ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အေတာ္ဆံုးဆိုတဲ့ ေရွ႔ေနေတြထဲက ေအာင္ျမင္ခ်မ္းသာလြန္းတဲ့ ေရွ႔ေနတေယာက္ဟာ ရြာတရြာကို အေပ်ာ္တမ္း ေတာဘဲပစ္ဖို႔ ေရာက္လာပါတယ္။
တခ်က္မွာ ေတာဘဲတေကာင္ကို ပစ္ခ်လိုက္နိုင္ပါတယ္။
ပစ္ခ်ခံလုိက္ရတဲ့ ေတာဘဲဟာ လယ္သမားဦးႀကီးတေယာက္ရဲ့ လယ္ထဲ က်သြားပါတယ္။
ဒါနဲ႔ ေရွ႕ေနႀကီးက ကာထားတဲ့ ျခံစည္းရိုးကို ေက်ာ္ခြဝင္ေနတုန္း လယ္သမားဦးေလးႀကီး ေရာက္လာပါေရာ။

ဘာလုပ္ေနတာလဲ လုိ႔ေမးေတာ့

ေရွ႕ေနႀကီးက

“က်ဳပ္..ပစ္လိုက္တဲ့ ဘဲက ခင္ဗ်ားျခံထဲ က်သြားလို႔ ေကာက္မလို႔ဝင္တာ”

လို႔ ေျဖသတဲ့။

ဒါနဲ႔ ေတာင္သူဦးႀကီးကလည္း

“မရဘူး။ က်ဳပ္ျခံထဲ က်သြားတာကို ခင္ဗ်ားဝင္ေကာက္လို႔ မရဘူး။ ဒါ က်ဳပ္ပိုင္နက္ေျမ”

“ဒီမွာ က်ဳပ္က ဒီနို္င္ငံမွာ အေတာ္ဆံုးေရွ႕ေနေတြထဲက တေယာက္ပဲ ။တကယ္လို႔ ခင္ဗ်ား က က်ဳပ္ကိို ဝင္ေကာက္ခြင့္မေပးရင္ ခင္ဗ်ားကို တရားစြဲမယ္။ အဲ့ဒီအခါ ခင္ဗ်ား ပိုင္သမွ် အကုန္ေျပာင္မယ္မွတ္”

လို႔ ျခိမ္းေျခာက္သတဲ့။ ေတာင္သူဦးႀကီးက ျပံဳးၿပီး ေျပာတယ္။

“ေမာင္ရင္က က်ဳပ္တို႔ေဒသအေၾကာင္း မသိေသးပဲကိုး။ ဒီမွာေတာ့ တရားတေဘာင္ေတြ လုပ္မေနပါဘူး။ ရြာထံုးစံအရ ၃ခါကန္ နည္းနဲ႔ပဲ ေျဖရွင္းၾကတာမ်ားပါတယ္။ ဘယ္လိုလဲ ေရွ႔ေနႀကီး လက္ခံရင္ ေတာ့ အဲ့နည္းနဲ႔ ေျဖရွင္းၾကတာေပါ့”

“၃ခါကန္ ေျဖရွင္းနည္း? ဒါနဲ႔ အဲ့ဒါက ဘယ္လိုလဲ။ ဆိုစမ္းပါဦး”

“ရွင္းရွင္းေလးပါပဲဗ်။ တေယာက္က အျခားတေယာက္ကို ၃ခါ ကန္၊ အကန္ခံရတဲ့သူက ကန္တဲ့သူကို ၃ခါျပန္ကန္။ တလွည့္စီေပါ့။ ေနာက္ဆံုးမခံနိုင္တဲ့ သူက ရွံဳးတာေပါ့”

ေရွ႔ေနႀကီးက ေတာင္သူဦးႀကီးကို ၾကည့္လိုက္ေတာ့ သိပ္သန္မာေနတာမဟုတ္တာကိုေတြ႔တယ္။
အသက္အရြယ္ကလည္း မငယ္ေတာ့ဘူး ဆိုေတာ့ ဒီလူႀကီးေလာက္ကေတာ့ ေအးေဆး နုိင္မွာပဲလို႔ တြက္ၿပီး ေဒသထံုးစံကို လိုက္နာရမွာေပါ့ ဆိုၿပီး သေဘာတူလိုက္တယ္။

