ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တကၠသိုလ္တက္တုန္းက ကန္တင္းမွာ စိုးျမင္႔ေက်ာ္ မွာစားခဲ႔ဖူးလား? အသားေတြနဲ႔ အသီးအရြက္ေတြ ေၾကာ္ထားျပီးထမင္းေပၚကို အုပ္ေပးထားတဲ႔ စိုးျမင္႔ေၾကာ္ကို ၾကိဳက္တဲ႔သူေတြ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြ ထဲမွာလည္းရွိမယ္ထင္ပါတယ္။ ကဲ..ဦးစိုးျမင္႔ကိုယ္တိုင္ရွင္းျပတဲ႔ စိုးျမင္႔ေက်ာ္ သမိုင္းေၾကာင္း ကို ဖတ္ၾကည္႔လိုက္ဦးေနာ္။

ကၽြန္ေတာ့္ မိတ္ေဆြႀကီး ကိုေက်ာ္စြာမင္း အားဤစာစု ျဖင့္ ဦးညႊတ္ ပါတယ္။လူ အ မ်ား ျငင္းခုံ ေနၾကတာ ၊ ေသေသ ျခာျခာ ၊ ေရေရရာရာ မသိတဲ့ သူေတြအတြက္ ၊ အဆင္ေျပရင္ မွတ္တမ္း ေလး ျဖစ္ေအာင္ ေရးပါ အစ္ကို လို႔ တိုက္တြန္းတဲ့ အတြက္ ေရးလိုက္ရတာပါ ။တစ္ကယ္ေတာ့ ရည္ရြယ္ခ်က္ မရိွဘဲ အေပ်ာ္သေဘာ နဲ႔ ေက်ာင္းသားဘဝ ၊ လြတ္လြတ္လပ္လပ္ ဘာမွေစာင့္ထိမ္း စရာ မလို တဲ့ ငယ္ရြယ္စဥ္ အခါက လုပ္ခဲ့ၾကတဲ့ လုပ္ရပ္ေလး ဟာ ဒီေန႔ အထိ အမွတ္တရတကၠသိုလ္ ဝန္းက်င္ မွာ ထင္က်န္ရစ္ ေနတာ ဆိုေတာ့ ဝမ္းသာ ရပါတယ္။ခုခ်ိန္မွာ ေတာ့ ရွက္စရာလိုလို ၊ ရီစရာလိုလို ျဖစ္ေနတာေတာ့ တစ္ကယ္ပါ ။

ကၽြန္ေတာ္ စိန္ဂၽြန္းေက်ာင္းသား ဘဝ က စေျပာမွ ဘဲ ျပည့္စုံမွာမို႔ ၊ အားလုံးလည္း သိသင့္ တယ္ထင္လို႔ တင္ျပပါရေစ ။ စိန္ဂြ်န္းေက်ာင္းက မုန္႔ေစ်းတန္းမွာ အပ်ိဳႀကီး ထမင္းေၾကာ္ဆိုင္ ဆိုတာ ရိွပါတယ္ ၊ ထမင္းျဖဴ ေလးကို ဝက္ဆီ နဲ႔ၾကက္သြန္ျဖဴ ဆီ သတ္ၿပီး ၊ ပဲငံျပာရည္ ၊ ၾကာညိႇု႔ ၊ အခ်ိဳမႈန္႔ ေလး သုံးၿပီး ဒယ္အိုးေပၚမွာ မီးမၽွင္းမၽွင္းေလးနဲ႔လိမ့္ထားတာပါ ၊ၿပီးေတာ့ ဝက္သား ကိုျပဳတ္ၿပီး အေနေတာ္ အျပားေလးေတြလီွးၿပီး ပဲငံျပာရည္နဲ႔ၾကာညိႇု႔ ၊ အခ်ိဳမႈန္႔တို႔သုံးၿပီး ေၾကာ္ထားပါတယ္ ။ဟင္းခ်ိဳအတြက္ကေတာ့ ခုဏ ဝက္သားျပဳတ္တုန္းကေရာျပဳတ္ထားတဲ့ ဝက္ရိုး ဟင္းခ်ိဳ ရယ္သခြားခ်ဥ္ ရယ္ တြဲဖက္ ေပးထားပါတယ္ ။ကၽြန္ေတာ္ ၈တန္း ၊ ၉ တန္း ပထမႏွစ္ ၊ ၉ တန္း ဒုတိယ ႏွစ္ထိ ၊ ေန႔စဥ္ မပ်က္မကြက္ စားသုံးခဲ့တာပါ၊( စိန္ဂၽြန္း ေက်ာင္းသား ေဟာင္းတိုင္း မွတ္မိမွာပါ ၊ကၽြန္ေတာ့္ ေဖးဖရိတ္ မနက္စာ ဘဲ ျဖစ္ပါတယ္)

