ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံမွာလည္း Got Talent အစီအစဥ္ကို TV ကေန ျပေနတာျဖစ္တဲ့အတြက္ ဒီအစီအစဥ္နဲ႔ေတာ့ အားလံုးနီးပါး ရင္းႏွီးၿပီးသားျဖစ္မွာပါ။ အခုေဖာ္ျပခ်င္တဲ့ မသန္စြမ္းအမ်ိဳးသမီးေလးကေတာ့ တစ္ကမၻာလံုးမွာရွိတဲ့ ႏိုင္ငံေတြမွ လက္ေရြးစင္ေတြခ်ည္း ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ Got Talent Global ၿပိဳင္ပြဲမွာ Golden Buzzer ရရွိခဲ့သူေလးပါပါ။

(14) ႏွစ္သမီးေလး Lorelai Mosnegutu ရဲ႕ ခႏၶာကိုယ္ဟာ ဖြံ႕ၿဖိဳးျခင္းမရွိတဲ့အျပင္ လက္ႏွစ္ဖက္လံုးလည္း မရွိပါဘူး။ ေမြးကတည္းက ဒီလိုအေျခအေနမ််ိဳးနဲ႔ ေမြးဖြားခဲ့တဲ့အတြက္ သူမရဲ႕ အေမအရင္းျဖစ္သူကေတာင္ ေမြးေမြးၿပီးျခင္းမွာတင္ Lorelai ကို စြန္႔ပစ္သြားခဲ့ပါတယ္။ သူမအေၾကာင္းကို ၾကားခဲ့တဲ့ လူမႈဝန္ထမ္းတစ္ဦးကသူမကို ျပဳစုေစာင့္ေရွာက္ကာ ေကၽြးေမြးထားခဲ့ၿပီး ခက္ခဲလွတဲ့ ဘဝကံေၾကာင့္ပဲ (၃) ႏွစ္သမီးအထိ စကားတစ္လံုးမွ ေျပာခဲ့ျခင္းမရွိပါဘူး။

အရြယ္ေရာက္ ႀကီးျပင္းလာကာ ကိုယ့္ရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြအားလံုးကို နားလည္သေဘာေပါက္ လက္ခံႏိုင္တဲ့ အခ်ိန္မွာေတာ့ အားကိုးစရာ ေျခေထာက္တစ္စံုကို အသံုးျပဳၿပီး လုပ္ႏိုင္တဲ့ အရာမွန္သမွ်ကို စတင္သင္ယူခဲ့ပါတယ္။ Laptop အသံုးျပဳတာတို႔၊ စႏၵယားတီးခတ္တာတို႔ အျပင္ ပန္းခ်ီဆြဲတာေတြကိုပါ ေျခေထာက္ကိုပဲ အသံုးျပဳၿပီး ကၽြမ္းက်င္စြာနဲ႔ လုပ္ေဆာင္ႏိုင္ေနပါၿပီ။

အခုဗီဒီယိုေလးကေတာ့ ရိုေမးနီးယား Got Talent မွာ Lorelai ဝင္ၿပိဳင္တုန္းက ရိုက္ကူးထားတဲ့ ဗီဒီယိုမွတ္တမ္းေလးပဲျဖစ္ပါတယ္။ သူမရဲ႕ ခ်ိဳ႕ယြင္းခ်က္ကို ၾကည့္ၿပီး ဒိုင္ေတြနဲ႔ ပရိတ္သတ္ေတြက အထင္မႀကီးပဲ သနားစိတ္သာ စစခ်င္းရွိခဲ့ၾကပါတယ္။
 
ဒါေပမဲ့ သူမသီခ်င္းဆိုလိုက္တဲ့ အခ်ိန္မွာေတာ့ တစ္ခန္းလံုးမွာရွိေနတဲ့ လူေတြဟာ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရပါတယ္။ ဒီဗီဒီယိုဟာ လူတိုင္းနားလည္တဲ့ အဂၤလိပ္စကားေျပာနဲ႔ မဟုတ္ဘဲနဲ႔ေတာင္ ကင္မရာတစ္ကဒ္ခ်င္းစီမွာ ရိုက္ျပထားတဲ့ လူေတြရဲ႕ မ်က္ႏွာအေနအထားကို ၾကည့္ရံုနဲ႔တင္ ဘယ္လိုေတြခံစားေနရသလဲဆိုတာကို သိႏိုင္မွာပါ။

