ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အသက္(၃)ႏွစ္သာရွိေသးတဲ့ ကေလးမေလးတစ္ဦးဟာ ရထားစီးဖုိ႔ေစာင့္ဆုိင္းေနစဥ္ မေတာ္တဆမႈျဖစ္ပြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံ၊ Nanning မွာ ျဖစ္ခဲ့တာပါ။ ကေလးမေလးဟာ အဲဒီရထားေပၚကို မိခင္နဲ႔အတူ တက္ေရာက္ဖုိ႔ႀကိဳးစားစဥ္မွာ ပလတ္ေဖာင္းကေနေခ်ာ္ၿပီး ရထားသံလမ္းအတြင္းကို ျပဳတ္က်ခဲ့တာပါ။

ဘူတာကို ေရာက္ရွိေနၾကတဲ့ ခရီးသြားေတြနဲ႔ ရထားဝန္ထမ္းအခ်ိဳ႕ဟာ ေၾကာက္လန္႔တၾကား ငုိေနတဲ့ ကေလးမေလးကို သံလမ္းနဲ႔ရထားရဲ႕ၾကားကေန ဆြဲထုတ္ဖုိ႔ ႀကိဳးစားခဲ့ၾကပါတယ္။ ကေလးမေလးဟာ Nanning Railway Station ဘူတာကို ဆုိက္ေရာက္လာတဲ့ ရထားေအာက္ကို ျပဳတ္က်ခဲ့တာပါ။

ရထားက ဆုိက္ေရာက္ကာစ စက္ႏႈိးထားတဲ့ရထားျဖစ္ပါတယ္။ ရထားစက္ေခါင္းေမာင္းထံကိုလည္း ရထားမထြက္ေသးဖုိ႔ ဘူတာအာဏာပုိင္ေတြက အခ်ိန္မီ အမိန္႔ေပးႏုိင္ခဲ့ျခင္းက ကေလးမေလးရဲ႕ ကံၾကမၼာပါ။ မဟုတ္ရင္ ရထားက သူ ဘူတာမွာရပ္ဆုိင္းဖုိ႔ သတ္မွတ္ထားတဲ့ အခ်ိန္ေက်ာ္လြန္ပါက ရထားကို ဘူတာကေန ခုတ္ေမာင္းမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကေလးမေလးကို ကယ္ဆယ္ဖုိ႔ဆုိတာ အေတာ္ေလး ခက္ခက္ခဲခဲ ျဖစ္ခဲ့ၿပီး သူမရဲ႕လက္ကုိ လွမ္းဆြဲဖုိ႔ အေတာ္ေလး ႀကိဳးစားအားထုတ္ခဲ့ရပါတယ္။ မၾကာမီမွာပင္ အသည္းအသန္ငုိေနတဲ့ ကေလးမေလးကို ေအာင္ျမင္စြာ အေပၚကုိ ဆြဲထုတ္ႏုိင္ခဲ့ပါတယ္။ အနည္းငယ္ ပြန္းပဲ့ဒဏ္ရာကလြဲၿပီး သူမမွာ ဒဏ္ရာႀကီးႀကီးမားမား မရခဲ့ပါဘူး။ ကေလးမေလး ကံအလြန္ေကာင္းတယ္လုိ႔ အမ်ားက မွတ္ခ်က္ျပဳၾကပါတယ္။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းေဇာ္ကို (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၃)နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ဦးဟာ ရထားစီးဖို့စောင့်ဆိုင်းနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Nanning မှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးဟာ အဲဒီရထားပေါ်ကို မိခင်နဲ့အတူ တက်ရောက်ဖို့ကြိုးစားစဉ်မှာ ပလတ်ဖောင်းကနေချော်ပြီး ရထားသံလမ်းအတွင်းကို ပြုတ်ကျခဲ့တာပါ။

ဘူတာကို ရောက်ရှိနေကြတဲ့ ခရီးသွားတွေနဲ့ ရထားဝန်ထမ်းအချို့ဟာ ကြောက်လန့်တကြား ငိုနေတဲ့ ကလေးမလေးကို သံလမ်းနဲ့ရထားရဲ့ကြားကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကလေးမလေးဟာ Nanning Railway Station ဘူတာကို ဆိုက်ရောက်လာတဲ့ ရထားအောက်ကို ပြုတ်ကျခဲ့တာပါ။

ရထားက ဆိုက်ရောက်ကာစ စက်နှိုးထားတဲ့ရထားဖြစ်ပါတယ်။ ရထားစက်ခေါင်းမောင်းထံကိုလည်း ရထားမထွက်သေးဖို့ ဘူတာအာဏာပိုင်တွေက အချိန်မီ အမိန့်ပေးနိုင်ခဲ့ခြင်းက ကလေးမလေးရဲ့ ကံကြမ္မာပါ။ မဟုတ်ရင် ရထားက သူ ဘူတာမှာရပ်ဆိုင်းဖို့ သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပါက ရထားကို ဘူတာကနေ ခုတ်မောင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးမလေးကို ကယ်ဆယ်ဖို့ဆိုတာ အတော်လေး ခက်ခက်ခဲခဲ ဖြစ်ခဲ့ပြီး သူမရဲ့လက်ကို လှမ်းဆွဲဖို့ အတော်လေး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ မကြာမီမှာပင် အသည်းအသန်ငိုနေတဲ့ ကလေးမလေးကို အောင်မြင်စွာ အပေါ်ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အနည်းငယ် ပွန်းပဲ့ဒဏ်ရာကလွဲပြီး သူမမှာ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါဘူး။ ကလေးမလေး ကံအလွန်ကောင်းတယ်လို့ အများက မှတ်ချက်ပြုကြပါတယ်။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top