iMyanmarHouse.com - Best Property Website for Myanmar
×

ေမာင္သန္႔ ေဆာင္းပါးေခါင္းစဥ္ေလးကို ျမင္လိုက္ေတာ့ စာဖတ္သူတို႔စိတ္ထဲမယ္ လြန္ခဲ့တဲ့ႏွစ္လ ေလာက္က (၇၁)ႏွစ္ေျမာက္ အာဇာနည္ေန႔နား နီးလာခ်ိန္ MRTV တို႔၊ ေရဒီယိုျမန္မာ့အသံတို႔စတဲ့ ႏုိင္ငံပိုင္အသံလႊင့္ဌာနေတြကစၿပီး အရပ္ထဲက အိမ္ေတြအထိ ခဏခဏဖြင့္ၾကတဲ့ သီခ်င္းတစ္ပုဒ္ကို သတိတရရွိၾကလိမ့္မယ္ဗ်။ ဒီသီခ်င္းက ေမာင္သန္႔တို႔ ငယ္ငယ္ကတည္းက အင္မတန္လူ ႀကိဳက္မ်ားၿပီး ႏွစ္စဥ္အာဇာနည္ေန႔နားနီးတိုင္း ခဏခဏၾကားရ တဲ့သီခ်င္းပါဗ်။ အဓိပၸာယ္လည္းေကာင္းၿပီး သံစဥ္ကလည္းေကာင္းတာေၾကာင့္ ေမာင္သန္႔ဆို  နားထာင္ရင္းက အလြတ္ရသြားပါတယ္။ အဲဒီသီခ်င္းထဲမွာ သီခ်င္းေရးသူရဲ႕ေစတနာကို ထင္းခနဲ ေပၚလြင္ေစတဲ့ စာသားေလးတစ္ ခုပါပါတယ္ဗ်။ အဲဒါကေတာ့....

‘ငါတို႔ျမန္မာျပည္ဝယ္× မိဘတုိင္းကရယ္×ဗိုလ္ေအာင္ ဆန္းလို×သူရဲေကာင္းေတြ ေမြးရ မယ္××× ငါတို႔ျမန္မာျပည္ဝယ္× မိဘတိုင္းကကြယ္×အာဇာနည္ အစစ္ေတြကို×ရွိဖုိ႔ ေမြးရမယ္’ ဆိုတဲ့ ေနရာပါပဲ။

ဒီသီခ်င္းရဲ႕သက္တမ္းဘယ္ ေလာက္ရွိၿပီဆုိတာ ေမာင္သန္႔ မသိေပမယ့္ ေမာင္သန္႔ငယ္ငယ္ ကတည္းက ၾကားဖူးခဲ့တာဆို ေတာ့ အနည္းဆံုးေတာ့ ႏွစ္(၅၀) ေက်ာ္ၿပီေပါ့ဗ်ာ။ ကဲ...ဗိုလ္ေအာင္ဆန္းလို သူရဲေကာင္းေတြ ေမြး၊ မေမြး၊ အာဇာနည္အစစ္ေတြ ေမြး၊မေမြး ေမာင္သန္႔မသိေပမယ့္ ေမာင္သန္႔တို႔ ျမန္မာျပည္မွာ တ ျဖည္းျဖည္းနဲ႔ လူရမ္းကားေတြ၊ လူယုတ္မာေတြ မ်ားမ်ားလာတာ ေတာ့ အမွန္ပဲဗ်ာ။ သက္ငယ္မု ဒိမ္းေတြ မ်ားလာတာ။ အဲဒါယုတ္ မာတာဗ်။ ဖေအရင္းက သမီးရင္း ကို၊ ပေထြးက မယားပါသမီးကို အႏိုင္က်င့္ေစာ္ကားတာ ယုတ္မာ တာဗ်။ အုပ္စုဖြဲ႕အႏိုင္က်င့္တာ၊ အင္အားနည္းသူကို ႏြားေသႀကိဳး တုပ္႐ိုက္သလို အုပ္စုအရွိန္အဝါ သံုးၿပီး အႏုိင္ယူတာ အဲဒါ ရမ္းကားတာဗ်။

ယုတ္မာတာေရာ၊ ရမ္းကား တာေရာ လူ႔အမူအက်င့္တစ္ခုမွ မဟုတ္ဘူးဗ်။ တိရစၧာန္အမူအ က်င့္ေတြခ်ည္းပဲ။ တိရစၧာန္က အေမမွန္းမသိ၊ သမီးမွန္းမသိ၊ သူ႔အလိုျပည့္ဖို႔တစ္ခုပဲသိတယ္။  ဒါေတာင္ တိရစၧာန္မွာ သက္ငယ္ မုဒိမ္းမရွိဘူး။ လူယုတ္မာက တိရစၧာန္ထက္ ပိုေၾကာက္စရာ ေကာင္းသဗ်။ အုပ္စုအရွိန္အဝါ သံုး၊ အုပ္စုဖြဲ႕အႏုိင္က်င့္တာ လည္း တိရစၧာန္စိတ္ဓာတ္ပဲဗ်။ ေတာထဲမွာ ေခြးအေတြ အုပ္စု လိုက္ဆို ျခေသၤ့တို႔၊ က်ားတို႔ ေတာင္ ေၾကာက္ရသဗ်။ ဒါေတာင္တိရစၧာန္က အုပ္စုဖြဲ႕ၿပီး ရမ္းကား တာပဲရွိေသးတယ္။ လူက အုပ္စု လိုက္ဆိုရင္ ရမ္းကားတဲ့အဆင့္ ေက်ာ္ၿပီး ေကာက္က်စ္တာပါ ပါ လာသဗ်။

