(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ပရိသတ္ႀကီးေရ မင္းသမီးေလး ပိုးၾကာျဖဴခင္ကေတာ့ လတ္တေလာမွာ ထုတ္လႊင့္ျပသခဲ့တဲ့ “မိုးေကာင္းကင္ အိပ္မက္ ” ဇာတ္လမ္းတြဲေလးရဲ႕ ေခါင္းေဆာင္မင္းသမီးေလးပဲ ျဖစ္ပါတယ္။ နက္ေမွာင္ေတာက္ပတဲ့ ဆံႏြယ္ရွည္ေလးေတြနဲ႕ ရိုးရိုးေလးလွတဲ့ သူမကို ပရိသတ္ေတြက ဆိုင္းမိုင္ဆိုတဲ့နာမည္ေလးနဲ႕အတူ တစ္ခဲနက္ အားေပးခ်စ္ခင္ေနၾကတာ ျဖစ္ပါတယ္။ ေအးခ်မ္းသာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ ပိုးက ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ သူမအခ်စ္ဆုံးလူတစ္ေယာက္ကို ဆုံးရႈံးခဲ့ရပါတယ္။

စက္တင္ဘာလ ၁၇ရက္ေန႕ကေတာ့ “မိုးေကာင္းကင္ အိပ္မက္ ” ဇာတ္လမ္းတြဲေလးကို MRTV -4 မွာ ထုတ္လႊင့္ျပသတဲ့ ေနာက္ဆုံးေန႕ေလးပဲ ျဖစ္ပါတယ္။ ဒီေန႕ေလးမွာ ပိုးက သူမရဲ႕ ေအာင္ျမင္မႈအေပၚ သိပ္ဂုဏ္ယူတဲ့ ခ်စ္ေဖေဖက ဆုံးပါးသြားခဲ့တာ ျဖစ္ပါတယ္။ ပိုးက သားသမီးေတြအတြက္ အၿမဲကာကြယ္ေစာင့္ေရွာက္ေပးတဲ့ သူမရဲ႕ေဖေဖတစ္ေယာက္ စိတ္သေဘာထား ျဖဴစင္တာေၾကာင့္ ေကာင္းရာဘဝေရာက္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ဝမ္းနည္းေၾကကြဲမႈေတြကေတာ့ ေျဖမသိမ့္နိုင္ေလာက္ေအာင္ ခံစားေနရတာပဲ ျဖစ္ပါတယ္။

မိသားစုမွာအႀကီးဆုံးျဖစ္တဲ့ သူမက အေဖျဖစ္ခ်င္တဲ့ ဆႏၵေတြကို ႏွစ္ဆႀကိဳးစားမယ္လို႔ ခံယူရင္း အငိုမ်က္လုံးအၿပဳံးမ်က္ႏွာနဲ႕ ျဖတ္သန္းေနရတာ ေတြ႕ရပါတယ္။ ပိုးက အားတင္းၿပီးၿပဳံးေနရေပမယ့္ သူမရဲ႕ရင္ထဲကပူေလာင္တဲ့ ခံစားခ်က္ေတြကိုေတာ့ “လူေတြမျမင္ေအာင္ ဝမ္းနည္းစိတ္ေတြကို အၿပဳံးနဲ႕ ဖုံးထားတယ္ ငါလဲ လူပဲ စိတ္လြတ္ၿပီး ေအာ္ငိုပစ္လိုက္ခ်င္ေပမဲ့ အငယ္ေတြေရွ႕မွာ သူတို႔စိတ္ဓါတ္က်မွာ ဆိုးလို႔ အားတင္းၿပီး ဟန္ေဆာင္ထားရတာ ငိုေနရတာထက္ပို ပင္ပန္းတယ္ ဖခင္မဲ့သြားတဲ့ သမီးတစ္ေယာက္ရဲ႕ ဘဝက သိပ္ကို အားငယ္စရာေကာင္းတယ္ ” ဆိုၿပီး ရင္ဖြင့္ထားခဲ့ပါတယ္။ ကဲ ပိုးကိုခ်စ္တဲ့ပရိသတ္ေတြလည္း အားေပးစကားေလးကို ေျပာေပးခဲ့ၾကဖို႔ ေတာင္းဆိုပါတယ္ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Poe Kyar Phyu Khin