ဒါနဲ႔ ေတာင္သူဦးႀကီးလည္း ေရွ႔ေနဆီကို တေျဖးေျဖးေလွ်ာက္လာတယ္။ ၿပီးေတာ့ေတာစီးဘြတ္ဖိနပ္နဲ႔ ေရွ႕ေနႀကီးရဲ့ ေပါင္ခြၾကားကို တခ်က္ကန္လိုက္တယ္။
အကန္ခံလိုက္ရတဲ့ ေရွ႔ေနႀကီးခမ်ာ အင့္ခနဲျဖစ္ၿပီး ေျမေပၚဒူးေထာက္လ်က္သားက်သြားတယ္။
ေနာက္တခ်က္… ငိုက္စိုက္က်ေနတဲ့ ေမးရီုးကို ဒူးနဲ႔တိုက္လိုက္တယ္။ ေရွ႕ေနႀကီးလည္း မဟန္နိုင္ေတာ့ပဲ သူ႔ဗိုက္ပူႀကီး နဲ႔ ေျမေပၚ ေမွာက္ရက္က်သြားတယ္။
ေနာက္ဆံုးတခ်က္…. နံေဘးကို ထပ္ကန္လိုက္တယ္။ အေတာ္ေလး စိမ့္ေနေအာင္ ခံလိုက္ရေပမယ့္ ေရွ႔ေနဟာ လဲေနရာကေန လူးလဲထၿပီး ေျပာတယ္

“ကဲ..အဖိုးႀကီး ….ဒီအခါ က်ဳပ္အလွည့္”

ေတာင္သူဦးႀကီးလည္း အံႀကိတ္ၿပီးျပန္ေျဖတယ္။

“က်ဳပ္ အရွံဳးေပးပါတယ္ဗ်ာ… ကဲ ကဲ ခင္ဗ်ား ဘဲကို ဝင္သာေကာက္သြားပါေတာ့”

ဘယ္လိုလဲ။
တရားစီရင္ေရးမွာ ပိုင္လွခ်ည္ရဲ့ လို႔ ကိုယ့္ကိုယ္ကိုယ္ အပီတြက္ထားတဲ့ ေရွ႕ေနႀကီး အစား ေအာင့္သက္သက္ ခံစားလိုက္ရမွာပဲလို႔ ေတြးမိလား။ သူတပါးကို သြားနိုင္စားတာ ခံရတာနည္းေသးတယ္လို႔ ဝမ္းသာသြားလား။
ဒါမွမဟုတ္ ရိုးရိုးေလးပဲ ရယ္ေမာမိလိုက္လား။
သင့္ဘဝအေတြ႔အႀကံဳေတြ။ ခံယူခ်က္ေတြကတဆင့္ သင့္တုန္႔ျပန္မႈဟာ မတူကြဲျပားသြားမွာပါ။
သင့္ဘဝအေတြ႔အၾကံဳဆိုရာမွာ သင္က သူတပါးကို နိုင့္ထက္စီးနင္းလုပ္ခဲ့ဖူးသူလား၊ သူတပါးနိိုင္ထက္စီးနင္းလုပ္ခံရစဥ္က အားကိုးရာမဲ့ခဲ့ဖူးသူလား၊
ဒါမွ မဟုတ္ အားကိုးရာမဲ့သူကို ဒိအတိုင္း လက္ပိုက္ၾကည့္ေနခဲ့ရဖူးတာလား၊
ဒါမွမဟုတ္ ဘဝကို ဘဝအတိုင္းေလး ရွင္သန္ေနခဲ့သူလားဆိုတာ ေပၚမူတည္ပါတယ္။

ဒါကတပိုင္းပါ။

အဓိကအခ်က္ကေတာ့ သူတပါးကို အနိုင္ယူခ်င္ၾကတာ လူ႔သဘာဝလို႔ပဲေျပာရမလား။
အရိုင္းစိတ္အႀကြင္းအက်န္လို႔ပဲ ဆိုရမလား။
ဖားကို ေျမြမ်ိဳ၊ ေျမြကို သိမ္းသုတ္တဲ့ အနိုင္ယူမႈေတြဟာ ဘယ္ေတာ့မွ အဆံုးမရွိပါဘူး။
တဖက္ေစာင္းနင္းျဖစ္ေနမႈကို မသိခ်င္ေယာင္ေဆာင္တတ္ၾကတယ္။
ကိုယ္အသာစီးရဖို႔ လုပ္တာကို မရွက္တတ္ၾကဘူး။
အရွင္းဆံုးဆိုရရင္ ကိုယ္သာ သူ႔ေနရာမွာဆိုတဲ့ ကိုယ္ခ်င္းစာစိတ္မရွိၾကဘူး။
မ်က္နွာေျပာင္တယ္ပဲဆိုပါေတာ့။