ၿပီးခဲ့တဲ့ လကတည္းက မႏၲ ေလးသတင္းေတြက တစ္ေန႔ထက္ တစ္ေန႔ ရင္ေလးစရာေကာင္းလွ သဗ်ာ။ ေန႔ခင္းေၾကာင္ေတာင္ ေရႊဆုိင္တက္လုတာ၊ ေန႔ခင္းေၾကာင္ ေတာင္ လမ္းေပၚမွာ ေသနတ္နဲ႔ ပစ္သတ္တာ၊ လည္ပင္းကို ဓားနဲ႔ လွီးၿပီး ဆိုင္ကယ္လုတာ၊ ညဘက္ ဓားကိုင္ရမ္းကားတာ၊ ရဲက သြားဖမ္းေတာ့ ရဲကို ျပန္ခုခံတာ စတဲ့ သတင္းေတြက ထိတ္စရာ၊ လန္႔စ ရာေကာင္းလွပါတယ္။ မႏၲေလးသတင္းမွ မဆံုးေသးဘူး။ ေက်ာက္ဆည္ဘက္မွာ တကၠသိုလ္ ေက်ာင္းသားေလးတစ္ေယာက္ ကို ရွိခိုးမတတ္ေတာင္းပန္ေနတဲ့ ၾကားက ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးသတ္တဲ့သတင္းၾကား ရျပန္ ေတာ့ ေမာင္သန္႔ ရင္ဆို႔မတတ္ခံစားရတယ္ဗ်ာ။

အဲဒီအခ်ိန္မွာ ရန္ကုန္ဟာ က်ီးလန္႔စာ စားေနရတဲ့ ၿမိဳ႕ထဲမပါ ဘူးလို႔ ေမာင္သန္႔တို႔ဝန္ႀကီးခ်ဳပ္ က ပိုင္ပိုင္ႏုိင္ႏုိင္ႀကီး ေျပာခ်လိုက္ ေတာ့ နည္းနည္းေတာ့ စိတ္ေအး ရသေပါ့ဗ်ာ။ ဒါေပသိ ေျပာၿပီး ရက္ပိုင္းပဲ ရွိေသးပါရဲ႕။ တာေမြ ၿမိဳ႕နယ္ ယာယီတာေမြေစ်းေရွ႕မွာ စက္တင္ဘာ ၁၁ ရက္ ည ၁၀ နာရီခြဲေလာက္က လူတစ္စုက မင္းမဲ့ စ႐ိုက္ဆန္ဆန္ အုပ္စုလိုက္ ဝိုင္း ၿပီး ဓားနဲ႔ခုတ္၊ လွံနဲ႔ထုိးခဲ့ၾကလို႔ လူ တစ္ေယာက္ ေသပါေရာလားဗ်ာ။ အင္း...ရန္ကုန္ဟာ က်ီးလန္႔စာ စားေနရတဲ့ ၿမိဳ႕မဟုတ္ရင္ က်ီးကန္းေတာင္းေမွာက္ၾကည့္သြား၊ ၾကည့္လာေနရတဲ့ၿမိဳ႕ဆိုတာေတာ့ ေသခ်ာသြားၿပီဗ်ာ။ အိမ္ကေန လမ္းေပၚ ထြက္လိုက္တာနဲ႔ သူ႔ ကိုယ္မယံု၊ ကိုယ့္သူမယံုနဲ႔ အလုပ္ရွိတာေလး ခပ္သြက္သြက္လုပ္ၿပီး ခပ္သုတ္သုတ္ျပန္၊ ကိုယ့္အိမ္ ကိုယ့္ရာ ျပန္ေရာက္မွပဲ ဟင္းခ် ရေတာ့တယ္ဗ်ာ။

