ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ၿဗိတိန္ႏိုင္ငံက ထိပ္တန္းအမ်ိဳးသမီးသိပၸံပညာရွင္တစ္ဦးဟာ သူဆုရရွိခဲ့တဲ့ သိပၸံပညာရပ္ဆိုင္ရာဆုေၾကး ေပါင္ ၂ ဒသမ ၃ သန္းကို လူမႈအက်ိဳးျပဳလုပ္ငန္းေတြဆီ လႉဒါန္းလိုက္ေၾကာင္းသိရပါတယ္။ အဆိုပါ ေငြေၾကးေတြကို ႐ူပေဗဒပညာရွင္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ ခ်ိဳ႕တဲ့ေက်ာင္းသားေတြနဲ႔ လူနည္းစုတိုင္းရင္းသားေတြအတြက္အသုံးျပဳဖို႔သူက ရည္႐ြယ္လႉဒါန္းခဲ့တာျဖစ္ပါတယ္။



ပါေမာကၡ ဒါမီ ဂ်ိဴစီလန္ ဘဲဘာနဲလ္ဟာ ေရဒီယိုလႈိင္းအခ်က္ျပနဲ႔သာျမင္ႏိုင္တဲ့ၾကယ္မႈန္ကို ရွာေဖြေတြ႕ရွိခဲ့တာေၾကာင့္ Breakthrough Prize ဆု ခ်ီးျမင့္ခံခဲ့ရသူ ျဖစ္ပါတယ္။ အခုလိုမ်ိဳးရွာေဖြေတြ႕ရွိမႈက ၁၉၇၄ ခုႏွစ္မွာ ႐ူပေဗဒဆိုင္ရာ ႏိုဘယ္ဆု ရေစခဲ့ေပမဲ့ သူနဲ႔ ပူးေပါင္းလုပ္ကိုင္ခဲ့တဲ့အမ်ိဳးသားေတြကသာ ႏိုဘယ္ဆုကို လက္ခံရယူခဲ့တာ ျဖစ္ပါတယ္။

အဆိုပါဆုဟာ ဘာနဲလ္ရဲ႕ သိပၸံပညာရပ္ေတြကို ဦးေဆာင္လမ္းျပႏိုင္မႈအတြက္ အသိမွတ္ျပဳတဲ့ဆုလည္းျဖစ္ပါတယ္။ ပါေမာကၡ ဘာနဲလ္က “ ကၽြန္မ အတြက္ ေငြေၾကးလိုအပ္မႈမရွိပါဘူး။ အခုလိုမ်ိဳးလႉဒါန္းလိုက္တာဟာ ေကာင္းတဲ့ေနရာမွာ အသုံးျပဳလိုက္တာပဲ လို႔ျမင္ပါတယ္“ လို႔ေျပာခဲ့ပါတယ္။

ပါေမာကၡ ဘာနဲလ္ဟာ အမ်ိဳးသမီးသိပၸံပညာရွင္ေတြအတြက္ စိတ္အားတက္ႂကြေစမႈနဲ႔ လႈံေဆာ္မႈရရွိေစခဲ့သူျဖစ္ၿပီး ေရဒီယိုလႈိင္းအခ်က္ျပနဲ႔သာျမင္ႏိုင္တဲ့ၾကယ္မႈန္ကို ရွာေဖြေတြ႕ရွိခဲ့ခ်ိန္တုန္းက သူဟာ သုေတသနေက်ာင္းသူတစ္ဦးအျဖစ္သာ ရွိေသးတယ္လို႔လည္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kaung Htet Ngwe (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ
ဗြိတိန်နိုင်ငံက ထိပ်တန်းအမျိုးသမီးသိပ္ပံပညာရှင်တစ်ဦးဟာ သူဆုရရှိခဲ့တဲ့ သိပ္ပံပညာရပ်ဆိုင်ရာဆုကြေး ပေါင် ၂ ဒသမ ၃ သန်းကို လူမှုအကျိုးပြုလုပ်ငန်းတွေဆီ လှူဒါန်းလိုက်ကြောင်းသိရပါတယ်။ အဆိုပါ ငွေကြေးတွေကို ရူပဗေဒပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ချို့တဲ့ကျောင်းသားတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက်အသုံးပြုဖို့

သူက ရည်ရွယ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပါမောက္ခ ဒါမီ ဂျိူစီလန် ဘဲဘာနဲလ်ဟာ ရေဒီယိုလှိုင်းအချက်ပြနဲ့သာမြင်နိုင်တဲ့ကြယ်မှုန်ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် Breakthrough Prize ဆု ချီးမြင့်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုလိုမျိုးရှာဖွေတွေ့ရှိမှုက ၁၉၇၄ ခုနှစ်မှာ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ရစေခဲ့ပေမဲ့ သူနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့အမျိုးသားတွေကသာ နိုဘယ်ဆုကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆုဟာ ဘာနဲလ်ရဲ့ သိပ္ပံပညာရပ်တွေကို ဦးဆောင်လမ်းပြနိုင်မှုအတွက် အသိမှတ်ပြုတဲ့ဆုလည်းဖြစ်ပါတယ်။ ပါမောက္ခ ဘာနဲလ်က “ ကျွန်မ အတွက် ငွေကြေးလိုအပ်မှုမရှိပါဘူး။ အခုလိုမျိုးလှူဒါန်းလိုက်တာဟာ ကောင်းတဲ့နေရာမှာ အသုံးပြုလိုက်တာပဲ လို့မြင်ပါတယ်“ လို့ပြောခဲ့ပါတယ်။

ပါမောက္ခ ဘာနဲလ်ဟာ အမျိုးသမီးသိပ္ပံပညာရှင်တွေအတွက် စိတ်အားတက်ကြွစေမှုနဲ့ လှုံဆော်မှုရရှိစေခဲ့သူဖြစ်ပြီး ရေဒီယိုလှိုင်းအချက်ပြနဲ့သာမြင်နိုင်တဲ့ကြယ်မှုန်ကို ရှာဖွေတွေ့ရှိခဲ့ချိန်တုန်းက သူဟာ သုတေသနကျောင်းသူတစ်ဦးအဖြစ်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Kaung Htet Ngwe (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top