×

စာေတြမ်ားမ်ားဖတ္ၿပီး မေတြးေတာရင္ သင့္ကိုယ္သင္ အမ်ားႀကီးတတ္သိနားလည္တယ္လို႔ သင္ထင္မယ္။
စာေတြမ်ားမ်ားဖတ္ၿပီး မ်ားမ်ားေတြးေတာရင္ သင္နားလည္တာေတြ၊ သင္သိတာေတြ နည္းေသးေၾကာင္း
သင္သေဘာေပါက္လိမ့္မယ္။ ----- Voltaire (ျပင္သစ္စာေရးဆရာ၊ ဒႆနပညာရွင္)

စကားလံုးဆိုတာ လွပတဲ့ေနရာကိုသြားတဲ့ လွ်ဳိ႕ဝွက္လမ္းသြယ္ေလးတစ္ခုျဖစ္တယ္
အျမင္ ေတြးေတာျခင္းက စိတ္ကူးႏိုင္စြမ္းကိုခ်ဲ႕ထြင္ေပးတယ္
စာဖတ္ျခင္းက ပိုက်ယ္ျပန္႔တဲ့ စိတ္ကူးဉာဏ္အေျမာ္အျမင္ကိုရေစတယ္
စာဖတ္ျခင္းရဲ႕အက်ဳိးက စိတ္ဓာတ္ကို လႈံ႔ေဆာ္ေပးတယ္၊ ဘဝကို ေျပာင္းလဲေစတယ္၊
အသိပညာ ဗဟုသုတတိုးပြားေစရံုမကကိုယ္ရရွိထားတဲ့ အသိပညာ ဗဟုသုတေတြ တျခားသူကိုျဖန္႔ေဝေပးတာဟာ ေကာင္းမြန္တဲ့လုပ္ရပ္တစ္ခုျဖစ္တယ္

စာဖတ္ျခင္းကို ဘယ္သူမဆို သက္ဆံုးထိတိုင္လုပ္လို႔ရတယ္

ကေလးသူငယ္ေတြကိုေပးဖို႔ အေကာင္းဆံုးနဲ႔ အဖိုးတန္ဆံုးအေမြလည္းျဖစ္တယ္။

 သင္ယူျခင္း၊ စာဖတ္ျခင္းက အသိပညာသစ္ေတြကို လက္ခံရရွိေစရံုမက
အမွားေတြကို ျပင္ဆင္ေပးႏိုင္သလို အမွားအတြက္ သတိျပဳဆင္ျခင္စရာေတြလည္း ရေစတယ္
စာအုပ္ေတြကို မယံုၾကည္ရင္ အသိဉာဏ္ကိုတုိးျမင့္ႏိုင္မွာ မဟုတ္သလို
စာအုပ္ေတြကိုပဲ ယံုၾကည္ေနရင္လည္း ေတြးေခၚမႈေတြ တံုးသြားႏိုင္တယ္
အသိပညာပိုက္ကြန္ထဲ တိုးဝင္မိသူက အသိပညာရဲ႕ခ်ဳိၿမိန္ျခင္းကို အၿမဲအရသာခံတတ္တယ္
ႀကိဳးစားၿပီး သင္ယူပါ.. ဖတ္ရႈပါ
ဒါေတြလုပ္လို႔ ဘာအက်ဳိးရလဒ္ေတြရႏိုင္မလဲလို႔ အလ်င္စလိုေမးခြန္းမထုတ္ပါနဲ႔ ....

စာဖတ္ျခင္းက လူ႔ဘဝကို အသိဉာဏ္ၾကြယ္ေစတဲ့ အႏုပညာတစ္မ်ဳိးျဖစ္တယ္။ စာအုပ္မ႐ွိတဲ့ဘဝက အဆံေခ်ာင္တဲ့ဝါးပင္လိုပဲ။ စာဖတ္ျခင္းက ခႏၶာကိုယ္ေပၚက ေပ်ာ့ညံ့၊ ၾကမ္းတမ္းတာေတြကို ေလ်ာ့နည္းေစတယ္။

ေယာက္်ားတစ္ေယာက္ကေျပာတယ္ "အိမ္ေထာင္ျပဳၿပီးတဲ့ အမ်ဳိးသမီးတစ္ေယာက္ဟာ စာဖတ္မွပဲ မၾကမ္းတမ္း၊ ဒံုးမေဝး၊ မသိမ္ငယ္တတ္မွာ"တဲ့။