ဒီလိုနဲ႔ ၉ တန္းေအာင္ ၊ ၁၀ တန္းကိုေတာ့ အင္းယာ းလမ္းက စိန္ဩဂတ္စတင္း ေက်ာင္းေျပာင္း ခဲ့ ရေတာ့ အပ်ိဳႀကီး ထမင္းေၾကာ္ နဲ႔ ေဝးခဲ့ရပါေတာ့တယ္ ။၁၀ တန္း ၂ ႏွစ္ တက္ၿပီး ေဒ သ ေကာလိပ္ေရာက္ ၊ပထမ ႏွစ္ ေအာင္ဒုတိယ ႏွစ္ ေအာင္ၿပီး တတိယ ႏွစ္ ဘူမိေဗဒ တက္ဖို႔ ရန္ကုန္တကၠသိုလ္ ပင္မ (RASU)ကို ေရာက္လာပါတယ္ ၊(၁၉၈၁ ခုႏွစ္ေလာက္ကပါ)သူငယ္ခ်င္းေတြကလည္း M C,R I T, ECO , MATHS, PHYSIC,ZOO, BOTANY,စသျဖင့္ Major ေတြ ကြဲ ကုန္ၾကပါတယ္ ၊ဒါေပမဲ့ ေဒသ ေကာလိပ္တက္ခဲ့တုန္းက တစ္တြဲတြဲ ေနခဲ့ၾကတာ ဆိုေတာ့ ၊မခြဲ ႏိုင္ျဖစ္ေနၾကတာေပါ့ ။ဒါေၾကာင့္ မ်ားေသာအားျဖင့္ အတန္းမတက္ၾကဘဲ ၊ တကၠသိုလ္ စာၾကည့္တိုက္ ေရွ႕ နဲ႔ ေငြစာရင္းဌာန (cash) ေရွ႕မွာဘဲ လူစုျဖစ္ၾကပါတယ္ ၊အေရးႀကီးမွ ပရက္တီကယ္ ၊ က်ဴတိုရီယယ္ ၊ ရိွ မွ ပ်က္ကြက္တာပါ ။မနက္ေစာေစာ ေရာက္ၾကၿပီး လူစုံေအာင္ေစာင့္ၾကပါတယ္ ၊ လူစုံမွ သိပၸံ ကန္တင္း ကို ခ်ီတက္ၾကတာပါ။ ဒါမွမဟုတ္ ကားေတြေပၚစုတက္ျပီး ၊ ေက်ာင္းထဲက ဦးခ်စ္ လ႓က္ရည္ဆိုင္ျဖစ္ျဖစ္ ၊ လွည္းတန္းျဖစ္ျဖစ္ ၊တစ္ခါတစ္ေလ အလြမ္းေျပ R C 2 ျဖစ္ျဖစ္ သြား ေသာက္ၾကပါတယ္ ။ေန႔လည္ဖက္ေရာက္ရင္ေတာ့ ေက်ာင္းထဲျပန္ေရာက္လာၾကၿပီး ေန႔လည္စာ စားၾကျပန္ပါတယ္၊အမ်ားဆုံး ကေတာ့ သိပၸံ ကန္တင္းက ကိုဖိုးေထာင္တို႔ #မိသားစု စားေသာက္ဆိုင္မွာ စားျဖစ္ၾကပါတယ္ ၊သူနဲ႔ ကပ္ရက္ ကေတာ့ ကိုစိန္ေအး အေအးဆိုင္ ျဖစ္ပါတယ္ ၊ကိုစိန္ေအးကေတာ့ကၽြန္ေတာ္တို႔ရဲ႕ အခ်ိန္းအခ်က္လုပ္ရာ ေအာ္ပေရတာ ဘဲ ျဖစ္ပါတယ္ ။ဘယ္သူလာသြားၿပီ၊ ဘယ္သူျပန္သြားၿပီ၊ ဘယ္သူ ဘာမွာသြားတယ္ ၊ ဘယ္သူ ေနာက္က်မယ္ေစာင့္ပါမွာသြားတယ္ ၊စသျဖင့္ အခ်ိန္းအခ်က္မွန္သမၽွ သတင္းပို႔ေပးရသူ ျဖစ္ပါတယ္။

