မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
ဦးခင်ရွှေ
ဦးအိုက်ထွန်း
ဦးမိုက်ကယ်မိုးမြင့်
ဦးအောင်သက်မန်း
ဦးဇော်ဇော်
ဦးထွန်းမြင့်နိုင်
ဦးတေဇ
Credit:forberanks.com
#Unicode Version#
မြန်မာ့နိုင်ငံရေး အကူးအပြောင်းနဲ့အတူ ကဏ္ဍစုံမှာ ပွင့်လင်းမြင်သာမှုတွေ၊ မူဝါဒတွေ တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေမှာ နိုင်ငံရဲ့ စီးပွားရေး အခန်းကဏ္ဍဟာ အတိုင်းအတာတခုထိ ပွင့်လင်းမြင်သာမှု ရှိလာခဲ့ပါတယ်။ စီးပွားရေးကဏ္ဍမှာ အရေးပါတဲ့ အချက်တခုဖြစ်တဲ့ နိုင်ငံရဲ့ဘီလျံနာ၊ မီလျံနာများကိုလည်း ပြည်သူအများ သတိထားမိလာခဲ့ကြပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုများ တိုင်းတာရာမှာ မီလျံနာ၊ဘီလျံနာများရဲ့ လွှမ်းမိုးမှုဟာလည်း အရေးပါပါတယ်။ ဒီတခါမှာတော့ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ၁၀ ဦးစာရင်းကို forberanks.com မှဖော်ပြပေးထားတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။ အစဉ်လိုက်တင်ပြထားခြင်းမဟုတ်ပဲ အချမ်းသာဆုံးလူစာရင်းကိုသာ ဖေ်ာပြပေးခြင်းဖြစ်ပါတယ်။
ဦးခင်ရွှေ
ဇေကမ္ဘာ ကုမ္ပဏီ၏ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးခင်ရွှေဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်၁၀ဦးထဲမှ တဦးဖြစ်ပါတယ်။ ဦးခင်ရွှေဟာ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအသင်းများရဲ့ ဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။ ဦးခင်ရွှေဟာ မြန်မာ့နိုင်ငံရေးတွင်လည်း ပါဝင်လှုပ်ရှားမှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စာလှယ်အဖြစ် ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဝဏ္ဏကျော်ထင် ဦးဌေးမြင့်
ယုဇနကုမ္ပဏီ နှင့် ဆောက်သမ်းမြန်မာဘောလုံးအသင်းတို့၏ ပိုင်ရှင်ဖြစ်တဲ့ ဦးဌေးမြင့်ဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်၁၀ဦးထဲမှ အပါအဝင် ဖြစ်ပါတယ်။ ဝဏ္ဏကျော်ထင် ဦးဌေးမြင့်ရဲ့ ယုဇနကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ ရာဘာလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းကြီးများ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။
ဦးအိုက်ထွန်း
ဦးအိုက်ထွန်းဟာ မြန်မာနိုင်ငံရဲ့ အောင်မြင်လှတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတခုတခုဖြစ်တဲ့ အိုလံပစ် ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ဒါရိုက်တာတဦး ဖြစ်ပါတယ်။ အာရှဓနဘဏ်လုပ်ငန်းစုရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအိုက်ထွန်းဟာလည်း မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ၁၀ဦးမှာ တဦး အပါအဝင်ဖြစ်ပါတယ်။
ဦးမိုက်ကယ်မိုးမြင့်
ဦးမိုက်ကယ်မိုးမြင့်ဟာ မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ လုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ မိုက်ကယ်မိုးမြင့်ဟာ ယခင်လေယာဉ်မှူးဟောင်းတဦးဖြစ်ပြီး ဗိုလ်ချုပ်နေဝင်းရဲ့ ပင်တိုင်လေယာဉ်မှူးဟောင်း တဦးလည်းဖြစ်ပါတယ်။
ဦးအောင်သက်မန်း
ရွှေမန်းကိုကိုဟုလည်း လူသိများတဲ့ အောင်သက်မန်းဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး ၁၀မှာ ပါဝင်သူဖြစ်ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းရဲ့သားဖြစ်ပြီး လက်ရှိ ဧရာရွှေဝါကုမ္ပဏီရဲ့ ဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။
ဦးဇော်ဇော်
ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။ ဧရာဝတီဘဏ်၊ Max လုပ်ငန်းစုများရဲ့ ဥက္ကဋ္ဌတဦးလည်းဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ မြန်မာ့ဘောလုံးလောကကို အကောင်းဆုံး ထောက်ပံ့ပေးထားသူဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်တွင်လည်း အဖွဲ့ဝင်တဦးဖြစ်ပါတယ်။
ဦးထွန်းမြင့်နိုင်
Steven Law ဟုလည်းလူသိများတဲ့ ဦးထွန်းမြင့်နိုင်ဟာ ASIA WORLD ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာတဦးဖြစ်ပါတယ်။ ဦးထွန်းမြင့်နိုင်ဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ၁၀ဦးမှာ ပါဝင်သူဖြစ်ပြီး မကွေးဘောလုံးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
ဦးတေဇ
ဦးတေဇဟာ ယခင်ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဆက်ဆံရေး နီးစပ်သူတဦး ဖြစ်ပါတယ်။ Air Bagan လေကြောင်းလိုင်းကို ပိုင်ဆိုင်သူဖြစ်ပြီး ထူးလုပ်ငန်းစုများရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။ ဦးတေဇဟာ Asia Green Development Bank လုပ်ငန်းရဲ့ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးတေဇဟာ အခြားသော သစ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ လုပ်ငန်းအမျိုးအစား များစွာပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:forberanks.com
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top