ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
အိပ်မပျော်ခြင်း
ပြုလုပ်နည်း
Credit: My Food myanmar
# Unicode Version ဖြင့် ဖတ်ပါ #
မင်္ဂလာပါနော်။ အခုသလော ညည အိပ်မပျော်ဘူးဖြစ်နေလားရှင့်။အိပ်မပျော်လို့ မနက်စောစောမထနိုင် လုပ်စရာရှိလို့ အတင်း ကုန်းရုန်းထရပေမဲ့ တစ်နေကုန်ဘာလုပ်လုပ်အဆင်မပြေဖြစ်နေလား။ အိပ်မပျော်ပါဘူးဆို Facebook ကြည့်လိုက် ဂိမ်းဆော့ လိုက်နဲ့မို့ ပိုပြီး အိပ်မပျော်ဖြစ်နေလား။ ဒါဆိုရင်တော့ တစ်ခုခုလုပ်ဖို့လိုပါပြီ။
အိပ်မပျော်ခြင်း
အိပ်မပျော် တာဟာ စိတ်ဖိစီးမှု စိတ်ဓါတ်ကျမှု စိုးရိမ်ပူပန်မှုတွေနဲ့ တခြား လူမှုရေး စီးပွားရေး ပြဿနာ တွေကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ယာဝင်ချိန်မှာ အဲဒီအကြောင်းအရာတွေ စဉ်းစားမိရင်း ပိုပိုလို့ ညည့်နက်လာလေလေ အိပ်မပျော်လေလေပါပဲ။
ကဲဘယ်လိုဖြေရှင်းကြမလဲ
အဓိကရှောင်ရမဲ့အချက်တွေကို အရင်ပြောပြပါမယ်။ TV မကြည့်ပါနဲ့။ အိပ်ယာ အဝင်ခင် ၁ နာရီလောက်အတွင်း ကွန်ပျူတာ နဲ့ အလုပ်မ လုပ်ပါနဲ့။ ဒါတွေက အိပ်ပျော်ဖို့အတွက် များစွာအထောက်အကူဖြစ်မှာပါ။ သီချင်း အေးအေးလေးတွေ နားထောင်ပါ။ နားထောင် တဲ့အခါ အာရုံစူးစိုက်ပြီး အဓိပ္ပာယ်ဖော်ပြီး နားထောင် ပေးပါ။
သဘာဝ နည်းလမ်း နဲ့လည်း ပြုလုပ်ကြည့်မယ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြားအညို လက်ဖက်ရည်ဇွန်း ၅ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကိုရောပြီး အဲဒီရောထားတဲ့ ဆား နဲ့ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို လျှာအောက်မှာထားပါ။ မကြာခင်မှာ အရည်ပျော်သွားမှာဖြစ်ပါတယ်။ အဲဒါကို မျိုချနိုင်ပါတယ်။ ဆား နဲ့ သကြား ပမာဏ ကို ၁ : ၅ ထည့်ဖို့လိုပါတယ်။
အိပ်ရေး ဝလို့ အိပ်မက်လှလှမက်ကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: My Food myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top