လက္မရွိေပမယ့္ စႏၵယားကို ေျခေခ်ာင္းေလးေတြနဲ႔ အက်အနတီးၿပီး သီခ်င္းဆိုေနတုန္း ေအာက္က ပရိတ္သတ္ေတြနဲ႔ ဒိုင္ေတြဟာ စိတ္မထိန္းႏိုင္ေတာ့ဘဲ မ်က္ရည္က်ေလာက္တဲ့အထိ ရင္ထဲေရာက္သြားခဲ့ပါတယ္။ သီခ်င္းၿပီးဆံုးသြားတဲ့အခ်ိန္မွာေတာ တစ္ခန္းလံုးကလူေတြရဲ႕ မတ္တပ္ရပ္အားေပးျခင္းကိုပါ ခံခဲ့ရပါတယ္။ သူမရဲ႕ခ်စ္စဖြယ္မ်က္ႏွာေလးရနဲ႔

ထူးျခားလွတဲ့ ပါရမီထူးရယ္ေၾကာင့္မို႔လို႔ပဲ ဒိုင္ေတြရဲ႕ အထူးလက္မွတ္ျဖစ္တဲ့ Golden Buzzer ကို ပိုင္ဆိုင္ခဲ့ၿပီး Winner ျဖစ္ခဲ့ရပါတယ္။

ကိုယ့္မွာရွိတဲ့ ခ်ိဳ႕ယြင္းခ်က္ကိုသာ လက္မခံႏိုင္ပဲ ဒီဟာႀကီးကိုပဲ စိတ္ထဲေရာက္ေနၿပီး စိတ္ဆင္းရဲေနရမယ္ဆိုရင္ စိတ္တင္ေသတာမဟုတ္ဘဲ တစ္ဘဝလံုးပါ ေသသြားမွာပါ။ ဒီေတာ့ ကိုယ့္ရဲ႕ခ်ိဳ႕ယြင္းခ်က္ကို သေဘာေပါက္ လက္ခံႏိုင္ေအာင္ႀကိဳးစားၿပီး ကိုယ္ရဲ႕တိုးတက္ရာတိုးတက္ေၾကာင္းအတြက္ ဘယ္လိုလုပ္သင့္လဲဆိုတာကို ဒီေန႔ကစၿပီး Lorelai လို ႀကိဳးစားရွာဖို႔အတြက္ တိုက္တြန္းပါရေစ။

Source : Daily Positive Info

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese - Asia
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံမှာလည်း Got Talent အစီအစဉ်ကို TV ကနေ ပြနေတာဖြစ်တဲ့အတွက် ဒီအစီအစဉ်နဲ့တော့ အားလုံးနီးပါး ရင်းနှီးပြီးသားဖြစ်မှာပါ။ အခုဖော်ပြချင်တဲ့ မသန်စွမ်းအမျိုးသမီးလေးကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေမှ လက်ရွေးစင်တွေချည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ Got Talent Global ပြိုင်ပွဲမှာ Golden Buzzer ရရှိခဲ့သူလေးပါပါ။

(14) နှစ်သမီးလေး Lorelai Mosnegutu ရဲ့ ခန္ဓာကိုယ်ဟာ ဖွံ့ဖြိုးခြင်းမရှိတဲ့အပြင် လက်နှစ်ဖက်လုံးလည်း မရှိပါဘူး။ မွေးကတည်းက ဒီလိုအခြေအနေမျျိုးနဲ့ မွေးဖွားခဲ့တဲ့အတွက် သူမရဲ့ အမေအရင်းဖြစ်သူကတောင် မွေးမွေးပြီးခြင်းမှာတင် Lorelai ကို စွန့်ပစ်သွားခဲ့ပါတယ်။ သူမအကြောင်းကို ကြားခဲ့တဲ့ လူမှုဝန်ထမ်းတစ်ဦးကသူမကို ပြုစုစောင့်ရှောက်ကာ ကျွေးမွေးထားခဲ့ပြီး ခက်ခဲလှတဲ့ ဘဝကံကြောင့်ပဲ (၃) နှစ်သမီးအထိ စကားတစ်လုံးမှ ပြောခဲ့ခြင်းမရှိပါဘူး။

