iMyanmarHouse.com - Best Property Website for Myanmar
×

အၾကမ္းဖက္ ဖက္ဆစ္နာဇီဝါဒ မေအာင္ျမင္ပဲက်႐ႈံးခဲ့လုိ႔သာ ကမာၻေျမႀကီးက ၿငိမ္းခ်မ္းသင့္သေလာက္ ၿငိမ္းခ်မ္းခဲ့တာပါ။ ဒါေတာင္မွ အခုအေနအခါမွာ လူမ်ိဳးႀကီးဝါဒနဲ႔ အဆင့္ျမင့္စစ္လက္နက္ေတြ ပိုင္ဆုိင္ထားတဲ့ ႏုိင္ငံႀကီးေတြဟာ ႏုိင္ငံငယ္ေတြကို ဂုတ္ေသြးစုတ္၊ စီးပြားေရးအရ ကုိလုိနီနယ္ခ်ဲ႔လုပ္ေနၾကတာ၊ လက္နက္ေရာင္းၿပီး ႏုိင္ငံတစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ ရန္တုိက္ေပးေနတာေတြ ရွိေနပါေသးတယ္။

အခုေဖာ္ျပထားတဲ့ဓာတ္ပုံေတြကေတာ့ နာဇီေခတ္က ရက္စက္ခဲ့သမွ်ေတြထဲက ဓာတ္ပုံအခ်ိဳ႕ျဖစ္ၿပီး၊ အေမရိကန္ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြ ရယူခဲ့တဲ့ မွတ္တမ္းဓာတ္ပုံေတြနဲ႔ တစ္ခ်ိ႕ေသာဓာတ္ပုံေတြကေတာ့ အဲဒီေခတ္က ဓာတ္ပုံဆရာေတြရဲ႕ ကုိယ္ပုိင္မွတ္တမ္း ဓာတ္ပုံေတြ ျဖစ္ပါတယ္။ ဒီဓာတ္ပုံေတြကုိ ေခတ္ေပၚနည္းပညာနဲ႔ ကာလာျပန္သြင္းထားတာပါ။

(၁) အျမစ္ျပတ္သုတ္သင္ေရး Einsatzgruppen အဖြဲ႕(German army mobile killing units)ရဲ႕ ရက္စက္မႈ

Einsatzgruppen အဖြဲ႕ဟာ ဂ်ဴးေတြကို အျမစ္ျပတ္သုတ္သင္ဖုိ႔ ဟစ္တလာက အထူးဖြဲ႕စည္းေပးထားတဲ့ တပ္ဖြဲ႕ျဖစ္ၿပီး ေတြ႕သမွ်ဂ်ဴးတုိင္းကို စစ္ေဆးေမးျမန္းျခင္း မျပဳဘဲ ကိုယ့္က်င္းကိုယ္တူးခုိင္းၿပီး ေသနတ္နဲ႔ ဦးေခါင္းကို ပစ္သတ္သုတ္သင္ခဲ့တဲ့ အဖြဲ႕ျဖစ္ပါတယ္။

(၂) အက်ဥ္းသားအမွတ္စဥ္  40472

နာဇီအက်ဥ္းသားတစ္ဦးျဖစ္တဲ့ Michal Loborski ကေတာ့ (၁၉၄၂)ခုႏွစ္ ဧၿပီ(၁၅)ရက္မွာ ေသဆုံးခဲ့ပါတယ္။ သူဟာ နာမည္ေက်ာ္အက်ဥ္းစခန္း Auschwitz မွာ အက်ဥ္းစံခဲ့ရသူျဖစ္ၿပီး နာဇီအာဏာရွင္ေတြဟာ ဖမ္းဆီးရမိခဲ့တဲ့အက်ဥ္းသားေတြ သန္းခ်ီရွိတဲ့အနက္ ဓာတ္ပုံေပါင္း (၅)ေသာင္းေက်ာ္ မွတ္တမ္းထားရွိခဲ့ပါတယ္။