ကိုဖိုးေထာင္ တို႔မိသားစု ထမင္းဆိုင္ကေတာ့ စိုးျမင့္ေၾကာ္ စတင္ရာ ဘူမိနက္သန္ဘဲ ျဖစ္ပါတယ္ ၊တစ္ေန႔ တစ္ေန႔ စားလိုက္ၾကတာ ၊ ထမင္းေၾကာ္ ၊ ထမင္းေပါင္း ၊ ၾကာဇံ ေၾကာ္ ၊ ေခါက္ဆြဲေၾကာ္ ၊
ၾကက္ဥ ေမႊေၾကာ္ ၊ အစိမ္းေၾကာ္ ၊ ခ်ိဳခ်ဥ္ ေၾကာ္ ၊ ေတာက္ေတာက္ေၾကာ္ ၊ ကုန္းေဘာင္ႀကီးေၾကာ္၊ၾကာေတာ့ ထပ္ေနေတာ့ တာေပါ့ ၊ဒီၾကားထဲဂ်ီးမ်ားတဲ့သူက ရိွေသးတယ္ ၊ ဟို ဟာေလ်ာ့ ၊ ဒီဟာေလ်ာ့ ၊ ဒါပိုထည့္ေပး ၊ ေကာ္ရည္ေလ်ာ့ ၊ အစပ္ေလ်ာ့ ၊ အမ်ိဳးမ်ိဳး ဒုကၡေပးၾကတာေပါ့ ၊ကိုဖိုးေထာင္တို႔ကလည္း စိတ္ရွည္ပါတယ္၊စားေသာက္ဆိုင္ေတြထဲမွာေတာ့ ေက်ာင္းထဲမွာ ဖြင့္တဲ့ ကန္တင္းက စားေသာက္ဆိုင္ေတြက သနားစရာ အေကာင္းဆုံးပါဘဲ၊ ေစ်းသက္သာတဲ့အျပင္ အေႂကြးလည္းထားရ ၊ ေက်ာင္းသားေတြလည္းေၾကာက္ရ ၊ အျမတ္အစြန္းလည္းသိပ္မရ ၊ေစတနာ တစ္အား ေကာင္းၾကပါတယ္ ။
စိုးျမင့္ေၾကာ္ ဇာတ္လမ္း စ ပါေတာ့မယ္ ၊အခု ေပါင္းေနတဲ့ အုပ္စုထဲမွာ စိန္ဂၽြန္းထဲကေပါင္းတဲ့သူငယ္ခ်င္းေတြလည္းပါ ပါတယ္။ပိုက္ဆံ လည္းအမ်ားစုက တတ္ႏိုင္ၾကပါတယ္ ၊ အဲ့မွာ အစားအေသာက္ ဂ်ီးမ်ားၾကရင္းကိုယ္ေတြက စိန္ဂၽြန္းေက်ာင္းတုန္းက စားခဲ့တဲ့ အပ်ိဳႀကီး ထမင္းေၾကာ္ကို သတိရသြားတယ္အိမ္မွာလည္း တစ္ခါတစ္ေလ စမ္းၿပီးေၾကာ္စားေနၾက ဆိုေတာ့ ၊ ဘယ္သူစားမလဲ ငါ ေၾကာ္
ေကၽြးမယ္ဆိုေတာ့ ၊ တစ္ခ်ိဳ႕က မယုံၾကဘူး ၊ တရုတ္စာ ေကာင္းေကာင္း ခ်က္တတ္တာမသိၾကဘူး ၊ သိတဲ့ သူငယ္ခ်င္းေတြ က ေျမႇာက္ေပးတယ္ ၊ေဟ့ေကာင္ စိုးျမင့္ ခ်က္ျပလိုက္ကြာဆိုေတာ့ ကိုယ္ေတြက အရွက္မရိွ ကိုဖိုးေထာင္တို႔ မီးဖိုထဲဝင္ၿပီး စီမံ ရေတာ့တာေပါ့ ။ဆီမ်ားတာ မႀကိဳက္တဲ့သူ ၊ ေကာ္ရည္ မႀကိဳက္တဲ့သူ ၊ အတြက္စဥ္းစားၿပီး အပ်ိဳႀကီးထမင္းေၾကာ္ကိုမီွျငမ္းၿပီး ၊အစိမ္းေၾကာ္ဆန္ဆန္ အရြက္၂ မ်ိဳး ၃ မ်ိဳး ထည့္ၿပီး ေၾကာ္လိုက္တာေပါ့ ၊ ၾကက္သားျဖစ္ျဖစ္ ၊ ဝက္သားျဖစ္ျဖစ္ ႏုတ္ႏုတ္မစဥ္းဘဲ အပ်ိဳႀကီး ဆိုင္ကထမင္းေၾကာ္အတိုင္း ခပ္ျပားျပားလွီးၿပီးထည့္ေၾကာ္ေတာ့ ပုစံ တစ္မ်ိဳးျဖစ္သြားတာေပါ့ ၊
ထမင္းကိုလည္း အဲ့ဒီေခတ္က ဘယ္သူမွမလုပ္ေသးတဲ့ ပုံ၊ ပုဂံ လုံးထဲ ထည့္သိပ္ၿပီးပုဂံျပားထဲ ေမွာက္ခ် လိုက္တဲ့အခါ ဒီဇိုင္းဆန္းသြားတာေပါ့ ၊ၾကက္ဥ ကလည္းထည့္ခ်င္လည္းရတယ္ ၊ မထည့္ခ်င္လည္း ရတယ္ ဆိုေတာ့ အိုေက သြားၿပီ။

