×

 ဟာရီကိန္းမုန္တုိင္းအျဖစ္မွ ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္လာစဥ္ အပူပုိင္းမုန္တုိင္းအျဖစ္သုိ႕ အားေလ်ာ့သြားခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံ ေတာင္ကာ႐ုိလုိင္းနားနဲ႕ ေျမာက္ကာ႐ုိလုိင္းနားျပည္နယ္ ကုန္းတြင္းပုိင္းကုိ အားေကာင္းတဲ့ မုန္တုိင္းဖေလာရင့္စ္ ေဒသစံေတာ္ခ်ိန္ စက္တင္ဘာ ၁၄ ရက္မွာ ဝင္ေရာက္တုိက္ခတ္ခဲ့ပါတယ္။

Photo: AP
ဖေလာရင့္စ္ဟာ ပင္လယ္ျပင္မွာ ဟာရီကိန္းမုန္တုိင္းအျဖစ္ အလြန္အားေကာင္းေနခဲ့ေပမဲ့ ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္လာစဥ္ အပူပုိင္းမုန္တုိင္းအျဖစ္သုိ႕ အားေလ်ာ့သြားခဲ့ပါတယ္။

သုိ႕ေသာ္ ဖေလာရင့္စ္မုန္တုိင္း တုိက္ခတ္မႈေၾကာင့္ အေမရိကန္ အေ႐ွ႕ဘက္ကမ္း႐ုိးတန္းေဒသေတြမွာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈ၊ ေလျပင္းတုိက္မႈေၾကာင့္ သစ္ပင္မ်ားလဲၿပဳိမႈနဲ႕ ေနအိမ္ပ်က္စီးမႈေတြ

 ျဖစ္ေပၚခဲ့ပါတယ္။
 Photo: NY Times

အပူပုိင္းမုန္တုိင္းအျဖစ္ အားေလ်ာ့သြားခဲ့တဲ့ ဖေလာရင့္စ္မုန္တုိင္းက အေမရိကန္ အေ႐ွ႕ပုိင္းေဒသမွာ ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၆၅ မုိင္ျဖင့္ တိုက္ခတ္ေနၿပီး ျဖည္းညွင္းစြာ ေ႐ြ႕လ်ားေနတယ္လို႕ ဆုိပါတယ္။

မုန္တုိင္းတုိက္ခတ္မႈနဲ႕ ဆက္ႏြယ္ေနတဲ့ မေတာ္တဆမႈေတြေၾကာင့္ လူ၁၂ ဦး ေသဆုံးခဲ့ေၾကာင္းနဲ႕ ေထာင္ေပါင္းမ်ားစြာ ယာယီခုိလႈံေရးစခန္းေတြမွာ ေနထုိင္လ်က္႐ွိပါတယ္။ ေသဆုံးခဲ့သူေတြအနက္ ေနအိမ္ေပၚကုိ သစ္ပင္လဲၿပဳိမႈေၾကာင့္ မိခင္နဲ႕ကေလးငယ္တုိ႕လည္း ပါဝင္ခဲ့ပါတယ္။
 Photo: AFP
အမ်ဳိးသားတစ္ဦးက ဓာတ္လုိက္မႈေၾကာင့္ ေသဆုံးခဲ့ၿပီး အျခား အမ်ဳိးသားတစ္ဦးမွာ အိမ္အျပင္ဘက္႐ွိ ၎ရဲ႕ေခြးမ်ားကုိ ထြက္ၾကည့္စဥ္ ေလျပင္းတုိက္မႈနဲ႕ဆက္ႏြယ္တဲ့ ျဖစ္ရပ္ေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ေနာက္ထပ္ ေသဆုံးသူအမ်ဳိးသမီးမွာ သူမရဲ႕ေနအိမ္ေပၚကုိ သစ္ပင္လဲၿပဳိက်ရာမွ ႏွလုံးရပ္ၿပီး ေသဆုံးခဲ့တယ္လို႕ ဆုိပါတယ္။ မုန္တုိင္းျဖတ္းသန္တုိက္ခတ္မယ့္ ေဒသမ်ား႐ွိ လူဦးေရ ၁.၇ သန္းကုိ ေ႐ႊ႕ေျပာင္းၾကရန္ အာဏာပုိင္ေတြက အေစာပုိင္းမွာ ညြန္ၾကားခ်က္ထုတ္ျပန္ထားခဲ့ပါတယ္။


