ဒဏ်ခုနစ်နှစ်အမိန့် ချမှတ်ခံခဲ့ရသည်။ သတင်းစာ ဆရာအများစုက ကိုဝလုံးနှင့် ကို ကျော်စိုးဦးတို့ ထောင်ဖမ်းခံရ သည်ဟု ချက်ကျလက်ကျဝေဖန် ခဲ့ကြသည်။ ယင်းအမှုနှင့်ပတ် သက်၍ တရားလိုပြသက်သေ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကိုယ် တိုင်က ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဖမ်းခဲ့ကြောင်း တရားရုံးတွင်ဝန်ခံထားသည်။

ပရဟိတစိတ်ထက်သန်ပြီး သတင်းကောင်းများစွာ ရေးသား တတ်သည့် သတင်းထောက်ကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့စဉ်က သတင်းထောက်အလုပ်သည် ယ ခုကဲ့သို့ အင်းစိန်ထောင်အတွင်းသို့ ရောက်နိုင်ကြောင်း မစဉ်းစားခဲ့ မိဟု ကိုဝလုံး၏ဇနီးမပန်းအိက ဖွင့်ဟပြောဆိုသည်။

ကိုဝလုံးနှင့် မပန်းအိသည် Myanmar Times သတင်းဌာန တွင် အလုပ်လုပ်ကြစဉ် တွေ့ဆုံ ခြင်းဖြစ်သည်။ ထိုအချိန်က ကို ဝလုံးက Myanmar Times တွင် သတင်းထောက်ဖြစ်ကာ မပန်းအိ က ရုံးလုပ်ငန်းလုပ်ကိုင်နေသူဖြစ် သည်။

‘‘သူက သတင်းကိုကောင်း အောင်၊ မှန်အောင်အားထုတ် တတ်တယ်။ သူမှားမှာကို မစိုးရိမ် ခဲ့ဖူးဘူး။ ပြည်တွင်းစစ်ပွဲတွေမှာ သတင်းယူရတာသိပါတယ်။ က ချင်တို့၊ ရှမ်းတို့ကို ခရီးထွက်ရတာ စိတ်ပူတယ်။ ဒါပေမဲ့လည်း ဒီလို အခြေအနေမျိုး (ထောင်ဖမ်းခံရ သည့်အခြေအနေကိုဆိုလို)နဲ့ တော့ တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး’’ ဟု မပန်းအိကကလေးကို ဆေး ခန်းပြနေစဉ်တွင်ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးနိုင်ငံတော်လျှို့ဝှက်အက် ဥပဒေဖြင့် အမှုဖွင့်ခံရသည့်အပေါ် အများကသစ္စာဖောက်ဟု ဝေဖန် နေခြင်းကိုလည်း မိသားစုဝင်များ က ကြံ့ကြံ့ခံရသည်။ ၎င်းတို့ကိုယ် တိုင်က ခင်ပွန်းဖြစ်သူ၏နိုင်ငံအ ပေါ်ထားသော သစ္စာတရားအ ပေါ်ယုံကြည်ကြောင်း ဆိုသည်။

 ရခိုင်ဒေသ အခြေစိုက် သ တင်းထောက် ကိုကျော်စိုးဦး၏ ဇနီးမချစ်စုကလည်း ၎င်း၏ခင် ပွန်းအကြောင်း မကောင်းပြော သူများရှိသော်လည်း ဂရုမစိုက် တော့ဟု ဆိုသည်။

‘‘လိုင်းပေါ်မှာ ဆဲနေကြတာ တွေ့တယ်။ အရင်ကတော့ ကျွန် မလည်း လိုက်ဖြေရှင်းတယ်။ နောက်မပြောတော့ပါဘူး’’ ဟု ဆို သည်။ မချစ်စုက ၎င်းတို့တွင် (၃) နှစ်အရွယ်သမီးလေးရှိသဖြင့် ခင် ပွန်းကို အမြန်ဆုံးပြန်လွတ်လာစေ ချင်သည်ဟု ဆိုသည်။

ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ သည် သတင်းထောက်တာဝန်ကို ဆောင်ရွက်ခြင်းသာဖြစ်ပြီး နိုင်ငံ တော်လျှို့ဝှက်ချက်အက်ဥပဒေ ကို ကျူးလွန်ခြင်းမရှိဟုဆိုကာ အ မြန်ဆုံးပြန်လွှတ်ပေးရန် မပန်းအိ နှင့်မချစ်စုတို့က စက်တင်ဘာ ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲပြု လုပ်ကာ မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးဌာနခုနစ်ခုသို့ အသနားခံ စာများတင်ထားသည်။

သို့သော် ရိုက်တာသတင်း ထောက်နှစ်ဦးကို ထောင်ဒဏ်ချ မှတ်ခြင်းသည် လွတ်လပ်စွာထုတ် ဖော်ရေးသားခွင့်ကို ဖိနှိပ်သည့် သဘောမျိုးမဟုတ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။ သတင်းထောက်ဖြစ်၍ ထောင်ကျခြင်းမဟုတ်ဘဲ ဥပဒေ ချိုးဖောက်၍သာ တရားရုံးကအ မိန့်ချမှတ်ခြင်းဖြစ်ရာ အယူခံထပ် တက်နိုင်ကြောင်း ၎င်းကပြော ကြားသည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်ချ မှတ်လိုက်သည့်သတင်းသည် အ ခြားသော သတင်းထောက်များ၊ သတင်းထောက်၏မိသားစုဝင် များကိုပါ တုန်လှုပ်စေခဲ့သည်။

ပြည်တွင်းသတင်းစာတိုက် တွင် အလုပ်လုပ်သည့်သတင်း ထောက်အမျိုးသမီးတစ်ဦးက ၎င်း ၏ခင်ပွန်းသတင်းထောက်က အ ရေးကြီးသည့်ဆောင်းပါးရေးရန် ရှိကြောင်း ပြောပြသည့်အခါမျိုး၌ စိတ်တွင်မသက်မသာဖြစ်လာရ ကြောင်းဆိုသည်။ ဆောင်းပါးအ တွက် ဘက်ပေါင်းစုံကဂရုစိုက်ရန် ပြောဆိုရပြီးထိုဆောင်းပါး ဖော်ပြ ပြီးမှသာ သက်ပြင်းချနိုင်ကြောင်း ဖွင့်ဟသည်။

Myanmar Now သတင်း ဌာနမှ သတင်းထောက်မထိုက် နန္ဒာဝင်းကလည်း ရိုက်တာသ တင်းထောက်နှစ်ဦးကို ထောင် ဒဏ်ခုနစ်နှစ် အမိန့်ချပြီးနောက် မိသားစုက အလုပ်ထွက်ရန် ပိုမို တွန်းအားပေးလာသည်ဟု ဆို သည်။

၎င်းတို့မိသားစုတွင်ဩဇာ ကြီးသူအစ်ကိုက ‘‘နင်အရူးထတာ အချိန်အကန့်အသတ်ရှိတယ်’’ ဟု ဆုံးမကြောင်း ပြောသည်။

မထိုက်သည် Myanmar Now သတင်းဌာနတွင် စုံစမ်းဖော် ထုတ်ရသည့်သတင်းများရေးသား နေသော အကြီးတန်းသတင်း ထောက်တစ်ဦးဖြစ်သည်။ ယခင် က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနားနီးချိန် အသက် (၃၀)တွင် သတင်းထောက်အလုပ် ကို လုပ်ကိုင်ရန်စွန့်စားဆုံးဖြတ်ခဲ့ သည်။

