(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

က်ေနာ္ကေလးဘဝက ေကာင္းကင္ေပၚကလမင္းႀကီးကုိထုိင္ၾကည္႔ရင္း စိတ္ကူးထဲမွာအဲ႕ကုိသြားဖုိ႔ တံတားဆင္ခဲ႔ဖူးတယ္။ အရြယ္ေရာက္လာေတာ႔မွ သိလုိက္တာ လဆုိတာ ကမာၻနဲ႔ေတာ္ရုံတန္႐ုံေဝးတာ မဟုတ္ပါလားလုိ႔ေပါ႔။ က်ေနာ႔စိတ္ကူးကုိက်ေနာ္မျဖစ္ႏုိင္ေတာ႔ဘူးလုိ႔ ထင္ခဲ႔မိတာေပါ႔။ ခုေတာ႔ ဂ်ပန္ႏုိင္ငံဟာ အာကာသကုိသြားဖုိ႔ ဓါတ္ေလွကားေတာင္တည္ေဆာက္ဖုိ႔ရွိေနပါတယ္။


ဂ်ပန္သတင္းစာ The Mainichi Shimbun ရဲ႕ရီပုိ႔တခုမွာ ရွီဇုကတကၠသုိလ္ကအဖြဲ႕တဖြဲ႕ဟာ ကမာၻကေနအျပည္ျပည္ဆုိင္ရာအာကာသစခန္း (International Space Station – ISS) ကုိဓါတ္ေလွကားဆင္ဖုိ႔စိတ္ကူးကုိ အေကာင္အထည္ေဖာ္ေနပါတယ္။ ဒီဓါတ္ေလွကားကုိ ကာဗြန္နာႏုိပုိက္ေတြနဲ႔ျပဳလုပ္ထားတဲ႔ အလြန္ခုိင္ခန္႔တဲ႔ေကဘယ္ႀကိဳးနဲ႔ျပဳလုပ္ဖုိ႔ ဒီဇုိင္းဆြဲထားပါတယ္။ ဒီဓါတ္ေလွကားမွာ ဓါတ္ေလွကားအိမ္ (၆) ခုပါဝင္ၿပီးစုစုေပါင္းအရွည္ ၅၉ ေပနဲ႔အက်ယ္ကေတာ႔ ၂၃.၆ ေပရွိမွာပါ။ သူ႕ရဲ႕အျမန္ႏႈန္းကေတာ႔ ခန္႔မွန္းေျခတနာရီကုိ ၁၂၄ မုိင္ႏႈန္းသြားႏုိင္မွာပါ။


ကမာၻကေန ISS ကုိေရာက္ဖုိ႔ဆုိရင္ (၈) ရက္ေလာက္ေတာ႔ၾကာမွာပါ။ ဒီအဖြဲ႕ဟာ ၂၀၅၀ ခုႏွစ္မွာ လူေတြကုန္ပစၥည္းေတြကုိ ကမာၻကေန ISS ကုိပုိ႔ေဆာင္ႏုိင္ဖုိ႔ပစ္မွတ္ထားေနပါတယ္။ ဒီေကဘယ္ႀကိဳးရဲ႕အရွည္ဟာစုစုေပါင္း မုိင္ေျခာက္ေသာင္းေလာက္ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။ ဒါေတြအားလုံးေဆာက္လုပ္ၿပီးစီးဖုိ႔ဆုိရင္ေတာ႔ ခန္႔မွန္းေျခ ေဒၚလာဘီလီယံ ၉၀ ေလာက္ကုန္က်လိမ္႔မယ္လုိ႔သိရပါတယ္။ ဒါေၾကာင္႔ အာကာသယာဥ္မွဴးေတြနဲ႔အျခားပညာရွင္ေတြအေနနဲ႔ အာကာသကုိထြက္ခြာဖုိ႔ ဒုံးပ်ံစီးတဲ႔နည္းလမ္းအျပင္ ခုလုိဓါတ္ေလွကားစီးတဲ႔နည္းလမ္းကုိပါ အသုံးျပဳႏုိင္ေတာ႔မွာပါ။


ခုဆုိရင္ဒီအဖြဲ႕ဟာ အငယ္စားေမာ္ဒယ္တခု တည္ေဆာက္ဖုိ႔ စီစဥ္ေနပါတယ္။ သူတုိ႔ရဲ႕ေမာ္ဒယ္အတြက္ ISS ကအေသးစားၿဂိဳလ္တုႏွစ္ခုလုိမွာပါ။ အဲ႔ၿဂိဳလ္တုႏွစ္ခုကုိ ေပ ၃၀ ခန္႔ရွိတဲ႔ စတီးေကဘယ္တေခ်ာင္းနဲ႔ဆက္ၿပီး ဓါတ္ေလွကားအိမ္တခု အစမ္းေျပးဆြဲေစမွာပါ။

