ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထိုင္းႏုိင္ငံ၊ ဆန္နာခ႐ိုင္ တြင္ လင္မယားႏွစ္ဦးမွာ ေသနတ္ ျဖင့္ ေဆာ့ကစားရာမွ က်ည္ဆန္ ထြက္သြားခဲ့၍ ဇနီးသည္ေသဆံုးခဲ့ရ သည့္ျဖစ္ရပ္ ၿပီးခဲ့သည့္ ဗုဒ္ၶဟူးေန့က ျဖစ္ပြားသြားခဲ့သည္။ ေဒသခံေဆး႐ံု တြင္ အလုပ္လုပ္ကိုင္ေသာ ႏြတ္ပါ ရတ္ဖရာဆီနာ(၂၇)ႏွစ္မွာ ဘန္းဖန္ ရပ္ကြက္ရွိ ေနအိမ္အိပ္ခန္းအတြင္း ေသနတ္ဒဏ္ရာျဖင့္ ေသဆံုးေနခဲ့ သည္ကို ပတ္၀န္းက်င္မွ တိုင္ၾကား မႈအရ နံနက္(၁)နာရီအခ်ိန္တြင္ ေရာက္ရွိလာေသာ ရဲတပ္ဖြဲ႔၀င္မ်ားက ေတြ႔ရွိခဲ့ရသည္။ သူမနဖူးတြင္ က်ည္ ေဖာက္၀င္ထားေသာ အေပါက္တစ္ခု ေတြ႔ခဲ့ရၿပီး နေဘးတြင္ ပိြဳင့္- ၂၂ ေသနတ္တစ္လက္ သိမ္းဆည္းရမိ ခဲ့ၾကသည္။

ေသြးမ်ားေပေနေသာ အက်ႌ ၀တ္ထားသူ ပြန္ဂရက္ကစ္ဆန္သြန္းက အိမ္ေရွ႔တြင္ထြက္ေစာင့္ေနၿပီး မအိပ္ ခင္၌ ေသနတ္ျဖင့္ ေဆာ့ကစားေနစဥ္ က်ည္ဆန္ထြက္သြားကာ ေသဆံုးခဲ့ ရျခင္းဟု ေျဖာင့္ခ်က္ေပးခဲ့သည္။ အခင္းမျဖစ္ခင္ညက ပြန္ဂရက္မွာ မိတ္ေဆြမ်ားႏွင့္ အရက္ေသာက္ေန ခဲ့ၿပီး အဘြားအိမ္မွ ေသနတ္ကိုယူ လာခဲ့ကာ ဇနီးႏွင့္ အေပ်ာ္ကစားရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။
ပစ္ၥတိုေသနတ္ထဲတြင္ က်ည္ ဆန္ အားလံုးမရွိေတာ့ဟု အထင္ရွိ ကာတစ္ေယာက္တစ္လွည့္စီ ေသနတ္ ျဖင့္ ပစ္တမ္းကစားခဲ့ၾကရာ ပြန္ဂ ရက္က ဇနီး၏ နဖူးကိုခ်ိန္ရြယ္ၿပီး ေမာင္းကိုညွစ္လုိက္ရာ မေမွ်ာ္လင့္ဘဲ က်ည္ထြက္သြားခဲ့၍ ပြဲခ်င္းၿပီး ေသ ဆံုးခဲ့ရသည္။
ရဲတပ္ဖြဲ႔ကမူ ပြန္ဂရက္၏ ထြက္ဆိုခ်က္မ်ားကို စိစစ္ေနဆဲ ျဖစ္ၿပီး လတ္တေလာတြင္ လူသတ္ ရန္ ႀကိဳးစားမႈျဖင့္ စြဲခ်က္တင္သြား ဖြယ္ရွိေနၿပီဟု သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:weeklyheadline
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံ၊ ဆန်နာခရိုင် တွင် လင်မယားနှစ်ဦးမှာ သေနတ် ဖြင့် ဆော့ကစားရာမှ ကျည်ဆန် ထွက်သွားခဲ့၍ ဇနီးသည်သေဆုံးခဲ့ရ သည့်ဖြစ်ရပ် ပြီးခဲ့သည့် ဗုဒ်္ဓဟူးနေ့က ဖြစ်ပွားသွားခဲ့သည်။ ဒေသခံဆေးရုံ တွင် အလုပ်လုပ်ကိုင်သော နွတ်ပါ ရတ်ဖရာဆီနာ(၂၇)နှစ်မှာ ဘန်းဖန် ရပ်ကွက်ရှိ နေအိမ်အိပ်ခန်းအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေခဲ့ သည်ကို ပတ်ဝန်းကျင်မှ တိုင်ကြား မှုအရ နံနက်(၁)နာရီအချိန်တွင် ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရသည်။ သူမနဖူးတွင် ကျည် ဖောက်ဝင်ထားသော အပေါက်တစ်ခု တွေ့ခဲ့ရပြီး နဘေးတွင် ပွိုင့်- ၂၂ သေနတ်တစ်လက် သိမ်းဆည်းရမိ ခဲ့ကြသည်။

သွေးများပေနေသော အင်္ကျီ ဝတ်ထားသူ ပွန်ဂရက်ကစ်ဆန်သွန်းက အိမ်ရှေ့တွင်ထွက်စောင့်နေပြီး မအိပ် ခင်၌ သေနတ်ဖြင့် ဆော့ကစားနေစဉ် ကျည်ဆန်ထွက်သွားကာ သေဆုံးခဲ့ ရခြင်းဟု ဖြောင့်ချက်ပေးခဲ့သည်။ အခင်းမဖြစ်ခင်ညက ပွန်ဂရက်မှာ မိတ်ဆွေများနှင့် အရက်သောက်နေ ခဲ့ပြီး အဘွားအိမ်မှ သေနတ်ကိုယူ လာခဲ့ကာ ဇနီးနှင့် အပျော်ကစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ပစ်္စတိုသေနတ်ထဲတွင် ကျည် ဆန် အားလုံးမရှိတော့ဟု အထင်ရှိ ကာတစ်ယောက်တစ်လှည့်စီ သေနတ် ဖြင့် ပစ်တမ်းကစားခဲ့ကြရာ ပွန်ဂ ရက်က ဇနီး၏ နဖူးကိုချိန်ရွယ်ပြီး မောင်းကိုညှစ်လိုက်ရာ မမျှော်လင့်ဘဲ ကျည်ထွက်သွားခဲ့၍ ပွဲချင်းပြီး သေ ဆုံးခဲ့ရသည်။
ရဲတပ်ဖွဲ့ကမူ ပွန်ဂရက်၏ ထွက်ဆိုချက်များကို စိစစ်နေဆဲ ဖြစ်ပြီး လတ်တလောတွင် လူသတ် ရန် ကြိုးစားမှုဖြင့် စွဲချက်တင်သွား ဖွယ်ရှိနေပြီဟု သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:weeklyheadline
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top