×

အျခားေသာ ကံမ်ားက တားဆီး၍ မရဘဲ ေသျပီးသည္ႏွင့္ ဧကန္မုခ်အကိ်ဳးေပးမည့္ ကံေတြကို ဂရုကကံလို႔ ေခၚပါတယ္။ အဲဒီ ဂရုကကံေတြကေတာ့ ကုသိုလ္အရာမွာဆို မဟဂၢဳတ္ကုသုိလ္ကံေတြကို ဆိုလိုပါတယ္။စ်ာန္ရ သူေတာ္ေကာင္းမ်ားဟာ ေသေသာအခါ အပါယ္ငရဲမက်ေတာ့ဘဲ မိမိတို႔ ရေသာ စ်ာန္အားေလ်ာ္စြာ ျဗဟၼာ့ဘုံမ်ားမွာ ျဖစ္ၾကပါတယ္။ အကုသိုလ္အရာမွာေတာ့ (၆ )မိ်ဳးရွိပါတယ္။ အဲဒါေတြကေတာ့ ပဥၥာနႏၲရိယကံ ငါးပါးႏွင့္ နိယတမိစၧာဒိ႒ိတို႔ဘဲ ျဖစ္ပါတယ္။ ပဥၥာနႏၲရိယကံ ငါးပါးဆိုတာကေတာ့

၁။ မိခင္အရင္းကို သတ္ျခင္း ၂။ ဖခင္အရင္းကို သတ္ျခင္း

မိဘမွန္း သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ေသေစလိုေသာစိတ္ျဖင့္ သတ္လွ်င္ အနႏၲရိယကံထိုက္ပါေတာ့တယ္။အျခားသူကို ေသေစလိုေသာစိတ္ျဖင့္ ေသနတ္ျဖင့္ ပစ္လိုက္လို႔ မိဘေတြကို ထိမွန္ျပီး ေသရင္လည္း အနႏၲရိယကံထိုက္ပါတယ္။အကယ္၍ မိဘမ်ားက တိရိစၧာန္ျဖစ္ေနရင္ သတ္သည့္အတြက္ အနႏၲရိယကံမထိုက္ေသာ္လည္း ထိုကံနီးပါးေလာက္ ဆရာေတာ္ၾကီးမ်ားက မိန္႔ေတာ္မူပါတယ္။ယခု ေခတ္အခါမွာ အရက္မူးလို႔ ကိုယ့္မိဘအရင္းကို သတ္မိတာမိ်ဳးေတြ ရွိေနတာ သတိျပဳသင့္ပါတယ္။

၃။ ကိေလသာကင္းကြာ ရဟႏၲာကို သတ္ျခင္း

ရဟႏၲာျဖစ္ျပီးသူကို သတ္မွ အနႏၲရိယကံ ထိုက္တာ မဟုတ္ပါဘူး။ရဟႏၲာမျဖစ္ခင္ သတ္ျပီး ရဟႏၲာျဖစ္ျပီးမွ ေသရင္လည္း အနႏၲရိယကံထိုက္ပါတယ္။

၄။ သက္ေတာ္ထင္ရွား ျမတ္စြာဘုရားကို ေသြးစိမ္းတည္ေအာင္ျပဳျခင္း

ယခုအခ်ိန္မွာ ျမတ္စြာဘုရားသက္ေတာ္ထင္ရွားမရွိေတာ့သည့္အတြက္ ဘုရားကို ေသြးစိမ္းတည္ေအာင္ ျပဳျခင္းဆိုတဲ႔ကံကေတာ့ ယခုေခတ္မွာ မျဖစ္ႏိုင္ေတာ့ပါဘူး။

