ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အခ်စ္ဟာ ေကာင္းသလားလို. ေမးရင္ေတာ့ မေကာင္းဘူး ေၿပာရမွာပဲ။ ဒါေပမဲ့ အခ်စ္ေၾကာင့္ အရဟတၱမဂ္၊ အရဟတၱဖိုလ္ ကို ရႏိုင္ ပါတယ္တဲ့။

ဒီလိုေၿပာေတာ့ စာဖတ္သူက ခ်က္ခ်င္း လက္ခံခ်င္ ႏိုင္မွ လက္ခံႏိုင္မွာပါ။ ပ႒န္း ဥပနိႆယ ပစၥည္းကုိ အာရံုၿပဳ ၾကည့္လိုက္ပါ။

အကုသေလာ ဓေမၼာ၊ ကုသလႆ ဓမၼႆ ဥပနိႆယ ပစၥေယန ပစၥေယာ။ အကုသိုလ္ တရားက ကုသိုလ္ တရားကုိ ၿပန္ ေက်းဇူးၿပဳပါတယ္တဲ့။

အကုသိုလ္က ကုသိုလ္ကုိ ၿပန္ေက်းဇူး ၿပဳတယ္ဆိုေတာ့ ဖတ္ရသူေတြ အဖို့ အံ့ၾသစရာ ၿဖစ္ေန ပါလိမ့္မယ္။အဓိပၸါယ္ ကေတာ့ အခ်စ္ဆိုတဲ့ ရာဂ ကို အမွီၿပဳၿပီး၊ ဒါနေတြ ၿပဳမယ္။ သီလေတြ ေဆာက္တည္မယ္။ ရွစ္ပါးသီလ၊ ကိုးပါး သီလ ကုိေစာင့္ထိန္းမယ္။ စ်ာန္ရေၾကာင္း သမထ ကမၼ႒န္း တစ္ခုခုကုိ ပြားမ်ားမယ္။ ၀ိပသနာ တရားကုိ ပြားမ်ားမယ္။

ဒါဆိုရင္တဲ့ မဂ္လည္း ရႏိုင္ပါတယ္။ အဘိညာဥ္လည္း ရႏိုင္ပါတယ္။ သမာတ္လည္း ရႏိုင္ပါတယ္တဲ့။ ဒီအတိုင္း ေၿပာရင္ ရွင္းမွာ မဟုတ္ဘူး၊ ပံု ၀တၴဳေလးနဲ့ တြဲေၿပာၿပလိုက္ရင္ ပိုရွင္း သြားပါလိမ့္မယ္။

ဒါေၾကာင့္ အားလံုးၾကားဖူးတဲ့ သုေမဓာ ရွင္ရေသ့ ၀တၴဳေလးကုိ ၿပန္အာရံု ၿပဳၾကည့္ရေအာင္။

ဒီပကၤရာ ၿမတ္စြာဘုရား ၾကြလာမဲ့ လမ္းမွာ ၀ိုင္းၿပီး လုပ္အားေပး ၾကေတာ့ သုေမဓာ ရွင္ရေသ့ေလး ကလည္း ၀င္ၿပီး လုပ္အား ေပးပါတယ္။ ေနာက္ ဒီပကၤရာ ၿမတ္စြာဘုရားရွင္ ၾကြလာေတာ့ သူေမဓာ ရွင္ရေသ့ေလးက သူတာ၀န္ယူ ထားတဲ့ ေၿမကြက္က မၿပီးေသးတာနဲ့ ခႏၶာကုိယ္ကို တံတား အၿဖစ္ခင္းၿပီး လွဴ လိုက္ပါတယ္။

အဲဒီအခ်ိန္မွာပဲ သုမိတၱာ ဆိုတဲ့ အမ်ိဳး သမီးေလးက ရေသ့ေလးကို ၿမင္ၿမင္ၿခင္း သံေယာဇဥ္ ၿဖစ္ၿပီး ခ်စ္သြားပါသတဲ့။ သုမိတၱာ ဆိုတဲ့ အမ်ိဳးသမီး ေလးရဲ့ လက္ထဲ မွာ ဒီပကၤရာ ၿမတ္စြာ ဘုရားကုိ ကပ္လွဴဘို. ၾကာပန္း ရွစ္ခိုင္ကုိ ကုိင္ထားပါတယ္။