သက္ဦးေအာင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ကျနော်ကလေးဘဝက ကောင်းကင်ပေါ်ကလမင်းကြီးကိုထိုင်ကြည့်ရင်း စိတ်ကူးထဲမှာအဲ့ကိုသွားဖို့ တံတားဆင်ခဲ့ဖူးတယ်။ အရွယ်ရောက်လာတော့မှ သိလိုက်တာ လဆိုတာ ကမ္ဘာနဲ့တော်ရုံတန်ရုံဝေးတာ မဟုတ်ပါလားလို့ပေါ့။ ကျနော့စိတ်ကူးကိုကျနော်မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့မိတာပေါ့။ ခုတော့ ဂျပန်နိုင်ငံဟာ အာကာသကိုသွားဖို့ ဓါတ်လှေကားတောင်တည်ဆောက်ဖို့ရှိနေပါတယ်။

ဂျပန်သတင်းစာ The Mainichi Shimbun ရဲ့ရီပို့တခုမှာ ရှီဇုကတက္ကသိုလ်ကအဖွဲ့တဖွဲ့ဟာ ကမ္ဘာကနေအပြည်ပြည်ဆိုင်ရာအာကာသစခန်း (International Space Station – ISS) ကိုဓါတ်လှေကားဆင်ဖို့စိတ်ကူးကို အကောင်အထည်ဖော်နေပါတယ်။ ဒီဓါတ်လှေကားကို ကာဗွန်နာနိုပိုက်တွေနဲ့ပြုလုပ်ထားတဲ့ အလွန်ခိုင်ခန့်တဲ့ကေဘယ်ကြိုးနဲ့ပြုလုပ်ဖို့ ဒီဇိုင်းဆွဲထားပါတယ်။ ဒီဓါတ်လှေကားမှာ ဓါတ်လှေကားအိမ် (၆) ခုပါဝင်ပြီးစုစုပေါင်းအရှည် ၅၉ ပေနဲ့အကျယ်ကတော့ ၂၃.၆ ပေရှိမှာပါ။ သူ့ရဲ့အမြန်နှုန်းကတော့ ခန့်မှန်းခြေတနာရီကို ၁၂၄ မိုင်နှုန်းသွားနိုင်မှာပါ။

ကမ္ဘာကနေ ISS ကိုရောက်ဖို့ဆိုရင် (၈) ရက်လောက်တော့ကြာမှာပါ။ ဒီအဖွဲ့ဟာ ၂၀၅၀ ခုနှစ်မှာ လူတွေကုန်ပစ္စည်းတွေကို ကမ္ဘာကနေ ISS ကိုပို့ဆောင်နိုင်ဖို့ပစ်မှတ်ထားနေပါတယ်။ ဒီကေဘယ်ကြိုးရဲ့အရှည်ဟာစုစုပေါင်း မိုင်ခြောက်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါတွေအားလုံးဆောက်လုပ်ပြီးစီးဖို့ဆိုရင်တော့ ခန့်မှန်းခြေ ဒေါ်လာဘီလီယံ ၉၀ လောက်ကုန်ကျလိမ့်မယ်လို့သိရပါတယ်။ ဒါကြောင့် အာကာသယာဉ်မှူးတွေနဲ့အခြားပညာရှင်တွေအနေနဲ့ အာကာသကိုထွက်ခွာဖို့ ဒုံးပျံစီးတဲ့နည်းလမ်းအပြင် ခုလိုဓါတ်လှေကားစီးတဲ့နည်းလမ်းကိုပါ အသုံးပြုနိုင်တော့မှာပါ။

ခုဆိုရင်ဒီအဖွဲ့ဟာ အငယ်စားမော်ဒယ်တခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့မော်ဒယ်အတွက် ISS ကအသေးစားဂြိုလ်တုနှစ်ခုလိုမှာပါ။ အဲ့ဂြိုလ်တုနှစ်ခုကို ပေ ၃၀ ခန့်ရှိတဲ့ စတီးကေဘယ်တချောင်းနဲ့ဆက်ပြီး ဓါတ်လှေကားအိမ်တခု အစမ်းပြေးဆွဲစေမှာပါ။

သက်ဦးအောင်
ဖိုးသူတော် (www.phothutaw.com)
Credit:MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top