မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ရထားေပၚမွာ ရဲေမမွန္းမသိဘဲ ပြတ္သပ္က်ီစယ္မိတဲ့အမ်ိဳးသား အခ်ဳပ္ခန္းနဲ႔ညား

ယာဥ္ေတြရထားေတြေပၚမွာ အမ်ိဳးသမီးေတြ လိင္ပိုင္ဆိုင္ရာ ေစာ္ကားခံရမႈေတြဟာ မ်က္ေမွာက္ကာလအထိ တည္ရွိေနဆဲ လူမဆန္မႈႀကီးတစ္ခု ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးၿပီးစႏုိင္ငံေတြသာမက၊ ေခတ္မီလွပါၿပီဆုိတဲ့ ႏုိင္ငံႀကီးေတြမွာေတာင္ ျပည္သူျပည္သားေတြဟာ Public Transport ကုိအားကုိးအားထားျပဳေနရဆဲျ ဖစ္ၿပီး၊ အလုပ္သြားအလုပ္ျပန္ လူၾကပ္ခ်ိန္ေတြမွာ ဒီလိင္ပုိင္းဆုိင္ရာေစာ္ကားခံရမႈေတြ အမ်ားဆုံးျဖစ္ေနဆဲပါ။Metro သတင္းမွာ ေဖာ္ျပခ်က္အရ ရထားစီးအမ်ိဳးသားတစ္ဦးဟာ အရပ္၀တ္စုံနဲ႔ ရဲေမတစ္ဦးကို ရဲေမမွန္းမသိဘဲ အကဲစမ္း ပြတ္သပ္ခဲ့မိတယ္လုိ႔ ဆုိပါတယ္။ အဆုိပါ အမ်ိဳးသားဟာ သူရဲ႕ မေတာ္ရာနဲ႔ ရဲအရာရွိအမ်ိဳးသမီးကို ထပ္ကာထပ္ကာ ပြတ္ထိမိေအာင္ ဖန္တီးေနၿပီး၊ အရသာခံေနခဲ့ပါတယ္။

အဆုိပါ အမ်ိဳးသားရဲ႕ အမည္မွာ Felipe Mondragon ျဖစ္ၿပီး၊ အသက္ကေတာ့ (၅၂)ႏွစ္ပါ။ သူဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ မနက္ (၉)နာရီ၀န္းက်င္ နယူးေယာခ့္ၿမိဳ႕က Union Square ဘူတာကေန ထြက္ခြာလာတဲ့ ၿမိဳ႕ပတ္ရထားေပၚမွာ အခုလုိ ျပစ္မႈကို က်ဴးလြန္ခဲ့တာပါ။ ဒါေပမယ့္ တကယ့္လူကိုမွ သြားၿပီး က်ဴးလြန္မိေနတာ ျဖစ္တဲ့အတြက္ လက္ပူးလက္ၾကပ္ အဖမ္းခံခဲ့ရပါတယ္။ျပစ္မႈက်ဴးလြန္ခံရတဲ့ ရဲအရာရွိအမ်ိဳးသမီးဟာ ထုိစဥ္က သူမနဲ႔အတူ အေဖာ္တစ္ဦးအျပင္၊ လုပ္ေဖာ္ကိုင္ဘက္ ရဲတပ္ၾကပ္တစ္ဦးလည္း ရွိေနခဲ့ပါတယ္။ ရဲအရာရွိႏွစ္ေယာက္စလုံးဟာ တာ၀န္ခ်ိန္ျပင္ပျဖစ္ေနလုိ႔ ရဲယူနီေဖာင္းကုိ ၀တ္ဆင္ထားျခင္း မရွိဘူးလုိ႔ ယူဆရပါတယ္။