ၿမင္ၿမင္ခ်င္း ခ်စ္တဲ့စိတ္ ၿဖစ္သြားတာ ဆိုေတာ့ ကုိင္ထားတဲ့ ၾကာပန္း ရွစ္ခိုင္ထဲက ငါးခိုင္ကုိ ခြဲထုတ္ၿပီး သုေမဓာ ရွင္ရေသ့ေလးကုိ “ဒီၾကာပန္းေလး ေတြနဲ့ ၿမတ္စြာ ဘုရားကုိ လွဴပါေနာ္” လို. ေၿပာၿပီး ေပးလိုက္ပါတယ္။ သူကေတာ့ သံုးခိုင္ပဲ ယူထားလိုက္ပါတယ္။ၿပီးေတာ့ ရွင္ရေသ့ ပါရမီ ၿဖည့္က်င့္ ေနသမွ် ကာလ အေတာ အတြင္း “ကြ်န္မသည္ ရွင္ရေသ့နဲ့ အတူတကြ ပါရမီၿဖည့္ဘက္ ၿဖစ္ရပါလို့၏”လို့ ဆုေတာင္း လိုက္ပါတယ္။

ဒီဘ၀ အတြက္ ဆုေတာင္းတာ မဟုတ္ပါဘူး၊ ေနာင္ဘ၀ ေနာင္ဘ၀ ေတြအတြက္ ဆုေတာင္းတာပါ။ ရေသ့ၿဖစ္ ေနတာဆိုေတာ့ ဒီဘ၀ အတြက္ေတာ့ မၿဖစ္ႏိုင္ေတာ့ပါဘူး ။

ဒီပကၤရာ ၿမတ္စြာဘုရားရွင္ကလည္း
“သုေမဓာ ရွင္ရေသ့…ဒီ သုမိတၱာ အမ်ိဳးသမီးေလးဟာ သင္ဘုရား ၿဖစ္ဖို့ရန္ စိတ္တူ ကံတူ ပါရမီ ၿဖည့္ဘက္ ၿဖစ္လိမ့္မယ္” လို့ တစ္ခါတည္း ဗ်ာဒိတ္ ေပးလိုက္ပါတယ္။ ဘာပဲေၿပာေၿပာ ခ်စ္တဲ့ စိတ္ၿဖစ္ၿပီး ပါရမီ ဆုေတာင္း လိုက္ေတာ့ သုမိတၱာ အတြက္ မွန္ကန္ အက်ိဳးရွိတဲ့ ဆုေတာင္းတစ္ခု ၿဖစ္သြားတာေတာ့ အမွန္ပါပဲ။

သုမိတၱာဆိုတဲ့ အမ်ိဳးသမီး ေလးဟာ အခ်စ္ဆိုတဲ့ ရာဂ ကုိ အမွီၿပဳၿပီး သံသရာမွာ ပါရမီ ၿဖည့္ဘက္ အၿဖစ္ က်င္လည္ရင္း ၊ ဒါနေတြၿပဳ၊ သီလေတြ ေဆာက္တည္၊ သမထ ေတြပြားမ်ား၊ ေနာက္ဆံုး ဘ၀မွာ ၀ိပႆနာ တရားေတြ ပြားမ်ား အားထုတ္ရင္း၊ အရဟတၱမဂ္၊ အရဟတၱဖိုလ္ ရသြား ပါေတာ့တယ္။

ဒါဟာ အခ်စ္ဆိုတဲ့ ရာဂကုိ အမွီၿပဳၿပီး အရဟတၱမဂ္၊ အရဟတၱဖိုလ္ ရသြားတဲ့ ထင္ရွားတဲ့ သာဓက တစ္ခုပါ။ အခ်စ္က နိဗၺာန္ရဖို့ ေက်းဇူး ၿပဳလိုက္တာပါ။

ဇနီး ေမာင္ႏွံ နွစ္ေယာက္ အိမ္ေထာင္ၿပဳ ၾကတယ္ဆိုတာ ရာဂကုိ အမွီၿပဳ ၿပီးၿပဳၾက ရတာပါ။ ဒါေပမဲ့ ကုိယ္က ဒီရာဂ ကုိ အမွီၿပဳ ၿပီး ဒါနေတြ ၿပဳၿဖစ္ေအာင္၊ သီလေတြ ေဆာက္တည္ၿဖစ္ေအာင္၊ ၀ိပႆနာေတြ ပြားမ်ားၿဖစ္ေအာင္ သုေမဓာ ရွင္ ရေသ့နဲ့ သုမိတၱာ အမ်ိဳးသမီး ေလးတို့ကုိ အာရံုၿပဳၿပီး ၾကိဳးစား ရပါမယ္။

