ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လူပ်ဳိလူလြတ္ဟု လိမ္လည္ေျပာဆိုကာ ေပါင္းသင္းေနထိုင္ခဲ့သည့္အမ်ဳိးသားကို တည္းခိုးခန္းသို႔ေခၚဆိုခ်ိန္းေတြ႔ျပီး ၎အမ်ဳိးသားအိပ္ေပ်ာ္ေနစဥ္ဓားျဖင့္ထိုးသတ္ခဲ့သည့္ မလင္းလင္းခိုင္အား ကူညီေထာက္ပံ့ေပးႏိုင္ရန္အတြက္ ဂစ္တာ ႏိုင္ငံေဇာ္က ဦးဆာင္ျပီး ေစတနာရွင္မ်ားထံမွ ေငြေၾကးေကာက္ခံ စုေဆာင္းေပးလွ်က္ရွိေၾကာင္း သိရသည္။

“လူသတ္မႈျဖစ္ေနေတာ့ ကၽြန္ေတာ္တို႔လည္း ဘာမွလုပ္ေပးလို႔မရဘူး။ သူ႔ကိုေနာက္ကြယ္ကေန တရားရင္ဆိုင္ေနရတဲ့အခ်ိန္မွာလည္း အဆင္ေျပေအာင္ လိုအပ္တဲ့ေငြေၾကးေတြ၊ ေထာင္ထဲေရာက္သြား ရင္လည္း ေနဖို႔ထိုင္ဖို႔ စားဖို႔ေသာက္ဖို႔၊ သူ႔မိသားစုနဲ႔ တိုင္ပင္ၿပီး ေငြစုစာအုပ္လုပ္ေပးဖို႔လုပ္ေနပါတယ္။

အမႈကေတာ့ တရားဥပေဒအတိုင္း သြားရမွာပဲ။ ကၽြန္ေတာ္တို႔ အခုေငြစုတာ ဆယ္သိန္းတစ္ေသာင္းရၿပီ ဒီေန႔ကရံုးဖြင့္ရက္ဆိုေတာ့ လွဴတဲ့သူေတြဆီက ပိုက္ဆံေတြလိုက္ေကာက္ေနပါတယ္။ စုထားတဲ့ေငြေတြကို မိသားစုနဲ႔ အကိုတို႔စုေပါင္းလွဴဒါန္းတဲ့အဖြဲ႕အစည္းနဲ႔ အားလံုးညွိႏႈိင္းၿပီးမွ ထုတ္လို႔ရေအာင္လည္း လုပ္ေဆာင္ေနပါတယ္”ဟု သုခုမစက္ရုပ္အဖြဲ႕မွ ဂီတမွဴးျဖစ္သူ ဂစ္တာႏိုင္ေဇာ္ကေျပာသည္။

မလင္းလင္းခိုင္၏အမႈအတြက္ အခမဲ့ေရွ႕ေနလိုက္ေပးမည့္ ေရွ႕ေနဦးမိုးဟိန္းႏွင့္လည္း ပူးေပါင္းအကူအညီေပးရန္ ဆက္သြယ္ညွိႏိႈင္းၿပီးျဖစ္ကာ မလင္းလင္းခိုင္၏အမျဖစ္သူႏွင့္လည္း ဆက္သြယ္ေျပာဆိုခဲ့ၿပီးျဖစ္ေၾကာင္း ကိုႏိုင္ေဇာ္ကေျပာသည္။

“မိန္းကေလးတစ္ေယာက္က ပိုက္ဆံမရွိဘူး အလိမ္ခံရတယ္။ မိန္းမရွိၿပီး ကေလးသံုးေယာက္ရွိရဲ႕သားနဲ႔ သူ႔ကိုညာၿပီးေတာ့တြဲတယ္။ တြဲၿပီး လိမ္လည္ေပါင္းသင္းေနထိုင္တယ္။ ေနာက္ ျမ၀တီေခၚသြားၿပီး ေရာင္းစားသလိုျဖစ္တယ္။ သူေနာက္ဆံုးျပန္လာတယ္ ျပန္လာတဲ့အခါက်ေတာ့လည္း ဒီေရာက္ေတာ့ တိုင္တယ္။ တိုင္တာဘယ္သူမွမလုပ္ေပးဘူးေပါ့ေနာ္။ ဒါေတြသိရတဲ့အခါက်ေတာ့လည္း အကိုတို႔ေလာကရဲ႕ တရားဥပေဒစိုးမိုးမႈက ေမးခြန္းထုတ္စရာျဖစ္လာတယ္။

