ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 မွားယြင္း႐ုိက္ႏွိပ္မိရင္ ျပန္ဖ်က္လုိ႕မရတဲ့ လက္ႏွိပ္စက္သုံးၿပီး ပုံတူပန္းခ်ီပုံေတြ သ႐ုပ္ေဖာ္ဖုိ႕ဆုိတာ မလြယ္ကူလွပါဘူး။

အိႏၵိယႏုိင္ငံ မြမ္ဘုိင္းၿမိဳ႕႐ွိ ေနအိမ္တစ္အိမ္ကေန လက္ႏွိပ္စက္႐ုိက္သံေတြကုိ ၾကားေနရေလ့႐ွိပါတယ္။ ထုိအိမ္ကေတာ့ ခ်န္ဒရာခန္႕ ဘီဟုိက္ရဲ႕ ေနအိမ္ျဖစ္ၿပီး လက္ႏွိပ္စက္တစ္လုံးျဖင့္ သူ႕ရဲ႕ အႏုပညာလက္ရာကုိ ပုံေဖာ္ေနတာပဲ ျဖစ္ပါတယ္။

Photo: INDRANIL MUKHERJEE/AFP
အသက္ ၇၂ ႏွစ္အ႐ြယ္႐ွိၿပီျဖစ္တဲ့ ခ်န္ဒရာက လက္ႏွိပ္စက္ျဖင့္႐ုိက္ၿပီး နာမည္ေက်ာ္ၾကားသူေတြ ပုံေဖာ္ႏုိင္သူပါ။ မွားယြင္း႐ုိက္ႏွိပ္မိရင္ ျပန္ဖ်က္လို႕မရတဲ့ လက္ႏွိပ္စက္သုံးၿပီး ပုံတူပန္းခ်ီပုံေတြ သ႐ုပ္ေဖာ္ဖုိ႕ဆုိတာ အမွန္တစ္ကယ္ မလြယ္ကူလွပါဘူး။

ဒါ့ေပမဲ့ ခ်န္ဒရာကေတာ့ ၿပီးခဲ့တဲ့ ရာစုႏွစ္ဝက္အတြင္း လက္ႏွိပ္စက္႐ုိက္ၿပီး ႏုိင္ငံေရးသမားေတြနဲ႕ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ေတြကေန ခရစ္ကတ္ ကစားသမားေတြ၊ အန္နီေမး႐ွင္း ကာတြန္းဇာတ္ေကာင္ေတြနဲ႕ ဘာသာေရးသေကၤေတြအထိ ပါဝင္တဲ့ အႏုပညာလက္ရာေပါင္း ၁၅၀ ခန္႕ကုိ ပုံေဖာ္ခဲ့ပါတယ္။


Photo: INDRANIL MUKHERJEE/AFP


"ကၽြန္ေတာ္ မဟတၱမဂႏၶီ၊ ဂ်ဝါဟာလာေန႐ူး၊ အင္ဒီရာဂႏၶီ၊ ခ်ာလီခ်က္ပလင္၊ ေလာ္ရယ္နဲ႕ဟာဒီတုိ႕လုိ ထင္႐ွားေက်ာ္ၾကားသူေတြရဲ႕ ပုံတူေတြကုိ လက္ႏွိပ္စက္နဲ႕ ပုံေဖာ္ခဲ့ၿပီးပါၿပီ၊ ဒါက ကၽြန္ေတာ့္ဝါသနာ၊ ကၽြန္ေတာ့္စိတ္အားထက္သန္မႈပါပဲ" လုိ႕ ခ်န္ဒရာကဆုိပါတယ္။

ခ်န္ဒရာက လက္ႏွိပ္စက္ျဖင့္ ပုံေဖာ္ထားတဲ့ အႏုပညာလက္ရာေတြကုိ ျပပြဲ ၁၂ ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ၎ဟာ ၁၉၆၀ ျပည့္ ေႏွာင္းပုိင္းအခ်ိန္က ဘဏ္စာေရးအျဖစ္ အလုပ္လုပ္ကုိင္ေနခဲ့စဥ္ လက္ႏွိပ္စက္ျဖင့္ အႏုပညာလက္ရာေတြ ပုံေဖာ္ႏုိင္မႈကုိ သိ႐ွိခဲ့ၾကၿပီးေနာက္ အိႏၵိယမွာ ေက်ာ္ၾကားသူတစ္ဦး ျဖစ္လာခဲ့ပါတယ္။


