iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေတြဟာ သူနည္းသူ႔ဟန္နဲ႔သူ ေပ်ာ္ရႊင္ၾကၿပီး မေပ်ာ္ရႊင္တဲ့စံုတြဲေတြကလည္း သူ႔အေၾကာင္းနဲ႔သူပါပဲတဲ့။ ေယာက္်ားနဲ႔မိန္းမ လက္ထပ္လိုက္တဲ့အခါ ဘယ္လိုေကာင္းက်ိဳး၊ ဆိုုးက်ိဳးေတြ ရရွိႏိုင္သလဲဆိုတာ သိပၸံပညာရွင္မ်ားက စိတ္ပညာေလ့လာမႈေတြနဲ႔ အက်ိဳးသင့္ အေၾကာင္းသင့္ ေထာက္ျပခဲ့ၾကပါတယ္။

●        လက္ထပ္ထိမ္းျမားလိုက္ၿပီး အိမ္ေထာင္တစ္ခု ထူေထာင္လိုက္တာနဲ႔ ႏွလံုးေရာဂါ၊ ေလျဖတ္ေရာဂါနဲ႔ စိတ္က်ေရာဂါ ျဖစ္ပြားမႈေတြ သိသိသာသာ က်ဆင္းသြားပါသတဲ့။

●        တရားဝင္ အတူေနလိုက္ျခင္းအားျဖင့္ ပထမဆံုး အရက္၊ ေဆးလိပ္၊ ကြမ္း စတာေတြ ျဖတ္ဖို႔ လမ္းစပါတဲ့။ မင္းသားဟယ္ရီဟာ သူ႔ၾကင္ယာေတာ္နဲ႔ လက္မထပ္ခင္ ေဆးလိပ္ ျပတ္သြားခဲ့ပါတယ္။

●        စိတ္ပညာရွင္ ေဒါက္တာဆူဒီတာကေတာ့ တစ္ကိုယ္တည္းေနၿပီး အထီးက်န္တာ လူ႔အသိုင္းအဝိုင္းကေန ဖယ္ခြာလာတာေတြဟာ လက္ထပ္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ ေပ်ာက္ကြယ္သြားၿပီး စိတ္က်ေရာဂါနဲ႔ အထီးက်န္မႈေတြကို ထိေရာက္စြာ ကုသႏိုင္ပါတယ္။ သိပ္အထီးက်န္ေနရင္ ဘဝခရီးေဖာ္ ရွာလိုက္တာ စိတ္က်န္းမာမႈရဲ႕ လမ္းစပါတဲ့။

●        စိတ္ပညာရွင္ သီအိုဒိုးရဲ႕ တင္ျပခ်က္ ေဘးကေန ဟိုဟာမစားနဲ႔၊ ဒီဟာနဲ႔ မတည့္လို႔ ေျပာမယ့္သူ တစ္ေယာက္ရွိတာဟာ က်န္းမာေနမႈအ ေလ့အက်င့္ေတြကို ပိုမိုခိုင္မာသြားေစပါတယ္တဲ့။

●        တစ္ဖက္ကလည္း ေန႔စဥ္ မိမိရဲ႕ လိင္ဆက္ဆံမႈဘဝကို တရားဝင္ အေဖာ္တစ္ေယာက္နဲ႔ ထိန္းသိမ္းထားႏိုင္တာဟာ သိပ္ေကာင္းတဲ့ ႏုပ်ိဳအသက္ရွည္ေဆး ျဖစ္ပါတယ္။

●        တစ္ဖက္ကလည္း ႏွလံုးသုေတသနတစ္ခုအရ ေပ်ာ္ရႊင္တဲ့စံုတြဲေတြဟာ အသက္ ၁၅ ႏွစ္ ပိုရွည္ၾကသေလာက္ အိမ္ေထာင္ေရး မသာယာမႈဟာ အသက္တိုဖို႔ တြန္းပို႔သေလာက္ ရွိေနပါတယ္။



          အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ အိမ္ေထာင္ေရးဒဏ္ေတြကို ခံစားရၿပီး -

