ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဂ်ပန္ေျမာက္ပိုင္းတြင္ လႈပ္ခတ္ခဲ့သည့္ ငလ်င္ႀကီးေၾကာင့္ ေသဆံုးသူ အေရအတြက္မွာ ၄၄ ဦးထိ ရွိလာေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ သီတင္းပတ္က ေဟာ့ကိုင္းဒိုးကၽြန္း ေတာင္ပိုင္း ကမ္းစပ္ကို ဗဟိုျပဳ လႈပ္ခတ္ခဲ့သည့္ ရစ္ခ်္တာစေကး ၆.၇ အဆင့္ရွိ ငလ်င္ႀကီးအတြင္း လူ ၄၄ ဦးထက္မနည္း ေသဆံုးသလို ၆၆၀ ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္း အစိုးရက စက္တင္ဘာ ၁၀ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ငလ်င္ေၾကာင့္ ေဟာ့ကိုင္းဒိုး ေနရာအႏွံ႔အျပားတြင္ လွ်ပ္စစ္ဓာတ္အားမ်ား ျပတ္ေတာက္ခဲ့သလို လမ္းပန္း ဆက္သြယ္ေရး အခက္အခဲမ်ားလည္း ေပၚေပါက္လာသည္။ ဂ်ပန္၏ အႀကီးဆံုး ကားကုမၸဏီႀကီး Toyotaသည္လည္း ထုတ္လုပ္ေရး က႑အတြက္ ေႏွာင့္ေႏွးမႈမ်ား ႀကံဳေတြ႕ေနရသည္။

ငလ်င္အၿပီး ေနအိမ္မ်ား ပ်က္စီးကုန္ေသာေၾကာင့္ လူေပါင္း ၂၅၀၀ ဝန္းက်င္မွာ ခိုလံႈေရး စခန္းမ်ားတြင္ ဆက္လက္ ေနထိုင္ေနရဆဲ ျဖစ္သည္။ ငလ်င္ႏွင့္အတူ ေျမၿပိဳမႈမ်ားပါ ျဖစ္ခဲ့ၿပီး ေနာက္ဆက္တြဲ ၿပိဳက်ႏုိင္သည့္ အေျခအေန ႀကံဳေနရေသာ အေဆာက္အအံု အမ်ားအျပားလည္း ရွိေနသည္။

လတ္တေလာတြင္ အပ်က္အစီးမ်ား ရွင္းလင္း ဖယ္ရွားေရးအတြက္ ျပည္ေစာင့္တပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္ႏွင့္ ေစတနာ့ဝန္ထမ္း ေလးေသာင္းနီးပါးက စုေပါင္း လုပ္အားေပး ေဆာင္ရြက္ေနေၾကာင္း သိရသည္။ ငလ်င္ေၾကာင့္ ေပ်ာက္ဆံုးသူ စာရင္း မရွိေတာ့ဟုလည္း ဆိုသည္။

ေဟာ့ကိုင္းဒိုးတြင္ ေနရာအားလံုးနီးပါး လွ်ပ္စစ္မီး ျပန္ရေနၿပီ ျဖစ္ေသာ္လည္း ေနာက္ထပ္ မီးျပတ္မႈမ်ား မျဖစ္ေစရန္အတြက္ လွ်ပ္စစ္ သံုးစြဲမႈကို ၂၀ ရာခုိင္ႏႈန္းမွ် ေလွ်ာ့ခ်ေပးထားရန္ ေဒသခံမ်ားထံ ယာယီ ပန္ၾကားထားသည္။

ဂ်ပန္သည္ ၿပီးခဲ့သည့္ လပိုင္းအတြင္း ေရႀကီးမႈ၊ အပူလိႈင္းျဖတ္မႈ၊ တိုင္ဖြန္းမုန္တုိင္း ဝင္ေရာက္တိုက္ခတ္မႈ အစရွိသည့္ သဘာဝ ေဘးအႏၱရာယ္မ်ားႏွင့္လည္း ဆက္တိုက္ ႀကံဳေတြ႕ခဲ့ရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျပန်မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၄ ဦးထိ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဟော့ကိုင်းဒိုးကျွန်း တောင်ပိုင်း ကမ်းစပ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၆.၇ အဆင့်ရှိ ငလျင်ကြီးအတွင်း လူ ၄၄ ဦးထက်မနည်း သေဆုံးသလို ၆၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ငလျင်ကြောင့် ဟော့ကိုင်းဒိုး နေရာအနှံ့အပြားတွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သလို လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများလည်း ပေါ်ပေါက်လာသည်။ ဂျပန်၏ အကြီးဆုံး ကားကုမ္ပဏီကြီး Toyotaသည်လည်း ထုတ်လုပ်ရေး ကဏ္ဍအတွက် နှောင့်နှေးမှုများ ကြုံတွေ့နေရသည်။

ငလျင်အပြီး နေအိမ်များ ပျက်စီးကုန်သောကြောင့် လူပေါင်း ၂၅၀၀ ဝန်းကျင်မှာ ခိုလှုံရေး စခန်းများတွင် ဆက်လက် နေထိုင်နေရဆဲ ဖြစ်သည်။ ငလျင်နှင့်အတူ မြေပြိုမှုများပါ ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ပြိုကျနိုင်သည့် အခြေအနေ ကြုံနေရသော အဆောက်အအုံ အများအပြားလည်း ရှိနေသည်။

လတ်တလောတွင် အပျက်အစီးများ ရှင်းလင်း ဖယ်ရှားရေးအတွက် ပြည်စောင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်း လေးသောင်းနီးပါးက စုပေါင်း လုပ်အားပေး ဆောင်ရွက်နေကြောင်း သိရသည်။ ငလျင်ကြောင့် ပျောက်ဆုံးသူ စာရင်း မရှိတော့ဟုလည်း ဆိုသည်။

ဟော့ကိုင်းဒိုးတွင် နေရာအားလုံးနီးပါး လျှပ်စစ်မီး ပြန်ရနေပြီ ဖြစ်သော်လည်း နောက်ထပ် မီးပြတ်မှုများ မဖြစ်စေရန်အတွက် လျှပ်စစ် သုံးစွဲမှုကို ၂၀ ရာခိုင်နှုန်းမျှ လျှော့ချပေးထားရန် ဒေသခံများထံ ယာယီ ပန်ကြားထားသည်။

ဂျပန်သည် ပြီးခဲ့သည့် လပိုင်းအတွင်း ရေကြီးမှု၊ အပူလှိုင်းဖြတ်မှု၊ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှု အစရှိသည့် သဘာဝ ဘေးအန္တရာယ်များနှင့်လည်း ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top