၅။ သံဃာအသင္းကဲြေအာင္ အားထုတ္ျခင္း ဆိုတဲ႔ ကံငါးပါးဘဲ ျဖစ္ပါတယ္။

သံဃာအသင္းကဲြေအာင္ အားထုတ္တယ္ဆိုတာကေတာ့ တစ္သိမ္တည္းမွာ ကံျပဳေနတဲ႔ သံဃာေတြကို တစ္ဖက္နဲ႔တစ္ဖက္ ကဲြျပားေအာင္ ၾကံေဆာင္ျပီး မိမိရဲ႕ အားထုတ္မႈေၾကာင္း ထိုသံဃာမ်ားက တစ္သိမ္တည္းမွာ ကံသီးျခားခဲြျပဳမယ္ ဆိုရင္ သံဃေဘဒကကံထိုက္ပါေတာ့တယ္။ဒီကံနဲ႔ ပတ္သက္လို႔ ေက်းဇူးေတာ္ရွင္ မဟာဂႏၶာရံုဆရာေတာ္ၾကီး လူေတြ သာမေဏေတြ သံဃေဘဒကအျပစ္မရွိႏိုင္ေသာ္လည္း လူ သာမေဏမ်ားက သံဃာေတြ တစ္ဖက္နဲ႔ တစ္ဖက္ ကဲြျပားေအာင္ ေသြးထိုးလႈံ႕ေဆာ္မႈေတြ ျပဳမယ္ဆိုရင္ ထို သံဃေဘဒကကံအျပစ္နီးပါးေလာက္ အျပစ္ၾကီးႏိုင္တယ္လို႔ မိန္႔ေတာ္မူပါတယ္။

နိယတမိစၧာဒိ႒ိ ဆိုတာကေတာ့

နတၳိကဒိ႒ိ – ကုသိုလ္အကုသိုလ္ဆိုတာ မရွိဘူး ကုသိုလ္အကုသိုလ္ကံရဲ႕ အကိ်ဳးဆိုတာ မရွိဘူး အေဖ အေမဆိုတာမရွိ ဘူး ေနာက္ဘဝဆိုတာ မရွိဘူး ေသလွ်င္ၿပီးၿပီ ဆိုတဲ႔အယူအဆမိ်ဳး

အေဟတုကဒိ႒ိ – အေၾကာင္းတရားလည္းမရွိ၊ အက်ိဳးတရားလည္းမရွိဆိုတဲ႔ အယူဝါဒမိ်ဳး

အကိရိယဒိ႒ိ – ေကာင္းမႈျပဳေသာ္လည္း ေကာင္းမႈျပဳသည္မမည္၊ မေကာင္းမႈျပဳေသာ္လည္း မေကာင္းမႈျပဳသည္မမည္လို႔ ယူဆတဲ႔ အယူဝါဒမိ်ဳး

ဒီ ဒိ႒ိသံုးမ်ိဳးထဲက တစ္မ်ိဳးမ်ိဳးကို ဘုရားရွင္အဆူဆူတို႔ ေခ်ခြ်တ္ေသာ္လည္း မကြ်တ္ႏိုင္ေလာက္ေအာင္ စြဲစြဲၿမဲၿမဲ လက္ခံက်င့္သံုးပါက နိယတမိစၧာဒိ႒ိမည္ပါတယ္။

တစ္နည္းအားျဖင့္ ဒီ မိစၧာဒိ႒ိသုံးမိ်ဳးဟာ ေသျပီးသည္ေနာက္ အပါယ္ငရဲကို ေသခ်ာေပါက္က်ေရာက္ေစမွာျဖစ္လို႔ နိယတမိစၧာဒိ႒ိလို႔ ေခၚပါတယ္။

ဒီ အကုသိုလ္ကံ ေျခာက္မိ်ဳးထဲက ပဥၥာနႏၲရိယကံငါးပါးမွာ သံဃေဘဒကကံက အျပစ္အၾကီးဆုံးပါ။သို႔ေသာ္ သံဃေဘဒကကံထက္ အျပစ္ၾကီးတာကေတာ့ နိယတမိစၧာဒိ႒ိျဖစ္ပါတယ္။

