မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တ႐ုတ္ႏုိင္ငံတြင္ လူအုပ္ထဲသို႔ ကားတစ္စီးျဖင့္ ရည္ရြယ္ခ်က္ရွိရွိ ဝင္တုိက္မႈေၾကာင့္ အနည္းဆံုး လူ ၉ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ႏုိင္ငံ အလယ္ပိုင္းရွိ ဟူနန္ ေဒသမွ အမ်ားျပည္သူ အပန္းေျဖ နားေနရာ ရင္ျပင္တစ္ခုတြင္ စက္တင္ဘာ ၁၂ ရက္ ညေနပိုင္းက အဆိုပါ တိုက္ခုိက္မႈ ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။ ျဖစ္စဉ္အတြင္း ေနာက္ထပ္ လူေပါင္း ၄၀ ေက်ာ္ ဒဏ္ရာမ်ား ရခဲ့သည္။

လူမႈကြန္ရက္ မီဒီယာမ်ားတြင္ ေတြ႕ျမင္ရေသာ ဓာတ္ပံုႏွင့္ ဗီဒီယိုမ်ား၌ လူအမ်ား ကားႏွင့္ ေဝးရာသို႔ အထိတ္တလန္႔ ေျပးလႊားေနၾကပံုကို ေတြ႕ရွိရသည္။ ဟူနန္ရွိ ဟန္ယန္းၿမိဳ႕တြင္ ျဖစ္ပြားေသာ ယာဉ္တိုက္မႈမွာ ရည္ရြယ္ခ်က္ရွိရွိ က်ဴးလြန္ျခင္းဟု ေဒသခံ အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“မီဂ်ီယန္ ရင္ျပင္မွာ လူတစ္ေယာက္ဟာ လမ္းသြားလမ္းလာ အမ်ားျပည္သူကို ကားနဲ႔ ရည္ရြယ္ခ်က္ရွိရွိ ဝင္တိုက္ခဲ့တာ ျဖစ္ပါတယ္”ဟု ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ အရာရွိ တစ္ဦးက သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။ တိုက္ခုိက္မႈ က်ဴးလြန္ရျခင္း၏ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးေခ်။ ယခုျဖစ္စဉ္သည္ အၾကမ္းဖက္ ဝါဒႏွင့္ ဆက္စပ္မႈ ရွိမရွိကိုလည္း စံုစမ္းေနဆဲဟု ဆိုသည္။

ကားေမာင္းသူမွာ အဖမ္းခံထားရၿပီး မ်ိဳး႐ိုးအမည္ ယန္ဟုသာ ရဲတပ္ဖြဲ႕က ေဖာ္ျပထားသည္။ တ႐ုတ္တြင္ မၾကာေသးမီ ႏွစ္ပိုင္းမ်ားအတြင္း အလားတူ တိုက္ခုိက္မႈအခ်ိဳ႕ ျဖစ္ပြားခဲ့ဖူးေၾကာင္းလည္း သိရွိရသည္။

Ref: CNN
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံတွင် လူအုပ်ထဲသို့ ကားတစ်စီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံ အလယ်ပိုင်းရှိ ဟူနန် ဒေသမှ အများပြည်သူ အပန်းဖြေ နားနေရာ ရင်ပြင်တစ်ခုတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက အဆိုပါ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း နောက်ထပ် လူပေါင်း ၄၀ ကျော် ဒဏ်ရာများ ရခဲ့သည်။

လူမှုကွန်ရက် မီဒီယာများတွင် တွေ့မြင်ရသော ဓာတ်ပုံနှင့် ဗီဒီယိုများ၌ လူအများ ကားနှင့် ဝေးရာသို့ အထိတ်တလန့် ပြေးလွှားနေကြပုံကို တွေ့ရှိရသည်။ ဟူနန်ရှိ ဟန်ယန်းမြို့တွင် ဖြစ်ပွားသော ယာဉ်တိုက်မှုမှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဟု ဒေသခံ အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မီဂျီယန် ရင်ပြင်မှာ လူတစ်ယောက်ဟာ လမ်းသွားလမ်းလာ အများပြည်သူကို ကားနဲ့ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်”ဟု မြို့အုပ်ချုပ်ရေးအဖွဲ့ အရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ တိုက်ခိုက်မှု ကျူးလွန်ရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယခုဖြစ်စဉ်သည် အကြမ်းဖက် ဝါဒနှင့် ဆက်စပ်မှု ရှိမရှိကိုလည်း စုံစမ်းနေဆဲဟု ဆိုသည်။

ကားမောင်းသူမှာ အဖမ်းခံထားရပြီး မျိုးရိုးအမည် ယန်ဟုသာ ရဲတပ်ဖွဲ့က ဖော်ပြထားသည်။ တရုတ်တွင် မကြာသေးမီ နှစ်ပိုင်းများအတွင်း အလားတူ တိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Ref: CNN
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top