ပထမ ေတာ့ သူနဲနဲျမည္း ကိုယ္နဲနဲျမည္းေပါ့ ၊ေနာက္ၾကေတာ့ သူတစ္ပြဲမွာစား ကိုယ္တစ္ပြဲမွာစားေပါ့ ။ေနာက္ပိုင္းၾကေတာ့ ေဖာ္ျမဴလာ တတ္သြားၿပီ ျဖစ္တဲ့ ကိုဖိုးေထာင္ကဘဲ ေၾကာ္ေပးတာပါ ။
နာမည္ ျဖစ္ေပၚလာပုံ ကေတာ့ ရီစရာပါ ၊သူငယ္ခ်င္းေတြက ကိုယ္မရိွလည္း သြားစားၾကတဲ့ အခါကိုဖိုးေထာင္ေရ စိုးျမင့္ေၾကာ္တာမ်ိဳး တစ္ပြဲေၾကာ္ေပးပါ ၊ ၂ ပြဲေၾကာ္ေပးပါ စသျဖင့္ မွၾကတာေပါ့၊ကိုယ္ေတြ အဖြဲက အဲ့လို မွာစားၾကေတာ့ ၊ ကိုဖိုးေထာင္တို႔ဆိုင္မွာ လာစားေနၾက အျခားေက်ာင္းသားအဖြဲ႕ ေတြကလည္း ေမးၿပီ၊ ကိုဖိုးေထာင္ အဲ့ဒါ ဘာေၾကာ္လဲ ၊ သူတို႔ဘာေတြမွာ စားေနတာလည္းေပါ့ ၊စားစရာ
သူတို႔ေကာ မွာစားလို႔မရဘူးလား ဆိုေတာ့ ၊ကိုဖိုးေထာင္က ေနာက္ေန႔ၾက ခြင့္ေတာင္းၿပီကိုစိုးျမင့္ေရ အျခားေက်ာင္းသားေတြကလည္းစားခ်င္လို႔ ေမးေနၾကတယ္ကၽြန္ေတာ္ ေၾကာ္ေရာင္းလို႔ရမလား ဆိုေတာ့ ၊ ကိုယ္ေတြကလည္း ဘာမွ ကန္႔ကြက္စရာမရိွတာမို႔ ေရာင္းေပါ့ ဘာမွ မျဖစ္ပါဘူး ကိုဖိုးေထာင္ သေဘာ ဆိုေတာ့ ၊ သူတို႔လည္း စေရာင္းတာေပါ့ ၊မွာတဲ့ အခါၾကေတာ့ ဟင္းပြဲက နာမည္မရိွေတာ့ ဝိတ္တာ ေလးေတြက ကိုဖိုးေထာင္ေရကိုစိုးျမင့္ေၾကာ္တာမ်ိဳး ၂ပြဲ ၊ ၄ ပြဲ ၊ ဆိုၿပီး ေအာ္ေျပာၾကတာေပါ့ ၊ေနာက္ၾကေတာ့ ကိုစိုးျမင့္ ေၾကာ္တာမ်ိဳး ဆိုရာကေန ကိုစိုးျမင့္ေၾကာ္ ၊ ၿပီးမွ ခပ္လြယ္လြယ္ စိုးျမင့္ေၾကာ္ ဆိုၿပီး ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းလာေတာ့တယ္ ။

ျပသနာက စလာၿပီ ။ကိုဖိုးေထာင္တို႔ဆိုင္မွာ ေရာင္းေကာင္းေတာ့ ……ေဘး တစ္ဆိုင္ေက်ာ္က ထမင္းေၾကာ္ဆိုင္ကလည္း ခပ္တည္တည္ လိုက္ ေၾကာ္ေရာင္းၿပီ ။အဲ့မွာ ကိုဖိုးေထာင္နဲ႔ စကားမ်ားၾကတာေပါ့
ကိုဖိုးေထာင္က တိုင္ၿပီ ၊ ကိုစိုးျမင့္ ကၽြန္ေတာ္တို႔က မူပိုင္ ၊သူတို႔က လိုက္တုေရာင္းတာဘယ္လိုလုပ္ရမလဲ ဆိုေတာ့ ကိုယ္ေတြကၾကားက ဒုကၡ ေရာက္ရတာေပါ့ ၊ဒါနဲ ့ ကိုဖိုးေထာင္ ကို ေခ်ာ့ေမာ့ၿပီး ၊ ေရာင္းပေစ ေပါ့ဗ်ာ ၊ ဘာတတ္ႏိုင္မွာလဲ ၊ကိုယ့္မိတ္နဲ႔ ကိုယ္ဘဲ ၊သူလည္းေရာင္းပါေစ၊ ကိုယ္လည္းေရာင္းေပါ့ ၊ပိတ္ပင္လို႔မွ မရတာ ဆိုေတာ့ သူလည္း စိတ္ေလ်ာ့ ရေတာ့တာေပါ့ ၊ဒီလိုနဲ႔ မီႏူးမွာကို ” စိုးျမင့္ေၾကာ္ “ဆိုၿပီး ထည့္ၿပီး ေရာင္းၾကတာေပါ့ ၊အဲ့ဒီ ကမွ Main ထဲမွာတင္ Arts ကန္တင္း Eco ကန္တင္း အကုန္ ပ်ံ႕ႏွ႔ံ သြားတာေပါ့ ေနာက္မၾကာပါဘူး RC 2 ထဲမွာပါ မွာစားလို႔ရတဲ့အထိ ျဖစ္လာပါတယ္