ဥပမာ ဘတ္စ္ကားစီးတဲ့အခါ ခံုေနရာလြတ္မရွိတဲ့ အခ်ိန္၊ ကိုယ္ကလည္း ခံုေနရာရထားခ်ိန္မွာ သက္ၾကီးရြယ္အိုျဖစ္ျဖစ္ ကိုယ္ဝန္ေဆာင္သယ္ျဖစ္ျဖစ္ ေရာက္လာလို႔ ေနရာဖယ္ေပးလုိက္တယ္။
ကိုယ္ဖယ္ေပးလိုက္တဲ့ ခရီးသည္က ကိုယ့္ေရွ႕က အရင္ မွတ္တိုင္ေရာက္လို႔ ဆင္းသြားရင္ တခ်ိဳ႕ေသာ ခရီးစဥ္အစတည္းက ပါလာသူေတြက ကိုယ့္ကို ခံုေနရာျပန္ေပးဖို႔ေနေနသာသာ ကိုယ္က လုထိုင္မလားရယ္လို႔ ၿဂိဳလ္ေပးခံရတာမ်ိဳးရွိတတ္တယ္။
မ်က္နွာေျပာင္ေျပာင္နဲ႔ ဝင္ထုိင္တာမ်ိဳး ႀကံဳရင္လည္း ႀကံဳဖူးမွာပါ။
ဒါ ကိုယ္ခ်င္းစာစိတ္ကို သတ္တဲ့ အစြန္းေရာက္ တကိုယ္ေကာင္းဆန္တတ္တ့ဲစိတ္ပဲ။
ဒီလို လုပ္လို႔ ဘယ္ဥပေဒမွ အေရးမယူပါဘူး။
ဒါေပမယ့္ လိုက္နာသင့္တဲ့ လူ႔က်င့္ဝတ္ေတြဆိုတာ အေရးယူ ခံရတာထက္ ပိုတန္ဖိုးႀကီးတဲ့ ကိုယ့္သိကၡာနဲ႔ အလဲအထပ္လုပ္လိုက္ရတယ္ဆိုတာကို လူေတြက ေမ့ေလ်ာ့ေနၾကတယ္။

ေနာက္တခ်က္က အရွံဳးေပးသင့္တဲ့အခ်ိန္မွာ အရွံဳးေပးလိုက္တာဟာ အနိုင္နဲ႔ ပိုင္းတာပဲ။

ဒီေနရာမွာ ျပိဳင္ပြဲက ဘယ္အခ်ိန္ထြက္ရမလဲကို သိတဲ့ အဖိုးအုိဟာ ပညာရွိပဲ။
သူ႔ျခံထဲကို ေလွ်ာေလွ်ာလ်ဴလ်ဴေပးဝင္လို္က္ရင္ သူဟာ အလြယ္တကူ အနိုင္စားခံတဲ့ ခပ္ညံံ့ညံ့လူျဖစ္သြားမယ္။
အကယ္၍ တရားတေဘာင္ေတြကို မခံခ်င္စိတ္နဲ႔ မ်က္စိမွိတ္ရင္ဆိုင္မယ္ဆိုရင္ သူရွံဳးမွာ အေသအခ်ာပဲ။
ရွံဳးမွာေသခ်ာေနတဲ့လမ္းကိုေရြးရင္ေတာ့ ဒီလူဟာ မိုက္မဲလြန္းသူတေယာက္ပဲျဖစ္မယ္။
ဒီကစားပြဲမွာ အဖိုးအို နိုင္ခဲ့တယ္။

နိဂံုးအေနနဲ႔ေျပာရရင္

🍁လူရယ္လို႔ျဖစ္လာတဲ့အခါ သူတပါးကို နုိင့္ထက္စီးနင္းမလုပ္သင့္ပါဘူး။ ကိုယ္ခ်င္္းစာစိတ္နဲ႔ ရွင္သန္ရမယ္။ မ်က္နွာေျပာင္တိုက္တာမ်ိဳးကို ေရွာင္ၾကဥ္ရမယ္။

🍁တဖက္လူကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္နဲ႔။

🍁ေနာက္ဆံုးအခ်က္ကေတာ့ ျပိဳင္ပြဲက နုတ္ထြက္သင့္တဲ့အခ်ိန္မွာ နုတ္ထြက္ရမယ္။ အရွံဳးေပးသင့္တဲ့အခ်ိန္မွာ အရွံဳးေပးတတ္ရပါမယ္။