သံဃေဘဒကကံေၾကာင့္ အဝီစိငရဲသို႔က်ေရာက္ေနေသာသူဟာ ငရဲသက္မျပည့္ခင္ ကမ႓ာပ်က္ရင္ ငရဲမွလြတ္ပါတယ္။ နိယတမိစၧာဒိ႒ိကံေၾကာင့္ အပါယ္ငရဲက်ေနသူေတြကေတာ့ ကမ႓ာပ်က္တာေတာင္ ငရဲက မလြတ္ဘဲ အျခားကမ႓ာရွိငရဲကို ေျပာင္းျပီး ငရဲဒုကၡခံရပါတယ္။ နိယတမိစၧာဒိ႒ိပုဂၢိဳလ္မ်ားအတြက္ ငရဲသက္တမ္းသတ္မွတ္ခ်က္ဆိုတာ မရွိပါဘူး။ အယူကို မစြန္႔မခ်င္း ငရဲမွာ ဒုကၡခံရပါတယ္။

ကိုးကား : သျဂိ ၤဳဟ္ဘာသာဋီကာ – ၃၄၁/ ၃၇၉

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ဝိေဝကာလကၤာရ (ေညာင္ဦး)
# Unicode Version ျဖင့္ ဖတ္ပါ #
အခြားသော ကံများက တားဆီး၍ မရဘဲ သေပြီးသည်နှင့် ဧကန်မုချအကျိုးပေးမည့် ကံတွေကို ဂရုကကံလို့ ခေါ်ပါတယ်။ အဲဒီ ဂရုကကံတွေကတော့ ကုသိုလ်အရာမှာဆို မဟဂ္ဂုတ်ကုသိုလ်ကံတွေကို ဆိုလိုပါတယ်။ဈာန်ရ သူတော်ကောင်းများဟာ သေသောအခါ အပါယ်ငရဲမကျတော့ဘဲ မိမိတို့ ရသော ဈာန်အားလျော်စွာ ဗြဟ္မာ့ဘုံများမှာ ဖြစ်ကြပါတယ်။ အကုသိုလ်အရာမှာတော့ (၆ )မျိုးရှိပါတယ်။ အဲဒါတွေကတော့ ပဉ္စာနန္တရိယကံ ငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိတို့ဘဲ ဖြစ်ပါတယ်။ ပဉ္စာနန္တရိယကံ ငါးပါးဆိုတာကတော့

၁။ မိခင်အရင်းကို သတ်ခြင်း ၂။ ဖခင်အရင်းကို သတ်ခြင်း

မိဘမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သေစေလိုသောစိတ်ဖြင့် သတ်လျှင် အနန္တရိယကံထိုက်ပါတော့တယ်။အခြားသူကို သေစေလိုသောစိတ်ဖြင့် သေနတ်ဖြင့် ပစ်လိုက်လို့ မိဘတွေကို ထိမှန်ပြီး သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။အကယ်၍ မိဘများက တိရိစ္ဆာန်ဖြစ်နေရင် သတ်သည့်အတွက် အနန္တရိယကံမထိုက်သော်လည်း ထိုကံနီးပါးလောက် ဆရာတော်ကြီးများက မိန့်တော်မူပါတယ်။ယခု ခေတ်အခါမှာ အရက်မူးလို့ ကိုယ့်မိဘအရင်းကို သတ်မိတာမျိုးတွေ ရှိနေတာ သတိပြုသင့်ပါတယ်။

၃။ ကိလေသာကင်းကွာ ရဟန္တာကို သတ်ခြင်း

ရဟန္တာဖြစ်ပြီးသူကို သတ်မှ အနန္တရိယကံ ထိုက်တာ မဟုတ်ပါဘူး။ရဟန္တာမဖြစ်ခင် သတ်ပြီး ရဟန္တာဖြစ်ပြီးမှ သေရင်လည်း အနန္တရိယကံထိုက်ပါတယ်။

၄။ သက်တော်ထင်ရှား မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း

ယခုအချိန်မှာ မြတ်စွာဘုရားသက်တော်ထင်ရှားမရှိတော့သည့်အတွက် ဘုရားကို သွေးစိမ်းတည်အောင် ပြုခြင်းဆိုတဲ့ကံကတော့ ယခုခေတ်မှာ မဖြစ်နိုင်တော့ပါဘူး။

