မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဩစေၾတးလ်ႏိုင္ငံ၊ အေနာက္ပိုင္းဩစေၾတးလ်ျပည္နယ္ၿမိဳ႕ေတာ္၊ ပါ့သ္ (Perth) ၿမိဳ႕ရဲ႕ အေရွ႕ဘက္ ၆၃၀ ကီလိုမီတာအကြာမွာ တည္ရွိတဲ့ ကမ္ဘဲလ္ဒါ (Kambalda) ဆိုတဲ့ ၿမိဳ႕ကေလးမွာ ဘီတာဟန္႔ မိုင္းတြင္းက လုပ္သားေတြဟာ ေဒၚလာ ၁၅ သန္းတန္ေၾကးရွိ ေ႐ႊပါဝင္တဲ့ေက်ာက္တုံးေတြကို ထူးထူးျခားျခား တူးေဖာ္ရရွိခဲ့တယ္လို႔ သိရပါတယ္။


ဒီၿမိဳ႕ကေလးဟာ နီကယ္လ္သတၱဳတူးေဖာ္မႈလုပ္ကိုင္တဲ့ လက္လုပ္လက္စားေတြေနထိုင္ရာ ၿမိဳ႕ကေလးျဖစ္ၿပီး

ၿပီးခဲ့တဲ့သုံးႏွစ္အတြင္း မိုင္းတြင္းေလးခုကို ပိတ္ပစ္ခဲ့ရတဲ့အထိ ႐ုန္းကန္ေနခဲ့ရတာပါ။ အခုလို ေ႐ႊေတြကို တူးယူႏိုင္ခဲ့တဲ့ျဖစ္ရပ္ဟာ မိုင္းတြင္းလုပ္သားေတြအတြက္ အသက္႐ႈေပါက္ပြင့္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

ဒီလိုအဖိုးတန္ ေ႐ႊစပါေနတဲ့ေက်ာက္တုံးေတြကို ေနာက္ထပ္တစ္ႀကိမ္ ထပ္ၿပီး တူးေဖာ္ေတြ႕ရွိဖို႔ဆိုတာ မလြယ္လွတာေၾကာင့္ အခုလိုမ်ိဳး တစ္သက္မွာတစ္ခါသာ ႀကဳံရႏိုင္တဲ့ ရွားရွားပါးပါး ကံေကာင္းမႈႀကီးတစ္ခုလို႔ေတာင္ မိုင္းလုပ္သားေတြက ယူဆေနၾကပါတယ္။


ေ႐ႊပါဝင္ေနတဲ့ ေက်ာက္တုံးေတြကို ေျမေအာက္ မီတာ (၅၀၀) အနက္မွာ တူးေဖာ္ရရွိခဲ့တာျဖစ္ပါၿပီး သတၱဳတြင္းလုပ္သားေတြဟာ ဒီေ႐ႊစေက်ာက္တုံးေတြကို ေျမျပင္ေပၚ အၿပီးသတ္တူးထုတ္ႏိုင္ဖို႔ ေလးရက္ၾကာ အခ်ိန္ယူခဲ့ရသလို အႀကီးမားဆုံးေက်ာက္တုံးႀကီးဟာ ကီလို (၉၀) အေလးခ်ိန္စီးတာေၾကာင့္ လူသုံးေယာက္ေလာက္ မ,ယူခဲ့ရပါတယ္။


" အရမ္းပဲ စိတ္လႈပ္ရွားစရာျဖစ္ခဲ့ရပါတယ္။ မိုင္းတြင္းက အလုပ္မျဖစ္ေတာ့လို႔ ေရာင္းထုတ္ခါနီးအခ်ိန္မွာ ဒီလိုႀကဳံခဲ့ရတာဆိုေတာ့ ကၽြန္ေတာ္တို႔အတြက္က ဒီမိုင္းတြင္းကို တူးေဖာ္ရက်ိဳးနပ္သြားတာေပါ့ " လို႔ မိုင္းတြင္းပိုင္ရွင္ မာ့ခ္ဆယ္လ္ဘီ (Mark Selby) က ေျပာၾကားခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းဩစတြေးလျပြည်နယ်မြို့တော်၊ ပါ့သ် (Perth) မြို့ရဲ့ အရှေ့ဘက် ၆၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ကမ်ဘဲလ်ဒါ (Kambalda) ဆိုတဲ့ မြို့ကလေးမှာ ဘီတာဟန့် မိုင်းတွင်းက လုပ်သားတွေဟာ ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ ရွှေပါဝင်တဲ့ကျောက်တုံးတွေကို ထူးထူးခြားခြား တူးဖော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမြို့ကလေးဟာ နီကယ်လ်သတ္တုတူးဖော်မှုလုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေနေထိုင်ရာ မြို့ကလေးဖြစ်ပြီး

ပြီးခဲ့တဲ့သုံးနှစ်အတွင်း မိုင်းတွင်းလေးခုကို ပိတ်ပစ်ခဲ့ရတဲ့အထိ ရုန်းကန်နေခဲ့ရတာပါ။ အခုလို ရွှေတွေကို တူးယူနိုင်ခဲ့တဲ့ဖြစ်ရပ်ဟာ မိုင်းတွင်းလုပ်သားတွေအတွက် အသက်ရှုပေါက်ပွင့်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုအဖိုးတန် ရွှေစပါနေတဲ့ကျောက်တုံးတွေကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး တူးဖော်တွေ့ရှိဖို့ဆိုတာ မလွယ်လှတာကြောင့် အခုလိုမျိုး တစ်သက်မှာတစ်ခါသာ ကြုံရနိုင်တဲ့ ရှားရှားပါးပါး ကံကောင်းမှုကြီးတစ်ခုလို့တောင် မိုင်းလုပ်သားတွေက ယူဆနေကြပါတယ်။

ရွှေပါဝင်နေတဲ့ ကျောက်တုံးတွေကို မြေအောက် မီတာ (၅၀၀) အနက်မှာ တူးဖော်ရရှိခဲ့တာဖြစ်ပါပြီး သတ္တုတွင်းလုပ်သားတွေဟာ ဒီရွှေစကျောက်တုံးတွေကို မြေပြင်ပေါ် အပြီးသတ်တူးထုတ်နိုင်ဖို့ လေးရက်ကြာ အချိန်ယူခဲ့ရသလို အကြီးမားဆုံးကျောက်တုံးကြီးဟာ ကီလို (၉၀) အလေးချိန်စီးတာကြောင့် လူသုံးယောက်လောက် မ,ယူခဲ့ရပါတယ်။

" အရမ်းပဲ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။ မိုင်းတွင်းက အလုပ်မဖြစ်တော့လို့ ရောင်းထုတ်ခါနီးအချိန်မှာ ဒီလိုကြုံခဲ့ရတာဆိုတော့ ကျွန်တော်တို့အတွက်က ဒီမိုင်းတွင်းကို တူးဖော်ရကျိုးနပ်သွားတာပေါ့ " လို့ မိုင်းတွင်းပိုင်ရှင် မာ့ခ်ဆယ်လ်ဘီ (Mark Selby) က ပြောကြားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top