1.       အဝလြန္ျခင္း

2.       စိတ္က်ေရာဂါ

3.       ေသြးတိုးေရာဂါ

4.       ေစာစီးစြာ အိုမင္းတာ

5.       လူေနမႈဘဝ ထိခိုက္ပ်က္ျပားတာေတြ ႀကံဳေတြ႕ရပါတယ္။

●        ဒါေပမဲ့ မိန္းမေတြတင္ပဲ ခံစားရတာလားဆိုေတာ့ မဟုတ္ျပန္ပါဘူး။ အိမ္ေထာင္ေရး မသာယာတဲ့ အမ်ိဳးသားေတြဟာလည္း ေဆးစြဲတာ၊ အရက္စြဲတာေတြလို အေျခအေနေတြ ထပ္တူႀကံဳႏိုင္ပါတယ္။

●        အိမ္ေထာင္ေရး မသာယာေတာ့ လြတ္ေျမာက္ဖို႔ လမ္းရွာၿပီး ကြဲၾကပါတယ္။ ကြာရွင္းျပတ္စဲရမယ့္ အေျခအေနကို ႀကံဳေတြတာဟာ ေသြးတိုးျခင္း၊ ေလျဖတ္ျခင္း၊ ႏွလံုးေရာဂါေတြနဲ႔ ဆက္စပ္ေနၿပီး  အရြယ္မတိုင္ခင္ ေစာစီးစြာ ေသဆံုးျခင္းရဲ႕ အေၾကာင္းရင္းထဲမွာ ပါေနပါတယ္။ ဒါေပမဲ့ တစ္ၿပိဳင္တည္းမွာပဲ လံုးဝညႇိမရေတာ့ဘူးဆိုရင္ ကြာရွင္းလိုက္ျခင္းျဖင့္ စိတ္ပိုင္းဆိုင္ရာ ျပန္လည္က်န္းမာလာၿပီး ပိုမိုေပ်ာ္ရႊင္လာတာမ်ိဳးလည္း ေတြ႕ရပါတယ္။

●        ေနာက္ထပ္အေရးႀကီးတဲ့ စိတ္ပညာရွင္ေတြရဲ႕ တင္ျပခ်က္ကေတာ့ အပ်ိဳႀကီးေတြဟာ အသက္ရွည္ၿပီး လွပက်န္းမာေနႏိုင္သေလာက္ တစ္ကိုယ္တည္း အမ်ိဳးသားေတြဟာ ဂ႐ုစိုက္သူ ကင္းမဲ့ၿပီး အထီးက်န္တဲ့  မက်န္းမာတဲ့ ဘဝေနထိုင္မႈစနစ္ေၾကာင့္ အပ်ိဳႀကီးေတြလို မက်န္းမာၾကဘဲ          လူမႈေရး၊ က်န္းမာေရးျပႆနာေတြ ပိုမိုႀကံဳေတြ႕ရႏိုင္ပါေၾကာင္း တင္ျပလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
ပျော်ရွှင်တဲ့ အိမ်ထောင်တွေဟာ သူနည်းသူ့ဟန်နဲ့သူ ပျော်ရွှင်ကြပြီး မပျော်ရွှင်တဲ့စုံတွဲတွေကလည်း သူ့အကြောင်းနဲ့သူပါပဲတဲ့။ ယောက်ျားနဲ့မိန်းမ လက်ထပ်လိုက်တဲ့အခါ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရရှိနိုင်သလဲဆိုတာ သိပ္ပံပညာရှင်များက စိတ်ပညာလေ့လာမှုတွေနဲ့ အကျိုးသင့် အကြောင်းသင့် ထောက်ပြခဲ့ကြပါတယ်။

●        လက်ထပ်ထိမ်းမြားလိုက်ပြီး အိမ်ထောင်တစ်ခု ထူထောင်လိုက်တာနဲ့ နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ ကျဆင်းသွားပါသတဲ့။

●        တရားဝင် အတူနေလိုက်ခြင်းအားဖြင့် ပထမဆုံး အရက်၊ ဆေးလိပ်၊ ကွမ်း စတာတွေ ဖြတ်ဖို့ လမ်းစပါတဲ့။ မင်းသားဟယ်ရီဟာ သူ့ကြင်ယာတော်နဲ့ လက်မထပ်ခင် ဆေးလိပ် ပြတ်သွားခဲ့ပါတယ်။