ဒီအထဲ ေခ်ာင္းဦးနယ္ဘက္ က သတင္းၾကားလိုက္ရေတာ့ တကယ့္ကိုပဲ ထိတ္လန္႔တုန္လႈပ္မိ တယ္ဗ်ာ။ ေခ်ာင္းဦးနယ္ဆိုတာ ေမာင္သန္႔ မေရာက္ဖူးေပမယ့္ ဒီနာမည္က ေမာင္သန္႔ေက်ာင္း သားဘဝကတည္းက ရင္းႏွီးခဲ့တဲ့ နာမည္ဗ်။ ဘာေၾကာင့္ဆို ဆရာႀကီးသခင္ကိုယ္ေတာ္မိႈင္းက သူ႔ကဗ်ာတစ္ပုဒ္ထဲမွာ ‘ေခ်ာင္းဦး ဆည္ရြာက ေျပာင္းဖူးသည္မယ္ ညႇာ’ လို႔ ထည့္ေရးခဲ့သကိုး။ ဒါေၾကာင့္ သတင္းစာထဲေတြ႕လိုက္ တယ္ဆို ဒီနာမည္ရင္းရင္းႏွီးႏွီး သိေနခဲ့တာ။ အဲဒီေခ်ာင္းဦးနယ္ ထဲက မက်ည္းခြအုပ္စုအပိုင္ မင္းတည္ဆိုတဲ့ရြာမွာဗ်ာ မ်က္ႏွာစိမ္းလူတစ္ေယာက္ကို ကေလးသူခိုး ဆိုၿပီး ဝိုင္းဖမ္းၾကသတဲ့။ ၿပီးေတာ့ ဝိုင္း႐ိုက္သတ္ၾကသတဲ့။ ၿပီးေတာ့ မီး႐ိႈ႕ၿပီး အေလာင္းေဖ်ာက္ပစ္ ၾကသတဲ့။ ဒီသတင္းဖတ္ၿပီးေတာ့ ဗ်ာ ေမာင္သန္႔စိတ္ထဲ ဘယ္လို ျဖစ္သြားမွန္းကို မသိေတာ့ပါဘူး။ အဲဒါ လူ႔အမူအက်င့္ဟုတ္ရဲ႕လား ဗ်ာ။ တိရစၧာန္ထက္ေတာင္ ဆိုးသြားၿပီဗ်။ တိရစၧာန္က အုပ္စုလိုက္ ဝိုင္းကိုက္ၿပီး သတ္တာပဲရွိမယ္။ မီး႐ိႈ႕ၿပီး အေလာင္းမေဖ်ာက္ဘူး။ တစ္ေလာေလးကပဲ ေက်ာင္းက ျပန္လာတဲ့ (၆)ႏွစ္အရြယ္ကေလး တစ္ေယာက္ကို ေခြးငါးေကာင္ဝုိင္းကိုက္လို႔ ေသခဲ့ေသးတယ္။ တိရစၧာန္ဆိုတာ အဲဒီလိုအုပ္စုလိုက္ အႏုိင္က်င့္တဲ့စ႐ိုက္ရွိတယ္။ အုပ္စုနဲ႔အႏိုင္က်င့္တတ္တဲ့ စ႐ိုက္ရွိရင္ အဲဒါ တိရစၧာန္စိတ္ဓာတ္ပဲလို႔ ေမာင္သန္႔ေတာ့ ဒီလိုပဲသတ္မွတ္ထားတယ္။

လူဆိုရင္ ဥပေဒကို ေလးစား လိုက္နာရမယ္။ ႏိုင္ငံ့အသေရ ဥပေဒလို႔ ဆိုထားမဟုတ္လား။ အင္း...ဥပေဒဆိုလို႔ အဲဒီဥပေဒကို မေလးစားမလိုက္နာသူက စီရင္ ဆံုးျဖတ္ႏုိင္တဲ့ အခြင့္အာဏာရ သြားရင္လည္း စီရင္ဆံုးျဖတ္ခ်က္ ေတြက ဥပေဒအတုိင္း မျဖစ္ဘဲ ေဇာက္ထိုးေတြ၊ မိုးေမွ်ာ္ေတြျဖစ္ တတ္သဗ်။ အခုရက္ပိုင္းလူေျပာ သူေျပာအမ်ားဆံုးျဖစ္တဲ့ဟာသ သ႐ုပ္ေဆာင္ ေအာင္ရဲေထြးေသ ဆံုးမႈကို စစ္ေဆးစီရင္ဆံုးျဖတ္ခဲ့ တာကိုပဲ ၾကည့္ေလ။ တကယ့္လူ ျမင္ကြင္း Happy New Year ညႀကီးမွာ ျဖစ္သြားတဲ့လူေသဆံုးမႈ။ အဲဒီအမႈကို စစ္ေဆးစီရင္ဆံုးျဖတ္ခြင့္ရွိတဲ့ဥပေဒကို ေလးစားလိုက္နာရမယ့္ ရာထူးအႀကီးႀကီးေတြ ယူထားတဲ့ သူေတြက အဂတိတရားလိုက္စားၿပီး အမႈကို အၿပီးထိေအာင္ေတာင္ မစစ္ေဆးဘဲ တစ္ဝက္တစ္ပ်က္နဲ႔ ႐ုပ္သိမ္းပစ္ လိုက္တယ္ဗ်ာ။ တိုင္းသိျပည္သိ ကိစၥႀကီးဆိုေတာ့ အသံေတြ ထြက္လာေတာ့တာေပါ့။ ေနာက္ဆံုးသမၼတကိုယ္တုိင္ မေနသာလို႔ ဝင္ပါေတာ့မွ စားထားေသာက္ ထားတဲ့ အဆိပ္အေတာက္ေတြက အေတာင့္လိုက္ ထြက္လာပါေရာ လားဗ်ာ။ သတင္းကို ေသေသ ခ်ာခ်ာဖတ္ၾကည့္ေတာ့မွ သူတို႔ လည္း အုပ္စုဖြဲ႕ၿပီး အမႈကို ေဖ်ာက္ ဖ်က္ပစ္ၾကတာပါကလား။

