×
1. Chad
2. Afghanistan
4. Guatemala
Credit:Buzzy
# Unicode Version ဖြင့် ဖတ်ပါ #
အမျိုးသမီးထု အတွက် ဆိုးဝါးတဲ့ အရာတွေ ၊ ဒုက္ခတွေ စိတ်မချမ်းသမှုတွေကိုပေးစေတဲ့ နိုင်ငံ ဆိုတာမျိုးတွေက ဘယ်လိုနိုင်ငံမျိုးတွေလဲ၊ ဘယ်နိုင်ငံတွေလည်း ဘယ်လို အကြောင်းအရာတွေ က အမျိုးသမီးတွေအတွက်ဆိုးဝါးစေတာလဲဆိုတာဗဟုသုတအနေနဲ့သိရှိစေနိုင်ဖို့…
1. Chad
Clad မှာနေထိုင်သူအမျိုးသမီးတွေဟာ နည်းပါးပါတယ်။ ၁၁ နှစ် ၁၂ နှစ် သမီး အရွယ်လောက်ထဲကနေ အိမ်ထောင်ချပေးတက်ကြတယ်လို့လည်းသိရပါတယ်။ ဆူဒန် မိန်းကလေးတွေဟာ ခိုလှုံရာ Camp အဖွဲ့စည်းတစ်ခုအောက်မှာနေထိုင်ရင်း ကြပါတယ်။ ဒီနိုင်ငံမှာရှိတဲ့မိန်းကလေးတော်တော်များများဟာ မုဒိန်းမှုကို ရင်ဆိုင်ရပြီး စစ်ပွဲတွေကြားထဲကနေ အမြဲရုန်းထွက်ဖို့ကြိုးစားနေကြရတယ်လို့သိရပါတယ်။ Camp ထဲမှာ မနေထိုင်သူ မိန်းကလေးတွေဟာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ခံကြရပြီး၊ သူပုန်တွေ တောတွင်းတပ်သားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက် အနိုင်ကျင့်မှုတွေကို ခံစားနေကြရတာဖြစ်ပါတယ်။
2. Afghanistan
ဒီနိုင်ငံက မိန်းမတွေဟာ အများဆုံး အသက် ၄၅ နှစ်ဝန်းကျင်လောက်ထိသာ အသက်ရှင်တက်ကြတဲ့နိုင်ငံဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ထိန်ုးသိမ်းရမှန်းမသိ ၊ တွေးတောဆင်ခြင်ရမှန်းမသိတဲ့ ပညာနည်းပါးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အများစုဟာ မုဒိန်းမှုတွေ ၊ ခြိမ်းခြောက်မှုတွေ အစရှိသော တရားဥပဒေကိစ္စတွေကိုသာဖြေရှင်းနေရပြီး ပျက်စီး ပြိုလဲပြီး မိမိကိုယ်ကိုယ်မိမိစိတ်အားငယ်နေကြတဲ့သူတွေဖြစ်နေကြပါတယ်။ မိန်းကလေးတော်တော်များများဟာ အသက် ၁၆ နှစ်မတိုင်ခင်လောက်ထဲက လက်ထက်ပြီးသားဖြစ်နေကြပြီး နာရီဝက်ခြားတစ်ခါ ကလေးအမေတွေဟာ မီးတွင်းထဲမှာ ဆုံးဆုံးသွားတယ်လို့သိရပါတယ်။ ဆေးပညာ မထွန်းကားတာကြောင့်ရော ပညာရည်နိမ့်ပါးမှုကြောင့် ကမ္ဘာ့လူသေအများဆုံး နိုင်ငံတစ်နိုင်ငံထဲမှာပါဝင်ပါတယ်။
3. Democratic Republic of Congo
အရှေ့ဘက် Democratic Republic of Congo မှာ စစ်ဖြစ်ပွားပြီးနောက် ၃ မီလီယံလောက်က အိမ်ခြေရာခြေမဲ့ပြီး မီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အာ့ဒီနောက်မှာမိန်းကလေးအများစုဟာ ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြုံတွေ့ရပြီးအများစုကတော့ မုဒိန်းမှုရန်ပဲဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်လောက်ထဲ့ ၂၀၀၀၀၀ ထက်ပိုတဲ့ မိန်းကလေးတွေဟာ မုဒိန်းမှုနဲ့တွေ့ကြုံခဲ့ရပြီး ယနေ့မုဒိန်းမှုများတဲ့နိုင်ငံတစ်ခုအဖြစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်သည် စုစုပေါင်းရဲ့ ၅၇ %လောက်က သွေးအားနည်းဖျော့တော့ပြီး ကျန်းမာရေးမကောင်းတဲ့ အပြင် သူတို့ဘယ်ယောကျ်ားနဲ့ရတဲ့ကိုယ်ဝန်ကို ဆောင်ထားရသလဲဆိုတာတောင် မသိသလောက်ရှိပါတယ်။ ဒီအချက်ကို ကြည့်ခြင်းဖြင့် ဘယ်လောက် မိန်းကလေးတွေအတွက် လုံခြုံတဲ့နေရာ မဟုတ်ဘူးဆိုတာသိစေနိုင်ပါတယ်။
4. Guatemala
ဆင်းရဲနိမ့်ပါးတဲ့ အမျိုးသမီးတွေကို အဆင့်အတန်းခွဲခြားပြီး အိမ်ထောင်ရေးခြိမ်းခြောာက်မှုတွေ မုဒိန်းမှုတွေ နဲ့ ဒုက္ခပေးနေတဲ့နိုင်ငံဖြစ်တယ်။ ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးတွေအတွက် အလုံခြုံတဲ့နိုင်ငံဖြစ်တဲ့အပြင် HIV /AIDSအဖြစ်အများဆုံးဒုတိယနိုင်ငံဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Buzzy
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top