ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာပလာဇာ ေျမေအာက္ထပ္ကားပါကင္ဂိတ္တြင္ စက္တင္ဘာ ၇ ရက္ ညက ေမာင္းတံပိတ္ထား၍ ကားမ်ားပိတ္မိၿပီး အခ်င္းမ်ားေနစဥ္ (ဓာတ္ပံုကို Nelson Myo Thant Nelson ၏ ဗီဒီယိုမွ ရယူသည္)

ျမန္မာပလာဇာတြင္ ကားပါကင္စနစ္ ခြၽတ္ယြင္းမႈ ေၾကာင့္ ကားမ်ားပိတ္မိေနျခင္း ႏွင့္ ဝန္ထမ္းမ်ား ဆဲဆိုမႈေၾကာင့္ ကားပိတ္မိသူတစ္ဦးက ဗဟန္း ၿမိဳ႕ မ ရဲစခန္းတြင္ အမႈဖြင့္ထားသည္။

ကားမ်ားကို ပိတ္ဆို႔ထားမႈ၊ ဝန္ထမ္းမ်ား ဆဲဆိုမႈႏွင့္ ကားကို ထုႏွက္မႈတို႔ျဖင့္ အမႈဖြင့္ထား သည္ဟု ဗဟန္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘လာတုိင္တဲ့သူက တစ္ဦး တည္းပါ။ အတုိင္ခံရတာေတာ့ ျမန္မာပလာဇာနဲ႔ ဝန္ထမ္းေတြပဲ လုိ႔ တပ္ထားတယ္။ အတုိင္ခံရတဲ့ သူနာမည္ေတာ့ မတပ္ထားဘူး’’ ဟု ၎က ဆက္လက္ေျပာသည္။

စက္တင္ဘာ ၇ ရက္ ည ၉ နာရီက ကမၻာေအးဘုရားလမ္း ေပၚရွိ ျမန္မာပလာဇာ ေျမေအာက္ကားပါကင္ကြန္ပ်ဴတာစနစ္ ခြၽတ္ယြင္းမႈေၾကာင့္ ကားမ်ား တစ္နာရီခန္႔ ပိတ္မိခဲ့သည္။ အခ်ိန္ၾကာျမင့္စြာ ေျမေအာက္ထပ္ ပါကင္တြင္ ပိတ္မိေနသူမ်ားမွာ စိုးရိမ္ထိတ္လန္႔ျခင္း၊ ေဒါသထြက္ျခင္းမ်ားေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ကာ ကားမ်ား ျပန္လည္ထြက္ရာတြင္လည္း ကားပါကင္ခမ်ား ေကာက္ယူေနျခင္းေၾကာင့္ အခ်ိန္ပိုမိုၾကာျမင့္ခဲ့သည္ဟု ပိတ္မိသူ မ်ားက ဆုိသည္။

‘‘ကြၽန္ေတာ့္ကို ရန္ျပဳခဲ့တဲ့ လံုၿခံဳေရးေတြရယ္၊ ကားအစီး ၁၀၀ ေက်ာ္ မထြက္ႏိုင္ေအာင္ ထြက္ေပါက္ေတြကို ပိတ္ဆို႔ထား ခဲ့တဲ့ ဗီယက္နမ္လူမ်ိဳး မန္ေနဂ်ာ နဲ႔ လံုၿခံဳေရးေတြရယ္၊ အမ်ားျပည္ သူ ေၾကာက္လန္႔တၾကား ႐ုန္းရင္း ဆန္ခတ္ျဖစ္ေအာင္ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းလြန္းတဲ့ ျမန္မာပလာဇာ စီမံခန္႔ခြဲသူေတြနဲ႔ ပိုင္ရွင္ေတြရယ္ ကို ဥပေဒအရ အေရးယူေပးဖို႔ တုိင္ၾကားခဲ့ပါတယ္’’ ဟု ကား ပါကင္တြင္ ပိတ္မိခဲ့သူ ဦးေဇာ္ႏုိင္ က ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တြင္ ေရးသားခဲ့သည္။