အင္း...ေခ်ာင္းဦးၿမိဳ႕နယ္ မက်ည္းခြအုပ္စုအပိုင္ မင္းတည္ ရြာက လူအုပ္စုတစ္စုကေတာ့ ကေလးသူခိုးလို႔ သံသယရွိသူကို ဝိုင္းဖမ္း၊ ဥပေဒအရ ရဲလက္အပ္ ရမွာကို နားမလည္ေတာ့ စစ္ရာ ေဆးရာကေန လက္လြန္သြား။ အစေဖ်ာက္တဲ့အေနနဲ႔ အေလာင္း ကို မီး႐ိႈ႕ေဖ်ာက္ဖ်က္။ ဥပေဒနား မလည္ေတာ့ ဥပေဒအတိုင္း မလုပ္ဘဲ ရမ္းကားခဲ့ၾကပံုမ်ား။ ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲ ေထြးေသဆံုးတဲ့ အမႈမွာေတာ့ စစ္ေဆးစီရင္တဲ့ သူေတြက ဥပေဒကို ထံုးလိုေျခ၊ ေရလိုေႏွာက္၊ အရည္က်ိဳေသာက္ထားၾကတဲ့ သူေတြ ေလ။ ဘယ္ဟာအမွန္၊ ဘယ္ဟာအမွား၊ ဘယ္ဟာတရား၊ ဘယ္ဟာမတရား ခြဲျခားႏုိင္တဲ့သူေတြ ေလ။ အဂတိတရားလိုက္စားၿပီး အမွားကို အမွန္၊ မတရားကို တရားလုပ္ကာ ေလာကပါလတရားကို မ်က္ကြယ္ျပဳၿပီး အမႈကို စီရင္ဆံုး ျဖတ္ခဲ့ၾကတာေလ။ အဲဒါက်ေတာ့ ရမ္းကားတာ မဟုတ္ေတာ့ဘူး။ ေကာက္က်စ္တာျဖစ္သြားၿပီဗ်။

တရားဥပေဒစိုးမိုးမႈမရွိတဲ့ တုိင္းျပည္ဟာ ဘာလုပ္လုပ္ မ ေအာင္ျမင္ႏိုင္ဘူးဗ်။ တုိင္းျပည္ မွာ တရားဥပေဒစိုးမိုးဖို႔ တရားကို နတ္ေစာင့္သလို ဥပေဒကို ေစာင့္ ထိန္းရမယ့္ အေခါင္အခ်ဳပ္ေတြ ကိုယ္တိုင္က အင္မတန္လူသိထင္ ရွားစိတ္ဝင္စားမႈမ်ားလွတဲ့ ဒီလို အမႈမ်ိဳးမွာေတာင္ ဥပေဒခ်ိဳး ေဖာက္ရဲတယ္ဆိုရင္ က်န္တဲ့လူမသိသူမသိျဖစ္သြားတဲ့ကိစၥေတြမွာ ေသးတဲ့အမႈေပ်ာက္ဆိုသလို အစေတာင္ ရွာလို႔ရမွာမဟုတ္ဘူးဗ်။

ႏိုင္ငံေတာ္သမၼတက မူးယစ္ေဆးဝါးနဲ႔ပတ္သက္ၿပီး သတင္း ေပးတုိင္ၾကားသူကို ထိုက္ထိုက္ တန္တန္ဆုခ်ီးျမႇင့္မယ္လို႔ ေျပာ ၿပီးတဲ့ေနာက္ပိုင္းမွာ မူးယစ္ေဆး ဝါးဖမ္းမိတဲ့သတင္းေတြလည္း ခပ္စိပ္စိပ္ၾကားလာရတယ္ဗ်။ ဒါေပ သိ အမ်ားစုက သံုးစြဲတဲ့သူေတြသာ ျဖစ္ေနတယ္ခင္ဗ်။ တန္ဖိုးသိန္း ေပါင္းေသာင္းခ်ီၿပီး မိျပန္ေတာ့ လည္း တကယ့္မူးယစ္ရာဇာႀကီး ေတြမဟုတ္ျပန္ဘူး။ အမ်ားစုက ပိုင္ရွင္မဲ့ေတြ၊ ၾကားထဲက သယ္ေပးတဲ့သူေတြ ျဖစ္ေနျပန္ပါတယ္။ ဒီလိုပဲ သစ္ေမွာင္ခိုသမားေတြဆို လည္း မိလိုက္ရင္ ပစၥည္းခ်ည္းမိ ၿပီး လူေတြက ထြက္ေျပးလြတ္ ေျမာက္သြားၾကတာ မ်ားတယ္ဗ်။ ေအးေလ သစ္ေရာလူပါ ဖမ္းေပး တဲ့ရဲေတြကိုေတာင္ သူ႔အထက္ အရာရွိက ဆူပူႀကိမ္းေမာင္းၿပီး လူကို ျပန္လႊတ္ေပး၊ သစ္ကို ပိုင္ ရွင္မဲ့လုပ္ခဲ့ေသးတာကလား။ ဖမ္း ေပးခဲ့တဲ့ ရဲေတြက သတၱိေကာင္းလို႔သာ အမွန္တရားလိုလားတဲ့ ၿမိဳ႕ခံေတြနဲ႔ ေပါင္းၿပီး အထက္ကို တိုင္ခဲ့လို႔ အမွန္တရားေပၚခဲ့ ရတာေလ။