Photo: INDRANIL MUKHERJEE/AFP
ခ်န္ဒရာက လူငယ္အ႐ြယ္မွာ အႏုပညာေက်ာင္းတက္ၿပီး စီးပြားျဖစ္ အႏုပညာ႐ွင္တစ္ေယာက္ ျဖစ္ခ်င္ခဲ့သူပါ။ သုိ႕ေသာ္ ၎ရဲ႕ မိသားစုက အႏုပညာေက်ာင္းအတြက္ ကုန္က်စရိတ္ မတတ္ႏုိင္ခဲ့တာေၾကာင့္ လက္ေရးတုိ လက္ႏွိပ္စက္သင္တန္းကုိသာ တက္ေရာက္ႏုိင္ခဲ့ပါတယ္။

ခ်န္ဒရာဟာ Union Bank of India ရဲ႕ စီမံခန္႕ခြဲေရးဌာနမွ အလုပ္လုပ္ကိုင္ခဲ့ၿပီး ၁၉၆၇ ခုႏွစ္မွာ ၎ရဲ႕အထက္အရာ႐ွိက ဝန္ထမ္းေတြရဲ႕ ႐ုံးတြင္းဆက္သြယ္ေရး ဖုန္းနံပါတ္ေတြကုိ လက္ႏွိပ္စက္ျဖင့္ ႐ုိက္ခုိင္းခဲ့ပါတယ္။


"ကၽြန္ေတာ္ အဲဒီနံပါတ္ေတြကုိ တယ္လီဖုန္းတစ္လုံးပုံျဖစ္ေအာင္ ပုံေဖာ္႐ုိက္ႏွိပ္ခဲ့တယ္၊ အဲဒီအခ်ိန္မွာပဲ ကၽြန္ေတာ္ ေတြးခဲ့မိတယ္၊ ဒါ အေတာ္ေကာင္းတာပဲ၊ ကၽြန္ေတာ္ ဒီနည္းကုိသုံးၿပီး အႏုပညာလက္ရာေတြ ဖန္တီးႏုိင္မယ္လုိ႕ သိလာခဲ့တယ္" လုိ႕ ခ်န္ဒါရာက သူ႕ရဲ႕အမွတ္တရေတြကုိ ျပန္ေျပာပါတယ္။

ခ်န္ဒရာက လက္ႏွိပ္စက္မွ 'x' စာလုံးကုိ႐ုိက္ႏွိပ္ၿပီး ဟိႏၵဴနတ္ဘုရား Ganesha ပုံကုိ စတင္ဖန္တီး ပုံေဖာ္ခဲ့ပါတယ္။ ထို႕ေနာက္ လက္ႏွိပ္စက္မွ အျခား စာလုံးနဲ႕ခလုတ္ေတြျဖစ္တဲ့ 'w' 'dash' 'asterisk' 'ampersand' နဲ႕ 'percentage' တုိ႕ကုိသုံးၿပီး အိႏၵိယနဲ႕ ႏုိင္ငံရပ္ျခားမွ ထင္႐ွားေက်ာ္ၾကားသူေတြရဲ႕ ပုံတူပန္းခ်ီေတြကုိ ဖန္တီးခဲ့ေၾကာင္း သိရပါတယ္။


Photo: INDRANIL MUKHERJEE/AFP
ခ်န္ဒရာက ပုံတူပန္းခ်ီေတြ အားလုံးကုိ ဘဏ္မွာအလုပ္လုပ္ခဲ့စဥ္ ႏွစ္ေပါင္း ၃၀ ၾကာ အသုံးျပဳခဲ့တဲ့ Halda တံဆိပ္ လက္ႏွိပ္စက္တစ္လုံးတည္းျဖင့္ ႐ိုက္ႏွိပ္ပုံေဖာ္ခဲ့တာလည္း ျဖစ္ပါတယ္။ Union ဘဏ္ကေန ခ်န္ဒရာ အၿငိမ္းစားယူခဲ့စဥ္ အဆုိပါ လက္ႏွိပ္စက္ကုိ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တယ္လို႕ဆုိပါတယ္။