ဥပမာ- ကုိယ့္ခင္ပြန္းက အၿပင္ထြက္ၿပီး စီးပြားရွာ ေနမယ္၊ ရွာလို့ ရလာတဲ့ ေငြေၾကးေတြကုိ ဒါနေတြ ၿပဳေပးမယ္။ ခင္ပြန္း ေမြးေန.မွာ ကုသိုလ္ ေကာင္းမွဳ. တစ္ခုခု ၿပဳေပးမယ္၊ ေမြးေန. မွာ နွစ္ေယာက္အတူ ဘုရားသြားမယ္၊ တရားပြဲေတြ အတူတူ သြားမယ္၊ မဂၤလာ ဆယ္ႏွစ္ေၿမာက္၊ ဆယ့္ငါးႏွစ္ေၿမာက္၊ အထိန္းအမွတ္ အၿဖစ္ ဒါနေတြ ၿပဳမယ္။

အားတဲ့ ရက္ေတြမွာ ရိပ္သာကုိ တလွည့္စီ ဒါမွမဟုတ္ ႏွစ္ေယာက္ အတူတူ ရိပ္သာ၀င္ တရား အားထုတ္မယ္ ၊ ဒါေတြဟာ အခ်စ္ကုိ အမွီၿပဳ ၿပီး ကုသိုလ္ေတြ ၿဖစ္ေနတာပါ။

ေနာက္တစ္ခုက ကုိယ့္ခင္ပြန္း အၿပင္သြားၿပီး အလုပ္လုပ္ ေနတဲ့ အခ်ိန္မွာ ကုိယ့္ခင္ပြန္း အတြက္ ဘုရားမွာ ပန္းကပ္၊ ေရကပ္ေပးမယ္။ ၿပီးေတာ့ ဤေရ ေအးၿမသလို ကိုကိုလည္း စိတ္ေကာ ရုပ္ေကာ ေအးၿမပါေစလို့ ေမတၱာပို့ ေပး ေနမယ္ဆိုရင္ အခ်စ္ဆိုတဲ့ ရာဂကုိ အမွီၿပဳၿပီး ကုသိုလ္ေတြ ၿဖစ္ေနတာပါ။

ပ႒န္း စကားနဲ့ ေၿပာရင္ ဥပနႆယ ပစၥည္းနဲ့ အၿပန္အလွန္ ေက်းဇူးၿပဳ ေနၾကတာပါ။ ကုသိုလ္ ေကာင္းမွဳ. ေတြကုိ အတူတူ ၿပဳေနတဲ့ အတြက္ ေနာင္ဘ၀ ေနာင္ဘ၀ ေတြအတြက္လည္း ေရစက္ဆံု ၾကရဦးမွာပါ။

တကယ္လို. အိမ္ေထာင္ မၿပဳရေသးတဲ့ သမီးရည္းစား ဘ၀မွာပဲ ရွိေနေသးတယ္ ထားဦး။ ခ်စ္သူတို့ သဘာ၀ အရ ေရႊတိဂံု ဘုရားကုိ သြားမယ္၊ ဘုရားမွာ ပန္းကပ္မယ္၊ ေရကပ္မယ္၊ ေရႊသကၤန္း ကပ္မယ္ ဘုရားရွိခိုး မယ္ဆိုၾကပါစို.။

သြားတံုးက ရာဂ ကုိ အမွီၿပဳ ၿပီးသြားၾကတာ ဒါေပမဲ့ ဘုရားေပၚ ေရာက္ေတာ့ ကုသိုလ္ေတြ ၿပဳၿဖစ္သြားပါတယ္။ ဒါဟာလည္း အခ်စ္ကုိ အမွီၿပဳ ၿပီး ကုသိုလ္ေတြ ၿဖစ္ေနတာပါပဲ။သြားတံုးကေတာ့ ရာဂကုိ အမွီၿပဳ ၿပီးသြားေပမဲ့ ရာဂ အဆင့္မွာပဲ ရပ္မေနဘဲ တစ္ဆင့္တက္ၿပီး ကုသိုလ္ေတြ ၿပဳလုိက္ေတာ့ အခ်စ္ကေန ကုသိုလ္ကုိ ေက်းဇူးၿပဳ သြားတာပါ။

ဟယ္..ရာဂ ဆုိတာ အကုသိုလ္ၾကီး ဆိုၿပီး နင္းကန္ အၿပစ္တင္ ေနရမွာ မဟုတ္ပါဘူး။ အဲဒီ အကုသိုလ္ ဆိုတဲ့ ရာဂ ကုိ အမွီၿပဳၿပီး အရဟတၱမဂ္၊ အရဟတၱဖိုလ္ ရႏိုင္တယ္ ဆိုတာ ကုိယ္က သေဘာေပါက္ ထားဖို့ပါပဲ။