ဒီေတာ့...ေမာင္သန္႔တို႔ျမန္ မာျပည္မွာ ဗိုလ္ေအာင္ဆန္းလို သူရဲေကာင္းေတြ မေမြးရင္ေတာင္ လူ႔အဖြဲ႕အစည္းထဲမွာ ပူးကပ္ၿပီး ဒုကၡေပးမယ့္ လူရမ္းကားေတြ၊ လူ႔ ယုတ္မာေတြ၊ လူ႔ေကာက္က်စ္ စဥ္းလဲေတြ မရွိေစခ်င္ဘူးဗ်ာ။ အဲဒီလိုလူေတြ ေမာင္သန္႔တို႔လူ အဖြဲ႕အစည္းထဲ ပူးကပ္မေနႏိုင္ ေအာင္ ျပည္သူကလည္း ဝိုင္းဝန္း ၿပီး ဆန္႔က်င္ၾကပါဗ်။ တိုင္းျပည္ အက်ိဳးလိုလားတဲ့ ေခါင္းေဆာင္ မ်ားကလည္း အခု ရာထူးႀကီးႀကီး ပုဂၢိဳလ္ႀကီးမ်ားကို ေဖာ္ထုတ္သလို ဆက္လက္ေဖာ္ထုတ္ၾကပါဗ်။

ေမာင္သန္႔ၾကားဖူးတဲ့ သီ ခ်င္းထဲကလို ‘‘ေလာကပါလ×သာသနာေစာင့္နတ္ေတြ×ကမၻာေစာင့္နတ္ေတြ×ေစာင့္ေရွာက္တဲ့ ျမန္မာျပည္’’ႀကီး ျဖစ္ခ်င္လွပါၿပီဗ်ာ။    ။

(ေဆာင္းပါးရွင္ လူမင္းသန္႔သည္  ပညာေရးဆုိင္ရာ ေဆာင္းပါးမ်ား ႏွင့္ မ်က္ေမွာက္ေရးရာ ေဆာင္းပါးမ်ား ေရးသားေနသူျဖစ္သည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မောင်သန့် ဆောင်းပါးခေါင်းစဉ်လေးကို မြင်လိုက်တော့ စာဖတ်သူတို့စိတ်ထဲမယ် လွန်ခဲ့တဲ့နှစ်လ လောက်က (၇၁)နှစ်မြောက် အာဇာနည်နေ့နား နီးလာချိန် MRTV တို့၊ ရေဒီယိုမြန်မာ့အသံတို့စတဲ့ နိုင်ငံပိုင်အသံလွှင့်ဌာနတွေကစပြီး အရပ်ထဲက အိမ်တွေအထိ ခဏခဏဖွင့်ကြတဲ့ သီချင်းတစ်ပုဒ်ကို သတိတရရှိကြလိမ့်မယ်ဗျ။ ဒီသီချင်းက မောင်သန့်တို့ ငယ်ငယ်ကတည်းက အင်မတန်လူ ကြိုက်များပြီး နှစ်စဉ်အာဇာနည်နေ့နားနီးတိုင်း ခဏခဏကြားရ တဲ့သီချင်းပါဗျ။ အဓိပ္ပာယ်လည်းကောင်းပြီး သံစဉ်ကလည်းကောင်းတာကြောင့် မောင်သန့်ဆို  နားထာင်ရင်းက အလွတ်ရသွားပါတယ်။ အဲဒီသီချင်းထဲမှာ သီချင်းရေးသူရဲ့စေတနာကို ထင်းခနဲ ပေါ်လွင်စေတဲ့ စာသားလေးတစ် ခုပါပါတယ်ဗျ။ အဲဒါကတော့....

‘ငါတို့မြန်မာပြည်ဝယ်× မိဘတိုင်းကရယ်×ဗိုလ်အောင် ဆန်းလို×သူရဲကောင်းတွေ မွေးရ မယ်××× ငါတို့မြန်မာပြည်ဝယ်× မိဘတိုင်းကကွယ်×အာဇာနည် အစစ်တွေကို×ရှိဖို့ မွေးရမယ်’ ဆိုတဲ့ နေရာပါပဲ။

ဒီသီချင်းရဲ့သက်တမ်းဘယ် လောက်ရှိပြီဆိုတာ မောင်သန့် မသိပေမယ့် မောင်သန့်ငယ်ငယ် ကတည်းက ကြားဖူးခဲ့တာဆို တော့ အနည်းဆုံးတော့ နှစ်(၅၀) ကျော်ပြီပေါ့ဗျာ။ ကဲ...ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေး၊ မမွေး၊ အာဇာနည်အစစ်တွေ မွေး၊မမွေး မောင်သန့်မသိပေမယ့် မောင်သန့်တို့ မြန်မာပြည်မှာ တ ဖြည်းဖြည်းနဲ့ လူရမ်းကားတွေ၊ လူယုတ်မာတွေ များများလာတာ တော့ အမှန်ပဲဗျာ။ သက်ငယ်မု ဒိမ်းတွေ များလာတာ။ အဲဒါယုတ် မာတာဗျ။ ဖအေရင်းက သမီးရင်း ကို၊ ပထွေးက မယားပါသမီးကို အနိုင်ကျင့်စော်ကားတာ ယုတ်မာ တာဗျ။ အုပ်စုဖွဲ့အနိုင်ကျင့်တာ၊ အင်အားနည်းသူကို နွားသေကြိုး တုပ်ရိုက်သလို အုပ်စုအရှိန်အဝါ သုံးပြီး အနိုင်ယူတာ အဲဒါ ရမ်းကားတာဗျ။

