မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မႏၲေလးတြင္ သဃၤန္းဝတ္ပုဂၢိဳလ္တစ္ဦးမွ ၁၀ႏွစ္အရြယ္မိန္းကေလးအား သားမယားျပဳက်င့္သျဖင့္ အမႈဖြင့္

Posted By: MUNA
စက္တင္ဘာ ၂၃

မႏၲေလးၿမိဳ ႔၊ မဟာေအာင္ေျမၿမိဳ ႔နယ္ရွိ ဘုန္းႀကီးေက်ာင္းဝင္းတစ္ခုတြင္ သဃၤန္းဝတ္ပုဂၢိဳလ္တစ္ဦးက ၁၀-ႏွစ္အရြယ္မိန္းကေလးတစ္ဦးအား သားမယားျပဳက်င့္မႈျဖစ္ပြားခဲ႔ၿပီး တိုင္ၾကားသျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း အမွတ္ (၇) ရဲစခန္းမွ သိရသည္။

စက္တင္ဘာလ ၁၆ရက္ေန႔ ညေနပိုင္းက မ×××××× သည္ သံ/ေနာက္ရပ္ကြက္႐ွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ သီတင္းသုံးေနေသာ အဘိုးေတာ္စပ္သူဦး×××× ထံ သြားေရာက္လည္ပတ္စဥ္ ၎ေက်ာင္းတြင္လာေရာက္ၿပီး ေဆးဝါးကုသေနသည့္ မိုးကုတ္ၿမိဳ ႔မွ သဃၤန္းဝတ္ပုဂၢိဳလ္ တစ္ဦးမွ ၎ေက်ာင္းတိုက္ဝင္းတြင္း႐ွိ ေက်ာင္းေဆာင္တစ္ခုသို႔ ေခၚေဆာင္၍ မုန္႔ဖိုးတစ္ေထာင္ေပးၿပီး သားမယားျပဳက်င့္ခဲ႔ျခင္းႏွင့္ ပတ္သက္၍ မိခင္ျဖစ္သူမွ အေရးယူေပးပါရန္ တိုင္တန္းခဲ့ျခင္း ျဖစ္သည္။


ယင္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ သီတင္းသံုးေသာ ဦးဇင္း(၀ါေတာ္(၂၄)၀ါ -ပါရာဇိကံက်) ၊သကၤန္း၀တ္ပုဂၢ္ိဳလ္(၅၃)ႏွစ္(ဘ)ဦးစိုးလွဆိုသူမွ ရပ္ကြက္ေန မ××××××၏ သမီးျဖစ္သူ မ×××× (၁၀)ႏွစ္အား သားမယားအျဖစ္ျပဳက်င့္ေၾကာင္းထင္ရွား၍ သံလ်ွပ္ေမွာ္အေနာက္ရပ္ကြက္ နန္းဦးေက်ာင္းတိ္ုက္ဆရာေတာ္မွ သိကၡာခ်လူ၀တ္လဲေစခဲ့ၿပီး ဖမ္းဆီးအေရးယူခဲ႔သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမွတ္(၇)နယ္ေျမရဲစခန္းမွ ျပစ္မႈ႔က်ဴးလြန္သူအား (ပ)၆၃၉/၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆/၃၇၇ ျဖင့္အမႈဖြင့္ကာ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  မင္းသန္ ႔Wai Lin
# Unicode Version ျဖင့္ ဖတ္ပါ #
မန္တလေးတွင် သင်္ဃန်းဝတ်ပုဂ္ဂိုလ်တစ်ဦးမှ ၁၀နှစ်အရွယ်မိန်းကလေးအား သားမယားပြုကျင့်သဖြင့် အမှုဖွင့်

Posted By: MUNA
စက်တင်ဘာ ၂၃

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုတွင် သင်္ဃန်းဝတ်ပုဂ္ဂိုလ်တစ်ဦးက ၁၀-နှစ်အရွယ်မိန်းကလေးတစ်ဦးအား သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ပြီး တိုင်ကြားသဖြင့် အမှုဖွင့်အရေးယူထားကြောင်း အမှတ် (၇) ရဲစခန်းမှ သိရသည်။

စက်တင်ဘာလ ၁၆ရက်နေ့ ညနေပိုင်းက မ×××××× သည် သံ/နောက်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သီတင်းသုံးနေသော အဘိုးတော်စပ်သူဦး×××× ထံ သွားရောက်လည်ပတ်စဉ် ၎င်းကျောင်းတွင်လာရောက်ပြီး ဆေးဝါးကုသနေသည့် မိုးကုတ်မြို့မှ သင်္ဃန်းဝတ်ပုဂ္ဂိုလ် တစ်ဦးမှ ၎င်းကျောင်းတိုက်ဝင်းတွင်းရှိ ကျောင်းဆောင်တစ်ခုသို့ ခေါ်ဆောင်၍ မုန့်ဖိုးတစ်ထောင်ပေးပြီး သားမယားပြုကျင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူမှ အရေးယူပေးပါရန် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးသော ဦးဇင်း(ဝါတော်(၂၄)ဝါ -ပါရာဇိကံကျ) ၊သင်္ကန်းဝတ်ပုဂ္ဂိုလ်(၅၃)နှစ်(ဘ)ဦးစိုးလှဆိုသူမှ ရပ်ကွက်နေ မ××××××၏ သမီးဖြစ်သူ မ×××× (၁၀)နှစ်အား သားမယားအဖြစ်ပြုကျင့်ကြောင်းထင်ရှား၍ သံလျှပ်မှော်အနောက်ရပ်ကွက် နန်းဦးကျောင်းတိုက်ဆရာတော်မှ သိက္ခာချလူဝတ်လဲစေခဲ့ပြီး ဖမ်းဆီးအရေးယူခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၇)နယ်မြေရဲစခန်းမှ ပြစ်မှု့ကျူးလွန်သူအား (ပ)၆၃၉/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၃၇၇ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  မင်းသန့်Wai Lin
# Unicode Version ဖြင့် ဖတ်ပါ #


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top