အကိုတို႔အေနနဲ႔ၾကေတာ့လည္း ဒီလိုမတရားထားတဲ့ ကိစၥႀကီးကို ဒီေကာင္မေလးကိုလည္း လူသတ္မႈျဖစ္တာကို မွားတယ္လို႔ဆံုးျဖတ္လို႔မရဘူး။ သူလည္းတက္ႏိုင္ သေလာက္လုပ္ၿပီးသြားၿပီ သူလုပ္လို႔မရတဲ့အခါမွာ လက္စားေခ်မႈဆိုတာျဖစ္လာတဲ့အတြက္ သူ႔စိတ္ဓာတ္ကိုျပန္လည္ တည့္မတ္ေပးဖို႔လိုတယ္ေလ။ ဒီလိုလူသတ္မႈျဖစ္တာလည္း သူ႔ဘက္ကဥပေဒအရ လုပ္တာ လုပ္လို႔မရတဲ့အခါမွာ လုပ္တယ္ဆိုတဲ့ကိစၥၾကေတာ့ အမ်ားႀကီးထည့္စဥ္းစားစရာျဖစ္လာလို႔ ကၽြန္ေတာ္တို႔၀င္ၿပီးကူညီေပးတာပါ”ဟု ၄င္းကေျပာသည္။

စက္တင္ဘာလ ၁၆ ရက္ေန႔၊ နံနက္ ၁၀ နာရီ ၄၅ မိနစ္အခ်ိန္ခန္႔က မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္၊ ေတာင္လံုးျပန္ရပ္ကြက္၊ အထက္ပုဇြန္ေတာင္လမ္း၊ ေရေက်ာ္မီးပြိဳင့္အနီးရွိ ရိြဳင္ရယ္တည္းခုိခန္း၊ အခန္း အမွတ္ (၁၀) ရွိ အိပ္ရာခုတင္ေပၚတြင္ ၀မ္းဗိုက္အထက္ပိုင္းထိုးသြင္းဒဏ္ရာ (၁) ခ်က္၊ ေက်ာျပင္ယာဘက္ ထိုးသြင္းဒဏ္ရာ (၁) ခ်က္ျဖင့္ ေသဆံုးလ်က္ရွိေၾကာင္း ေတြ႕ရွိရသျဖင့္ မဂၤလာေတာင္ညႊန္႔ၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၉၀/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္၍ ရဲတပ္ဖြဲ႕မွစံုစမ္းမႈမ်ားျပဳလုပ္ခဲ့သည္။

ေသဆံုးသူႏွင့္အတူ လာေရာက္တည္းခိုသူအား လိုက္လံစံုစမ္းခဲ့ရာ ေဒါပံုၿမိဳ႕နယ္၊ ဗိုလ္ထြန္းဇံရပ္ကြက္၊ ေမတၱာလမ္းေန လင္းလင္းခိုင္ (၃၉) ႏွစ္ျဖစ္ေၾကာင္းသိရွိရ၍ ၄င္းအားစက္တင္ဘာလ ၂၁ ရက္ေန႔ နံနက္ ၃ နာရီေက်ာ္အခ်ိန္တြင္ ေဒါပံုၿမိဳ႕နယ္၊ ယမံုနာ (၂) ရပ္ကြက္၊ ေအာင္ေမတၱာလမ္းရွိ လက္ဖက္ရည္ဆိုင္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  News Watch

#Unicode Version#
လူပျိုလူလွတ်ဟု လိမ်လည်ပြောဆိုကာ ပေါင်းသင်းနေထိုင်ခဲ့သည့်အမျိုးသားကို တည်းခိုးခန်းသို့ခေါ်ဆိုချိန်းတွေ့ပြီး ၎င်းအမျိုးသားအိပ်ပျော်နေစဉ်ဓားဖြင့်ထိုးသတ်ခဲ့သည့် မလင်းလင်းခိုင်အား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဂစ်တာ နိုင်ငံဇော်က ဦးဆာင်ပြီး စေတနာရှင်များထံမှ ငွေကြေးကောက်ခံ စုဆောင်းပေးလျှက်ရှိကြောင်း သိရသည်။

“လူသတ်မှုဖြစ်နေတော့ ကျွန်တော်တို့လည်း ဘာမှလုပ်ပေးလို့မရဘူး။ သူ့ကိုနောက်ကွယ်ကနေ တရားရင်ဆိုင်နေရတဲ့အချိန်မှာလည်း အဆင်ပြေအောင် လိုအပ်တဲ့ငွေကြေးတွေ၊ ထောင်ထဲရောက်သွား ရင်လည်း နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့၊ သူ့မိသားစုနဲ့ တိုင်ပင်ပြီး ငွေစုစာအုပ်လုပ်ပေးဖို့လုပ်နေပါတယ်။