🍁🍁🍁အဓိကကေတာ့ ကိုယ္ခ်င္းစာစိတ္နဲ႔သာ ရွင္သန္ေနၾကမယ္ဆိုရင္ ကမာၻႀကီးက သိပ္ကို လွေနမွာအမွန္ပါပဲ။🍁🍁🍁

🙏အစစအရာရာအဆင္ေျပေသာေန႔ေလး ျဖစ္ပါေစေနာ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:စာေပ-အရိပ္
# Unicode Version ျဖင့္ ဖတ္ပါ #
အတော်ဆုံးဆိုတဲ့ ရှေ့နေတွေထဲက အောင်မြင်ချမ်းသာလွန်းတဲ့ ရှေ့နေတယောက်ဟာ ရွာတရွာကို အပျော်တမ်း တောဘဲပစ်ဖို့ ရောက်လာပါတယ်။
တချက်မှာ တောဘဲတကောင်ကို ပစ်ချလိုက်နိုင်ပါတယ်။
ပစ်ချခံလိုက်ရတဲ့ တောဘဲဟာ လယ်သမားဦးကြီးတယောက်ရဲ့ လယ်ထဲ ကျသွားပါတယ်။
ဒါနဲ့ ရှေ့နေကြီးက ကာထားတဲ့ ခြံစည်းရိုးကို ကျော်ခွဝင်နေတုန်း လယ်သမားဦးလေးကြီး ရောက်လာပါရော။

ဘာလုပ်နေတာလဲ လို့မေးတော့

ရှေ့နေကြီးက

“ကျုပ်..ပစ်လိုက်တဲ့ ဘဲက ခင်ဗျားခြံထဲ ကျသွားလို့ ကောက်မလို့ဝင်တာ”

လို့ ဖြေသတဲ့။

ဒါနဲ့ တောင်သူဦးကြီးကလည်း

“မရဘူး။ ကျုပ်ခြံထဲ ကျသွားတာကို ခင်ဗျားဝင်ကောက်လို့ မရဘူး။ ဒါ ကျုပ်ပိုင်နက်မြေ”

“ဒီမှာ ကျုပ်က ဒီနိုင်ငံမှာ အတော်ဆုံးရှေ့နေတွေထဲက တယောက်ပဲ ။တကယ်လို့ ခင်ဗျား က ကျုပ်ကို ဝင်ကောက်ခွင့်မပေးရင် ခင်ဗျားကို တရားစွဲမယ်။ အဲ့ဒီအခါ ခင်ဗျား ပိုင်သမျှ အကုန်ပြောင်မယ်မှတ်”

လို့ ခြိမ်းခြောက်သတဲ့။ တောင်သူဦးကြီးက ပြုံးပြီး ပြောတယ်။

“မောင်ရင်က ကျုပ်တို့ဒေသအကြောင်း မသိသေးပဲကိုး။ ဒီမှာတော့ တရားတဘောင်တွေ လုပ်မနေပါဘူး။ ရွာထုံးစံအရ ၃ခါကန် နည်းနဲ့ပဲ ဖြေရှင်းကြတာများပါတယ်။ ဘယ်လိုလဲ ရှေ့နေကြီး လက်ခံရင် တော့ အဲ့နည်းနဲ့ ဖြေရှင်းကြတာပေါ့”

“၃ခါကန် ဖြေရှင်းနည်း? ဒါနဲ့ အဲ့ဒါက ဘယ်လိုလဲ။ ဆိုစမ်းပါဦး”

“ရှင်းရှင်းလေးပါပဲဗျ။ တယောက်က အခြားတယောက်ကို ၃ခါ ကန်၊ အကန်ခံရတဲ့သူက ကန်တဲ့သူကို ၃ခါပြန်ကန်။ တလှည့်စီပေါ့။ နောက်ဆုံးမခံနိုင်တဲ့ သူက ရှုံးတာပေါ့”

ရှေ့နေကြီးက တောင်သူဦးကြီးကို ကြည့်လိုက်တော့ သိပ်သန်မာနေတာမဟုတ်တာကိုတွေ့တယ်။
အသက်အရွယ်ကလည်း မငယ်တော့ဘူး ဆိုတော့ ဒီလူကြီးလောက်ကတော့ အေးဆေး နိုင်မှာပဲလို့ တွက်ပြီး ဒေသထုံးစံကို လိုက်နာရမှာပေါ့ ဆိုပြီး သဘောတူလိုက်တယ်။