တစ္ခုေတာ့ ရွိပါတယ္။ ရာဂကုိ အမွီၿပဳၿပီး တစ္ဆင့္ တက္ရမွာကုိ မတက္ဘဲ ရာဂနဲ့ပဲ ရပ္ေနမယ္၊ အခ်စ္နဲ့ပဲ ရပ္ေနမယ္ ဆိုရင္ေတာ့ ဘယ္ အရဟတၱမဂ္၊ အရဟတၱဖိုလ္ ရႏိုင္မွာလဲ။

ဒီေတာ့ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ အခ်စ္ဆိုတဲ့ ရာဂကုိ အမွီၿပဳၿပီး အကုသိုလ္ ကေန ကုသိုလ္ကုိ တစ္ဆင့္တက္တဲ့ ဥပနိႆယ ပစၥည္းေတြ ၿဖစ္ေနဖို.ပဲ အေရးၾကီးပါတယ္။

ၿပီးေတာ့ ဒီ ဥပနိႆယ ပစၥည္းေတြဟာ ေနာင္ဘ၀ ေနာင္ဘ၀ ေတြထိလည္း လိုက္ၿပီး ေက်းဇူးၿပဳ ေနဦးမွာပါ။ ေနာက္ဆံုး နိဗၺာန္ ရတဲ့ အထိ ေက်းဇူးၿပဳ သြားမွာပါ။ႏွစ္ေယာက္လံုး တရားအသိ ရွိထားတဲ့ သူေတြဆိုရင္ အမွားၿပဳဖို့လည္း ခဲယဥ္း ၾကသလို၊ ႏွစ္ေယာက္ စလံုးဟာ တရား ရိပ္သာ ၀င္ ထားၾက၊ တရား အားထုတ္ဖူးတဲ့ သူေတြ ဆုိရင္ေတာ့ တရား အသိ ေလးေတြနဲ့ ဆိုရင္ ဘ၀ကို အဓိပၸါယ္ ရွိရွိ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းေလး တည္ေဆာက္ သြားလို့ ရပါတယ္။

ဘာပဲေၿပာေၿပာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ပ႒န္း ဥပနိႆယ ပစၥည္းေတြ ေန.စဥ္ ၿဖစ္ ၿဖစ္ေနဖို့ပါပဲ။ ဒါဆိုရင္ အမွားနည္းတဲ့ “ရာသက္ပန္ ၿငိမ္းခ်မ္းတဲ့ ဘ၀ေလး” ၿဖစ္ေနေတာ့မွာပါ။

ေရးသားသူ - အရွင္ ရာဇိႏၵ (ရေ၀ႏြယ္-အင္းမ)
အလင္းတန္း ဂ်ာနယ္။ ၄. ၉. ၂၀၀၆။

ရေ၀ႏြယ္(အင္းမ)ဆိုဒ္မွတဆင့္
့္ျပန္လည္ကူးယူတင္ျပဓမၼဒါနျပဳပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ဗုဒၶအလင္း။
# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။

ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။

အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။

အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ ဈာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ဝိပသနာ တရားကို ပွားများမယ်။

ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာ မဟုတ်ဘူး၊ ပုံ ဝတ္ထုလေးနဲ့ တွဲပြောပြလိုက်ရင် ပိုရှင်း သွားပါလိမ့်မယ်။

ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ဝတ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ဝိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ဝင်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။

မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။

ဒီဘ၀ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘ၀ နောင်ဘ၀ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘ၀ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း
“သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။

သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘဝမှာ ဝိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။

ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။

ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ဝိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့ သုမိတ္တာ အမျိုးသမီး လေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။

ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။

အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။

နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။

ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘ၀ နောင်ဘ၀ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။

တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘဝမှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာ၀ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။

သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါပဲ။သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။

ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။

ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။

ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘ၀ နောင်ဘ၀ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ဝင် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘဝကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။

ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ “ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘဝလေး” ဖြစ်နေတော့မှာပါ။

ရေးသားသူ - အရှင် ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆။

ရဝေနွယ်(အင်းမ)ဆိုဒ်မှတဆင့်
့်ပြန်လည်ကူးယူတင်ပြဓမ္မဒါနပြုပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ဗုဒ္ဓအလင်း။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top