အဆုိပါ ကိစၥႏွင့္ပတ္သက္ ၿပီး ျမန္မာပလာဇာ႐ံုး စီမံခန္႔ခြဲေရးက အႏူးအၫြတ္ေတာင္းပန္သည္ ဟု စက္တင္ဘာ ၈ ရက္ ညေနတြင္ ထုတ္ျပန္ခဲ့သည္။ ထုိသို႔ ျဖစ္ရျခင္းမွာ ကားပါကင္စနစ္ ခြၽတ္ယြင္းမႈ ႏွင့္ လံုၿခံဳေရးဝန္ထမ္းမ်ား ညံ့ဖ်င္း မႈတို႔ေၾကာင့္ဟု ထိုစာတြင္ ေဖာ္ျပ ထားသည္။ ျပႆနာကို ေျဖရွင္းရာ တြင္ ကားမ်ားအခ်ိန္ၾကာျမင့္စြာ မေစာင့္ဆုိင္းေစရန္ ပါကင္ခ ေကာက္ခံျခင္းကို ရပ္တန္႔ခဲ့ၿပီး ကားအဝင္၊ အထြက္စိစစ္သည့္ ကတ္ (Car Pass Access Card) မ်ားကိုသာ လံုၿခံဳေရးအရ ေကာက္ယူမွတ္တမ္းတင္ခဲ့သည္ ဆို သည္။ ကားပိတ္ဆုိ႔မႈကိစၥကို ၄၅ မိနစ္ေက်ာ္ၾကာ ေျဖရွင္းခဲ့ရသည္ ဟု ဆုိထားသည္။

ထိုအျဖစ္အပ်က္ကို ၾကည့္ ျခင္းအားျဖင့္ လံုၿခံဳေရးဝန္ထမ္း မ်ား၏ Customer Service ညံ့ ဖ်င္းျခင္း၊ ယာဥ္ေၾကာထိန္းသိမ္း မႈ ညံ့ဖ်င္းျခင္းႏွင့္ ကားပါကင္စနစ္ ကို နားမလည္ျခင္းေၾကာင့္ အ ဆင္မေျပျဖစ္ရသည္ဟု စီမံခန္႔ခြဲ ေရးအဖြဲ႕က ဆိုသည္။

‘‘ကြၽန္ေတာ္တုိ႔က တစ္ေန႔ လုပ္မွ တစ္ေန႔စားရတဲ့ ေအာက္ ေျခဝန္ထမ္းပါ။ အစ္ကိုတို႔၊ အစ္မ တုိ႔ကို ဘယ္တားခ်င္ပါ့မလဲ။ ဘယ္သူ႔ကို ကန္႔လန္႔တိုက္ၿပီး ေျပာခ်င္ပါ့မလဲ။ ကြၽန္ေတာ္တုိ႔အ ေနနဲ႔က သူ႔ဆန္စား ရဲဆုိသလို ေပါ့ဗ်ာ’’ဟု ျမန္မာပလာဇာဝန္ ထမ္းတစ္ဦးက ၎က ေဖ့စ္ဘြတ္ခ္တြင္ ေရးသားခဲ့သည္။

ထိုသို႔ မေကာက္ပါကလည္း ကုမၸဏီက ၎တုိ႔ကို လစာျဖတ္ ေၾကာင္း ေရးသားခဲ့သည္။

‘‘အခုက သူ႔စနစ္ကလည္း မွားေသးတယ္။ ဝန္ထမ္းေတြက လည္း ၾကမ္းတမ္းေသးတယ္။ လာတဲ့သူေတြ ပင္ပန္းတယ္။ စီမံ ခန္႔ခြဲမႈညံ့ဖ်င္းလိုက္တာ။ တကယ္ လို႔ တစ္ခုခု အေရးေပၚျဖစ္ရင္ ဘယ္လိုလုပ္မလဲ။ အရန္စနစ္ ေတြလည္း မရွိဘူး။ ဝန္ထမ္းေတြ ကိုလည္း ေလ့က်င့္ထားမႈမရွိတာ ေပၚလြင္တာပဲ’’ဟု ကားပိတ္မိခဲ့ သည့္ မေမဦးက ေျပာသည္။

အဆုိပါ ျပႆနာသည္ စား သံုးသူေရးရာႏွင့္ သက္ဆုိင္ေသာ္လည္း လာေရာက္တိုင္တန္းသူမရွိ ေသးဘဲ တိုင္တန္းလွ်င္ ျပႆနာ အတိမ္အနက္ကို ၾကည့္၍ ဆံုး ျဖတ္မည္ဟု ရန္ကုန္တုိင္း စားသံုး သူေရးရာဦးစီးဌာန တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္ ၁၈ ရက္  တြင္လည္း ျမန္မာပလာဇာရွိအ မ်ိဳးသမီးသန္႔စင္ခန္းသို႔အမ်ိဳးသား တစ္ဦး ၀င္ေရာက္၍ ဖုန္းျဖင့္ ဓာတ္ပံုႏွင့္ ႐ုပ္သံမွတ္တမ္းမ်ား ႐ိုက္ကူးမႈျဖစ္ပြားခဲ့သည္။ ထို အမ်ိဳးသားကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္အေရးယူခဲ့သည္။