(၃) ဂ်ဴးေတြရဲ႕ လက္ထပ္လက္စြပ္မ်ား

ဖမ္းဆီးရမိတဲ့ဂ်ဴးေတြကို အက်ဥ္းေထာင္ထဲမထည့္ခင္ နာဇီေတြက လက္ထပ္လက္စြပ္ေတြ ခၽြတ္ယူၾကၿပီး၊ စုေဆာင္းၾကပါတယ္။ အဲဒီလက္စြပ္ေတြအနက္ ေဖာ္ျပပါပုံကေတာ့ Buchenwald  အက်ဥ္းစခန္းအနီးက ဂူတစ္ခုထဲမွာ နာဇီေတြဝွက္ထားတဲ့ လက္စြပ္ေတြကို အေမရိကန္တပ္ဖြဲ႕ဝင္ေတြက သိမ္းပိုက္ႏုိင္ခဲ့တာပါ။

(၄) အစာငတ္ေသဆုံးခဲ့တဲ့ ဂ်ဴဳးအမ်ိဳးသမီးမ်ား

ဂ်ဴးအမ်ိဳးသမီး (၃၀)ခန္႔ကို နာဇီေတြက ဖမ္းဆီးခဲ့ၿပီး အစာမေကၽြးဘဲ အသက္ေသဆုံးေစခဲ့ပါတယ္။ အဲဒီအမ်ိဳးသမီးေတြရဲ႕ အေလာင္းေတြေဘးကေန အေမရိကန္စုံစမ္းစစ္ေဆးေရးအဖြဲ႔ ျဖတ္ေလွ်ာက္စြားတဲ့ ဓာတ္ပုံျဖစ္ပါတယ္။

(၅)  ငတ္မြတ္ေနေသာ ဂ်ဴးကေလးငယ္ႏွစ္ဦး

Warsaw Ghetto ၿမိဳ႕မွာ အက်ဥ္းက်ခံရတဲ့ ဂ်ဴးလူမ်ိဳးေပါင္း (၄)သိန္းေက်ာ္ ရွိခဲ့ၿပီး၊ ကေလးငယ္ေထာင္ေသာင္းခ်ီ မိဘမဲ့ျဖစ္ခဲ့ရပါတယ္။ ကေလးေတြဟာ အလြန္ငတ္ျပတ္ ဆင္းရဲခဲ့ၾကၿပီး ဖမ္းဆီးခံရသူ ဂ်ဴးေတြအားလုံးနီးပါး မ႐ႈမလွအသတ္ခံခဲ့ရၿပီး ေသဆုံးခဲ့ရပါတယ္။

(၆) ေသဆုံးေနတဲ့ ဂ်ဴးတစ္ေယာက္ကုိ ၾကက္ေျခနီစစ္သားမ်ား ၾကည့္႐ႈေနစဥ္

(၇) စုံစမ္းစစ္ေဆးေရးအဖြဲ႕မွ အေမရိကန္ လြတ္ေတာ္အမတ္ Alben W. Barkley ေသဆုံးေနတဲ့ ဂ်ဴးလူမ်ိဳးေတြကို ၾကည့္႐ႈေနစဥ္

(၈) ငတ္ျပတ္ေနတဲ့ ဂ်ဴးအက်ဥ္းသားအခ်ိဳ႕

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (Myanmar Note)
# Uncode Version ျဖင့္ ဖတ္ပါ #
အကြမ်းဖက် ဖက်ဆစ်နာဇီဝါဒ မအောင်မြင်ပဲကျရှုံးခဲ့လို့သာ ကမ္ဘာမြေကြီးက ငြိမ်းချမ်းသင့်သလောက် ငြိမ်းချမ်းခဲ့တာပါ။ ဒါတောင်မှ အခုအနေအခါမှာ လူမျိုးကြီးဝါဒနဲ့ အဆင့်မြင့်စစ်လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေဟာ နိုင်ငံငယ်တွေကို ဂုတ်သွေးစုတ်၊ စီးပွားရေးအရ ကိုလိုနီနယ်ချဲ့လုပ်နေကြတာ၊ လက်နက်ရောင်းပြီး နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ရန်တိုက်ပေးနေတာတွေ ရှိနေပါသေးတယ်။

အခုဖော်ပြထားတဲ့ဓာတ်ပုံတွေကတော့ နာဇီခေတ်က ရက်စက်ခဲ့သမျှတွေထဲက ဓာတ်ပုံအချို့ဖြစ်ပြီး၊ အမေရိကန်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရယူခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ တစ်ချိ့သောဓာတ်ပုံတွေကတော့ အဲဒီခေတ်က ဓာတ်ပုံဆရာတွေရဲ့ ကိုယ်ပိုင်မှတ်တမ်း ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို ခေတ်ပေါ်နည်းပညာနဲ့ ကာလာပြန်သွင်းထားတာပါ။