ဒါနဲ့ တောင်သူဦးကြီးလည်း ရှေ့နေဆီကို တဖြေးဖြေးလျှောက်လာတယ်။ ပြီးတော့တောစီးဘွတ်ဖိနပ်နဲ့ ရှေ့နေကြီးရဲ့ ပေါင်ခွကြားကို တချက်ကန်လိုက်တယ်။
အကန်ခံလိုက်ရတဲ့ ရှေ့နေကြီးခမျာ အင့်ခနဲဖြစ်ပြီး မြေပေါ်ဒူးထောက်လျက်သားကျသွားတယ်။
နောက်တချက်… ငိုက်စိုက်ကျနေတဲ့ မေးရီုးကို ဒူးနဲ့တိုက်လိုက်တယ်။ ရှေ့နေကြီးလည်း မဟန်နိုင်တော့ပဲ သူ့ဗိုက်ပူကြီး နဲ့ မြေပေါ် မှောက်ရက်ကျသွားတယ်။
နောက်ဆုံးတချက်…. နံဘေးကို ထပ်ကန်လိုက်တယ်။ အတော်လေး စိမ့်နေအောင် ခံလိုက်ရပေမယ့် ရှေ့နေဟာ လဲနေရာကနေ လူးလဲထပြီး ပြောတယ်

“ကဲ..အဖိုးကြီး ….ဒီအခါ ကျုပ်အလှည့်”

တောင်သူဦးကြီးလည်း အံကြိတ်ပြီးပြန်ဖြေတယ်။

“ကျုပ် အရှုံးပေးပါတယ်ဗျာ… ကဲ ကဲ ခင်ဗျား ဘဲကို ဝင်သာကောက်သွားပါတော့”

ဘယ်လိုလဲ။
တရားစီရင်ရေးမှာ ပိုင်လှချည်ရဲ့ လို့ ကိုယ့်ကိုယ်ကိုယ် အပီတွက်ထားတဲ့ ရှေ့နေကြီး အစား အောင့်သက်သက် ခံစားလိုက်ရမှာပဲလို့ တွေးမိလား။ သူတပါးကို သွားနိုင်စားတာ ခံရတာနည်းသေးတယ်လို့ ဝမ်းသာသွားလား။
ဒါမှမဟုတ် ရိုးရိုးလေးပဲ ရယ်မောမိလိုက်လား။
သင့်ဘဝအတွေ့အကြုံတွေ။ ခံယူချက်တွေကတဆင့် သင့်တုန့်ပြန်မှုဟာ မတူကွဲပြားသွားမှာပါ။
သင့်ဘဝအတွေ့အကြုံဆိုရာမှာ သင်က သူတပါးကို နိုင့်ထက်စီးနင်းလုပ်ခဲ့ဖူးသူလား၊ သူတပါးနိုင်ထက်စီးနင်းလုပ်ခံရစဉ်က အားကိုးရာမဲ့ခဲ့ဖူးသူလား၊
ဒါမှ မဟုတ် အားကိုးရာမဲ့သူကို ဒိအတိုင်း လက်ပိုက်ကြည့်နေခဲ့ရဖူးတာလား၊
ဒါမှမဟုတ် ဘဝကို ဘဝအတိုင်းလေး ရှင်သန်နေခဲ့သူလားဆိုတာ ပေါ်မူတည်ပါတယ်။

ဒါကတပိုင်းပါ။

အဓိကအချက်ကတော့ သူတပါးကို အနိုင်ယူချင်ကြတာ လူ့သဘာဝလို့ပဲပြောရမလား။
အရိုင်းစိတ်အကြွင်းအကျန်လို့ပဲ ဆိုရမလား။
ဖားကို မြွေမျို၊ မြွေကို သိမ်းသုတ်တဲ့ အနိုင်ယူမှုတွေဟာ ဘယ်တော့မှ အဆုံးမရှိပါဘူး။
တဖက်စောင်းနင်းဖြစ်နေမှုကို မသိချင်ယောင်ဆောင်တတ်ကြတယ်။
ကိုယ်အသာစီးရဖို့ လုပ်တာကို မရှက်တတ်ကြဘူး။
အရှင်းဆုံးဆိုရရင် ကိုယ်သာ သူ့နေရာမှာဆိုတဲ့ ကိုယ်ချင်းစာစိတ်မရှိကြဘူး။
မျက်နှာပြောင်တယ်ပဲဆိုပါတော့။