ျမန္မာပလာဇာသည္ ဗီ ယက္နမ္ HAGL ကုမၸဏီပိုင္ျဖစ္ ၿပီး အစိုးရပိုင္ေျမတြင္ BOT စနစ္ ျဖင့္ ေဆာင္ရြက္ေနေသာစီမံကိန္း ျဖစ္သည္။ ျမန္မာပလာဇာသည္  HAGL ကုမၸဏီ၏ ျမန္မာႏုိင္ငံတြင္ကန္ေဒၚလာ သန္း၄၄၀ ေက်ာ္ရင္း ႏွီးျမႇဳပ္ႏွံမႈ၏ ပထမအဆင့္အစိတ္ အပိုင္းတစ္ခုျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
မြန်မာပလာဇာ မြေအောက်ထပ်ကားပါကင်ဂိတ်တွင် စက်တင်ဘာ ၇ ရက် ညက မောင်းတံပိတ်ထား၍ ကားများပိတ်မိပြီး အချင်းများနေစဉ် (ဓာတ်ပုံကို Nelson Myo Thant Nelson ၏ ဗီဒီယိုမှ ရယူသည်)

မြန်မာပလာဇာတွင် ကားပါကင်စနစ် ချွတ်ယွင်းမှု ကြောင့် ကားများပိတ်မိနေခြင်း နှင့် ဝန်ထမ်းများ ဆဲဆိုမှုကြောင့် ကားပိတ်မိသူတစ်ဦးက ဗဟန်း မြို့ မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ကားများကို ပိတ်ဆို့ထားမှု၊ ဝန်ထမ်းများ ဆဲဆိုမှုနှင့် ကားကို ထုနှက်မှုတို့ဖြင့် အမှုဖွင့်ထား သည်ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘လာတိုင်တဲ့သူက တစ်ဦး တည်းပါ။ အတိုင်ခံရတာတော့ မြန်မာပလာဇာနဲ့ ဝန်ထမ်းတွေပဲ လို့ တပ်ထားတယ်။ အတိုင်ခံရတဲ့ သူနာမည်တော့ မတပ်ထားဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။

စက်တင်ဘာ ၇ ရက် ည ၉ နာရီက ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ မြန်မာပလာဇာ မြေအောက်ကားပါကင်ကွန်ပျူတာစနစ် ချွတ်ယွင်းမှုကြောင့် ကားများ တစ်နာရီခန့် ပိတ်မိခဲ့သည်။ အချိန်ကြာမြင့်စွာ မြေအောက်ထပ် ပါကင်တွင် ပိတ်မိနေသူများမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်းများကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ ကားများ ပြန်လည်ထွက်ရာတွင်လည်း ကားပါကင်ခများ ကောက်ယူနေခြင်းကြောင့် အချိန်ပိုမိုကြာမြင့်ခဲ့သည်ဟု ပိတ်မိသူ များက ဆိုသည်။

‘‘ကျွန်တော့်ကို ရန်ပြုခဲ့တဲ့ လုံခြုံရေးတွေရယ်၊ ကားအစီး ၁၀၀ ကျော် မထွက်နိုင်အောင် ထွက်ပေါက်တွေကို ပိတ်ဆို့ထား ခဲ့တဲ့ ဗီယက်နမ်လူမျိုး မန်နေဂျာ နဲ့ လုံခြုံရေးတွေရယ်၊ အများပြည် သူ ကြောက်လန့်တကြား ရုန်းရင်း ဆန်ခတ်ဖြစ်အောင် စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းတဲ့ မြန်မာပလာဇာ စီမံခန့်ခွဲသူတွေနဲ့ ပိုင်ရှင်တွေရယ် ကို ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်’’ ဟု ကား ပါကင်တွင် ပိတ်မိခဲ့သူ ဦးဇော်နိုင် က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး မြန်မာပလာဇာရုံး စီမံခန့်ခွဲရေးက အနူးအညွတ်တောင်းပန်သည် ဟု စက်တင်ဘာ ၈ ရက် ညနေတွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကားပါကင်စနစ် ချွတ်ယွင်းမှု နှင့် လုံခြုံရေးဝန်ထမ်းများ ညံ့ဖျင်း မှုတို့ကြောင့်ဟု ထိုစာတွင် ဖော်ပြ ထားသည်။ ပြဿနာကို ဖြေရှင်းရာ တွင် ကားများအချိန်ကြာမြင့်စွာ မစောင့်ဆိုင်းစေရန် ပါကင်ခ ကောက်ခံခြင်းကို ရပ်တန့်ခဲ့ပြီး ကားအဝင်၊ အထွက်စိစစ်သည့် ကတ် (Car Pass Access Card) များကိုသာ လုံခြုံရေးအရ ကောက်ယူမှတ်တမ်းတင်ခဲ့သည် ဆို သည်။ ကားပိတ်ဆို့မှုကိစ္စကို ၄၅ မိနစ်ကျော်ကြာ ဖြေရှင်းခဲ့ရသည် ဟု ဆိုထားသည်။

