ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယူနီဆက္ကေန ျပဳလုပ္တဲ့ စစ္တမ္းတစ္ခုမွာ ကင္ညာကဲ့သုိ႔ေသာ ႏုိင္ငံမ်ိဳးမွာေနထုိင္တဲ့ လုံမပ်ိဳေတြဟာ လစဥ္သုံးဂြမ္းထုပ္ေတြ အသုံးျပဳရဖုိ႔အေရး သူတုိ႔တစ္ေတြရဲ႕ အရွက္နဲ႔လဲလွယ္ေနရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ လူတုိင္းတက္ႏုိင္တဲ့ လစဥ္သုံးဂြမ္းထုပ္အတြက္ အပ်ိဳစင္ဘဝကို ေပးဆပ္ရတယ္ဆုိတာ တကယ္မသိသူေတြအဖုိ႔ လက္ခံႏုိင္စရာ မရွိပါဘူး။

ဘာေၾကာင့္ဆုိေတာ့ ကၽြန္ေတာ္တုိ႔ မ်က္ျမင္မွာပင္ လစဥ္သုံးဂြမ္းထုတ္လုိ အမ်ိဳးသမီးအသုံးအေဆာင္ပစၥည္းေတြ အဖုိးနည္းနည္းနဲ႔ အလြယ္တကူ ရႏုိင္ပါတယ္။ ဒါေပမယ့္ ကင္ညာလုိႏုိင္ငံမွာေတာ့ ကုန္ပစၥည္းေတြ ေစ်းကြက္အတြင္း တင္သြင္းျဖန္႔ခ်ိမႈကို ေငြေၾကးတက္ႏုိင္သူေတြက ခ်ဳပ္ကိုင္ထားပါတယ္။

ဒါေၾကာင့္လည္း ယူနီဆက္ကေန ထုတ္ျပန္တဲ့ စစ္တမ္းထဲမွာ ကင္ညာႏုိင္ငံ၊ ကီဘာရာမွာေနထုိင္တဲ့ ဆင္းရဲႏြမ္းပါးသူ အမ်ိဳးသမီး (၆၅)%အထိဟာ လစဥ္သုံးဂြမ္းထုပ္ရဖုိ႔အတြက္ သူမတုိ႔ရဲ႕ လိင္ပုိင္းဆုိင္ရာ ေဖ်ာ္ေျဖမႈနဲ႔ လဲလွယ္ေနရတယ္လုိ႔ ေဖာ္ျပထားပါတယ္။

အဆုိပါေဒသကေတာ့ ဆင္းရဲႏြမ္းပါးသူ အမ်ားဆုံးထူထပ္ရာေနထုိင္တဲ့ ေဒသျဖစ္ၿပီး အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ထုတ္ကုန္ပစၥည္းတစ္ခုခုရဖုိ႔အတြက္ အသက္ႀကီးႀကီးအမ်ိဳးသားေတြထံ လိင္ပိုင္းဆုိင္ရာ အသုံးေတာ္ခံေနရပါတယ္။ ကင္ညာအမ်ိဳးသမီး (၄၂)%ဟာ အမ်ိဳးသမီးက်န္းမာေရးဆုိင္ရာ အသုံးအေဆာင္ေတြရရွိဖုိ႔ အလွမ္းေဝးေနတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ကင္ညာေက်ာင္းသူ (၂၂)%ကေတာ့ ၎တုိ႔ကုိယ္တုိင္ အမ်ိဳးသမီးအသုံးအေဆာင္ေတြကို ဝယ္ယူေနရတယ္လုိ႔ သိရပါတယ္။ Unicef Kenya chief of Water, Sanitation and Hygiene အႀကီးအကဲ Andrew Trevett အဆုိအရ ကေလးမေလးေတြဟာ အမ်ိဳးသမီးလစဥ္သုံးပစၥည္းေတြရဖုိ႔ Boda Boda ေမာင္းသမားေတြ (ဆုိင္ကယ္တကၠစီသမားေတြ)ထံ လိင္ပိုင္းဆုိင္ရာကိစၥရပ္ေတြနဲ႔ အေၾကာင္းျပခ်က္ (၂)မ်ိဳးနဲ႔ အလဲအလွယ္လုပ္ေနရတယ္လုိ႔ ဆုိပါတယ္။

