×

ကမၻာ့က်န္းမာေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ ေသဆံုးျခင္း ေတာ္ေတာ္မ်ားမ်ားရဲ႕ အေၾကာင္းရင္းကေတာ့ ႏွလံုးနဲ႔ပတ္သက္တဲ့ ေရာဂါေတြေၾကာင့္ျဖစ္ပါတယ္။ ႏွလံုးနဲ႔ပတ္သက္တဲ့ ေရာဂါဘယေတြကို ကာကြယ္ခ်င္ရင္ေတာ့ အေကာင္းဆံုးက ငါးၾကီးဆီျဖစ္တယ္လို႔လည္း သိရပါတယ္။ ငါးၾကီးဆီမွာပါဝင္တဲ့ Omega-3 နဲ႔ Omega-6 တို႔ဟာ ႏွလံုးကိုအထူးက်န္းမာေစတဲ့အျပင္ ႏွလံုးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္လာႏႈန္းကိုလည္း ေလ်ာ့နည္းေစပါတယ္။ ေန႔စဥ္ပံုမွန္ငါးၾကီးဆီ မွီဝဲေပးျခင္းျဖင့္ ရရွိလာမယ့္ အံ့မခန္းအက်ိဳးေက်းဇူးေလးေတြကိုလည္း ဖတ္ၾကည့္လိုက္ပါဦး။

(၁) ငါးၾကီးဆီမွာပါဝင္တဲ့ Omega-3 နဲ႔ Omega – 6 တို႔ဟာ ႏွလံုးကိုအထူးက်န္းမာေစျပီး၊ ခႏၶာကိုယ္ထဲက ကိုလက္စေထာ ပမာဏကိုထိန္းညွိေပးပါတယ္။

(၂) ငါးၾကီးဆီမွာပါဝင္တဲ့ Omega-3 ဟာ ဦးေႏွာက္ေသြးေၾကာေတြကိုက်န္းမာ သန္စြမး္ေစျပီး မွတ္ဥာဏ္အားေကာင္းမြန္ေစပါတယ္။ အသက္ၾကီးလာတဲ့အခါျဖစ္တတ္တဲ့ သတိေမ့ေရာဂါေတြကိုလည္း တားဆီးကာကြယ္ေပးပါတယ္။
(၃) ငါးၾကီးဆီကိုပံုမွန္ေသာက္သံုးေပးျခငး္ျဖင့္ ကိုယ္ခံအားကို တိုးျမင့္ေစတာေၾကာင့္ ျပင္ပကေရာဂါေတြ၊ ဖ်ားနာျခငး္နဲ႔ ကူးစက္ေရာဂါေတြကို တားဆီးေပးပါတယ္။ ဒါ့အျပင္ အေမာခံႏိုင္ျပီး သက္လံုလည္းေကာင္းေစပါတယ္။
(၄) ငါးၾကီးဆီဟာ စိတ္ၾကည္လင္လန္းဆန္းေစႏိုင္တဲ့ အစြမး္ရွိတာေၾကာင့္ စိတ္ဖိစီးမႈဒဏ္ေတြကို ပိုျပီးခံႏိုင္ရည္ရွီေစပါတယ္။ စိတ္ပိုင္းဆိုင္ရာ ေရာဂါခံစားေနရတဲ့သူေတြမွာေတာင္ ေကာင္းမြန္တဲ့အက်ိဳးအာနိသင္ေတြကို ေပးစြမး္ႏိုင္ပါတယ္။