၅။ သံဃာအသင်းကွဲအောင် အားထုတ်ခြင်း ဆိုတဲ့ ကံငါးပါးဘဲ ဖြစ်ပါတယ်။

သံဃာအသင်းကွဲအောင် အားထုတ်တယ်ဆိုတာကတော့ တစ်သိမ်တည်းမှာ ကံပြုနေတဲ့ သံဃာတွေကို တစ်ဖက်နဲ့တစ်ဖက် ကွဲပြားအောင် ကြံဆောင်ပြီး မိမိရဲ့ အားထုတ်မှုကြောင်း ထိုသံဃာများက တစ်သိမ်တည်းမှာ ကံသီးခြားခွဲပြုမယ် ဆိုရင် သံဃဘေဒကကံထိုက်ပါတော့တယ်။ဒီကံနဲ့ ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး လူတွေ သာမဏေတွေ သံဃဘေဒကအပြစ်မရှိနိုင်သော်လည်း လူ သာမဏေများက သံဃာတွေ တစ်ဖက်နဲ့ တစ်ဖက် ကွဲပြားအောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုမယ်ဆိုရင် ထို သံဃဘေဒကကံအပြစ်နီးပါးလောက် အပြစ်ကြီးနိုင်တယ်လို့ မိန့်တော်မူပါတယ်။

နိယတမိစ္ဆာဒိဋ္ဌိ ဆိုတာကတော့

နတ္ထိကဒိဋ္ဌိ – ကုသိုလ်အကုသိုလ်ဆိုတာ မရှိဘူး ကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးဆိုတာ မရှိဘူး အဖေ အမေဆိုတာမရှိ ဘူး နောက်ဘဝဆိုတာ မရှိဘူး သေလျှင်ပြီးပြီ ဆိုတဲ့အယူအဆမျိုး

အဟေတုကဒိဋ္ဌိ – အကြောင်းတရားလည်းမရှိ၊ အကျိုးတရားလည်းမရှိဆိုတဲ့ အယူဝါဒမျိုး

အကိရိယဒိဋ္ဌိ – ကောင်းမှုပြုသော်လည်း ကောင်းမှုပြုသည်မမည်၊ မကောင်းမှုပြုသော်လည်း မကောင်းမှုပြုသည်မမည်လို့ ယူဆတဲ့ အယူဝါဒမျိုး

ဒီ ဒိဋ္ဌိသုံးမျိုးထဲက တစ်မျိုးမျိုးကို ဘုရားရှင်အဆူဆူတို့ ချေချွတ်သော်လည်း မကျွတ်နိုင်လောက်အောင် စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးပါက နိယတမိစ္ဆာဒိဋ္ဌိမည်ပါတယ်။

တစ်နည်းအားဖြင့် ဒီ မိစ္ဆာဒိဋ္ဌိသုံးမျိုးဟာ သေပြီးသည်နောက် အပါယ်ငရဲကို သေချာပေါက်ကျရောက်စေမှာဖြစ်လို့ နိယတမိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဒီ အကုသိုလ်ကံ ခြောက်မျိုးထဲက ပဉ္စာနန္တရိယကံငါးပါးမှာ သံဃဘေဒကကံက အပြစ်အကြီးဆုံးပါ။သို့သော် သံဃဘေဒကကံထက် အပြစ်ကြီးတာကတော့ နိယတမိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။

သံဃဘေဒကကံကြောင့် အဝီစိငရဲသို့ကျရောက်နေသောသူဟာ ငရဲသက်မပြည့်ခင် ကမ္ဘာပျက်ရင် ငရဲမှလွတ်ပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိကံကြောင့် အပါယ်ငရဲကျနေသူတွေကတော့ ကမ္ဘာပျက်တာတောင် ငရဲက မလွတ်ဘဲ အခြားကမ္ဘာရှိငရဲကို ပြောင်းပြီး ငရဲဒုက္ခခံရပါတယ်။ နိယတမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များအတွက် ငရဲသက်တမ်းသတ်မှတ်ချက်ဆိုတာ မရှိပါဘူး။ အယူကို မစွန့်မချင်း ငရဲမှာ ဒုက္ခခံရပါတယ်။

ကိုးကား : သဂြိ ၤုဟ်ဘာသာဋီကာ – ၃၄၁/ ၃၇၉

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ဝိဝေကာလင်္ကာရ (ညောင်ဦး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top