လက္႐ွိမွာ ခ်န္ဒရာက အေမရိကန္သမၼတ ေဒၚနယ္ထရန္႕၊ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘက္သ္နဲ႕ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒါမုိဒီတုိ႕ရဲ႕ ပုံတူပန္းခ်ီေတြကုိ လက္ႏွိပ္စက္႐ုိက္ၿပီး ပုံေဖာ္သြားရန္ ျပင္ဆင္ထားတယ္လို႕ သိရပါတယ္။

"ဒီလက္ႏွိပ္စက္ကေန ကၽြန္ေတာ္ အလြန္မ်ားျပားတဲ့ အေၾကာင္းအရာေတြ ေလ့လာသင္ယူရ႐ွိခဲ့ပါတယ္၊ လက္ႏွိပ္စက္႐ုိက္ျခင္းက အႏုပညာတစ္ရပ္ပါပဲ" လုိ႕ ခ်န္ဒါရာက ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 မှားယွင်းရိုက်နှိပ်မိရင် ပြန်ဖျက်လို့မရတဲ့ လက်နှိပ်စက်သုံးပြီး ပုံတူပန်းချီပုံတွေ သရုပ်ဖော်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ နေအိမ်တစ်အိမ်ကနေ လက်နှိပ်စက်ရိုက်သံတွေကို ကြားနေရလေ့ရှိပါတယ်။ ထိုအိမ်ကတော့ ချန်ဒရာခန့် ဘီဟိုက်ရဲ့ နေအိမ်ဖြစ်ပြီး လက်နှိပ်စက်တစ်လုံးဖြင့် သူ့ရဲ့ အနုပညာလက်ရာကို ပုံဖော်နေတာပဲ ဖြစ်ပါတယ်။

Photo: INDRANIL MUKHERJEE/AFP
အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချန်ဒရာက လက်နှိပ်စက်ဖြင့်ရိုက်ပြီး နာမည်ကျော်ကြားသူတွေ ပုံဖော်နိုင်သူပါ။ မှားယွင်းရိုက်နှိပ်မိရင် ပြန်ဖျက်လို့မရတဲ့ လက်နှိပ်စက်သုံးပြီး ပုံတူပန်းချီပုံတွေ သရုပ်ဖော်ဖို့ဆိုတာ အမှန်တစ်ကယ် မလွယ်ကူလှပါဘူး။

ဒါ့ပေမဲ့ ချန်ဒရာကတော့ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း လက်နှိပ်စက်ရိုက်ပြီး နိုင်ငံရေးသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကနေ ခရစ်ကတ် ကစားသမားတွေ၊ အန်နီမေးရှင်း ကာတွန်းဇာတ်ကောင်တွေနဲ့ ဘာသာရေးသင်္ကေတွေအထိ ပါဝင်တဲ့ အနုပညာလက်ရာပေါင်း ၁၅၀ ခန့်ကို ပုံဖော်ခဲ့ပါတယ်။

Photo: INDRANIL MUKHERJEE/AFP


"ကျွန်တော် မဟတ္တမဂန္ဓီ၊ ဂျဝါဟာလာနေရူး၊ အင်ဒီရာဂန္ဓီ၊ ချာလီချက်ပလင်၊ လော်ရယ်နဲ့ဟာဒီတို့လို ထင်ရှားကျော်ကြားသူတွေရဲ့ ပုံတူတွေကို လက်နှိပ်စက်နဲ့ ပုံဖော်ခဲ့ပြီးပါပြီ၊ ဒါက ကျွန်တော့်ဝါသနာ၊ ကျွန်တော့်စိတ်အားထက်သန်မှုပါပဲ" လို့ ချန်ဒရာကဆိုပါတယ်။