ယုတ်မာတာရော၊ ရမ်းကား တာရော လူ့အမူအကျင့်တစ်ခုမှ မဟုတ်ဘူးဗျ။ တိရစ္ဆာန်အမူအ ကျင့်တွေချည်းပဲ။ တိရစ္ဆာန်က အမေမှန်းမသိ၊ သမီးမှန်းမသိ၊ သူ့အလိုပြည့်ဖို့တစ်ခုပဲသိတယ်။  ဒါတောင် တိရစ္ဆာန်မှာ သက်ငယ် မုဒိမ်းမရှိဘူး။ လူယုတ်မာက တိရစ္ဆာန်ထက် ပိုကြောက်စရာ ကောင်းသဗျ။ အုပ်စုအရှိန်အဝါ သုံး၊ အုပ်စုဖွဲ့အနိုင်ကျင့်တာ လည်း တိရစ္ဆာန်စိတ်ဓာတ်ပဲဗျ။ တောထဲမှာ ခွေးအတွေ အုပ်စု လိုက်ဆို ခြင်္သေ့တို့၊ ကျားတို့ တောင် ကြောက်ရသဗျ။ ဒါတောင်တိရစ္ဆာန်က အုပ်စုဖွဲ့ပြီး ရမ်းကား တာပဲရှိသေးတယ်။ လူက အုပ်စု လိုက်ဆိုရင် ရမ်းကားတဲ့အဆင့် ကျော်ပြီး ကောက်ကျစ်တာပါ ပါ လာသဗျ။

ပြီးခဲ့တဲ့ လကတည်းက မန္တ လေးသတင်းတွေက တစ်နေ့ထက် တစ်နေ့ ရင်လေးစရာကောင်းလှ သဗျာ။ နေ့ခင်းကြောင်တောင် ရွှေဆိုင်တက်လုတာ၊ နေ့ခင်းကြောင် တောင် လမ်းပေါ်မှာ သေနတ်နဲ့ ပစ်သတ်တာ၊ လည်ပင်းကို ဓားနဲ့ လှီးပြီး ဆိုင်ကယ်လုတာ၊ ညဘက် ဓားကိုင်ရမ်းကားတာ၊ ရဲက သွားဖမ်းတော့ ရဲကို ပြန်ခုခံတာ စတဲ့ သတင်းတွေက ထိတ်စရာ၊ လန့်စ ရာကောင်းလှပါတယ်။ မန္တလေးသတင်းမှ မဆုံးသေးဘူး။ ကျောက်ဆည်ဘက်မှာ တက္ကသိုလ် ကျောင်းသားလေးတစ်ယောက် ကို ရှိခိုးမတတ်တောင်းပန်နေတဲ့ ကြားက ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်တဲ့သတင်းကြား ရပြန် တော့ မောင်သန့် ရင်ဆို့မတတ်ခံစားရတယ်ဗျာ။

အဲဒီအချိန်မှာ ရန်ကုန်ဟာ ကျီးလန့်စာ စားနေရတဲ့ မြို့ထဲမပါ ဘူးလို့ မောင်သန့်တို့ဝန်ကြီးချုပ် က ပိုင်ပိုင်နိုင်နိုင်ကြီး ပြောချလိုက် တော့ နည်းနည်းတော့ စိတ်အေး ရသပေါ့ဗျာ။ ဒါပေသိ ပြောပြီး ရက်ပိုင်းပဲ ရှိသေးပါရဲ့။ တာမွေ မြို့နယ် ယာယီတာမွေဈေးရှေ့မှာ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲလောက်က လူတစ်စုက မင်းမဲ့ စရိုက်ဆန်ဆန် အုပ်စုလိုက် ဝိုင်း ပြီး ဓားနဲ့ခုတ်၊ လှံနဲ့ထိုးခဲ့ကြလို့ လူ တစ်ယောက် သေပါရောလားဗျာ။ အင်း...ရန်ကုန်ဟာ ကျီးလန့်စာ စားနေရတဲ့ မြို့မဟုတ်ရင် ကျီးကန်းတောင်းမှောက်ကြည့်သွား၊ ကြည့်လာနေရတဲ့မြို့ဆိုတာတော့ သေချာသွားပြီဗျာ။ အိမ်ကနေ လမ်းပေါ် ထွက်လိုက်တာနဲ့ သူ့ ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ အလုပ်ရှိတာလေး ခပ်သွက်သွက်လုပ်ပြီး ခပ်သုတ်သုတ်ပြန်၊ ကိုယ့်အိမ် ကိုယ့်ရာ ပြန်ရောက်မှပဲ ဟင်းချ ရတော့တယ်ဗျာ။