ဥပမာ ဘတ်စ်ကားစီးတဲ့အခါ ခုံနေရာလွတ်မရှိတဲ့ အချိန်၊ ကိုယ်ကလည်း ခုံနေရာရထားချိန်မှာ သက်ကြီးရွယ်အိုဖြစ်ဖြစ် ကိုယ်ဝန်ဆောင်သယ်ဖြစ်ဖြစ် ရောက်လာလို့ နေရာဖယ်ပေးလိုက်တယ်။
ကိုယ်ဖယ်ပေးလိုက်တဲ့ ခရီးသည်က ကိုယ့်ရှေ့က အရင် မှတ်တိုင်ရောက်လို့ ဆင်းသွားရင် တချို့သော ခရီးစဉ်အစတည်းက ပါလာသူတွေက ကိုယ့်ကို ခုံနေရာပြန်ပေးဖို့နေနေသာသာ ကိုယ်က လုထိုင်မလားရယ်လို့ ဂြိုလ်ပေးခံရတာမျိုးရှိတတ်တယ်။
မျက်နှာပြောင်ပြောင်နဲ့ ဝင်ထိုင်တာမျိုး ကြုံရင်လည်း ကြုံဖူးမှာပါ။
ဒါ ကိုယ်ချင်းစာစိတ်ကို သတ်တဲ့ အစွန်းရောက် တကိုယ်ကောင်းဆန်တတ်တဲ့စိတ်ပဲ။
ဒီလို လုပ်လို့ ဘယ်ဥပဒေမှ အရေးမယူပါဘူး။
ဒါပေမယ့် လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်တွေဆိုတာ အရေးယူ ခံရတာထက် ပိုတန်ဖိုးကြီးတဲ့ ကိုယ့်သိက္ခာနဲ့ အလဲအထပ်လုပ်လိုက်ရတယ်ဆိုတာကို လူတွေက မေ့လျော့နေကြတယ်။

နောက်တချက်က အရှုံးပေးသင့်တဲ့အချိန်မှာ အရှုံးပေးလိုက်တာဟာ အနိုင်နဲ့ ပိုင်းတာပဲ။

ဒီနေရာမှာ ပြိုင်ပွဲက ဘယ်အချိန်ထွက်ရမလဲကို သိတဲ့ အဖိုးအိုဟာ ပညာရှိပဲ။
သူ့ခြံထဲကို လျှောလျှောလျူလျူပေးဝင်လိုက်ရင် သူဟာ အလွယ်တကူ အနိုင်စားခံတဲ့ ခပ်ညံံ့ညံ့လူဖြစ်သွားမယ်။
အကယ်၍ တရားတဘောင်တွေကို မခံချင်စိတ်နဲ့ မျက်စိမှိတ်ရင်ဆိုင်မယ်ဆိုရင် သူရှုံးမှာ အသေအချာပဲ။
ရှုံးမှာသေချာနေတဲ့လမ်းကိုရွေးရင်တော့ ဒီလူဟာ မိုက်မဲလွန်းသူတယောက်ပဲဖြစ်မယ်။
ဒီကစားပွဲမှာ အဖိုးအို နိုင်ခဲ့တယ်။

နိဂုံးအနေနဲ့ပြောရရင်

🍁လူရယ်လို့ဖြစ်လာတဲ့အခါ သူတပါးကို နိုင့်ထက်စီးနင်းမလုပ်သင့်ပါဘူး။ ကိုယ်ချင်းစာစိတ်နဲ့ ရှင်သန်ရမယ်။ မျက်နှာပြောင်တိုက်တာမျိုးကို ရှောင်ကြဉ်ရမယ်။

🍁တဖက်လူကို ဘယ်တော့မှ လျှော့မတွက်နဲ့။

🍁နောက်ဆုံးအချက်ကတော့ ပြိုင်ပွဲက နုတ်ထွက်သင့်တဲ့အချိန်မှာ နုတ်ထွက်ရမယ်။ အရှုံးပေးသင့်တဲ့အချိန်မှာ အရှုံးပေးတတ်ရပါမယ်။

🍁🍁🍁အဓိကကတော့ ကိုယ်ချင်းစာစိတ်နဲ့သာ ရှင်သန်နေကြမယ်ဆိုရင် ကမ္ဘာကြီးက သိပ်ကို လှနေမှာအမှန်ပါပဲ။🍁🍁🍁

🙏အစစအရာရာအဆင်ပြေသောနေ့လေး ဖြစ်ပါစေနော်
ဖိုးသူတော် (www.phothutaw.com)
Credit:စာပေ-အရိပ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top