ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေက်းရြာလမ္းႏွင့္ နီးကပ္စြာရွိေနေသာ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္ကို ေတြ႕ရစဥ္ (ဓာတ္ပံု - Zawwin Mg Facebook)

ဖားကန္႔တြင္ေက်ာက္ စိမ္းတူးေဖာ္ေရးကုမၸဏီတစ္ခုက  မိုင္းခြဲရာ ေနအိမ္အခ်ိဳ႕အေပၚေက်ာက္ခဲမ်ားက်ခဲ့ရာေနအိမ္ပိုင္ရွင္မ်ားက နိမိတ္မေကာင္းဟု ယူဆေနၿပီး  တေရာ္ကင္ပြန္းႏွင့္ ျပန္ေဆးရန္ က်ပ္တစ္သိန္းစီကုမၸဏီက  ေပးခဲ့သည္ဟု ေဒသခံမ်ားကေျပာသည္။


ကုမၸဏီအခ်ိဳ႕၏ မိုင္းခြဲမႈ ေၾကာင့္ ဖားကန္႔ၿမိဳ႕နယ္ လံုးခင္း  ေက်းရြာအုပ္စု မဇြပ္ယန္ေက်း ရြာရွိေနအိမ္အခ်ိဳ႕အေပၚေလာက္ စာလံုးသီးအရြယ္မွ လက္သီးဆုပ္ အရြယ္ခန္႔ရွိ ေက်ာက္ခဲမ်ားက် ေရာက္ခဲ့သည္။

‘‘အိမ္၀င္းထဲက်တဲ့အတြက္  လဘ္မေကာင္းဘူးလို႔အယူရွိ ေတာ့ တေရာ္ကင္ပြန္းေဆးဖို႔တစ္  သိန္းစီေပးတာ။ ကြၽန္ေတာ့္အိမ္ ၀င္းထဲလည္းက်ပါတယ္။ ဒါေပမဲ့ ေငြမယူလိုက္ဘူး။ ကြၽန္ေတာ္က ေတာ့ ေနာက္ေနာင္ခဲမက်ဖို႔ေျပာ လိုက္တယ္’’ ဟု မဇြပ္ယန္ေက်း ရြာေဒသခံတစ္ဦးကေျပာသည္။

စက္တင္ဘာ ၂၀ ရက္က ျဖစ္ပြားသည့္ အထက္ပါျဖစ္စဥ္ တြင္မဇြပ္ယန္ေက်းရြာေဒသခံအ ခ်ိဳ႕ႏွင့္ ကုမၸဏီတာ၀န္ရွိသူအခ်ိဳ႕ စကားအေခ်တင္ျဖစ္ၿပီး ညႇိႏိႈင္း ေျဖရွင္းခဲ့ျခင္းျဖစ္သည္။ ကုမၸဏီ  အမည္ႏွင့္ လိပ္စာကို 7 Day Daily သတင္းစာက မရရွိေပ။

ေက်ာက္ခဲက်သည့္ အိမ္ မ်ားအနက္ေလ်ာ္ေၾကးေငြကိုအိမ္ ၁၁ အိမ္ကလက္ခံရယူသည္ဟု ဆိုသည္။

မဇြပ္ယန္ေက်းရြာအျပင္အ နီးရွိ ေက်းရြာမ်ားသည္ ေက်ာက္ စိမ္းကုမၸဏီမ်ား၏ မိုင္းခြဲမႈေၾကာင့္ က်ယ္ေလာင္ေသာ ေပါက္ကြဲသံ ႏွင့္ ေျမလႊာတုန္ခါမႈမ်ားေၾကာင့္ စိုးရိမ္ထိတ္လန္႔မႈမ်ားေန႔စဥ္ ရင္ ဆိုင္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

‘‘ဒီမွာက ဥပေဒအရလုပ္ မယ္ဆိုရင္လည္း ေဒသခံဘက္မွာ  ဘယ္သူမွမရွိဘူးေလ။ အခုလုပ္ ေနတဲ့ေနရာကလုပ္ကြက္က်ထား  တယ္ၾကားေတာ့ဘာမွေျပာမရ ဘူး’’ ဟု လံုးခင္းေက်းရြာအုပ္စု ေဒသခံကိုဖိုးပြားကေျပာသည္။