ဒီအထဲ ချောင်းဦးနယ်ဘက် က သတင်းကြားလိုက်ရတော့ တကယ့်ကိုပဲ ထိတ်လန့်တုန်လှုပ်မိ တယ်ဗျာ။ ချောင်းဦးနယ်ဆိုတာ မောင်သန့် မရောက်ဖူးပေမယ့် ဒီနာမည်က မောင်သန့်ကျောင်း သားဘဝကတည်းက ရင်းနှီးခဲ့တဲ့ နာမည်ဗျ။ ဘာကြောင့်ဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့ကဗျာတစ်ပုဒ်ထဲမှာ ‘ချောင်းဦး ဆည်ရွာက ပြောင်းဖူးသည်မယ် ညှာ’ လို့ ထည့်ရေးခဲ့သကိုး။ ဒါကြောင့် သတင်းစာထဲတွေ့လိုက် တယ်ဆို ဒီနာမည်ရင်းရင်းနှီးနှီး သိနေခဲ့တာ။ အဲဒီချောင်းဦးနယ် ထဲက မကျည်းခွအုပ်စုအပိုင် မင်းတည်ဆိုတဲ့ရွာမှာဗျာ မျက်နှာစိမ်းလူတစ်ယောက်ကို ကလေးသူခိုး ဆိုပြီး ဝိုင်းဖမ်းကြသတဲ့။ ပြီးတော့ ဝိုင်းရိုက်သတ်ကြသတဲ့။ ပြီးတော့ မီးရှို့ပြီး အလောင်းဖျောက်ပစ် ကြသတဲ့။ ဒီသတင်းဖတ်ပြီးတော့ ဗျာ မောင်သန့်စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းကို မသိတော့ပါဘူး။ အဲဒါ လူ့အမူအကျင့်ဟုတ်ရဲ့လား ဗျာ။ တိရစ္ဆာန်ထက်တောင် ဆိုးသွားပြီဗျ။ တိရစ္ဆာန်က အုပ်စုလိုက် ဝိုင်းကိုက်ပြီး သတ်တာပဲရှိမယ်။ မီးရှို့ပြီး အလောင်းမဖျောက်ဘူး။ တစ်လောလေးကပဲ ကျောင်းက ပြန်လာတဲ့ (၆)နှစ်အရွယ်ကလေး တစ်ယောက်ကို ခွေးငါးကောင်ဝိုင်းကိုက်လို့ သေခဲ့သေးတယ်။ တိရစ္ဆာန်ဆိုတာ အဲဒီလိုအုပ်စုလိုက် အနိုင်ကျင့်တဲ့စရိုက်ရှိတယ်။ အုပ်စုနဲ့အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိရင် အဲဒါ တိရစ္ဆာန်စိတ်ဓာတ်ပဲလို့ မောင်သန့်တော့ ဒီလိုပဲသတ်မှတ်ထားတယ်။

လူဆိုရင် ဥပဒေကို လေးစား လိုက်နာရမယ်။ နိုင်ငံ့အသရေ ဥပဒေလို့ ဆိုထားမဟုတ်လား။ အင်း...ဥပဒေဆိုလို့ အဲဒီဥပဒေကို မလေးစားမလိုက်နာသူက စီရင် ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာရ သွားရင်လည်း စီရင်ဆုံးဖြတ်ချက် တွေက ဥပဒေအတိုင်း မဖြစ်ဘဲ ဇောက်ထိုးတွေ၊ မိုးမျှော်တွေဖြစ် တတ်သဗျ။ အခုရက်ပိုင်းလူပြော သူပြောအများဆုံးဖြစ်တဲ့ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေ ဆုံးမှုကို စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ တာကိုပဲ ကြည့်လေ။ တကယ့်လူ မြင်ကွင်း Happy New Year ညကြီးမှာ ဖြစ်သွားတဲ့လူသေဆုံးမှု။ အဲဒီအမှုကို စစ်ဆေးစီရင်ဆုံးဖြတ်ခွင့်ရှိတဲ့ဥပဒေကို လေးစားလိုက်နာရမယ့် ရာထူးအကြီးကြီးတွေ ယူထားတဲ့ သူတွေက အဂတိတရားလိုက်စားပြီး အမှုကို အပြီးထိအောင်တောင် မစစ်ဆေးဘဲ တစ်ဝက်တစ်ပျက်နဲ့ ရုပ်သိမ်းပစ် လိုက်တယ်ဗျာ။ တိုင်းသိပြည်သိ ကိစ္စကြီးဆိုတော့ အသံတွေ ထွက်လာတော့တာပေါ့။ နောက်ဆုံးသမ္မတကိုယ်တိုင် မနေသာလို့ ဝင်ပါတော့မှ စားထားသောက် ထားတဲ့ အဆိပ်အတောက်တွေက အတောင့်လိုက် ထွက်လာပါရော လားဗျာ။ သတင်းကို သေသေ ချာချာဖတ်ကြည့်တော့မှ သူတို့ လည်း အုပ်စုဖွဲ့ပြီး အမှုကို ဖျောက် ဖျက်ပစ်ကြတာပါကလား။

အင်း...ချောင်းဦးမြို့နယ် မကျည်းခွအုပ်စုအပိုင် မင်းတည် ရွာက လူအုပ်စုတစ်စုကတော့ ကလေးသူခိုးလို့ သံသယရှိသူကို ဝိုင်းဖမ်း၊ ဥပဒေအရ ရဲလက်အပ် ရမှာကို နားမလည်တော့ စစ်ရာ ဆေးရာကနေ လက်လွန်သွား။ အစဖျောက်တဲ့အနေနဲ့ အလောင်း ကို မီးရှို့ဖျောက်ဖျက်။ ဥပဒေနား မလည်တော့ ဥပဒေအတိုင်း မလုပ်ဘဲ ရမ်းကားခဲ့ကြပုံများ။ ဟာသသရုပ်ဆောင် အောင်ရဲ ထွေးသေဆုံးတဲ့ အမှုမှာတော့ စစ်ဆေးစီရင်တဲ့ သူတွေက ဥပဒေကို ထုံးလိုခြေ၊ ရေလိုနှောက်၊ အရည်ကျိုသောက်ထားကြတဲ့ သူတွေ လေ။ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှား၊ ဘယ်ဟာတရား၊ ဘယ်ဟာမတရား ခွဲခြားနိုင်တဲ့သူတွေ လေ။ အဂတိတရားလိုက်စားပြီး အမှားကို အမှန်၊ မတရားကို တရားလုပ်ကာ လောကပါလတရားကို မျက်ကွယ်ပြုပြီး အမှုကို စီရင်ဆုံး ဖြတ်ခဲ့ကြတာလေ။ အဲဒါကျတော့ ရမ်းကားတာ မဟုတ်တော့ဘူး။ ကောက်ကျစ်တာဖြစ်သွားပြီဗျ။