●        စိတ်ပညာရှင် ဒေါက်တာဆူဒီတာကတော့ တစ်ကိုယ်တည်းနေပြီး အထီးကျန်တာ လူ့အသိုင်းအဝိုင်းကနေ ဖယ်ခွာလာတာတွေဟာ လက်ထပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ကွယ်သွားပြီး စိတ်ကျရောဂါနဲ့ အထီးကျန်မှုတွေကို ထိရောက်စွာ ကုသနိုင်ပါတယ်။ သိပ်အထီးကျန်နေရင် ဘဝခရီးဖော် ရှာလိုက်တာ စိတ်ကျန်းမာမှုရဲ့ လမ်းစပါတဲ့။

●        စိတ်ပညာရှင် သီအိုဒိုးရဲ့ တင်ပြချက် ဘေးကနေ ဟိုဟာမစားနဲ့၊ ဒီဟာနဲ့ မတည့်လို့ ပြောမယ့်သူ တစ်ယောက်ရှိတာဟာ ကျန်းမာနေမှုအ လေ့အကျင့်တွေကို ပိုမိုခိုင်မာသွားစေပါတယ်တဲ့။

●        တစ်ဖက်ကလည်း နေ့စဉ် မိမိရဲ့ လိင်ဆက်ဆံမှုဘဝကို တရားဝင် အဖော်တစ်ယောက်နဲ့ ထိန်းသိမ်းထားနိုင်တာဟာ သိပ်ကောင်းတဲ့ နုပျိုအသက်ရှည်ဆေး ဖြစ်ပါတယ်။

●        တစ်ဖက်ကလည်း နှလုံးသုတေသနတစ်ခုအရ ပျော်ရွှင်တဲ့စုံတွဲတွေဟာ အသက် ၁၅ နှစ် ပိုရှည်ကြသလောက် အိမ်ထောင်ရေး မသာယာမှုဟာ အသက်တိုဖို့ တွန်းပို့သလောက် ရှိနေပါတယ်။



          အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိမ်ထောင်ရေးဒဏ်တွေကို ခံစားရပြီး -

1.       အဝလွန်ခြင်း

2.       စိတ်ကျရောဂါ

3.       သွေးတိုးရောဂါ

4.       စောစီးစွာ အိုမင်းတာ

5.       လူနေမှုဘဝ ထိခိုက်ပျက်ပြားတာတွေ ကြုံတွေ့ရပါတယ်။

●        ဒါပေမဲ့ မိန်းမတွေတင်ပဲ ခံစားရတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသားတွေဟာလည်း ဆေးစွဲတာ၊ အရက်စွဲတာတွေလို အခြေအနေတွေ ထပ်တူကြုံနိုင်ပါတယ်။

●        အိမ်ထောင်ရေး မသာယာတော့ လွတ်မြောက်ဖို့ လမ်းရှာပြီး ကွဲကြပါတယ်။ ကွာရှင်းပြတ်စဲရမယ့် အခြေအနေကို ကြုံတွေတာဟာ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေပြီး  အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးခြင်းရဲ့ အကြောင်းရင်းထဲမှာ ပါနေပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ လုံးဝညှိမရတော့ဘူးဆိုရင် ကွာရှင်းလိုက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာပြီး ပိုမိုပျော်ရွှင်လာတာမျိုးလည်း တွေ့ရပါတယ်။

●        နောက်ထပ်အရေးကြီးတဲ့ စိတ်ပညာရှင်တွေရဲ့ တင်ပြချက်ကတော့ အပျိုကြီးတွေဟာ အသက်ရှည်ပြီး လှပကျန်းမာနေနိုင်သလောက် တစ်ကိုယ်တည်း အမျိုးသားတွေဟာ ဂရုစိုက်သူ ကင်းမဲ့ပြီး အထီးကျန်တဲ့  မကျန်းမာတဲ့ ဘဝနေထိုင်မှုစနစ်ကြောင့် အပျိုကြီးတွေလို မကျန်းမာကြဘဲ          လူမှုရေး၊ ကျန်းမာရေးပြဿနာတွေ ပိုမိုကြုံတွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top