ေက်ာက္စိမ္းကုမၸဏီမိုင္း ခြဲေနသည့္ေနရာတြင္ မဇြပ္ယန္ စာသင္ေက်ာင္းႏွင့္ နီးကပ္စြာရွိ ေနၿပီးေက်ာင္းတက္၊ ေက်ာင္း ဆင္းခ်ိန္မ်ား၌ မိုင္းမခြဲရန္ေဒသခံ မ်ားကေတာင္းဆိုထားသည္။

ကုမၸဏီမ်ား မိုင္းခြဲမႈသည္ ဆိုးဆိုးရြားရြားျဖစ္ေနၿပီး ေဒသ တြင္းအုပ္ခ်ဳပ္ေရးတာ၀န္ရွိသူမ်ား  ကၾကပ္ၾကပ္မတ္မတ္ထိန္းသိမ္း ျခင္းမရွိေၾကာင္း ဖားကန္႔ၿမိဳ႕နယ္  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါ တီ၊ အလုပ္အမႈေဆာင္ဦးခင္ ေမာင္ခ်င္းက ေထာက္ျပသည္။

‘‘ကုမၸဏီေတြက နားလွည့္ ပါး႐ုိက္ေနတာဗ်။ ဒီအခ်ိန္က ေက်ာက္စိမ္းတူးေဖာ္ခြင့္ရပ္ထား တဲ့အခ်ိန္။ ေျမစာပံုေတြက အႏၲရာယ္ျဖစ္လာႏုိင္ပါတယ္ဆို ၿပီး အေပၚပိုင္းကို ၀ိတ္ေလွ်ာ့တဲ့ အေနနဲ႔မိုင္းခြဲတာ။ အေပၚ၀ိတ္မွာ  က ေက်ာက္ေၾကာေတြရွိတယ္။  တရားမ၀င္တာကို တရား၀င္ပံုစံ  သက္ဆုိင္ရာနဲ႔ေပါင္းၿပီးလုပ္စား တာ။ ဒါကမ႐ုိးသားဘူးဗ်’’ ဟု ၎ကေျပာသည္။

ေက်ာက္စိမ္းကုမၸဏီ မိုင္း ခြဲမႈေၾကာင့္မဇြပ္ယန္ေက်းရြာ၌  လတ္တေလာျဖစ္ပြားေနေသာအ ေျခအေနကို မၾကာမီကာလအတြင္း သြားေရာက္ၾကည့္႐ႈမည္ျဖစ္ၿပီး ညႇိႏိႈင္းေဆာင္ ရြက္မည္ဟု ဖားကန္႔ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးေက်ာ္စြာေအာင္ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကျေးရွာလမ်းနှင့် နီးကပ်စွာရှိနေသော ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို တွေ့ရစဉ် (ဓာတ်ပုံ - Zawwin Mg Facebook)

ဖားကန့်တွင်ကျောက် စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခုက  မိုင်းခွဲရာ နေအိမ်အချို့အပေါ်ကျောက်ခဲများကျခဲ့ရာနေအိမ်ပိုင်ရှင်များက နိမိတ်မကောင်းဟု ယူဆနေပြီး  တရော်ကင်ပွန်းနှင့် ပြန်ဆေးရန် ကျပ်တစ်သိန်းစီကုမ္ပဏီက  ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။


ကုမ္ပဏီအချို့၏ မိုင်းခွဲမှု ကြောင့် ဖားကန့်မြို့နယ် လုံးခင်း  ကျေးရွာအုပ်စု မဇွပ်ယန်ကျေး ရွာရှိနေအိမ်အချို့အပေါ်လောက် စာလုံးသီးအရွယ်မှ လက်သီးဆုပ် အရွယ်ခန့်ရှိ ကျောက်ခဲများကျ ရောက်ခဲ့သည်။