ကေန႔ ဆိုယင္ေတာ့ ျမန္မာျပည္ အႏွံ႔မွာ ရိွ တဲ ့ တကၠသိုလ္ ကန္တင္းတိုင္းလိုလိုမွာ ရိွတဲ့ စားစရာ အမယ္ တစ္မ်ိဳးအျဖစ္ ေတြ႕ရိွေနရတာ ျဖစ္ပါတယ္ ။
(သူငယ္ခ်င္း နာမည္ေတြ ထည့္မေရးတာ ခြင့္လႊတ္ပါ ၊ တစ္ခ်ိဳ႕က ခု အခ်ိန္မွာ သူေဌးႀကီးေတြျဖစ္ေနေတာ့ ႀကိဳက္မွန္းမသိ မႀကိဳက္မွန္းမသိ ဆိုေတာ့ ..အားလုံးကို သတိရလ်က္ ……..)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးစိုးျမင့္၏ facebook Account မွကူးယူေဖာ္ျပပါသည္။

#Unicode Version#

တက္ကသိုလ်တက်တုန်းက ကန်တင်းမှာ စိုးမြင့်ကျော် မှာစားခဲ့ဖူးလား? အသားတွေနဲ့ အသီးအရွက်တွေ ကြော်ထားပြီးထမင်းပေါ်ကို အုပ်ပေးထားတဲ့ စိုးမြင့်ကြော်ကို ကြိုက်တဲ့သူတွေ ပြောချင်လွန်းလို့ ပရိသတ်တွေ ထဲမှာလည်းရှိမယ်ထင်ပါတယ်။ ကဲ..ဦးစိုးမြင့်ကိုယ်တိုင်ရှင်းပြတဲ့ စိုးမြင့်ကျော် သမိုင်းကြောင်း ကို ဖတ်ကြည့်လိုက်ဦးနော်။

ကျွန်တော့် မိတ်ဆွေကြီး ကိုကျော်စွာမင်း အားဤစာစု ဖြင့် ဦးညွှတ် ပါတယ်။လူ အ များ ငြင်းခုံ နေကြတာ ၊ သေသေ ခြာခြာ ၊ ရေရေရာရာ မသိတဲ့ သူတွေအတွက် ၊ အဆင်ပြေရင် မှတ်တမ်း လေး ဖြစ်အောင် ရေးပါ အစ်ကို လို့ တိုက်တွန်းတဲ့ အတွက် ရေးလိုက်ရတာပါ ။တစ်ကယ်တော့ ရည်ရွယ်ချက် မရှိဘဲ အပျော်သဘော နဲ့ ကျောင်းသားဘဝ ၊ လွတ်လွတ်လပ်လပ် ဘာမှစောင့်ထိမ်း စရာ မလို တဲ့ ငယ်ရွယ်စဉ် အခါက လုပ်ခဲ့ကြတဲ့ လုပ်ရပ်လေး ဟာ ဒီနေ့ အထိ အမှတ်တရတက္ကသိုလ် ဝန်းကျင် မှာ ထင်ကျန်ရစ် နေတာ ဆိုတော့ ဝမ်းသာ ရပါတယ်။ခုချိန်မှာ တော့ ရှက်စရာလိုလို ၊ ရီစရာလိုလို ဖြစ်နေတာတော့ တစ်ကယ်ပါ ။

ကျွန်တော် စိန်ဂျွန်းကျောင်းသား ဘဝ က စပြောမှ ဘဲ ပြည့်စုံမှာမို့ ၊ အားလုံးလည်း သိသင့် တယ်ထင်လို့ တင်ပြပါရစေ ။ စိန်ဂျွန်းကျောင်းက မုန့်စျေးတန်းမှာ အပျိုကြီး ထမင်းကြော်ဆိုင် ဆိုတာ ရှိပါတယ် ၊ ထမင်းဖြူ လေးကို ဝက်ဆီ နဲ့ကြက်သွန်ဖြူ ဆီ သတ်ပြီး ၊ ပဲငံပြာရည် ၊ ကြာညှို့ ၊ အချိုမှုန့် လေး သုံးပြီး ဒယ်အိုးပေါ်မှာ မီးမျှင်းမျှင်းလေးနဲ့လိမ့်ထားတာပါ ၊ပြီးတော့ ဝက်သား ကိုပြုတ်ပြီး အနေတော် အပြားလေးတွေလှီးပြီး ပဲငံပြာရည်နဲ့ကြာညှို့ ၊ အချိုမှုန့်တို့သုံးပြီး ကြော်ထားပါတယ် ။ဟင်းချိုအတွက်ကတော့ ခုဏ ဝက်သားပြုတ်တုန်းကရောပြုတ်ထားတဲ့ ဝက်ရိုး ဟင်းချို ရယ်သခွားချဉ် ရယ် တွဲဖက် ပေးထားပါတယ် ။ကျွန်တော် ၈တန်း ၊ ၉ တန်း ပထမနှစ် ၊ ၉ တန်း ဒုတိယ နှစ်ထိ ၊ နေ့စဉ် မပျက်မကွက် စားသုံးခဲ့တာပါ၊( စိန်ဂျွန်း ကျောင်းသား ဟောင်းတိုင်း မှတ်မိမှာပါ ၊ကျွန်တော့် ဖေးဖရိတ် မနက်စာ ဘဲ ဖြစ်ပါတယ်)