Andrew က ” ပထမအခ်က္က သိပ္ကိုဆင္းရဲလုိ႔ေပါ့ … တစ္ခ်ိဳ႕ဆုိ ဒါေလးကိုဝယ္ဖုိ႔ ပိုက္ဆံမရွိရွာၾကပါဘူး … ဒုတိယအခ်က္ကေတာ့ အဂတိလုိက္စားမႈေအာက္ကို ေရာက္ေနတဲ့ ျဖန္႔ခ်ိေရးစနစ္ေၾကာင့္ေပါ့ … ေက်းရြာေတာ္ေတာ္မ်ားမ်ားမွာ ဒီလုိ အမ်ိဳးသမီးအသုံးအေဆာင္ ပစၥည္းေတြရဖုိ႔ဆုိတာ အေတာ္ေလး ခဲယဥ္းပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ယူနီဆက်ကနေ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ ကင်ညာကဲ့သို့သော နိုင်ငံမျိုးမှာနေထိုင်တဲ့ လုံမပျိုတွေဟာ လစဉ်သုံးဂွမ်းထုပ်တွေ အသုံးပြုရဖို့အရေး သူတို့တစ်တွေရဲ့ အရှက်နဲ့လဲလှယ်နေရတယ်လို့ ဖော်ပြထားပါတယ်။ လူတိုင်းတက်နိုင်တဲ့ လစဉ်သုံးဂွမ်းထုပ်အတွက် အပျိုစင်ဘဝကို ပေးဆပ်ရတယ်ဆိုတာ တကယ်မသိသူတွေအဖို့ လက်ခံနိုင်စရာ မရှိပါဘူး။

ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မျက်မြင်မှာပင် လစဉ်သုံးဂွမ်းထုတ်လို အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ အဖိုးနည်းနည်းနဲ့ အလွယ်တကူ ရနိုင်ပါတယ်။ ဒါပေမယ့် ကင်ညာလိုနိုင်ငံမှာတော့ ကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိမှုကို ငွေကြေးတက်နိုင်သူတွေက ချုပ်ကိုင်ထားပါတယ်။

ဒါကြောင့်လည်း ယူနီဆက်ကနေ ထုတ်ပြန်တဲ့ စစ်တမ်းထဲမှာ ကင်ညာနိုင်ငံ၊ ကီဘာရာမှာနေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူ အမျိုးသမီး (၆၅)%အထိဟာ လစဉ်သုံးဂွမ်းထုပ်ရဖို့အတွက် သူမတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုနဲ့ လဲလှယ်နေရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါဒေသကတော့ ဆင်းရဲနွမ်းပါးသူ အများဆုံးထူထပ်ရာနေထိုင်တဲ့ ဒေသဖြစ်ပြီး အမျိုးသမီးတော်တော်များများဟာ ထုတ်ကုန်ပစ္စည်းတစ်ခုခုရဖို့အတွက် အသက်ကြီးကြီးအမျိုးသားတွေထံ လိင်ပိုင်းဆိုင်ရာ အသုံးတော်ခံနေရပါတယ်။ ကင်ညာအမျိုးသမီး (၄၂)%ဟာ အမျိုးသမီးကျန်းမာရေးဆိုင်ရာ အသုံးအဆောင်တွေရရှိဖို့ အလှမ်းဝေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကင်ညာကျောင်းသူ (၂၂)%ကတော့ ၎င်းတို့ကိုယ်တိုင် အမျိုးသမီးအသုံးအဆောင်တွေကို ဝယ်ယူနေရတယ်လို့ သိရပါတယ်။ Unicef Kenya chief of Water, Sanitation and Hygiene အကြီးအကဲ Andrew Trevett အဆိုအရ ကလေးမလေးတွေဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေရဖို့ Boda Boda မောင်းသမားတွေ (ဆိုင်ကယ်တက္ကစီသမားတွေ)ထံ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ အကြောင်းပြချက် (၂)မျိုးနဲ့ အလဲအလှယ်လုပ်နေရတယ်လို့ ဆိုပါတယ်။

Andrew က ” ပထမအချက်က သိပ်ကိုဆင်းရဲလို့ပေါ့ … တစ်ချို့ဆို ဒါလေးကိုဝယ်ဖို့ ပိုက်ဆံမရှိရှာကြပါဘူး … ဒုတိယအချက်ကတော့ အဂတိလိုက်စားမှုအောက်ကို ရောက်နေတဲ့ ဖြန့်ချိရေးစနစ်ကြောင့်ပေါ့ … ကျေးရွာတော်တော်များများမှာ ဒီလို အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေရဖို့ဆိုတာ အတော်လေး ခဲယဉ်းပါတယ် “လို့ ပြောခဲ့ပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top