ချန်ဒရာက လက်နှိပ်စက်ဖြင့် ပုံဖော်ထားတဲ့ အနုပညာလက်ရာတွေကို ပြပွဲ ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ၎င်းဟာ ၁၉၆၀ ပြည့် နှောင်းပိုင်းအချိန်က ဘဏ်စာရေးအဖြစ် အလုပ်လုပ်ကိုင်နေခဲ့စဉ် လက်နှိပ်စက်ဖြင့် အနုပညာလက်ရာတွေ ပုံဖော်နိုင်မှုကို သိရှိခဲ့ကြပြီးနောက် အိန္ဒိယမှာ ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo: INDRANIL MUKHERJEE/AFP
ချန်ဒရာက လူငယ်အရွယ်မှာ အနုပညာကျောင်းတက်ပြီး စီးပွားဖြစ် အနုပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ သို့သော် ၎င်းရဲ့ မိသားစုက အနုပညာကျောင်းအတွက် ကုန်ကျစရိတ် မတတ်နိုင်ခဲ့တာကြောင့် လက်ရေးတို လက်နှိပ်စက်သင်တန်းကိုသာ တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ဒရာဟာ Union Bank of India ရဲ့ စီမံခန့်ခွဲရေးဌာနမှ အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ၎င်းရဲ့အထက်အရာရှိက ဝန်ထမ်းတွေရဲ့ ရုံးတွင်းဆက်သွယ်ရေး ဖုန်းနံပါတ်တွေကို လက်နှိပ်စက်ဖြင့် ရိုက်ခိုင်းခဲ့ပါတယ်။

"ကျွန်တော် အဲဒီနံပါတ်တွေကို တယ်လီဖုန်းတစ်လုံးပုံဖြစ်အောင် ပုံဖော်ရိုက်နှိပ်ခဲ့တယ်၊ အဲဒီအချိန်မှာပဲ ကျွန်တော် တွေးခဲ့မိတယ်၊ ဒါ အတော်ကောင်းတာပဲ၊ ကျွန်တော် ဒီနည်းကိုသုံးပြီး အနုပညာလက်ရာတွေ ဖန်တီးနိုင်မယ်လို့ သိလာခဲ့တယ်" လို့ ချန်ဒါရာက သူ့ရဲ့အမှတ်တရတွေကို ပြန်ပြောပါတယ်။

ချန်ဒရာက လက်နှိပ်စက်မှ 'x' စာလုံးကိုရိုက်နှိပ်ပြီး ဟိန္ဒူနတ်ဘုရား Ganesha ပုံကို စတင်ဖန်တီး ပုံဖော်ခဲ့ပါတယ်။ ထို့နောက် လက်နှိပ်စက်မှ အခြား စာလုံးနဲ့ခလုတ်တွေဖြစ်တဲ့ 'w' 'dash' 'asterisk' 'ampersand' နဲ့ 'percentage' တို့ကိုသုံးပြီး အိန္ဒိယနဲ့ နိုင်ငံရပ်ခြားမှ ထင်ရှားကျော်ကြားသူတွေရဲ့ ပုံတူပန်းချီတွေကို ဖန်တီးခဲ့ကြောင်း သိရပါတယ်။

Photo: INDRANIL MUKHERJEE/AFP
ချန်ဒရာက ပုံတူပန်းချီတွေ အားလုံးကို ဘဏ်မှာအလုပ်လုပ်ခဲ့စဉ် နှစ်ပေါင်း ၃၀ ကြာ အသုံးပြုခဲ့တဲ့ Halda တံဆိပ် လက်နှိပ်စက်တစ်လုံးတည်းဖြင့် ရိုက်နှိပ်ပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ Union ဘဏ်ကနေ ချန်ဒရာ အငြိမ်းစားယူခဲ့စဉ် အဆိုပါ လက်နှိပ်စက်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ချန်ဒရာက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီတို့ရဲ့ ပုံတူပန်းချီတွေကို လက်နှိပ်စက်ရိုက်ပြီး ပုံဖော်သွားရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

"ဒီလက်နှိပ်စက်ကနေ ကျွန်တော် အလွန်များပြားတဲ့ အကြောင်းအရာတွေ လေ့လာသင်ယူရရှိခဲ့ပါတယ်၊ လက်နှိပ်စက်ရိုက်ခြင်းက အနုပညာတစ်ရပ်ပါပဲ" လို့ ချန်ဒါရာက ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top