(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

   ျမန္မာျပည္သူျပည္သား အမ်ားစုသည္ ဗုဒၶဘာသာကို ကိုးကြယ္ယံုၾကည္ၾကပါတယ္။ အလွဴ
ဒါနမ်ားစြာ ျပဳလုပ္ေနၾကပါတယ္။ ဤသို႔ အျမတ္ဆံုး ဗုဒၶဘာသာကို ကိုးကြယ္ၿပီး အလွဴဒါနမ်ားစြာ
ျပဳေနၾကပါလ်က္ ႀကီးပြားတိုးတက္သူနည္းၿပီး ဆင္းရဲႏြမ္းပါးသူမ်ားျပားေနရသည္မွာ ဗုဒၶ၏စကား
ကို လိုက္နာမွဳမရွိျခင္းေၾကာင့္ ပင္ျဖစ္ပါတယ္။

        ဗုဒၶဘာသာ၀င္ ျမန္မာျပည္သား အမ်ားစု မႀကီးပြားျခင္းအေၾကာင္း ေလ့လာၾကည့္ပါက==
၁။ ဗုဒၶက ဒါနျပဳလွ်င္ ေလာကေကာင္းစားေရးကို ၾကည့္ၿပီး လိုအပ္ေသာ ေနရာတြင္ လွဴခိုင္းပါ
   တယ္။ ဗုဒၶဘာသာ၀င္ အမ်ားစုက ငါေကာင္းစားေရးကို ေရွ႕တန္းတင္ၿပီး မလိုအပ္ေသာ  
ေနရာတြင္ပံု၍ လွဴတတ္ၾကပါတယ္။
၂။ ဗုဒၶက စီးပြားရွာလွ်င္ သမၸဒါတရား ေလးပါးႏွင့္ ျပည့္စံုရမည္ဟု ညႊန္ျပပါတယ္။ ဗုဒၶဘာသာ၀င္  
အမ်ားစုကား တစ္ပါးမွ မျပည့္စံုၾကပါ။
၃။ ဗုဒၶက ဘာသာေရးအေပၚမွာထားေသာ ေမတၱာေစတနာမ်ိဳး စီးပြားေရးအေပၚမွာ ထားခိုင္းပါ
   တယ္။ ဗုဒၶဘာသာ အမ်ားစုက မလိုက္နာၾကပါ။
၄။ ဗုဒၶက ႀကီးပြားတိုးတက္ရန္ မိမိကိုယ္ကို မပ်က္စီးေအာင္ ထိန္းသိမ္းေသာ “အတၱသမာပဏီဓိ”
   မဂၤလာႏွင့္ ျပည့္စံုရန္ ညႊန္ျပခဲ့ပါတယ္။ အမ်ားစုက မလိုက္နာၾကပါ။
၅။ ဗုဒၶေဟာၾကားေသာ ေရာင့္ရဲျခင္းအစစ္ကို မက်င့္သံုးၾကပဲ အကုသိုလ္တြင္ ပါ၀င္ေသာ “ေကာ
   သဇၨ ” ေခၚ ပ်င္းရိျခင္းကို ေရာင့္ရဲျခင္းဟု မွားယြင္းက်င့္သံုး ေနမိၾကပါတယ္။
၆။ ဗုဒၶက ႀကီးပြားတိုးတက္လိုသူမ်ားသည္ အခ်ိန္မွန္သမွ်ထဲမွ ကုသိုလ္၊ ပညာ၊ ဥစၥာ တစ္မ်ိဳးမ်ိဳး
   ကို အၿမဲရေအာင္ ယူရမည္ဟု ညႊန္ျပပါတယ္။ ဗုဒၶဘာသာ၀င္ ျမန္မာအမ်ားစုကား အခ်ိန္မွန္သ   
မွ်ထဲမွ အကုသိုလ္၊ ေမာဟ၊ အသံုးအျဖဳန္းတို႔ကိုသာ ထုတ္ယူေနၾကပါတယ္။
၇။ ႏိုင္ငံတကာ ဗဟုသုတ မရွိျခင္း။
၈။ စာေပ ဗဟုသုတ မရွိျခင္း။
၉။ ကိုယ့္ထက္သာလွ်င္ မနာလိုျခင္း။
၁၀။ ေခါင္းေဆာင္စိတ္ နည္းပါးျခင္း။
၁၁။ မိမိကိုယ္ မိမိ အားကိုးလိုစိတ္ မရွိျခင္းမ်ားသည္ ဗုဒၶဘာသာ၀င္ ျမန္မာအမ်ားစု မႀကီးပြားျခင္း
   ၏ အေၾကာင္းမ်ားပင္ ျဖစ္ပါတယ္။
