ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ယမန္ေန႔ညက သထံုၿမိဳ႕မွာ ပိုက္ဆံအတုလုပ္ေနတဲ့ ေနရာတစ္ခုကို ရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္းဆီးရာ တရားခံ ၂ ဦးနဲ႔ အတူ အတုလုပ္ထားတဲ့ ပိုက္ဆံအေျမာက္အမ်ားကို ဖမ္းဆီးရမိလိုက္တယ္လုိ႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕က အတည္ျပဳေျပာပါတယ္။

သထံုၿမိဳ႕နယ္ လိပ္အင္းရပ္ကြက္အတြင္းက ေဒၚေဌးေဌး ဆိုသူရဲ႕ ေနအိမ္တစ္လံုးကို အသိသက္ေသေတြနဲ႔၀င္ေရာက္ဖမ္းဆီးရာမွာ တစ္ေသာင္းတန္ေငြစကၠဴအတုလုပ္ေနသူ ၂ ဦးနဲ႔ အတူ တစ္ေသာင္းတန္ပိုက္ဆံ အစစ္ ၃ ရြက္၊ အတုလုပ္ျပီးသားတစ္ေသာင္းတန္ ေငြစကၠဴအတု ၁၂၅၄၅ရြက္၊ တစ္ေသာင္းတန္ ေငြစကၠဴကို မိတၱဴတစ္ျခမ္းကူးထားတဲ့ A4 စာ႐ြက္ ၂၂၀ ႐ြက္၊ မိတၱဴ ၂ ဖက္ကူးထားတဲ့ A4 စာ႐ြက္ ၉ ႐ြက္၊ ကာလာပရင္တာ ၁ လုံး၊ MYANMAR စာတန္းပါမိုေလာင္းထားတဲ့ ခဲျပားကပ္ထားတဲ့ ဖိစက္ ၁ ခု၊ စကၠဴျဖတ္စက္ ၁ ခု၊ ပရင္တာေဆးရည္ ၄ ဗူး၊ ပလပ္စတစ္တိတ္ေခြ ၂ ေခြ၊ Safeguard ၁ ခု၊ မီးႀကိဳးေခြ ၁ ေခြ၊ ေပတံ ၁ ေခ်ာင္း၊ ေကာ္ဗူး ၃ ဗူး၊ ေရစာတံဆိပ္တုံး ၂ ခု၊ ခဲမို ၁ ခု၊ မွတ္ပုံတင္ ၁ ခု၊ ခါးပတ္အိတ္ ၁ လုံးနဲ့ ဖုန္း ၃ လုံးတို႔ဖမ္းဆီးရမိခဲ့တယ္လုိ႔ မြန္ျပည္နယ္ရဲတပ္ဖြဲ႕ကဆိုပါတယ္။

အဆုိပါဖမ္းဆီးရမိတဲ့ေငြစကၠဴအတု ေတြဟာ တစ္ေသာင္းတန္ေငြစကၠဴအစစ္ ၃ ရြက္ကို တုပျပီး နံပါတ္တူ အကၡရာတူေတြ ရိုက္ႏွိပ္ထားတာျဖစ္တယ္လို႔လည္းသိရပါတယ္။ျပည္နယ္ရဲတပ္ဖြဲ႕ရဲ႕အဆင့္ျမင့္ရဲအရာရွိၾကီးတစ္ဦးက “တရားခံ ၂ ဦးဖမ္းမိထားတယ္။ က်ားတစ္ဦးနဲ႔ မတစ္ဦး။ ဖမ္းထားတယ္ဆိုတာနဲ႔ အမႈဖြင့္ထားတယ္ဆိုတာဟုတ္ပါတယ္။ ဒါေပမဲ့ စီစစ္ေနတုန္းျဖစ္တဲ့အတြက္ ေနာက္ဆက္တြဲအလံုးစံုကိုေတာ့ မေျပာနုိင္ေသးပါဘူး” လို႔ ေပၚျပဴလာနယူးစ္ကိုေျပာပါတယ္။

ဖမ္းဆီးရမိထားတဲ့တရားခံ ၂ ဦး ကေတာ့ ေနအိမ္ကို လာေရာက္တည္းခိုျပီး ပိုက္ဆံအတုလုပ္ေနတဲ့ ေဇာ္မင္းနုိင္ ဆိုသူ နဲ႔ အိမ္ရွင္ေဒၚေဌးေဌးဆိုသူတုိ႔ပဲျဖစ္ပါတယ္။ေဇာ္မင္းနုိင္ဆိုသူဟာ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက အဆိုပါေနအိမ္ကိုေရာက္ရွိလာတာျဖစ္ျပီး ပိုက္ဆံအတုျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း၊ သူနု႔ဲအတူ ေနာက္ထပ္ပူးေပါင္းပါ၀င္တဲ့တရားခံတစ္ဦးရွိေသးေၾကာင္း၊ သူကေတာ့ အလံတရာေက်းရြာေန ဘိုေလး(နာမည္စီစစ္ဆဲ) ဆိုသူျဖစ္ေၾကာင္း သိရပါတယ္။ဒါေၾကာင့္ က်န္ရွိတဲ့တရားခံတစ္ဦးကို ဆက္လက္ဖမ္းဆီးနုိင္ေရးေဆာင္ရြက္ေနတယ္လုိ႔လည္း သထံုရဲတပ္ဖြဲ႕ကဆိုပါတယ္။

