ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 လက္ရွိေဆးရံုတင္ထားရပါတယ္။

ရုပ္ရွင္နဲ႕ ဗီဒီယို သရုပ္ေဆာင္ ေဒၚစံပယ္ရဲ႕ လက္ရွိက်န္းမာေရး အေျခအေနက အရမ္းကို စိုးရိမ္ေနရတယ္လို႕ သိရပါတယ္။ ခႏၶာကိုယ္မွာ ေသြးလံုးဝမရွိိေတာ့တဲ့ အေျခအေနထိ ျဖစ္လို႕ေနပါတယ္။ ေဒၚစံပယ္ရဲ႕ က်န္းမာေရး အေျခအေနဟာ ေတာ္ေတာ့္ ကို ဆိုးရြားေနတာေၾကာင့္ အလွဴရွင္မ်ားနဲ႕ အႏုပညာ ေလာက သားမ်ားရဲ႕ အကူအညီေတြ လိုအပ္ေနတယ္လို႕ သိရပါတယ္။

ရုပ္ရွင္နဲ႕ ဗီဒီယုိုသရုပ္ေဆာင္  ေဒၚစံပယ္ဆီဟာ လက္ရွိမွာ ေဆးကုသမႈခံယူေနရပါတယ္။ ေျမာက္ဥကၠလာၿမိဳ႕နယ္မွာ ရွိတဲ့ ေဆးတကၠသိုလ္(၂)အတြင္းရွိ ေတာ္ဝင္ေဆာင္မွာ ေဆးကုသမႈ ခံယူေနရတာ ျဖစ္ပါတယ္။ ႏွလံုးေရာဂါ ခံစားေနရတဲ့ ေဒၚစံပယ္ဟာ လက္ရွိမွာ ေက်ာက္ကပ္ပါ ျဖစ္ေနတဲ့အတြက္ ေျခေတြလက္ေတြ ေဖာေရာင္ေနသလို ခႏၶာကိုယ္မွာ ေသြးလံုးဝမရွိတဲ့ အေျခအေနျဖစ္ေနတယ္လို႕ ေဒၚစံပယ္ရဲ႕ သားျဖစ္သူကဆုိပါတယ္။


"အခုလက္ရွိ ေျခေထာက္ေတြ လက္ေတြ ေဖာေရာင္ေနတယ္။ ႏွလုံးကလည္း မေကာင္းဘူး ေက်ာက္ကပ္ကလည္း မေကာင္းဘူး။ အေမ့မွာက သားတစ္ေယာက္ပဲ ရွိေတာ့ ေဆးရံုေစာင့္ဖို႕ေတြလည္း အခက္အခဲရွိတယ္။ ရံုးဆင္လိုက္အေမ့ဆီေျပးလာလိုက္လုပ္ေနရတယ္။ အခုလက္ရွိ ကၽြန္ေတာ္တို႕ကို ကူညီထားတာက "စာနာစိတ္ပရဟိတအသင္းအဖြဲ႕က ကူညီေပးေနတာ။ သူတုို႕က ေန႕ေရာညေရာအေမ့ကို ေစာင့္ေပးမယ္။ လက္ရွိမွ  အေမ့ကို ကူညီေထာက္ပံ့မယ့္သူကလည္း မရွိေသးဘူးျဖစ္ေနတာ"လို႕ Duwun Media သုိ႕ သားျဖစ္သူက ေျပာျပခဲ့ပါတယ္။

ရုပ္ရွင္နဲ႕ ဗီဒီယို သရုပ္ေဆာင္ေဒၚစံပယ္ဆီသို႕ အန္တီဝါဝါေအာင္၊ ဂြမ္းပံုႀကီးတို႕အျပင္ သရုပ္ေဆာင္ စည္ၿဖိဳးလည္း သြားေရာက္ ကူညီခဲ့တယ္ လို႕ ဆိုပါတယ္။ လက္ရွိမွာ ခံစားေနရတဲ့ ေဝဒနာနဲ႕ ပတ္သက္ၿပီးေတာ့ ေဒၚစံပယ္က ယခုလုိ ေျပာျပခဲ့ပါေသးတယ္။

"လက္ရွိက်န္းမာေရးက ေမာတယ္။ ႏွလံုးက အရမ္းေမာတယ္။ အခုမွ ေသြးေတြလံုးဝမရွိေတာ့ဘူး။ ေသြးေၾကာေတြ အကုန္ပိတ္ကုန္တယ္။ မအိပ္ရဘူး ေအာ္ေနရတယ္။ လွဲအိပ္လို႕မရဘူး။ ပိုက္ဆံလည္း မရွိဘူး။ အိမ္မွာဆို ေသေလာက္မယ္။ သက္သာတယ္ေလာက္ပဲ ရွိတာ။ ေသြးေတြလည္း သြင္းေနရတာ။ " လို႕ ေဒၚစံပယ္က ခံစားေနရတဲ့ ေရာဂါနဲ႕ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။





































 ေဒၚစံပယ္အေနနဲ႕ လက္ရွိအခ်ိန္ထိ အႏုပညာအလုပ္ေတြ လုပ္ခ်င္ေနေသးတယ္လို႕ သားျဖစ္သူက ေျပာျပခဲ့ပါေသးတယ္။

