×

အလုပ္သမားဝန္ႀကီးဌာနတာဝန္ရိွသူမ်ားႏွင့္ ေအဂ်င္စီလုပ္ငန္းရွင္မ်ား ေတြ႔ဆံုေဆြးေႏြးပြဲတစ္ခု (ဓာတ္ပံု − စိုင္းစည္သူ)

 ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမ်ား လုိင္စင္အာမခံေၾကးတုိးျမႇင့္ရန္ စီစဥ္ေန ေၾကာင္း အလုပ္သမားၫႊန္ၾကား ေရးဦးစီးဌာနမွတာ၀န္ရွိသူတစ္ ဦးက ေျပာသည္။

ထုိသုိ႔လုိင္စင္ေၾကးတိုးျမႇင့္ ရန္ စက္တင္ဘာ ၁၉ ရက္၌အ လုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန တာ၀န္ရွိသူမ်ားက သက္ဆိုင္ရာ ေအဂ်င္စီမ်ားႏွင့္ေတြ႕ဆုံညိႇႏႈိင္း မည္ျဖစ္သည္။


 ‘‘လုိင္စင္အာမခံေၾကးတုိး ျမႇင့္ဖုိ႔ကုိ မႏွစ္ကတည္းကျပင္ဆင္ ေနတာပါ။ အေၾကာင္းေၾကာင္း ေၾကာင့္ ဆုိင္းငံ့ခဲ့ရၿပီး အခုညိႇႏႈိင္း ၿပီးရင္ ႏႈန္းထားအတည္ျပဳထြက္ လာဖုိ႔ရွိတယ္’’ ဟု အထက္ပါတာ ၀န္ရွိသူကေျပာသည္။

ထုိ႔အျပင္ ယင္းအစည္းအ ေ၀း၌ ျပည္ပအလုပ္အကိုင္ရွာ ေဖြေရးေအဂ်င္စီမ်ား ေကာက္ခံရ မည့္၀န္ေဆာင္ခႏႈန္းထားမ်ားကုိ ညိႇႏႈိင္းမည့္အစီအစဥ္ ပါ၀င္ ေၾကာင္း ၎ကဆုိသည္။

ျပည္ပသုိ႔သြားေရာက္လုပ္ ကိုင္ေနသည့္ ျမန္မာအလုပ္သ မားမ်ားလုံၿခံဳစိတ္ခ်ရေသာ ေရႊ႕ ေျပာင္းသြားလာမႈျဖစ္ေစရန္ ျပည္ ပအလုပ္အကိုင္ရွာေဖြေရးေအ ဂ်င္စီမ်ားကုိ စနစ္တက်ျဖစ္ေရး ျပည္ေထာင္စုအစုိးရအဖြဲ႕၏ ဆုံး ျဖတ္ခ်က္ျဖင့္ လုိင္စင္အာမခံ ေၾကးတုိးျမႇင့္ရန္ စီစဥ္ရျခင္းျဖစ္ ေၾကာင္း အလုပ္သမားၫႊန္ၾကား ေရးဦးစီးဌာနက ကနဦးထုတ္ျပန္ ထားသည္။

ျပည္ပအလုပ္အကုိင္ရွာေဖြ ေရးေအဂ်င္စီမ်ားသည္ လက္ရွိ၌ ထုိင္းႏုိင္ငံသုိ႔ပုိ႔ေဆာင္သည့္လုိင္ စင္အတြက္ က်ပ္သိန္း ၅၀၊ အ ျခား တရား၀င္ခြင့္ျပဳထားသည့္ ႏုိင္ငံမ်ားသုိ႔  အလုပ္သမားေစ လႊတ္သည့္လုိင္စင္အတြက္ အာမခံေၾကးအျဖစ္ က်ပ္သိန္း ၅၀ ေပးသြင္းရသည္။