Source & Map: NHC/BBC
အပူပုိင္းမုန္တုိင္းအျဖစ္ အားေလ်ာ့သြားတဲ့ ဖေလာရင့္စ္မုန္တုိင္း တိုက္ခတ္ေနမႈေၾကာင့္ ေျမာက္ကာ႐ုိလုိင္းနား၊ ေတာင္ကာ႐ုိုလုိင္းနား၊ ေဂ်ာ္ဂ်ီယာ၊ ေမရီလန္းနဲ႕ ဗာဂ်ီးနီးယား ျပည္နယ္ေတြမွာ ရာသီဥတုဆုိင္ရာ အေရးေပၚ အေျခအေန ထုတ္ျပန္ေၾကညာထားပါတယ္။ ယခုမုန္တုိင္း တုိက္ခတ္မႈေၾကာင့္ လူဦးေရ ၁၀ သန္းခန္႕ကုိ သက္ေရာက္မႈ႐ွိႏုိင္ေၾကာင္းလည္း မုိးေလဝသဌာက ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ဟာရီကိန်းမုန်တိုင်းအဖြစ်မှ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာစဉ် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ် ကုန်းတွင်းပိုင်းကို အားကောင်းတဲ့ မုန်တိုင်းဖလောရင့်စ် ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

Photo: AP
ဖလောရင့်စ်ဟာ ပင်လယ်ပြင်မှာ ဟာရီကိန်းမုန်တိုင်းအဖြစ် အလွန်အားကောင်းနေခဲ့ပေမဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာစဉ် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။

သို့သော် ဖလောရင့်စ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု၊ လေပြင်းတိုက်မှုကြောင့် သစ်ပင်များလဲပြိုမှုနဲ့ နေအိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: NY Times

အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့တဲ့ ဖလောရင့်စ်မုန်တိုင်းက အမေရိကန် အရှေ့ပိုင်းဒေသမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၆၅ မိုင်ဖြင့် တိုက်ခတ်နေပြီး ဖြည်းညှင်းစွာ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်မှုနဲ့ ဆက်နွယ်နေတဲ့ မတော်တဆမှုတွေကြောင့် လူ၁၂ ဦး သေဆုံးခဲ့ကြောင်းနဲ့ ထောင်ပေါင်းများစွာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။ သေဆုံးခဲ့သူတွေအနက် နေအိမ်ပေါ်ကို သစ်ပင်လဲပြိုမှုကြောင့် မိခင်နဲ့ကလေးငယ်တို့လည်း ပါဝင်ခဲ့ပါတယ်။

Photo: AFP
အမျိုးသားတစ်ဦးက ဓာတ်လိုက်မှုကြောင့် သေဆုံးခဲ့ပြီး အခြား အမျိုးသားတစ်ဦးမှာ အိမ်အပြင်ဘက်ရှိ ၎င်းရဲ့ခွေးများကို ထွက်ကြည့်စဉ် လေပြင်းတိုက်မှုနဲ့ဆက်နွယ်တဲ့ ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် သေဆုံးသူအမျိုးသမီးမှာ သူမရဲ့နေအိမ်ပေါ်ကို သစ်ပင်လဲပြိုကျရာမှ နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းဖြတ်းသန်တိုက်ခတ်မယ့် ဒေသများရှိ လူဦးရေ ၁.၇ သန်းကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက အစောပိုင်းမှာ ညွန်ကြားချက်ထုတ်ပြန်ထားခဲ့ပါတယ်။

Source & Map: NHC/BBC
အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားတဲ့ ဖလောရင့်စ်မုန်တိုင်း တိုက်ခတ်နေမှုကြောင့် မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားပါတယ်။ ယခုမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ ၁၀ သန်းခန့်ကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း မိုးလေဝသဌာက ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top