"အေမ့ကို ခ်စ္တဲ့ ပရိသတ္ေတြအားလံုး အေမ့အတြက္ ဝိုင္းၿပီး ဆုေတာင္းေပးၾကပါလို႕ ေျပာခ်င္ပါတယ္။အေမ့ရဲ႕ ေနာက္ဆုံးထြက္သက္ထိ ရုပ္ရွင္ျပန္ ရိုက္ခ်င္ေသးတယ္။ ပရိသတ္ေတြအားလံုးကို ခ်စ္တဲ့စိတ္နဲ႕ ရုပ္ရွင္ရိုက္ခ်င္ေသးတယ္။ ရုပ္ရွင္ေလာကထဲ ျပန္ဝင္ခ်င္ေသးတယ္။ အေမ့ကို အျမန္ဆံုး က်န္းမာေအာင္ ဆုေတာင္းေပးပါလို႕ သားတစ္ေယာက္အေနနဲ႕ ေမတၱာရပ္ခံခ်င္ပါတယ္"ဆိုၿပီး သားျဖစ္သူက ဆက္လက္ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္နဲ႕ ဗီဒီယို သရုပ္ေဆာင္ ေဒၚစံပယ္ရဲ႕ က်န္းမာေရး အေျခအေနဟာ ေတာ္ေတာ့္ကို ဆိုးရြားေနတာေၾကာင့္ အလွဴရွင္မ်ားနဲ႕ အႏုပညာ ေလာက သားမ်ားရဲ႕ အကူအညီေတြ လိုအပ္ေနတယ္လို႕ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 လက်ရှိဆေးရုံတင်ထားရပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေက အရမ်းကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတော့တဲ့ အခြေအနေထိ ဖြစ်လို့နေပါတယ်။ ဒေါ်စံပယ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့် ကို ဆိုးရွားနေတာကြောင့် အလှူရှင်များနဲ့ အနုပညာ လောက သားများရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်  ဒေါ်စံပယ်ဆီဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေရပါတယ်။ မြောက်ဥက္ကလာမြို့နယ်မှာ ရှိတဲ့ ဆေးတက္ကသိုလ်(၂)အတွင်းရှိ တော်ဝင်ဆောင်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ခံစားနေရတဲ့ ဒေါ်စံပယ်ဟာ လက်ရှိမှာ ကျောက်ကပ်ပါ ဖြစ်နေတဲ့အတွက် ခြေတွေလက်တွေ ဖောရောင်နေသလို ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေါ်စံပယ်ရဲ့ သားဖြစ်သူကဆိုပါတယ်။

"အခုလက်ရှိ ခြေထောက်တွေ လက်တွေ ဖောရောင်နေတယ်။ နှလုံးကလည်း မကောင်းဘူး ကျောက်ကပ်ကလည်း မကောင်းဘူး။ အမေ့မှာက သားတစ်ယောက်ပဲ ရှိတော့ ဆေးရုံစောင့်ဖို့တွေလည်း အခက်အခဲရှိတယ်။ ရုံးဆင်လိုက်အမေ့ဆီပြေးလာလိုက်လုပ်နေရတယ်။ အခုလက်ရှိ ကျွန်တော်တို့ကို ကူညီထားတာက "စာနာစိတ်ပရဟိတအသင်းအဖွဲ့က ကူညီပေးနေတာ။ သူတို့က နေ့ရောညရောအမေ့ကို စောင့်ပေးမယ်။ လက်ရှိမှ  အမေ့ကို ကူညီထောက်ပံ့မယ့်သူကလည်း မရှိသေးဘူးဖြစ်နေတာ"လို့ Duwun Media သို့ သားဖြစ်သူက ပြောပြခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်ဒေါ်စံပယ်ဆီသို့ အန်တီဝါဝါအောင်၊ ဂွမ်းပုံကြီးတို့အပြင် သရုပ်ဆောင် စည်ဖြိုးလည်း သွားရောက် ကူညီခဲ့တယ် လို့ ဆိုပါတယ်။ လက်ရှိမှာ ခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ဒေါ်စံပယ်က ယခုလို ပြောပြခဲ့ပါသေးတယ်။

"လက်ရှိကျန်းမာရေးက မောတယ်။ နှလုံးက အရမ်းမောတယ်။ အခုမှ သွေးတွေလုံးဝမရှိတော့ဘူး။ သွေးကြောတွေ အကုန်ပိတ်ကုန်တယ်။ မအိပ်ရဘူး အော်နေရတယ်။ လှဲအိပ်လို့မရဘူး။ ပိုက်ဆံလည်း မရှိဘူး။ အိမ်မှာဆို သေလောက်မယ်။ သက်သာတယ်လောက်ပဲ ရှိတာ။ သွေးတွေလည်း သွင်းနေရတာ။ " လို့ ဒေါ်စံပယ်က ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဒေါ်စံပယ်အနေနဲ့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ လုပ်ချင်နေသေးတယ်လို့ သားဖြစ်သူက ပြောပြခဲ့ပါသေးတယ်။

"အမေ့ကို ချစ်တဲ့ ပရိသတ်တွေအားလုံး အမေ့အတွက် ဝိုင်းပြီး ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်။အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ရုပ်ရှင်ပြန် ရိုက်ချင်သေးတယ်။ ပရိသတ်တွေအားလုံးကို ချစ်တဲ့စိတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်။ ရုပ်ရှင်လောကထဲ ပြန်ဝင်ချင်သေးတယ်။ အမေ့ကို အမြန်ဆုံး ကျန်းမာအောင် ဆုတောင်းပေးပါလို့ သားတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"ဆိုပြီး သားဖြစ်သူက ဆက်လက်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့်ကို ဆိုးရွားနေတာကြောင့် အလှူရှင်များနဲ့ အနုပညာ လောက သားများရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top