အမှုကတော့ တရားဥပဒေအတိုင်း သွားရမှာပဲ။ ကျွန်တော်တို့ အခုငွေစုတာ ဆယ်သိန်းတစ်သောင်းရပြီ ဒီနေ့ကရုံးဖွင့်ရက်ဆိုတော့ လှူတဲ့သူတွေဆီက ပိုက်ဆံတွေလိုက်ကောက်နေပါတယ်။ စုထားတဲ့ငွေတွေကို မိသားစုနဲ့ အကိုတို့စုပေါင်းလှူဒါန်းတဲ့အဖွဲ့အစည်းနဲ့ အားလုံးညှိနှိုင်းပြီးမှ ထုတ်လို့ရအောင်လည်း လုပ်ဆောင်နေပါတယ်”ဟု သုခုမစက်ရုပ်အဖွဲ့မှ ဂီတမှူးဖြစ်သူ ဂစ်တာနိုင်ဇော်ကပြောသည်။

မလင်းလင်းခိုင်၏အမှုအတွက် အခမဲ့ရှေ့နေလိုက်ပေးမည့် ရှေ့နေဦးမိုးဟိန်းနှင့်လည်း ပူးပေါင်းအကူအညီပေးရန် ဆက်သွယ်ညှိနှိုင်းပြီးဖြစ်ကာ မလင်းလင်းခိုင်၏အမဖြစ်သူနှင့်လည်း ဆက်သွယ်ပြောဆိုခဲ့ပြီးဖြစ်ကြောင်း ကိုနိုင်ဇော်ကပြောသည်။

“မိန်းကလေးတစ်ယောက်က ပိုက်ဆံမရှိဘူး အလိမ်ခံရတယ်။ မိန်းမရှိပြီး ကလေးသုံးယောက်ရှိရဲ့သားနဲ့ သူ့ကိုညာပြီးတော့တွဲတယ်။ တွဲပြီး လိမ်လည်ပေါင်းသင်းနေထိုင်တယ်။ နောက် မြဝတီခေါ်သွားပြီး ရောင်းစားသလိုဖြစ်တယ်။ သူနောက်ဆုံးပြန်လာတယ် ပြန်လာတဲ့အခါကျတော့လည်း ဒီရောက်တော့ တိုင်တယ်။ တိုင်တာဘယ်သူမှမလုပ်ပေးဘူးပေါ့နော်။ ဒါတွေသိရတဲ့အခါကျတော့လည်း အကိုတို့လောကရဲ့ တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာဖြစ်လာတယ်။

အကိုတို့အနေနဲ့ကြတော့လည်း ဒီလိုမတရားထားတဲ့ ကိစ္စကြီးကို ဒီကောင်မလေးကိုလည်း လူသတ်မှုဖြစ်တာကို မှားတယ်လို့ဆုံးဖြတ်လို့မရဘူး။ သူလည်းတက်နိုင် သလောက်လုပ်ပြီးသွားပြီ သူလုပ်လို့မရတဲ့အခါမှာ လက်စားချေမှုဆိုတာဖြစ်လာတဲ့အတွက် သူ့စိတ်ဓာတ်ကိုပြန်လည် တည့်မတ်ပေးဖို့လိုတယ်လေ။ ဒီလိုလူသတ်မှုဖြစ်တာလည်း သူ့ဘက်ကဥပဒေအရ လုပ်တာ လုပ်လို့မရတဲ့အခါမှာ လုပ်တယ်ဆိုတဲ့ကိစ္စကြတော့ အများကြီးထည့်စဉ်းစားစရာဖြစ်လာလို့ ကျွန်တော်တို့ဝင်ပြီးကူညီပေးတာပါ”ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်မီးပွိုင့်အနီးရှိ ရွိုင်ရယ်တည်းခိုခန်း၊ အခန်း အမှတ် (၁၀) ရှိ အိပ်ရာခုတင်ပေါ်တွင် ဝမ်းဗိုက်အထက်ပိုင်းထိုးသွင်းဒဏ်ရာ (၁) ချက်၊ ကျောပြင်ယာဘက် ထိုးသွင်းဒဏ်ရာ (၁) ချက်ဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းတွင် (ပ) ၄၉၀/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ ရဲတပ်ဖွဲ့မှစုံစမ်းမှုများပြုလုပ်ခဲ့သည်။

သေဆုံးသူနှင့်အတူ လာရောက်တည်းခိုသူအား လိုက်လံစုံစမ်းခဲ့ရာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းနေ လင်းလင်းခိုင် (၃၉) နှစ်ဖြစ်ကြောင်းသိရှိရ၍ ၎င်းအားစက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်တွင် ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top