         ဉာဏ္ပညာ ရင့္က်က္ၿပီး စာေပဗဟုသုတ ျပည့္စံုသူမ်ားမွာ မိမိကိုယ္တိုင္ သိေအာင္ႀကိဳး
စားၿပီး သိႏိုင္ၾကပါတယ္။ ဉာဏ္ႏုသူ စာေပဗဟုသုတ မျပည့္စံုသူကား မိမိကိုယ္တိုင္လည္း သိ
ေအာင္ မႀကိဳးစားၾကသျဖင့္ မသိႏိုင္ၾကပါ။
         ယေန႔ ျမန္မာဗုဒၶဘာသာ အမ်ားစု ျပဳေသာဒါနကို ေသခ်ာစစ္ၾကည့္ပါက ပါရမီထိုက္ေသာ
ဒါန အလြန္နည္းပါးသည္ကို ေတြ႕ရပါတယ္။ အလွဴပြဲဟုဆိုကာ ေမြးေန႔ပြဲလို အလွဴဒါနမ်ိုး လုပ္ေလ့
ရွိၾကပါတယ္။ ရွင္ျပဳ၊ ရဟန္းခံ၊ ဘုရားပြဲ၊ ဘုန္းႀကီးပ်ံပြဲတို႔တြင္ ဘုရားမႀကိဳက္ေသာ ရုပ္ရွင္၊ ဗြီဒီယို
အၿငိမ့္၊ ဇာတ္၊ ဆိုင္း၀ိုင္း၊ ကပြဲ၊ ေပ်ာ္ပြဲရြင္ပြဲမ်ားျဖင့္ ႀကီးက်ယ္ခန္းနားစြာ လွဴဒါန္းေနၾကပါတယ္။
         ေမြးေန႔ရွင္အျဖစ္သာ ခံယူခ်င္ၾကပါတယ္။ ဘုရားဒကာ၊ ေက်ာင္းဒကာ၊ သိမ္ဒကာ၊ ရဟန္း
ဒကာ အျဖစ္သာ ခံယူခ်င္ၾကပါတယ္။ ကဗၺည္းစာႀကီးႀကီး ေရးထိုးေပးေသာ မုဒ္ဦးအလွဴရွင္ အျဖစ္
သာ ခံယူခ်င္ၾကပါတယ္။  တကယ့္လိုအပ္ေနေသာ ေနရာမ်ားတြင္ လွဴဒါန္းဒါနျပဳသူ နည္းပါးၾက
ပါတယ္။ ဒါကို လယ္တီဆရာေတာ္ဘုရားႀကီးက “ဥတၱမပုရိသဒီပနီ” မွာ ပကာသနစိတ္နဲ႔ျပဳတဲ့ဒါန
တဲ့။ ပကာသနစိတ္နဲ႔ ဒါနျပဳသျဖင့္ လတ္တေလာ ထင္ရွားေက်ာ္ၾကားမွဳ ျဖစ္သြားပါမယ္။  ဒါေပ
မယ့္ ဘ၀သမၸတၱိ ေဘာဂသမၸတၱိ အက်ိဳးကို မရႏိုင္ပါ။ ပါရမီေျမာက္ဖို႔ ဆိုတာကေတာ့ ေ၀လာေ၀း
ျဖစ္ပါတယ္။ ဒီ အားနည္းခ်က္ေၾကာင့္ ဗုဒၶဘာသာ၀င္ ျမန္မာအမ်ားစု အလွဴဒါနမ်ားစြာ ျပဳေနၾက
ပါလ်က္ ႀကီးပြားတိုးတတ္သူနည္းၿပီး ဆင္းရဲႏြမ္းပါးသူ မ်ားျပားေနၾကပါတယ္။
         တရားခ်စ္ခင္ ဗုဒၶစကားကို လိုက္နာက်င့္ႀကံ အားထုတ္ေနၾကေသာ ဓမၼမိတ္ေဆြ အေပါင္း
တို႔ကလည္း တကယ္လိုအပ္ေသာေနရာတြင္ လွဴဒါန္းႏိုင္ၾကၿပီး ဘ၀ျမင့္ျမတ္သထက္ ျမင့္ျမတ္
ကာ နိဗၺာန္ခ်မ္းသာကိုရေရာက္ႏိုင္ၾကပါေစ ကုန္သတည္း။
 {ေမတၱာရွင္(ေရႊျပည္သာ)၏ ေမတၱာျဖင့္စီးပြားရွာျခင္းကို ကိုးကားေရးသားပါသည္။ }
  (မွားယြင္းမွဳမ်ားရွိေသာ္ အစဥ္သနားေသာအားျဖင့္ သည္းခံခြင့္လႊတ္ေပးပါရန္
   ဦးခိုက္ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား)

    ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဦးသိန္းေ၀

#Unicode Version#

   မြန်မာပြည်သူပြည်သား အများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်။ အလှူ
ဒါနများစွာ ပြုလုပ်နေကြပါတယ်။ ဤသို့ အမြတ်ဆုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး အလှူဒါနများစွာ
ပြုနေကြပါလျက် ကြီးပွားတိုးတက်သူနည်းပြီး ဆင်းရဲနွမ်းပါးသူများပြားနေရသည်မှာ ဗုဒ္ဓ၏စကား
ကို လိုက်နာမှုမရှိခြင်းကြောင့် ပင်ဖြစ်ပါတယ်။

        ဗုဒ္ဓဘာသာဝင် မြန်မာပြည်သား အများစု မကြီးပွားခြင်းအကြောင်း လေ့လာကြည့်ပါက==
၁။ ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကို ကြည့်ပြီး လိုအပ်သော နေရာတွင် လှူခိုင်းပါ
   တယ်။ ဗုဒ္ဓဘာသာဝင် အများစုက ငါကောင်းစားရေးကို ရှေ့တန်းတင်ပြီး မလိုအပ်သော 
နေရာတွင်ပုံ၍ လှူတတ်ကြပါတယ်။
၂။ ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံရမည်ဟု ညွှန်ပြပါတယ်။ ဗုဒ္ဓဘာသာဝင် 
အများစုကား တစ်ပါးမှ မပြည့်စုံကြပါ။
၃။ ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ ထားခိုင်းပါ
   တယ်။ ဗုဒ္ဓဘာသာ အများစုက မလိုက်နာကြပါ။
၄။ ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိန်းသိမ်းသော “အတ္တသမာပဏီဓိ”
   မင်္ဂလာနှင့် ပြည့်စုံရန် ညွှန်ပြခဲ့ပါတယ်။ အများစုက မလိုက်နာကြပါ။
၅။ ဗုဒ္ဓဟောကြားသော ရောင့်ရဲခြင်းအစစ်ကို မကျင့်သုံးကြပဲ အကုသိုလ်တွင် ပါဝင်သော “ကော
   သဇ္ဇ ” ခေါ် ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု မှားယွင်းကျင့်သုံး နေမိကြပါတယ်။
၆။ ဗုဒ္ဓက ကြီးပွားတိုးတက်လိုသူများသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုး
   ကို အမြဲရအောင် ယူရမည်ဟု ညွှန်ပြပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာအများစုကား အချိန်မှန်သ  
မျှထဲမှ အကုသိုလ်၊ မောဟ၊ အသုံးအဖြုန်းတို့ကိုသာ ထုတ်ယူနေကြပါတယ်။
၇။ နိုင်ငံတကာ ဗဟုသုတ မရှိခြင်း။
၈။ စာပေ ဗဟုသုတ မရှိခြင်း။
၉။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
၁၀။ ခေါင်းဆောင်စိတ် နည်းပါးခြင်း။
၁၁။ မိမိကိုယ် မိမိ အားကိုးလိုစိတ် မရှိခြင်းများသည် ဗုဒ္ဓဘာသာဝင် မြန်မာအများစု မကြီးပွားခြင်း
   ၏ အကြောင်းများပင် ဖြစ်ပါတယ်။