လက္ရွိဖမ္းဆီးရမိျပီးသား တရားခံ ၂ ဦးကို သထုံၿမိဳ႕နယ္ရဲစခန္း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သထံုရဲတပ္ဖြဲ႕က ဆိုပါတယ္။ျမန္မာနုိင္ငံအတြင္းကေနရာ အေတာ္မ်ားမ်ားမွာ တစ္ေသာင္းတန္ေငြစကၠဴအတုဖမ္းဆီးရမိမႈေတြ မၾကာခဏဆိုသလို ရွိေနျပီး အဆိုပါေငြစကၠဴေတြဟာ နယ္စပ္က ေန ပ်ံ႔ႏွံ႔လာတာျဖစ္ေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာနက သတင္းထုတ္ျပန္ခ်က္အခ်ဳိ႔မွာ ေဖာ္ျပခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popular news

#Unicode Version#

ယမန်နေ့ညက သထုံမြို့မှာ ပိုက်ဆံအတုလုပ်နေတဲ့ နေရာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားခံ ၂ ဦးနဲ့ အတူ အတုလုပ်ထားတဲ့ ပိုက်ဆံအမြောက်အများကို ဖမ်းဆီးရမိလိုက်တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။

သထုံမြို့နယ် လိပ်အင်းရပ်ကွက်အတွင်းက ဒေါ်ဌေးဌေး ဆိုသူရဲ့ နေအိမ်တစ်လုံးကို အသိသက်သေတွေနဲ့ဝင်ရောက်ဖမ်းဆီးရာမှာ တစ်သောင်းတန်ငွေစက္ကူအတုလုပ်နေသူ ၂ ဦးနဲ့ အတူ တစ်သောင်းတန်ပိုက်ဆံ အစစ် ၃ ရွက်၊ အတုလုပ်ပြီးသားတစ်သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ရွက်၊ တစ်သောင်းတန် ငွေစက္ကူကို မိတ္တူတစ်ခြမ်းကူးထားတဲ့ A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားတဲ့ A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါမိုလောင်းထားတဲ့ ခဲပြားကပ်ထားတဲ့ ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနဲ့ ဖုန်း ၃ လုံးတို့ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ကဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိတဲ့ငွေစက္ကူအတု တွေဟာ တစ်သောင်းတန်ငွေစက္ကူအစစ် ၃ ရွက်ကို တုပပြီး နံပါတ်တူ အက္ခရာတူတွေ ရိုက်နှိပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်နယ်ရဲတပ်ဖွဲ့ရဲ့အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက “တရားခံ ၂ ဦးဖမ်းမိထားတယ်။ ကျားတစ်ဦးနဲ့ မတစ်ဦး။ ဖမ်းထားတယ်ဆိုတာနဲ့ အမှုဖွင့်ထားတယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမဲ့ စီစစ်နေတုန်းဖြစ်တဲ့အတွက် နောက်ဆက်တွဲအလုံးစုံကိုတော့ မပြောနိုင်သေးပါဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့တရားခံ ၂ ဦး ကတော့ နေအိမ်ကို လာရောက်တည်းခိုပြီး ပိုက်ဆံအတုလုပ်နေတဲ့ ဇော်မင်းနိုင် ဆိုသူ နဲ့ အိမ်ရှင်ဒေါ်ဌေးဌေးဆိုသူတို့ပဲဖြစ်ပါတယ်။ဇော်မင်းနိုင်ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အဆိုပါနေအိမ်ကိုရောက်ရှိလာတာဖြစ်ပြီး ပိုက်ဆံအတုပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ သူနု့ဲအတူ နောက်ထပ်ပူးပေါင်းပါဝင်တဲ့တရားခံတစ်ဦးရှိသေးကြောင်း၊ သူကတော့ အလံတရာကျေးရွာနေ ဘိုလေး(နာမည်စီစစ်ဆဲ) ဆိုသူဖြစ်ကြောင်း သိရပါတယ်။ဒါကြောင့် ကျန်ရှိတဲ့တရားခံတစ်ဦးကို ဆက်လက်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့လည်း သထုံရဲတပ်ဖွဲ့ကဆိုပါတယ်။

လက်ရှိဖမ်းဆီးရမိပြီးသား တရားခံ ၂ ဦးကို သထုံမြို့နယ်ရဲစခန်း(ပ)၇၉၅/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သထုံရဲတပ်ဖွဲ့က ဆိုပါတယ်။မြန်မာနိုင်ငံအတွင်းကနေရာ အတော်များများမှာ တစ်သောင်းတန်ငွေစက္ကူအတုဖမ်းဆီးရမိမှုတွေ မကြာခဏဆိုသလို ရှိနေပြီး အဆိုပါငွေစက္ကူတွေဟာ နယ်စပ်က နေ ပျံ့နှံ့လာတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အချို့မှာ ဖော်ပြခဲ့ဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popular news
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top