#Unicode Version#
ပရိသတ်ကြီးရေ မင်းသမီးလေး ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မိုးကောင်းကင် အိပ်မက် ” ဇာတ်လမ်းတွဲလေးရဲ့ ခေါင်းဆောင်မင်းသမီးလေးပဲ ဖြစ်ပါတယ်။ နက်မှောင်တောက်ပတဲ့ ဆံနွယ်ရှည်လေးတွေနဲ့ ရိုးရိုးလေးလှတဲ့ သူမကို ပရိသတ်တွေက ဆိုင်းမိုင်ဆိုတဲ့နာမည်လေးနဲ့အတူ တစ်ခဲနက် အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ပိုးက ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သူမအချစ်ဆုံးလူတစ်ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။

စက်တင်ဘာလ ၁၇ရက်နေ့ကတော့ “မိုးကောင်းကင် အိပ်မက် ” ဇာတ်လမ်းတွဲလေးကို MRTV -4 မှာ ထုတ်လွှင့်ပြသတဲ့ နောက်ဆုံးနေ့လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ပိုးက သူမရဲ့ အောင်မြင်မှုအပေါ် သိပ်ဂုဏ်ယူတဲ့ ချစ်ဖေဖေက ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ပိုးက သားသမီးတွေအတွက် အမြဲကာကွယ်စောင့်ရှောက်ပေးတဲ့ သူမရဲ့ဖေဖေတစ်ယောက် စိတ်သဘောထား ဖြူစင်တာကြောင့် ကောင်းရာဘဝရောက်မယ်လို့ ယုံကြည်နေပေမယ့်လည်း ဝမ်းနည်းကြေကွဲမှုတွေကတော့ ဖြေမသိမ့်နိုင်လောက်အောင် ခံစားနေရတာပဲ ဖြစ်ပါတယ်။

မိသားစုမှာအကြီးဆုံးဖြစ်တဲ့ သူမက အဖေဖြစ်ချင်တဲ့ ဆန္ဒတွေကို နှစ်ဆကြိုးစားမယ်လို့ ခံယူရင်း အငိုမျက်လုံးအပြုံးမျက်နှာနဲ့ ဖြတ်သန်းနေရတာ တွေ့ရပါတယ်။ ပိုးက အားတင်းပြီးပြုံးနေရပေမယ့် သူမရဲ့ရင်ထဲကပူလောင်တဲ့ ခံစားချက်တွေကိုတော့ “လူတွေမမြင်အောင် ဝမ်းနည်းစိတ်တွေကို အပြုံးနဲ့ ဖုံးထားတယ် ငါလဲ လူပဲ စိတ်လွတ်ပြီး အော်ငိုပစ်လိုက်ချင်ပေမဲ့ အငယ်တွေရှေ့မှာ သူတို့စိတ်ဓါတ်ကျမှာ ဆိုးလို့ အားတင်းပြီး ဟန်ဆောင်ထားရတာ ငိုနေရတာထက်ပို ပင်ပန်းတယ် ဖခင်မဲ့သွားတဲ့ သမီးတစ်ယောက်ရဲ့ ဘဝက သိပ်ကို အားငယ်စရာကောင်းတယ် ” ဆိုပြီး ရင်ဖွင့်ထားခဲ့ပါတယ်။ ကဲ ပိုးကိုချစ်တဲ့ပရိသတ်တွေလည်း အားပေးစကားလေးကို ပြောပေးခဲ့ကြဖို့ တောင်းဆိုပါတယ်နော်


ဖိုးသူတော် (www.phothutaw.com)
Credit:Poe Kyar Phyu Khin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top