(၅) ငါးၾကီးဆီဟာ အျငမ္အာရံုကိုေကာငး္မြန္ေစျပီး မ်က္စိနဲ႔ပတ္သက္တဲ့ ေရာဂါေတြကို တားဆီးကာကြယ္ေပးႏိုင္ပါတယ္။
(၆) ငါးၾကီးဆီပံုမွန္ေသာက္သံုးေပးျခင္းျဖင့္ အေရးေၾကာင္းကင္းျပီး က်န္းမာလွပတဲ့ အသားအေရကိုပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
(၇) ငါးၾကီးဆီဟာ အစားစားခ်င္စိတ္ကို ေလ်ာ့နည္းေစျပီး ဗိုက္ျပည့္သလို ခံစားရေစပါတယ္။ ဒါေၾကာင့္ ပိန္ခ်င္တဲ့သူေတြ၊ ဝိတ္ေလွ်ာ့ေနတဲ့သူေတြနဲ႔ အထူးသင့္ေတာ္ပါတယ္။

(၈) ငါးၾကီးဆီဟာ ရင္သားကိုလညး္ ပိုမိုဖြံ႔ျဖိဳးေစႏိုင္တာေၾကာင့္ ရင္သားေသးတဲ့ သူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: tartay

#Unicode Version#
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးခြင်း တော်တော်များများရဲ့ အကြောင်းရင်းကတော့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကြောင့်ဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဘယတွေကို ကာကွယ်ချင်ရင်တော့ အကောင်းဆုံးက ငါးကြီးဆီဖြစ်တယ်လို့လည်း သိရပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 နဲ့ Omega-6 တို့ဟာ နှလုံးကိုအထူးကျန်းမာစေတဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနှုန်းကိုလည်း လျော့နည်းစေပါတယ်။ နေ့စဉ်ပုံမှန်ငါးကြီးဆီ မှီဝဲပေးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးလေးတွေကိုလည်း ဖတ်ကြည့်လိုက်ပါဦး။

(၁) ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 နဲ့ Omega – 6 တို့ဟာ နှလုံးကိုအထူးကျန်းမာစေပြီး၊ ခန္ဓာကိုယ်ထဲက ကိုလက်စထော ပမာဏကိုထိန်းညှိပေးပါတယ်။

(၂) ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 ဟာ ဦးနှောက်သွေးကြောတွေကိုကျန်းမာ သန်စွမ်းစေပြီး မှတ်ဉာဏ်အားကောင်းမွန်စေပါတယ်။ အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ သတိမေ့ရောဂါတွေကိုလည်း တားဆီးကာကွယ်ပေးပါတယ်။
(၃) ငါးကြီးဆီကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို တိုးမြင့်စေတာကြောင့် ပြင်ပကရောဂါတွေ၊ ဖျားနာခြင်းနဲ့ ကူးစက်ရောဂါတွေကို တားဆီးပေးပါတယ်။ ဒါ့အပြင် အမောခံနိုင်ပြီး သက်လုံလည်းကောင်းစေပါတယ်။
(၄) ငါးကြီးဆီဟာ စိတ်ကြည်လင်လန်းဆန်းစေနိုင်တဲ့ အစွမ်းရှိတာကြောင့် စိတ်ဖိစီးမှုဒဏ်တွေကို ပိုပြီးခံနိုင်ရည်ရှီစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရတဲ့သူတွေမှာတောင် ကောင်းမွန်တဲ့အကျိုးအာနိသင်တွေကို ပေးစွမ်းနိုင်ပါတယ်။

(၅) ငါးကြီးဆီဟာ အငြမ်အာရုံကိုကောင်းမွန်စေပြီး မျက်စိနဲ့ပတ်သက်တဲ့ ရောဂါတွေကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။
(၆) ငါးကြီးဆီပုံမှန်သောက်သုံးပေးခြင်းဖြင့် အရေးကြောင်းကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၇) ငါးကြီးဆီဟာ အစားစားချင်စိတ်ကို လျော့နည်းစေပြီး ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ ဒါကြောင့် ပိန်ချင်တဲ့သူတွေ၊ ဝိတ်လျှော့နေတဲ့သူတွေနဲ့ အထူးသင့်တော်ပါတယ်။

(၈) ငါးကြီးဆီဟာ ရင်သားကိုလည်း ပိုမိုဖွံ့ဖြိုးစေနိုင်တာကြောင့် ရင်သားသေးတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: tartay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top