ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×






































 အရမ်းကို တတ်နေပြီ။

Photo : လင်းလင်း FB



Photo : လင်းလင်း FB


http://static.duwun.com.mm/img/incoming/origs8872947/059499566-w800-h960-q85/41911517-268344097118794-5890189562155630592-n.jpg

Photo : လင်းလင်း FB

Credit:Duwun
# Unicode Version ဖြင့် ဖတ်ပါ #
 အရမ်းကို တတ်နေပြီ။
အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်နဲ့သစ်က  ဖေဖေမေမေတို့ရဲ့ အနုပညာသွေးတွေ အပြည့်ပါ ဝင်တယ် လို့ ဆိုရမှာပါပဲ။ အဖေဖြစ်သူက ဂစ်တာတီးပြီး သီချင်းဆိုရင် သူတို့ကပါ လိုက်ဆိုတတ်ပြီး သံစဉ်လေး တွေနဲ့ ကနေတတ်တာ လေးတွေက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။ အခုလည်း ဖေဖေနဲ့အပြိုင် စန္ဒယားတီးပြီး သီချင်းတွေ ဆိုလို့နေပါတယ်။

Photo : လင်းလင်း FB
အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်နဲ့သစ်က  ဖေဖေမေမေတို့ရဲ့ အနုပညာသွေးတွေ အပြည့်ပါ ဝင်တယ် လို့ ဆိုရမှာပါပဲ။ အဖေဖြစ်သူက ဂစ်တာတီးပြီး သီချင်းဆိုရင် သူတို့ကပါ လိုက်ဆိုတတ်ပြီး သံစဉ်လေးတွေနဲ့ ကနေတတ်တာ လေးတွေက အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။

ဒီနေ့(စက်တင်ဘာ၁၉ရက်)မှာလည်း ဖေဖေလင်းလင်းနဲ့အပြိုင် စန္ဒယားတွေတီးပြီး သီချင်းတွေ ဆိုနေတာတွေ့ရပါတယ်။တစ်နေ့တခြား ပိုပိုတတ်လာတဲ့ခေတ်နဲ့သစ်နဲ့ ဂီတသံစဉ်တွေနဲ့ တော်တော့်ကိုယဉ်ပါးနေပါပြီ။ လင်းလင်း တင်ထားတဲ့ ဗီဒီယိုဖိုင်လေးထဲက ခေတ်နဲ့သစ်ကို ကြည့်ပြီး ပရိသတ်တွေက ပိုပိုအသဲယားပြီး အချစ်ပိုနေကြပါပြီ။

Photo : လင်းလင်း FB
ဗီဒီယိုဖိုင် ပို့စ် အောက်မှာလည်း ခေတ်နဲ့သစ်လို ကလေးလေးတွေ လိုချင်ကြောင်း မထက် က ကောမန့်ပေးထားတာတွေ့ရပါတယ်။ ခေတ်နဲ့ သစ် တို့ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသူတွေပါ။ ဂစ်တာသံကြားတာပဲ ဖြစ်ဖြစ် သီချင်းသံကြားတာပဲ ဖြစ်ဖြစ် ချက်ချင်းကို လိုက်ကတတ်တဲ့ ကလေးလေးတွေပါ။ ဒီတစ်ခေါက် ဖေဖေ လင်းလင်းနဲ့ အပြိုင် စန္ဒယားတီးနေတဲ့ ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ထည့်ပေးလိုက်တယ်နော်။

အနုပညာရှင်တွေ ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ အနုပညာအလုပ်တွေ မအားမလပ်တဲ့ ကြားထဲက သမီးလေးတွေအတွက် အချိန်ပေးတတ်သူတွေပါ။ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

Photo : လင်းလင်း FB
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top