(၁) အမြစ်ပြတ်သုတ်သင်ရေး Einsatzgruppen အဖွဲ့(German army mobile killing units)ရဲ့ ရက်စက်မှု

Einsatzgruppen အဖွဲ့ဟာ ဂျူးတွေကို အမြစ်ပြတ်သုတ်သင်ဖို့ ဟစ်တလာက အထူးဖွဲ့စည်းပေးထားတဲ့ တပ်ဖွဲ့ဖြစ်ပြီး တွေ့သမျှဂျူးတိုင်းကို စစ်ဆေးမေးမြန်းခြင်း မပြုဘဲ ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး သေနတ်နဲ့ ဦးခေါင်းကို ပစ်သတ်သုတ်သင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

(၂) အကျဉ်းသားအမှတ်စဉ်  40472

နာဇီအကျဉ်းသားတစ်ဦးဖြစ်တဲ့ Michal Loborski ကတော့ (၁၉၄၂)ခုနှစ် ဧပြီ(၁၅)ရက်မှာ သေဆုံးခဲ့ပါတယ်။ သူဟာ နာမည်ကျော်အကျဉ်းစခန်း Auschwitz မှာ အကျဉ်းစံခဲ့ရသူဖြစ်ပြီး နာဇီအာဏာရှင်တွေဟာ ဖမ်းဆီးရမိခဲ့တဲ့အကျဉ်းသားတွေ သန်းချီရှိတဲ့အနက် ဓာတ်ပုံပေါင်း (၅)သောင်းကျော် မှတ်တမ်းထားရှိခဲ့ပါတယ်။

(၃) ဂျူးတွေရဲ့ လက်ထပ်လက်စွပ်များ

ဖမ်းဆီးရမိတဲ့ဂျူးတွေကို အကျဉ်းထောင်ထဲမထည့်ခင် နာဇီတွေက လက်ထပ်လက်စွပ်တွေ ချွတ်ယူကြပြီး၊ စုဆောင်းကြပါတယ်။ အဲဒီလက်စွပ်တွေအနက် ဖော်ပြပါပုံကတော့ Buchenwald  အကျဉ်းစခန်းအနီးက ဂူတစ်ခုထဲမှာ နာဇီတွေဝှက်ထားတဲ့ လက်စွပ်တွေကို အမေရိကန်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။

(၄) အစာငတ်သေဆုံးခဲ့တဲ့ ဂျူုးအမျိုးသမီးများ

ဂျူးအမျိုးသမီး (၃၀)ခန့်ကို နာဇီတွေက ဖမ်းဆီးခဲ့ပြီး အစာမကျွေးဘဲ အသက်သေဆုံးစေခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေရဲ့ အလောင်းတွေဘေးကနေ အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြတ်လျှောက်စွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

(၅)  ငတ်မွတ်နေသော ဂျူးကလေးငယ်နှစ်ဦး

Warsaw Ghetto မြို့မှာ အကျဉ်းကျခံရတဲ့ ဂျူးလူမျိုးပေါင်း (၄)သိန်းကျော် ရှိခဲ့ပြီး၊ ကလေးငယ်ထောင်သောင်းချီ မိဘမဲ့ဖြစ်ခဲ့ရပါတယ်။ ကလေးတွေဟာ အလွန်ငတ်ပြတ် ဆင်းရဲခဲ့ကြပြီး ဖမ်းဆီးခံရသူ ဂျူးတွေအားလုံးနီးပါး မရှုမလှအသတ်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။

(၆) သေဆုံးနေတဲ့ ဂျူးတစ်ယောက်ကို ကြက်ခြေနီစစ်သားများ ကြည့်ရှုနေစဉ်

(၇) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အမေရိကန် လွတ်တော်အမတ် Alben W. Barkley သေဆုံးနေတဲ့ ဂျူးလူမျိုးတွေကို ကြည့်ရှုနေစဉ်

(၈) ငတ်ပြတ်နေတဲ့ ဂျူးအကျဉ်းသားအချို့

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (Myanmar Note)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top