တရားဥပဒေစိုးမိုးမှုမရှိတဲ့ တိုင်းပြည်ဟာ ဘာလုပ်လုပ် မ အောင်မြင်နိုင်ဘူးဗျ။ တိုင်းပြည် မှာ တရားဥပဒေစိုးမိုးဖို့ တရားကို နတ်စောင့်သလို ဥပဒေကို စောင့် ထိန်းရမယ့် အခေါင်အချုပ်တွေ ကိုယ်တိုင်က အင်မတန်လူသိထင် ရှားစိတ်ဝင်စားမှုများလှတဲ့ ဒီလို အမှုမျိုးမှာတောင် ဥပဒေချိုး ဖောက်ရဲတယ်ဆိုရင် ကျန်တဲ့လူမသိသူမသိဖြစ်သွားတဲ့ကိစ္စတွေမှာ သေးတဲ့အမှုပျောက်ဆိုသလို အစတောင် ရှာလို့ရမှာမဟုတ်ဘူးဗျ။

နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်း ပေးတိုင်ကြားသူကို ထိုက်ထိုက် တန်တန်ဆုချီးမြှင့်မယ်လို့ ပြော ပြီးတဲ့နောက်ပိုင်းမှာ မူးယစ်ဆေး ဝါးဖမ်းမိတဲ့သတင်းတွေလည်း ခပ်စိပ်စိပ်ကြားလာရတယ်ဗျ။ ဒါပေ သိ အများစုက သုံးစွဲတဲ့သူတွေသာ ဖြစ်နေတယ်ခင်ဗျ။ တန်ဖိုးသိန်း ပေါင်းသောင်းချီပြီး မိပြန်တော့ လည်း တကယ့်မူးယစ်ရာဇာကြီး တွေမဟုတ်ပြန်ဘူး။ အများစုက ပိုင်ရှင်မဲ့တွေ၊ ကြားထဲက သယ်ပေးတဲ့သူတွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပဲ သစ်မှောင်ခိုသမားတွေဆို လည်း မိလိုက်ရင် ပစ္စည်းချည်းမိ ပြီး လူတွေက ထွက်ပြေးလွတ် မြောက်သွားကြတာ များတယ်ဗျ။ အေးလေ သစ်ရောလူပါ ဖမ်းပေး တဲ့ရဲတွေကိုတောင် သူ့အထက် အရာရှိက ဆူပူကြိမ်းမောင်းပြီး လူကို ပြန်လွှတ်ပေး၊ သစ်ကို ပိုင် ရှင်မဲ့လုပ်ခဲ့သေးတာကလား။ ဖမ်း ပေးခဲ့တဲ့ ရဲတွေက သတ္တိကောင်းလို့သာ အမှန်တရားလိုလားတဲ့ မြို့ခံတွေနဲ့ ပေါင်းပြီး အထက်ကို တိုင်ခဲ့လို့ အမှန်တရားပေါ်ခဲ့ ရတာလေ။

ဒီတော့...မောင်သန့်တို့မြန် မာပြည်မှာ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မမွေးရင်တောင် လူ့အဖွဲ့အစည်းထဲမှာ ပူးကပ်ပြီး ဒုက္ခပေးမယ့် လူရမ်းကားတွေ၊ လူ့ ယုတ်မာတွေ၊ လူ့ကောက်ကျစ် စဉ်းလဲတွေ မရှိစေချင်ဘူးဗျာ။ အဲဒီလိုလူတွေ မောင်သန့်တို့လူ အဖွဲ့အစည်းထဲ ပူးကပ်မနေနိုင် အောင် ပြည်သူကလည်း ဝိုင်းဝန်း ပြီး ဆန့်ကျင်ကြပါဗျ။ တိုင်းပြည် အကျိုးလိုလားတဲ့ ခေါင်းဆောင် များကလည်း အခု ရာထူးကြီးကြီး ပုဂ္ဂိုလ်ကြီးများကို ဖော်ထုတ်သလို ဆက်လက်ဖော်ထုတ်ကြပါဗျ။

မောင်သန့်ကြားဖူးတဲ့ သီ ချင်းထဲကလို ‘‘လောကပါလ×သာသနာစောင့်နတ်တွေ×ကမ္ဘာစောင့်နတ်တွေ×စောင့်ရှောက်တဲ့ မြန်မာပြည်’’ကြီး ဖြစ်ချင်လှပါပြီဗျာ။    ။

(ဆောင်းပါးရှင် လူမင်းသန့်သည်  ပညာရေးဆိုင်ရာ ဆောင်းပါးများ နှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top