iMyanmarHouse.com - Best Property Website for Myanmar
×

 ❋ အုန္းပင္ေပၚက အုန္းသီးေပၚမွာ
ငွက္လည္း နားေနတယ္ အိမ္ေျမာင္လည္း နားေနတယ္။

❋ အုန္းသီးလည္း ေၾကြေ႐ာ
ငွက္က အေတာင္ပံခတ္ ပ်ံျပီး
ေနာက္တစ္ကိုင္းေပၚ နားႏိုင္တယ္။

❋ အိမ္ေျမာင္ကေတာ့ အုန္းသီးနဲ႔အတူ
ပါသြားျပီး ေအာက္ကိုျပဳတ္က်ေသ႐သလိုပဲ •••

❋ ဒါနနဲ႔ နတ္ျပည္ေ႐ာက္တဲ႔ နတ္တြ႐ွိတယ္။
သီလနဲ႔ နတ္ျပည္ေ႐ာက္တဲ႔ နတ္ေတြ႐ွိတယ္။
ဝိပႆနာနဲ႔ ေ႐ာက္တဲ႔ အ႐ိယာနတ္ေတြ႐ွိတယ္။

❋ သက္တမ္းကုန္ေတာ့
ဒါန သီလနဲ႔ လာတဲ႔နတ္ေတြက
အပါယ္ျပန္က်ကုန္တယ္။ ကံလမ္းကိုး။

❋ ေသာတာပန္ အ႐ိယာနတ္ေတြကေတာ့
ေအာက္ကို မလာေတာ့ဘူး။
ဘုံစဥ္စံျပီး နိဗၺာန္ဝင္ၾကတယ္။
ဥာဏ္လမ္းကြဲ႔။ အနိမ့္ဆံုး ေသာတာပန္
ျဖစ္႐င္ကို ေလာကမွာ ေနေပ်ာ္ေသေပ်ာ္ျပီ။
ေပါ့ေပါ့ေလးနဲ႔ေတာ့ မ႐ဘူး။
ေဝဒနာ ေက်းဇူး႐ွင္, ခႏၶာနဲ႔႐င္းမွ႐တယ္။

❋ တ႐ားက အင္မတန္ ခ်မ္းသာတာ။
တ႐ားခ်မ္းသာထက္ ခ်မ္းသာတာ
ေလာကမွာ မ႐ွိဘူး။
အင္မတန္အဖိုးတန္တဲ႔ လူ႕ဘဝကို ႐ေနၾကတာေနာ္,
လူေတြမသိၾကလို႔ မက်င့္ၾကတာ။
ေသခါနီးမွ ေနာင္တ႐ၾကတယ္။
အင္မတန္ သနားစ႐ာေကာင္းတယ္။

【ျပည္ ဝိေဇၨာဒယ(သဲအင္း)ဆ႐ာေတာ္ဘုရား】

❁ အပၸမာေဒန သမၼာေဒထ ✍
❀ရႊင္လန္း❀ခ်မ္းေၿမ့❀ပါေစ❀
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 ❋ အုန်းပင်ပေါ်က အုန်းသီးပေါ်မှာ
ငှက်လည်း နားနေတယ် အိမ်မြောင်လည်း နားနေတယ်။

❋ အုန်းသီးလည်း ကြွေရော
ငှက်က အတောင်ပံခတ် ပျံပြီး
နောက်တစ်ကိုင်းပေါ် နားနိုင်တယ်။

❋ အိမ်မြောင်ကတော့ အုန်းသီးနဲ့အတူ
ပါသွားပြီး အောက်ကိုပြုတ်ကျသေရသလိုပဲ •••

❋ ဒါနနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွရှိတယ်။
သီလနဲ့ နတ်ပြည်ရောက်တဲ့ နတ်တွေရှိတယ်။
ဝိပဿနာနဲ့ ရောက်တဲ့ အရိယာနတ်တွေရှိတယ်။

❋ သက်တမ်းကုန်တော့
ဒါန သီလနဲ့ လာတဲ့နတ်တွေက
အပါယ်ပြန်ကျကုန်တယ်။ ကံလမ်းကိုး။

❋ သောတာပန် အရိယာနတ်တွေကတော့
အောက်ကို မလာတော့ဘူး။
ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်ကြတယ်။
ဉာဏ်လမ်းကွဲ့။ အနိမ့်ဆုံး သောတာပန်
ဖြစ်ရင်ကို လောကမှာ နေပျော်သေပျော်ပြီ။
ပေါ့ပေါ့လေးနဲ့တော့ မရဘူး။
ဝေဒနာ ကျေးဇူးရှင်, ခန္ဓာနဲ့ရင်းမှရတယ်။

❋ တရားက အင်မတန် ချမ်းသာတာ။
တရားချမ်းသာထက် ချမ်းသာတာ
လောကမှာ မရှိဘူး။
အင်မတန်အဖိုးတန်တဲ့ လူ့ဘဝကို ရနေကြတာနော်,
လူတွေမသိကြလို့ မကျင့်ကြတာ။
သေခါနီးမှ နောင်တရကြတယ်။
အင်မတန် သနားစရာကောင်းတယ်။

【ပြည် ဝိဇ္ဇောဒယ(သဲအင်း)ဆရာတော်ဘုရား】

❁ အပ္ပမာဒေန သမ္မာဒေထ ✍
❀ရွှင်လန်း❀ချမ်းမြေ့❀ပါစေ❀
ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top