         ဉာဏ်ပညာ ရင့်ကျက်ပြီး စာပေဗဟုသုတ ပြည့်စုံသူများမှာ မိမိကိုယ်တိုင် သိအောင်ကြိုး
စားပြီး သိနိုင်ကြပါတယ်။ ဉာဏ်နုသူ စာပေဗဟုသုတ မပြည့်စုံသူကား မိမိကိုယ်တိုင်လည်း သိ
အောင် မကြိုးစားကြသဖြင့် မသိနိုင်ကြပါ။
         ယနေ့ မြန်မာဗုဒ္ဓဘာသာ အများစု ပြုသောဒါနကို သေချာစစ်ကြည့်ပါက ပါရမီထိုက်သော
ဒါန အလွန်နည်းပါးသည်ကို တွေ့ရပါတယ်။ အလှူပွဲဟုဆိုကာ မွေးနေ့ပွဲလို အလှူဒါနမျိုး လုပ်လေ့
ရှိကြပါတယ်။ ရှင်ပြု၊ ရဟန်းခံ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲတို့တွင် ဘုရားမကြိုက်သော ရုပ်ရှင်၊ ဗွီဒီယို
အငြိမ့်၊ ဇာတ်၊ ဆိုင်းဝိုင်း၊ ကပွဲ၊ ပျော်ပွဲရွင်ပွဲများဖြင့် ကြီးကျယ်ခန်းနားစွာ လှူဒါန်းနေကြပါတယ်။
         မွေးနေ့ရှင်အဖြစ်သာ ခံယူချင်ကြပါတယ်။ ဘုရားဒကာ၊ ကျောင်းဒကာ၊ သိမ်ဒကာ၊ ရဟန်း
ဒကာ အဖြစ်သာ ခံယူချင်ကြပါတယ်။ ကဗ္ဗည်းစာကြီးကြီး ရေးထိုးပေးသော မုဒ်ဦးအလှူရှင် အဖြစ်
သာ ခံယူချင်ကြပါတယ်။  တကယ့်လိုအပ်နေသော နေရာများတွင် လှူဒါန်းဒါနပြုသူ နည်းပါးကြ
ပါတယ်။ ဒါကို လယ်တီဆရာတော်ဘုရားကြီးက “ဥတ္တမပုရိသဒီပနီ” မှာ ပကာသနစိတ်နဲ့ပြုတဲ့ဒါန
တဲ့။ ပကာသနစိတ်နဲ့ ဒါနပြုသဖြင့် လတ်တလော ထင်ရှားကျော်ကြားမှု ဖြစ်သွားပါမယ်။  ဒါပေ
မယ့် ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ အကျိုးကို မရနိုင်ပါ။ ပါရမီမြောက်ဖို့ ဆိုတာကတော့ ဝေလာဝေး
ဖြစ်ပါတယ်။ ဒီ အားနည်းချက်ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအများစု အလှူဒါနများစွာ ပြုနေကြ
ပါလျက် ကြီးပွားတိုးတတ်သူနည်းပြီး ဆင်းရဲနွမ်းပါးသူ များပြားနေကြပါတယ်။
         တရားချစ်ခင် ဗုဒ္ဓစကားကို လိုက်နာကျင့်ကြံ အားထုတ်နေကြသော ဓမ္မမိတ်ဆွေ အပေါင်း
တို့ကလည်း တကယ်လိုအပ်သောနေရာတွင် လှူဒါန်းနိုင်ကြပြီး ဘဝမြင့်မြတ်သထက် မြင့်မြတ်
ကာ နိဗ္ဗာန်ချမ်းသာကိုရရောက်နိုင်ကြပါစေ ကုန်သတည်း။
 {မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့်စီးပွားရှာခြင်းကို ကိုးကားရေးသားပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
   ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)


    ဖိုးသူတော် (www.phothutaw.com)
Credit:  ဦးသိန်းဝေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top