ဒီလိုနဲ့ ၉ တန်းအောင် ၊ ၁၀ တန်းကိုတော့ အင်းယာ းလမ်းက စိန်ဩဂတ်စတင်း ကျောင်းပြောင်း ခဲ့ ရတော့ အပျိုကြီး ထမင်းကြော် နဲ့ ဝေးခဲ့ရပါတော့တယ် ။၁၀ တန်း ၂ နှစ် တက်ပြီး ဒေ သ ကောလိပ်ရောက် ၊ပထမ နှစ် အောင်ဒုတိယ နှစ် အောင်ပြီး တတိယ နှစ် ဘူမိဗေဒ တက်ဖို့ ရန်ကုန်တက္ကသိုလ် ပင်မ (RASU)ကို ရောက်လာပါတယ် ၊(၁၉၈၁ ခုနှစ်လောက်ကပါ)သူငယ်ချင်းတွေကလည်း M C,R I T, ECO , MATHS, PHYSIC,ZOO, BOTANY,စသဖြင့် Major တွေ ကွဲ ကုန်ကြပါတယ် ၊ဒါပေမဲ့ ဒေသ ကောလိပ်တက်ခဲ့တုန်းက တစ်တွဲတွဲ နေခဲ့ကြတာ ဆိုတော့ ၊မခွဲ နိုင်ဖြစ်နေကြတာပေါ့ ။ဒါကြောင့် များသောအားဖြင့် အတန်းမတက်ကြဘဲ ၊ တက္ကသိုလ် စာကြည့်တိုက် ရှေ့ နဲ့ ငွေစာရင်းဌာန (cash) ရှေ့မှာဘဲ လူစုဖြစ်ကြပါတယ် ၊အရေးကြီးမှ ပရက်တီကယ် ၊ ကျူတိုရီယယ် ၊ ရှိ မှ ပျက်ကွက်တာပါ ။မနက်စောစော ရောက်ကြပြီး လူစုံအောင်စောင့်ကြပါတယ် ၊ လူစုံမှ သိပ္ပံ ကန်တင်း ကို ချီတက်ကြတာပါ။ ဒါမှမဟုတ် ကားတွေပေါ်စုတက်ပြီး ၊ ကျောင်းထဲက ဦးချစ် လ႓က်ရည်ဆိုင်ဖြစ်ဖြစ် ၊ လှည်းတန်းဖြစ်ဖြစ် ၊တစ်ခါတစ်လေ အလွမ်းပြေ R C 2 ဖြစ်ဖြစ် သွား သောက်ကြပါတယ် ။နေ့လည်ဖက်ရောက်ရင်တော့ ကျောင်းထဲပြန်ရောက်လာကြပြီး နေ့လည်စာ စားကြပြန်ပါတယ်၊အများဆုံး ကတော့ သိပ္ပံ ကန်တင်းက ကိုဖိုးထောင်တို့ #မိသားစု စားသောက်ဆိုင်မှာ စားဖြစ်ကြပါတယ် ၊သူနဲ့ ကပ်ရက် ကတော့ ကိုစိန်အေး အအေးဆိုင် ဖြစ်ပါတယ် ၊ကိုစိန်အေးကတော့ကျွန်တော်တို့ရဲ့ အချိန်းအချက်လုပ်ရာ အော်ပရေတာ ဘဲ ဖြစ်ပါတယ် ။ဘယ်သူလာသွားပြီ၊ ဘယ်သူပြန်သွားပြီ၊ ဘယ်သူ ဘာမှာသွားတယ် ၊ ဘယ်သူ နောက်ကျမယ်စောင့်ပါမှာသွားတယ် ၊စသဖြင့် အချိန်းအချက်မှန်သမျှ သတင်းပို့ပေးရသူ ဖြစ်ပါတယ်။