‘‘အိမ်ဝင်းထဲကျတဲ့အတွက်  လဘ်မကောင်းဘူးလို့အယူရှိ တော့ တရော်ကင်ပွန်းဆေးဖို့တစ်  သိန်းစီပေးတာ။ ကျွန်တော့်အိမ် ဝင်းထဲလည်းကျပါတယ်။ ဒါပေမဲ့ ငွေမယူလိုက်ဘူး။ ကျွန်တော်က တော့ နောက်နောင်ခဲမကျဖို့ပြော လိုက်တယ်’’ ဟု မဇွပ်ယန်ကျေး ရွာဒေသခံတစ်ဦးကပြောသည်။

စက်တင်ဘာ ၂၀ ရက်က ဖြစ်ပွားသည့် အထက်ပါဖြစ်စဉ် တွင်မဇွပ်ယန်ကျေးရွာဒေသခံအ ချို့နှင့် ကုမ္ပဏီတာဝန်ရှိသူအချို့ စကားအချေတင်ဖြစ်ပြီး ညှိနှိုင်း ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ  အမည်နှင့် လိပ်စာကို 7 Day Daily သတင်းစာက မရရှိပေ။

ကျောက်ခဲကျသည့် အိမ် များအနက်လျော်ကြေးငွေကိုအိမ် ၁၁ အိမ်ကလက်ခံရယူသည်ဟု ဆိုသည်။

မဇွပ်ယန်ကျေးရွာအပြင်အ နီးရှိ ကျေးရွာများသည် ကျောက် စိမ်းကုမ္ပဏီများ၏ မိုင်းခွဲမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံ နှင့် မြေလွှာတုန်ခါမှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများနေ့စဉ် ရင် ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

‘‘ဒီမှာက ဥပဒေအရလုပ် မယ်ဆိုရင်လည်း ဒေသခံဘက်မှာ  ဘယ်သူမှမရှိဘူးလေ။ အခုလုပ် နေတဲ့နေရာကလုပ်ကွက်ကျထား  တယ်ကြားတော့ဘာမှပြောမရ ဘူး’’ ဟု လုံးခင်းကျေးရွာအုပ်စု ဒေသခံကိုဖိုးပွားကပြောသည်။

ကျောက်စိမ်းကုမ္ပဏီမိုင်း ခွဲနေသည့်နေရာတွင် မဇွပ်ယန် စာသင်ကျောင်းနှင့် နီးကပ်စွာရှိ နေပြီးကျောင်းတက်၊ ကျောင်း ဆင်းချိန်များ၌ မိုင်းမခွဲရန်ဒေသခံ များကတောင်းဆိုထားသည်။

ကုမ္ပဏီများ မိုင်းခွဲမှုသည် ဆိုးဆိုးရွားရွားဖြစ်နေပြီး ဒေသ တွင်းအုပ်ချုပ်ရေးတာဝန်ရှိသူများ  ကကြပ်ကြပ်မတ်မတ်ထိန်းသိမ်း ခြင်းမရှိကြောင်း ဖားကန့်မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ၊ အလုပ်အမှုဆောင်ဦးခင် မောင်ချင်းက ထောက်ပြသည်။

‘‘ကုမ္ပဏီတွေက နားလှည့် ပါးရိုက်နေတာဗျ။ ဒီအချိန်က ကျောက်စိမ်းတူးဖော်ခွင့်ရပ်ထား တဲ့အချိန်။ မြေစာပုံတွေက အန္တရာယ်ဖြစ်လာနိုင်ပါတယ်ဆို ပြီး အပေါ်ပိုင်းကို ဝိတ်လျှော့တဲ့ အနေနဲ့မိုင်းခွဲတာ။ အပေါ်ဝိတ်မှာ  က ကျောက်ကြောတွေရှိတယ်။  တရားမဝင်တာကို တရားဝင်ပုံစံ  သက်ဆိုင်ရာနဲ့ပေါင်းပြီးလုပ်စား တာ။ ဒါကမရိုးသားဘူးဗျ’’ ဟု ၎င်းကပြောသည်။

ကျောက်စိမ်းကုမ္ပဏီ မိုင်း ခွဲမှုကြောင့်မဇွပ်ယန်ကျေးရွာ၌  လတ်တလောဖြစ်ပွားနေသောအ ခြေအနေကို မကြာမီကာလအတွင်း သွားရောက်ကြည့်ရှုမည်ဖြစ်ပြီး ညှိနှိုင်းဆောင် ရွက်မည်ဟု ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top