Felipe ကို (၂၃)လမ္းဘူတာမွာ ရထားေပၚက ဆြဲခ်ၿပီး ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ သူ႔ကုိ ျပစ္မႈက်ဴးလြန္ခံရတဲ့ ရဲအရာရွိအမ်ိဳးသမီးကပဲ တရားလုိျပဳလုပ္ၿပီး၊ လိင္ပုိင္းဆုိင္ရာေစာ္ကားမႈနဲ႔၊ မ႐ုိးေျဖာင့္ေသာသေဘာျဖင့္ အမ်ိဳးသမီးတစ္ဦးကို ကာယိေျႏၵပ်က္ျပားေစမႈတုိ႔နဲ႔ အမႈဖြင့္အေရးယူထားပါတယ္။ Felipe ဟာ အခုေတာ့ အခ်ဳပ္ခန္းမွာ တရားရင္ဆုိင္ရမယ့္အခ်ိန္ကုိ ေစာင့္ဆုိင္းေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMcele
# Unicode Version ျဖင့္ ဖတ္ပါ #
ရထားပေါ်မှာ ရဲမေမှန်းမသိဘဲ ပွတ်သပ်ကျီစယ်မိတဲ့အမျိုးသား အချုပ်ခန်းနဲ့ညား

ယာဉ်တွေရထားတွေပေါ်မှာ အမျိုးသမီးတွေ လိင်ပိုင်ဆိုင်ရာ စော်ကားခံရမှုတွေဟာ မျက်မှောက်ကာလအထိ တည်ရှိနေဆဲ လူမဆန်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးစနိုင်ငံတွေသာမက၊ ခေတ်မီလှပါပြီဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ပြည်သူပြည်သားတွေဟာ Public Transport ကိုအားကိုးအားထားပြုနေရဆဲြ ဖစ်ပြီး၊ အလုပ်သွားအလုပ်ပြန် လူကြပ်ချိန်တွေမှာ ဒီလိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေ အများဆုံးဖြစ်နေဆဲပါ။Metro သတင်းမှာ ဖော်ပြချက်အရ ရထားစီးအမျိုးသားတစ်ဦးဟာ အရပ်ဝတ်စုံနဲ့ ရဲမေတစ်ဦးကို ရဲမေမှန်းမသိဘဲ အကဲစမ်း ပွတ်သပ်ခဲ့မိတယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားဟာ သူရဲ့ မတော်ရာနဲ့ ရဲအရာရှိအမျိုးသမီးကို ထပ်ကာထပ်ကာ ပွတ်ထိမိအောင် ဖန်တီးနေပြီး၊ အရသာခံနေခဲ့ပါတယ်။

အဆိုပါ အမျိုးသားရဲ့ အမည်မှာ Felipe Mondragon ဖြစ်ပြီး၊ အသက်ကတော့ (၅၂)နှစ်ပါ။ သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် (၉)နာရီဝန်းကျင် နယူးယောခ့်မြို့က Union Square ဘူတာကနေ ထွက်ခွာလာတဲ့ မြို့ပတ်ရထားပေါ်မှာ အခုလို ပြစ်မှုကို ကျူးလွန်ခဲ့တာပါ။ ဒါပေမယ့် တကယ့်လူကိုမှ သွားပြီး ကျူးလွန်မိနေတာ ဖြစ်တဲ့အတွက် လက်ပူးလက်ကြပ် အဖမ်းခံခဲ့ရပါတယ်။ပြစ်မှုကျူးလွန်ခံရတဲ့ ရဲအရာရှိအမျိုးသမီးဟာ ထိုစဉ်က သူမနဲ့အတူ အဖော်တစ်ဦးအပြင်၊ လုပ်ဖော်ကိုင်ဘက် ရဲတပ်ကြပ်တစ်ဦးလည်း ရှိနေခဲ့ပါတယ်။ ရဲအရာရှိနှစ်ယောက်စလုံးဟာ တာဝန်ချိန်ပြင်ပဖြစ်နေလို့ ရဲယူနီဖောင်းကို ဝတ်ဆင်ထားခြင်း မရှိဘူးလို့ ယူဆရပါတယ်။

Felipe ကို (၂၃)လမ်းဘူတာမှာ ရထားပေါ်က ဆွဲချပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူ့ကို ပြစ်မှုကျူးလွန်ခံရတဲ့ ရဲအရာရှိအမျိုးသမီးကပဲ တရားလိုပြုလုပ်ပြီး၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့၊ မရိုးဖြောင့်သောသဘောဖြင့် အမျိုးသမီးတစ်ဦးကို ကာယိန္ဒြေပျက်ပြားစေမှုတို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ Felipe ဟာ အခုတော့ အချုပ်ခန်းမှာ တရားရင်ဆိုင်ရမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMcele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top