ကိုဖိုးထောင် တို့မိသားစု ထမင်းဆိုင်ကတော့ စိုးမြင့်ကြော် စတင်ရာ ဘူမိနက်သန်ဘဲ ဖြစ်ပါတယ် ၊တစ်နေ့ တစ်နေ့ စားလိုက်ကြတာ ၊ ထမင်းကြော် ၊ ထမင်းပေါင်း ၊ ကြာဇံ ကြော် ၊ ခေါက်ဆွဲကြော် ၊
ကြက်ဥ မွှေကြော် ၊ အစိမ်းကြော် ၊ ချိုချဉ် ကြော် ၊ တောက်တောက်ကြော် ၊ ကုန်းဘောင်ကြီးကြော်၊ကြာတော့ ထပ်နေတော့ တာပေါ့ ၊ဒီကြားထဲဂျီးများတဲ့သူက ရှိသေးတယ် ၊ ဟို ဟာလျော့ ၊ ဒီဟာလျော့ ၊ ဒါပိုထည့်ပေး ၊ ကော်ရည်လျော့ ၊ အစပ်လျော့ ၊ အမျိုးမျိုး ဒုက္ခပေးကြတာပေါ့ ၊ကိုဖိုးထောင်တို့ကလည်း စိတ်ရှည်ပါတယ်၊စားသောက်ဆိုင်တွေထဲမှာတော့ ကျောင်းထဲမှာ ဖွင့်တဲ့ ကန်တင်းက စားသောက်ဆိုင်တွေက သနားစရာ အကောင်းဆုံးပါဘဲ၊ စျေးသက်သာတဲ့အပြင် အကြွေးလည်းထားရ ၊ ကျောင်းသားတွေလည်းကြောက်ရ ၊ အမြတ်အစွန်းလည်းသိပ်မရ ၊စေတနာ တစ်အား ကောင်းကြပါတယ် ။
စိုးမြင့်ကြော် ဇာတ်လမ်း စ ပါတော့မယ် ၊အခု ပေါင်းနေတဲ့ အုပ်စုထဲမှာ စိန်ဂျွန်းထဲကပေါင်းတဲ့သူငယ်ချင်းတွေလည်းပါ ပါတယ်။ပိုက်ဆံ လည်းအများစုက တတ်နိုင်ကြပါတယ် ၊ အဲ့မှာ အစားအသောက် ဂျီးများကြရင်းကိုယ်တွေက စိန်ဂျွန်းကျောင်းတုန်းက စားခဲ့တဲ့ အပျိုကြီး ထမင်းကြော်ကို သတိရသွားတယ်အိမ်မှာလည်း တစ်ခါတစ်လေ စမ်းပြီးကြော်စားနေကြ ဆိုတော့ ၊ ဘယ်သူစားမလဲ ငါ ကြော်
ကျွေးမယ်ဆိုတော့ ၊ တစ်ချို့က မယုံကြဘူး ၊ တရုတ်စာ ကောင်းကောင်း ချက်တတ်တာမသိကြဘူး ၊ သိတဲ့ သူငယ်ချင်းတွေ က မြှောက်ပေးတယ် ၊ဟေ့ကောင် စိုးမြင့် ချက်ပြလိုက်ကွာဆိုတော့ ကိုယ်တွေက အရှက်မရှိ ကိုဖိုးထောင်တို့ မီးဖိုထဲဝင်ပြီး စီမံ ရတော့တာပေါ့ ။ဆီများတာ မကြိုက်တဲ့သူ ၊ ကော်ရည် မကြိုက်တဲ့သူ ၊ အတွက်စဉ်းစားပြီး အပျိုကြီးထမင်းကြော်ကိုမှီငြမ်းပြီး ၊အစိမ်းကြော်ဆန်ဆန် အရွက်၂ မျိုး ၃ မျိုး ထည့်ပြီး ကြော်လိုက်တာပေါ့ ၊ ကြက်သားဖြစ်ဖြစ် ၊ ဝက်သားဖြစ်ဖြစ် နုတ်နုတ်မစဉ်းဘဲ အပျိုကြီး ဆိုင်ကထမင်းကြော်အတိုင်း ခပ်ပြားပြားလှီးပြီးထည့်ကြော်တော့ ပုစံ တစ်မျိုးဖြစ်သွားတာပေါ့ ၊
ထမင်းကိုလည်း အဲ့ဒီခေတ်က ဘယ်သူမှမလုပ်သေးတဲ့ ပုံ၊ ပုဂံ လုံးထဲ ထည့်သိပ်ပြီးပုဂံပြားထဲ မှောက်ချ လိုက်တဲ့အခါ ဒီဇိုင်းဆန်းသွားတာပေါ့ ၊ကြက်ဥ ကလည်းထည့်ချင်လည်းရတယ် ၊ မထည့်ချင်လည်း ရတယ် ဆိုတော့ အိုကေ သွားပြီ။