 ကိုယ်ပိုင်စီးပွားရေးလုပ် သကဲ့သို့ ဝင်ငွေမရသော်လည်း ဝါသနာကိုအရင်းခံ၍ သည်းခံကာ ကြိုးစားခဲ့ကြောင်း မထိုက်နန္ဒာ ဝင်းက ပြောသည်။

‘‘ပိုက်ဆံကို မကြည့်ခဲ့လို့သာ လုပ်နိုင်ခဲ့တာ’’ ဟု ၎င်းကဖွင့်ဟ ပြောဆိုသည်။

သို့သော် အစ်မဖြစ်သူက ခန္ဓာကိုယ်မသန်စွမ်းသူဖြစ်ပြီး မောင်ဖြစ်သူသည် ဆေးစွဲနေသ ဖြင့်ကုသနေရသည်။ ထိုအခြေအ နေတွင် မိခင်ကိုယ်တိုင်ကရှေ့နေ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဝင်ငွေရှာ နိုင်၍သာ  ဝါသနာပါရာအလုပ်ကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်ခဲ့ ကြောင်း ၎င်းကဆိုသည်။

ထိုသို့အခက်အခဲများစွာ ကျော်ဖြတ်၍ သတင်းထောက်အ လုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့သော် လည်း ရိုက်တာသတင်းထောက် နှစ်ဦး အမိန့်ချသည့်သတင်း ကြောင့် သွေးပျက်ခဲ့ရကြောင်း မထိုက်နန္ဒာဝင်းက ပြောသည်။

‘‘အစိုးရရော၊ ပြည်သူရော က သတင်းသမားတွေကိုယုံကြည် မှုမရှိကြတော့ဘူး။ အလုပ်လုပ်ဖို့ စိတ်ခွန်အားတော်တော်ထားရ တယ်။ ရိုက်တာကိစ္စက ရှင်းနေ တာပဲ။ ဒုရဲမှူးဟောင်းမိုးရန်နိုင် ကိုယ်တိုင်က ထောင်ဖမ်းပါတယ် လို့ တရားရုံးမှာ ထွက်ဆိုထားတာ ပဲ။ သတင်းမီဒီယာလောက ဆုတ် ယုတ်လာရတဲ့အကြောင်းရင်းက အဲဒါပဲ။ စတုတ္ထမဏ္ဍိုင်လို့အစိုးရ က မသတ်မှတ်တဲ့အတွက် ပြည် သူတွေကလည်း မသတ်မှတ်ဘူး’’ ဟု ၎င်းကဆိုသည်။

Career Cast ၏ (၂၀၁၈) သုတေသန ထုတ်ပြန်ချက်အရ သတင်းထောက်အလုပ်သည် အ ဆိုးရွားဆုံးနှင့် စိတ်ဖိစီးမှုအများ ဆုံးစာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့က အ သက်မွေးဝမ်းကျောင်းအလုပ်အ မျိုးအစား ၂၂၀ ကို သုတေသန ပြုထားရာ ပုံနှိပ်သတင်းထောက် အလုပ်က အဆင့်(၂၁၈)ချိတ်ပြီး ယင်းအောက်တွင် တက္ကစီမောင်း သူနှင့် Logger (သစ်ဖြတ်သမား)တို့သာကျန်တော့သည်။ မီးသတ် သမား၏အဆင့်သည်ပင် သတင်း ထောက်အလုပ်၏ အထက်တွင်ရှိ သည်။

ယင်းအချက်အလက်သည် လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချ ရမှု၊ စိတ်ဖိစီးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းအပေါ် မူတည်ကာ ပြုစုထားကြောင်းသိရသည်။

မပန်းအိနှင့် မချစ်စုကတော့ ၎င်းတို့၏ ခင်ပွန်းများ ပြန်လည် လွတ်မြောက်လာပြီး သတင်း ထောက်အလုပ်ပြန်လည် လုပ် ကိုင်မည်ဆိုလျှင်ပင် တားဆီးမည် မဟုတ်ဟု ဆိုပါသည်။   ။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top