ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×













Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းခွင်တွင် မြန်မာရေလုပ်သားတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

ထိုင်းနိုင်ငံ၌ အလျင် အမြန်လိုအပ်နေသော ရေလုပ် သားများဖြည့်ဆည်းနိုင်ရန် ယနေ့ တွင်ရနောင်းမြို့၌ လက်ခံရေး စင်တာဖွင့်လှစ်၍ ပထမဆုံး အသုတ် စတင်ခေါ်ဆောင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ  ဦးဆန်းမောင်ဦးက ပြောသည်။

မြန်မာ ရေလုပ်သားများ လက်ခံရေးစခန်းဖွင့်ပွဲသို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးသိန်းဆွေလာ ရောက်မည်ဖြစ်ကြောင်း ဦးဆန်း မောင်ဦးက ပြောသည်။

‘‘ဝန်ကြီးလည်းလာမှာပေါ့။  စဖွင့်တဲ့နေ့မှာရေလုပ်သားတွေ ဆယ်ဂဏန်းလောက်စခေါ်သွား မယ်’’ ဟု ၎င်းကဆက်လက်ပြော သည်။

ထို့အပြင် မြန်မာရေလုပ် သားများပို့ဆောင်မှုနှင့် ထိုင်း ရောက်မြန်မာလုပ်သားများအ  ရေးဆွေးနွေးအကြံပြုရန် စက် တင်ဘာ ၂၂ ရက်တွင်ပြည်ထောင် စုဝန်ကြီးက ထိုင်းရောက်မြန်မာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်တွင် လည်းထိုင်းနိုင်ငံအလုပ်သမားဝန် ကြီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးဆန်းမောင်ဦးက ပြောသည်။

ထို့အပြင်လက်ရှိအလုပ် လုပ်ကိုင်နေသောရေလုပ်သား များကို တရားဝင်ဖြစ်ရေးနှင့် အ လုပ်ရှင်နှင့် အလုပ်နေရာမှန်ဖြစ် ရေး ကြိုးစားဆောင်ရွက်နေ ကြောင်း သံအရာရှိကဆိုသည်။

‘‘ဝန်ကြီးက မြန်မာအဖွဲ့အ စည်းတွေနဲ့တွေ့ဆုံဖို့ဖိတ်ခေါ် ထားတယ်။ ကျွန်တော်တို့ကတော့  ထိုင်းမှာ မြန်မာအလုပ်သမားတွေ ရဲ့အခက်အခဲတွေ၊ဆောင်ရွက် ပေးစေချင်တာတွေကို တင်ပြမှာ ပါ’’ ဟု မဲဆောက်မြို့အခြေစိုက်  ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမား ကွန်ရက် (MMNT)အထွေထွေအတွင်းရေး မှူး ဦးမိုးကြိုးကပြောသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ မြန်မာရေလုပ်သား လေးသောင်း ကျော်လုပ်ကိုင်နေပြီး တရားမဝင် လုပ်ကိုင်နေသူများ တရားဝင်ဖြစ် စေရေး ဆောင်ရွက်ပေးမည်ဟု ၎င်းကပြောကြားသည်။

မြန်မာ ရေလုပ်သားများ   လက်ခံရေးစခန်းကို မြန်မာဘက် ခြမ်းတွင် ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတွင် ရနောင်းမြို့တို့၌  ဖွင့်လှစ်ထားသည်။

သြဂုတ် ၁၆ ရက်တွင် နေ ပြည်တော်၌ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ  နှင့်ပတ်သက်၍ နှစ်နိုင်ငံအလုပ် သမားဝန်ကြီးနှစ်ဦးတွေ့ဆုံဆွေး နွေးရာ ထိုင်းအလုပ်သမားဝန် ကြီးက ရေလုပ်သား ခြောက် သောင်းကျော်လိုအပ်နေသဖြင့်  မြန်မာလုပ်သားများစေလွှတ်ပေး ရန် အကူအညီတောင်းခံထား သည်။ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပင် လယ်ကမ်းရိုးတန်း ဒေသများသို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ် ပြီး တစ်လလျှင်လုပ်အားခဘတ် ၁၁,၀၀၀ (ကျပ် ငါးသိန်းခန့်) နှင့် အပိုဆုကြေးရရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများ ဇူလိုင် ၁ ရက်ကစတင် ၍ တရားမဝင်နေထိုင်အလုပ်လုပ် ကိုင်ခြင်း စစ်ဆေးတွေ့ရှိပါက  ဒဏ်ငွေပေးဆောင်ရမည့်အပြင်  အမိနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ် ကြောင်းထိုင်းနိုင်ငံအလုပ်သမား  ဝန်ကြီးဌာနက ဇွန်လ ၁၂ ရက် တွင်ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top