အရွယ်ရောက် ကြီးပြင်းလာကာ ကိုယ့်ရဲ့ချို့ယွင်းချက်တွေအားလုံးကို နားလည်သဘောပေါက် လက်ခံနိုင်တဲ့ အချိန်မှာတော့ အားကိုးစရာ ခြေထောက်တစ်စုံကို အသုံးပြုပြီး လုပ်နိုင်တဲ့ အရာမှန်သမျှကို စတင်သင်ယူခဲ့ပါတယ်။ Laptop အသုံးပြုတာတို့၊ စန္ဒယားတီးခတ်တာတို့ အပြင် ပန်းချီဆွဲတာတွေကိုပါ ခြေထောက်ကိုပဲ အသုံးပြုပြီး ကျွမ်းကျင်စွာနဲ့ လုပ်ဆောင်နိုင်နေပါပြီ။

အခုဗီဒီယိုလေးကတော့ ရိုမေးနီးယား Got Talent မှာ Lorelai ဝင်ပြိုင်တုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းလေးပဲဖြစ်ပါတယ်။ သူမရဲ့ ချို့ယွင်းချက်ကို ကြည့်ပြီး ဒိုင်တွေနဲ့ ပရိတ်သတ်တွေက အထင်မကြီးပဲ သနားစိတ်သာ စစချင်းရှိခဲ့ကြပါတယ်။



ဒါပေမဲ့ သူမသီချင်းဆိုလိုက်တဲ့ အချိန်မှာတော့ တစ်ခန်းလုံးမှာရှိနေတဲ့ လူတွေဟာ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ ဒီဗီဒီယိုဟာ လူတိုင်းနားလည်တဲ့ အင်္ဂလိပ်စကားပြောနဲ့ မဟုတ်ဘဲနဲ့တောင် ကင်မရာတစ်ကဒ်ချင်းစီမှာ ရိုက်ပြထားတဲ့ လူတွေရဲ့ မျက်နှာအနေအထားကို ကြည့်ရုံနဲ့တင် ဘယ်လိုတွေခံစားနေရသလဲဆိုတာကို သိနိုင်မှာပါ။

လက်မရှိပေမယ့် စန္ဒယားကို ခြေချောင်းလေးတွေနဲ့ အကျအနတီးပြီး သီချင်းဆိုနေတုန်း အောက်က ပရိတ်သတ်တွေနဲ့ ဒိုင်တွေဟာ စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်ကျလောက်တဲ့အထိ ရင်ထဲရောက်သွားခဲ့ပါတယ်။ သီချင်းပြီးဆုံးသွားတဲ့အချိန်မှာတော တစ်ခန်းလုံးကလူတွေရဲ့ မတ်တပ်ရပ်အားပေးခြင်းကိုပါ ခံခဲ့ရပါတယ်။ သူမရဲ့ချစ်စဖွယ်မျက်နှာလေးရနဲ့

ထူးခြားလှတဲ့ ပါရမီထူးရယ်ကြောင့်မို့လို့ပဲ ဒိုင်တွေရဲ့ အထူးလက်မှတ်ဖြစ်တဲ့ Golden Buzzer ကို ပိုင်ဆိုင်ခဲ့ပြီး Winner ဖြစ်ခဲ့ရပါတယ်။

ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်ကိုသာ လက်မခံနိုင်ပဲ ဒီဟာကြီးကိုပဲ စိတ်ထဲရောက်နေပြီး စိတ်ဆင်းရဲနေရမယ်ဆိုရင် စိတ်တင်သေတာမဟုတ်ဘဲ တစ်ဘဝလုံးပါ သေသွားမှာပါ။ ဒီတော့ ကိုယ့်ရဲ့ချို့ယွင်းချက်ကို သဘောပေါက် လက်ခံနိုင်အောင်ကြိုးစားပြီး ကိုယ်ရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် ဘယ်လိုလုပ်သင့်လဲဆိုတာကို ဒီနေ့ကစပြီး Lorelai လို ကြိုးစားရှာဖို့အတွက် တိုက်တွန်းပါရစေ။

Source : Daily Positive Info

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top