မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ယေန႔ ေက်ာက္ဆည္မွ နည္းပညာတကၠသိုလ္ ေက်ာင္းသား ေမာင္ေနမင္းထက္ အသတ္ခံရမႈတရားခံမ်ားအား အခ်ဳပ္ကားႏွင္႔ ရုံးမထုတ္ပဲ လုံျခံဳေရးေၾကာင္႔ဟုဆိုကာ အိမ္စီးကားႏွင္႔ ရုံးထုတ္ခဲ႔သျဖင္႔ ေက်ာက္ဆည္ခရိုင္ရဲတပ္ဖြဲ႔မႈးႏွင္႔ ေသဆံုးသူ၏ေဆြမ်ိဳးမိဘမ်ား ေက်ာင္းသား/သူမ်ားႏွင့္ၿမိဳ႕ေနလူထုက မေက်မနပ္အတိုက္အခံျဖစ္ခဲ႔ ေၾကာင္း သိရပါသည္။

တိုင္းသိျပည္သိ လုယက္လူသတ္မႈျဖစ္သည္႔ ေက်ာက္ဆည္ နည္းပညာတကၠသိုလ္မွ တတိယႏွစ္ Mechanical ေက်ာင္းသား ေမာင္ေနမင္းထက္အား အလီဘိုင္(ခ)မင္းခန္႔ေက်ာ္ ပါ(၃)ေယာက္မွ ၾသဂုတ္(29) ရက္ ညပိုင္းက ဖုန္းအားလုယက္ရာမွ လူသတ္မႈက်ဴ းလြန္ခ့ဲ႔သည္႔ အမႈမွတရားခံမ်ားအား ယေန႔ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ ပထမအႀကိမ္ တရား႐ံုးထုတ္ခ့ဲရာ

ၿမိဳ႕ေနလူထုႏွင့္ ေက်ာင္းသား/သူ လာေရာက္ၾကည့္ရူ႕ သူ မ်ားျပားလြန္းသျဖင့္ လံုျခံဳေရးအရဟူေသာအေၾကာင္းျပခ်က္ျဖင့္ လူသတ္တရာခံမ်ားအား အိမ္စီးဇိမ္ခံကား အေကာင္းစားျဖင့္ တရားရံုးထုတ္ခ့ဲ႔ပါသည္။

ေက်ာက္ဆည္ခရိုင္ရဲတပ္ဖြဲ႔မႈး၏ ယင္းက့ဲသို႔လုပ္ရပ္အား ေသဆံုးသူ၏ေဆြမ်ိဳးမိဘမ်ား ေက်ာင္းသား/သူမ်ားႏွင့္ၿမိဳ႕ ေနလူထုက မေက်မနပ္ ျဖစ္ကာ အနည္းငယ္အတ္ုက္အခံ ျဖစ္ႀကျပီး ခရိုင္ရဲတပ္ဖြဲ႔မႈးက

“က်ေနာ့္အေနျဖင့္ တရားခံ၏လံုျခံဳေရး၊ တရား႐ံုးလံုျခံဳေရး၊ အမ်ားျပည္သူလံုျခံဳေရးအရ ယခုက့ဲသို႔ လုပ္ေဆာင္ရျခင္းျဖစ္ေၾကာင္းႏွင့္ ေနာက္ရံုးခ်ိန္းမ်ားတြင္ အခ်ဳပ္ကား ျဖင့္သာ ရံုးထုတ္ပါမည္”ဟု မီယာမ်ားေရွ႕တြင္ ေျဖၾကားသြားေၾကာင္း သိရပါသည္။

Video by Equalizer Equalizer

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ ကျောက်ဆည်မှ နည်းပညာတက္ကသိုလ် ကျောင်းသား မောင်နေမင်းထက် အသတ်ခံရမှုတရားခံများအား အချုပ်ကားနှင့် ရုံးမထုတ်ပဲ လုံခြုံရေးကြောင့်ဟုဆိုကာ အိမ်စီးကားနှင့် ရုံးထုတ်ခဲ့သဖြင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှုးနှင့် သေဆုံးသူ၏ဆွေမျိုးမိဘများ ကျောင်းသား/သူများနှင့်မြို့နေလူထုက မကျေမနပ်အတိုက်အခံဖြစ်ခဲ့ ကြောင်း သိရပါသည်။

တိုင်းသိပြည်သိ လုယက်လူသတ်မှုဖြစ်သည့် ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ တတိယနှစ် Mechanical ကျောင်းသား မောင်နေမင်းထက်အား အလီဘိုင်(ခ)မင်းခန့်ကျော် ပါ(၃)ယောက်မှ သြဂုတ်(29) ရက် ညပိုင်းက ဖုန်းအားလုယက်ရာမှ လူသတ်မှုကျူ းလွန်ခဲ့သည့် အမှုမှတရားခံများအား ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပထမအကြိမ် တရားရုံးထုတ်ခဲ့ရာ

မြို့နေလူထုနှင့် ကျောင်းသား/သူ လာရောက်ကြည့်ရူ့ သူ များပြားလွန်းသဖြင့် လုံခြုံရေးအရဟူသောအကြောင်းပြချက်ဖြင့် လူသတ်တရာခံများအား အိမ်စီးဇိမ်ခံကား အကောင်းစားဖြင့် တရားရုံးထုတ်ခဲ့ပါသည်။

ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှုး၏ ယင်းကဲ့သို့လုပ်ရပ်အား သေဆုံးသူ၏ဆွေမျိုးမိဘများ ကျောင်းသား/သူများနှင့်မြို့ နေလူထုက မကျေမနပ် ဖြစ်ကာ အနည်းငယ်အတ်ုက်အခံ ဖြစ်ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှုးက

“ကျနော့်အနေဖြင့် တရားခံ၏လုံခြုံရေး၊ တရားရုံးလုံခြုံရေး၊ အများပြည်သူလုံခြုံရေးအရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် နောက်ရုံးချိန်းများတွင် အချုပ်ကား ဖြင့်သာ ရုံးထုတ်ပါမည်”ဟု မီယာများရှေ့တွင် ဖြေကြားသွားကြောင်း သိရပါသည်။

Video by Equalizer Equalizer

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top