ပထမ တော့ သူနဲနဲမြည်း ကိုယ်နဲနဲမြည်းပေါ့ ၊နောက်ကြတော့ သူတစ်ပွဲမှာစား ကိုယ်တစ်ပွဲမှာစားပေါ့ ။နောက်ပိုင်းကြတော့ ဖော်မြူလာ တတ်သွားပြီ ဖြစ်တဲ့ ကိုဖိုးထောင်ကဘဲ ကြော်ပေးတာပါ ။
နာမည် ဖြစ်ပေါ်လာပုံ ကတော့ ရီစရာပါ ၊သူငယ်ချင်းတွေက ကိုယ်မရှိလည်း သွားစားကြတဲ့ အခါကိုဖိုးထောင်ရေ စိုးမြင့်ကြော်တာမျိုး တစ်ပွဲကြော်ပေးပါ ၊ ၂ ပွဲကြော်ပေးပါ စသဖြင့် မှကြတာပေါ့၊ကိုယ်တွေ အဖွဲက အဲ့လို မှာစားကြတော့ ၊ ကိုဖိုးထောင်တို့ဆိုင်မှာ လာစားနေကြ အခြားကျောင်းသားအဖွဲ့ တွေကလည်း မေးပြီ၊ ကိုဖိုးထောင် အဲ့ဒါ ဘာကြော်လဲ ၊ သူတို့ဘာတွေမှာ စားနေတာလည်းပေါ့ ၊စားစရာ
သူတို့ကော မှာစားလို့မရဘူးလား ဆိုတော့ ၊ကိုဖိုးထောင်က နောက်နေ့ကြ ခွင့်တောင်းပြီကိုစိုးမြင့်ရေ အခြားကျောင်းသားတွေကလည်းစားချင်လို့ မေးနေကြတယ်ကျွန်တော် ကြော်ရောင်းလို့ရမလား ဆိုတော့ ၊ ကိုယ်တွေကလည်း ဘာမှ ကန့်ကွက်စရာမရှိတာမို့ ရောင်းပေါ့ ဘာမှ မဖြစ်ပါဘူး ကိုဖိုးထောင် သဘော ဆိုတော့ ၊ သူတို့လည်း စရောင်းတာပေါ့ ၊မှာတဲ့ အခါကြတော့ ဟင်းပွဲက နာမည်မရှိတော့ ဝိတ်တာ လေးတွေက ကိုဖိုးထောင်ရေကိုစိုးမြင့်ကြော်တာမျိုး ၂ပွဲ ၊ ၄ ပွဲ ၊ ဆိုပြီး အော်ပြောကြတာပေါ့ ၊နောက်ကြတော့ ကိုစိုးမြင့် ကြော်တာမျိုး ဆိုရာကနေ ကိုစိုးမြင့်ကြော် ၊ ပြီးမှ ခပ်လွယ်လွယ် စိုးမြင့်ကြော် ဆိုပြီး ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းလာတော့တယ် ။

ပြသနာက စလာပြီ ။ကိုဖိုးထောင်တို့ဆိုင်မှာ ရောင်းကောင်းတော့ ……ဘေး တစ်ဆိုင်ကျော်က ထမင်းကြော်ဆိုင်ကလည်း ခပ်တည်တည် လိုက် ကြော်ရောင်းပြီ ။အဲ့မှာ ကိုဖိုးထောင်နဲ့ စကားများကြတာပေါ့
ကိုဖိုးထောင်က တိုင်ပြီ ၊ ကိုစိုးမြင့် ကျွန်တော်တို့က မူပိုင် ၊သူတို့က လိုက်တုရောင်းတာဘယ်လိုလုပ်ရမလဲ ဆိုတော့ ကိုယ်တွေကကြားက ဒုက္ခ ရောက်ရတာပေါ့ ၊ဒါနဲ ့ ကိုဖိုးထောင် ကို ချော့မော့ပြီး ၊ ရောင်းပစေ ပေါ့ဗျာ ၊ ဘာတတ်နိုင်မှာလဲ ၊ကိုယ့်မိတ်နဲ့ ကိုယ်ဘဲ ၊သူလည်းရောင်းပါစေ၊ ကိုယ်လည်းရောင်းပေါ့ ၊ပိတ်ပင်လို့မှ မရတာ ဆိုတော့ သူလည်း စိတ်လျော့ ရတော့တာပေါ့ ၊ဒီလိုနဲ့ မီနူးမှာကို ” စိုးမြင့်ကြော် “ဆိုပြီး ထည့်ပြီး ရောင်းကြတာပေါ့ ၊အဲ့ဒီ ကမှ Main ထဲမှာတင် Arts ကန်တင်း Eco ကန်တင်း အကုန် ပျံ့နှ့ံ သွားတာပေါ့ နောက်မကြာပါဘူး RC 2 ထဲမှာပါ မှာစားလို့ရတဲ့အထိ ဖြစ်လာပါတယ်

ကနေ့ ဆိုယင်တော့ မြန်မာပြည် အနှံ့မှာ ရှိ တဲ ့ တက္ကသိုလ် ကန်တင်းတိုင်းလိုလိုမှာ ရှိတဲ့ စားစရာ အမယ် တစ်မျိုးအဖြစ် တွေ့ရှိနေရတာ ဖြစ်ပါတယ် ။
(သူငယ်ချင်း နာမည်တွေ ထည့်မရေးတာ ခွင့်လွှတ်ပါ ၊ တစ်ချို့က ခု အချိန်မှာ သူဌေးကြီးတွေဖြစ်နေတော့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဆိုတော့ ..အားလုံးကို သတိရလျက် ……..)

ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးစိုးမြင့်၏ facebook Account မှကူးယူဖော်ပြပါသည်။



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top