ထိုအဖြစ်အပျက်ကို ကြည့် ခြင်းအားဖြင့် လုံခြုံရေးဝန်ထမ်း များ၏ Customer Service ညံ့ ဖျင်းခြင်း၊ ယာဉ်ကြောထိန်းသိမ်း မှု ညံ့ဖျင်းခြင်းနှင့် ကားပါကင်စနစ် ကို နားမလည်ခြင်းကြောင့် အ ဆင်မပြေဖြစ်ရသည်ဟု စီမံခန့်ခွဲ ရေးအဖွဲ့က ဆိုသည်။

‘‘ကျွန်တော်တို့က တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ အောက် ခြေဝန်ထမ်းပါ။ အစ်ကိုတို့၊ အစ်မ တို့ကို ဘယ်တားချင်ပါ့မလဲ။ ဘယ်သူ့ကို ကန့်လန့်တိုက်ပြီး ပြောချင်ပါ့မလဲ။ ကျွန်တော်တို့အ နေနဲ့က သူ့ဆန်စား ရဲဆိုသလို ပေါ့ဗျာ’’ဟု မြန်မာပလာဇာဝန် ထမ်းတစ်ဦးက ၎င်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

ထိုသို့ မကောက်ပါကလည်း ကုမ္ပဏီက ၎င်းတို့ကို လစာဖြတ် ကြောင်း ရေးသားခဲ့သည်။

‘‘အခုက သူ့စနစ်ကလည်း မှားသေးတယ်။ ဝန်ထမ်းတွေက လည်း ကြမ်းတမ်းသေးတယ်။ လာတဲ့သူတွေ ပင်ပန်းတယ်။ စီမံ ခန့်ခွဲမှုညံ့ဖျင်းလိုက်တာ။ တကယ် လို့ တစ်ခုခု အရေးပေါ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အရန်စနစ် တွေလည်း မရှိဘူး။ ဝန်ထမ်းတွေ ကိုလည်း လေ့ကျင့်ထားမှုမရှိတာ ပေါ်လွင်တာပဲ’’ဟု ကားပိတ်မိခဲ့ သည့် မမေဦးက ပြောသည်။

အဆိုပါ ပြဿနာသည် စား သုံးသူရေးရာနှင့် သက်ဆိုင်သော်လည်း လာရောက်တိုင်တန်းသူမရှိ သေးဘဲ တိုင်တန်းလျှင် ပြဿနာ အတိမ်အနက်ကို ကြည့်၍ ဆုံး ဖြတ်မည်ဟု ရန်ကုန်တိုင်း စားသုံး သူရေးရာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၈ ရက်  တွင်လည်း မြန်မာပလာဇာရှိအ မျိုးသမီးသန့်စင်ခန်းသို့အမျိုးသား တစ်ဦး ဝင်ရောက်၍ ဖုန်းဖြင့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ ရိုက်ကူးမှုဖြစ်ပွားခဲ့သည်။ ထို အမျိုးသားကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်။

မြန်မာပလာဇာသည် ဗီ ယက်နမ် HAGL ကုမ္ပဏီပိုင်ဖြစ် ပြီး အစိုးရပိုင်မြေတွင် BOT စနစ် ဖြင့် ဆောင်ရွက်နေသောစီမံကိန်း ဖြစ်သည်။ မြန်မာပလာဇာသည်  HAGL ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင်ကန်ဒေါ်လာ သန်း၄၄၀ ကျော်ရင်း နှီးမြှုပ်နှံမှု၏ ပထမအဆင့်အစိတ် အပိုင်းတစ်ခုဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top