‘‘ညိႇႏႈိင္းေဆြးေႏြးဖုိ႔ဆုိၿပီးအ စည္းအေ၀းဖိတ္ထားတာေတာ့ ရွိတယ္။ အာမခံေၾကးအဆမတန္ တုိးျမႇင့္ရင္ေတာ့ အခက္အခဲေတြ ရွိတယ္’’ ဟု ေငြႀကိဳးၾကာျပည္ပအ လုပ္အကိုင္ရွာေဖြေရးေအဂ်င္စီ မန္ေနဂ်င္းဒါ႐ုိက္တာဦးစုိင္းစည္ သူက ေျပာသည္။

လက္ရွိတြင္ ျပည္ပအလုပ္ အကိုင္ရွာေဖြေရးေအဂ်င္စီလုိင္ စင္ရရွိထားသည့္ကုမၸဏီ ၃၀၀ ေက်ာ္ရွိေၾကာင္း အလုပ္သမား ၫႊန္ၾကားေရးဦးစီးဌာနက ထုတ္ ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများနှင့် အေဂျင်စီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတစ်ခု (ဓာတ်ပုံ − စိုင်းစည်သူ)

 ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ လိုင်စင်အာမခံကြေးတိုးမြှင့်ရန် စီစဉ်နေ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှတာဝန်ရှိသူတစ် ဦးက ပြောသည်။

ထိုသို့လိုင်စင်ကြေးတိုးမြှင့် ရန် စက်တင်ဘာ ၁၉ ရက်၌အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာ အေဂျင်စီများနှင့်တွေ့ဆုံညှိနှိုင်း မည်ဖြစ်သည်။


 ‘‘လိုင်စင်အာမခံကြေးတိုး မြှင့်ဖို့ကို မနှစ်ကတည်းကပြင်ဆင် နေတာပါ။ အကြောင်းကြောင်း ကြောင့် ဆိုင်းငံ့ခဲ့ရပြီး အခုညှိနှိုင်း ပြီးရင် နှုန်းထားအတည်ပြုထွက် လာဖို့ရှိတယ်’’ ဟု အထက်ပါတာ ဝန်ရှိသူကပြောသည်။

ထို့အပြင် ယင်းအစည်းအ ဝေး၌ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများ ကောက်ခံရ မည့်ဝန်ဆောင်ခနှုန်းထားများကို ညှိနှိုင်းမည့်အစီအစဉ် ပါဝင် ကြောင်း ၎င်းကဆိုသည်။

ပြည်ပသို့သွားရောက်လုပ် ကိုင်နေသည့် မြန်မာအလုပ်သ မားများလုံခြုံစိတ်ချရသော ရွှေ့ ပြောင်းသွားလာမှုဖြစ်စေရန် ပြည် ပအလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီများကို စနစ်တကျဖြစ်ရေး ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံး ဖြတ်ချက်ဖြင့် လိုင်စင်အာမခံ ကြေးတိုးမြှင့်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက ကနဦးထုတ်ပြန် ထားသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများသည် လက်ရှိ၌ ထိုင်းနိုင်ငံသို့ပို့ဆောင်သည့်လိုင် စင်အတွက် ကျပ်သိန်း ၅၀၊ အ ခြား တရားဝင်ခွင့်ပြုထားသည့် နိုင်ငံများသို့  အလုပ်သမားစေ လွှတ်သည့်လိုင်စင်အတွက် အာမခံကြေးအဖြစ် ကျပ်သိန်း ၅၀ ပေးသွင်းရသည်။

‘‘ညှိနှိုင်းဆွေးနွေးဖို့ဆိုပြီးအ စည်းအဝေးဖိတ်ထားတာတော့ ရှိတယ်။ အာမခံကြေးအဆမတန် တိုးမြှင့်ရင်တော့ အခက်အခဲတွေ ရှိတယ်’’ ဟု ငွေကြိုးကြာပြည်ပအ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီ မန်နေဂျင်းဒါရိုက်တာဦးစိုင်းစည် သူက ပြောသည်။

လက်ရှိတွင် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီလိုင် စင်ရရှိထားသည့်ကုမ္ပဏီ ၃၀၀ ကျော်ရှိကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ် ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top