ဟုတ္ပါတယ္.. စာေပနဲ႔ေဝးရင္ လူဟာတျဖည္းျဖည္း ၾကမ္းတမ္း႐ိုင္းစိုင္းလာတတ္ပါတယ္။ မိန္းမပ်ဳိငယ္ေလးတိုင္းလိုလိုက စိတ္ကူးယဥ္ဆန္တတ္ၾကတယ္၊ ဘဝရဲ႕အခ်ဳပ္အေႏွာင္၊ အခက္အခဲကို သူတို႔ တကယ္မခံစားရေသးပါဘူး။ သူတို႔ႀကံဳရတဲ့အခက္အခဲတခ်ဳိ႕ဆိုတာက စာဖဲြ႔လို႔မရေသးပါဘူး၊ သူတို႔ရဲ႕စိတ္ကူးအိပ္မက္ကလည္း ေႏြဦး႐ြက္ေၾကြကို ပူေဆြးတဲ့အိပ္မက္ေလးေတြျဖစ္တယ္။

အိမ္ေထာင္ျပဳၿပီးတဲ့မိန္းကေလးမွာ စိတ္ကူးယဥ္ဆန္မႈေတြ၊ စိတ္ကူးအိပ္မက္ေတြ ေလ်ာ့နည္းသြားပါတယ္။ မိသားစုေဝယ်ဝစၥအတြက္ သူတို႔ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စေတးလိုက္ရတယ္။ မိန္းကေလးတခ်ဳိ႕က အလုပ္ေတြမ်ားရင္းကေန ကိုယ့္ကိုယ္ကိုေမ့ေလ်ာ့လာခဲ့ၾကတယ္၊ ကိုယ့္ရဲ႕စိတ္ဓာတ္၊ ကိုယ့္ရဲ႕စိတ္ဝိညာဥ္ကို ဂ႐ုစိုက္ထိန္းသိမ္းဖို႔ ပိုလို႔ေမ့ေလ်ာ့သြားခ့ဲၾကတယ္။

စာအုပ္ကိုခ်စ္တဲ့ မိန္းကေလးေတြက သူတို႔ဟာ အားလပ္ခ်ိန္မွာ သူတို႔ကိုယ္သူတို႔ ပဲ့ျပင္တယ္၊ ျပဳစုပ်ဳိးေထာင္တယ္။ စာအုပ္ကိုခ်စ္သလို သီခ်င္းေတြကိုလည္း သူတို႔ခ်စ္တယ္။ အားလပ္ခ်ိန္မွာ သံစဥ္ေတြနဲ႔ သူတို႔ရဲ႕စိတ္ႏွလံုးကို သာယာေစတယ္။ ေပ်ာ္႐ႊင္ေစတယ္။ ရာစုသစ္တစ္ခုမွာ ႐ွင္သန္ေနတဲ့ငါတို႔က စာအုပ္ကိုခ်စ္သင့္ပါတယ္။

စာအုပ္ကို ခ်စ္တယ္၊ ဖတ္တယ္၊ စုေဆာင္းတယ္။ စာအုပ္ေတြနဲ႔ ဖက္လွဲတကင္းေနထိုင္၊ ေပါင္းသင္းတဲ့အခ်ိန္ဟာ ဘဝကိုခံစားသက္ဝင္ရ အေပ်ာ္ဆံုးအခ်ိန္ျဖစ္တယ္။ စာဖတ္တဲ့လူဟာ ေကာင္းကင္ေပၚက ၾကယ္ကေလးေတြျဖစ္တယ္။ လေရာင္ေၾကာင့္လင္းလက္တဲ့ေကာင္းကင္ကို ပိုေတာက္ပေစတယ္။ သန္မာႀကံ့ခိုင္တဲ့စိတ္ဓာတ္၊ မိမိကိုယ္ကိုယ္ယံုၾကည္တဲ့ ေခတ္လူငယ္တစ္ဦးျဖစ္ခ်င္ရင္ စာဖတ္ျခင္းက အေကာင္းဆံုးေ႐ြးခ်ယ္ရာလမ္းျဖစ္တယ္။ စာအုပ္က လူေတြကို ႐ိုင္းစိုင္းၾကမ္းတမ္းျခင္းနဲ႔ ေဝးကြာေစတယ္၊ သိမ္ငယ္ အားငယ္ျခင္းကို ဖယ္႐ွားေပးတယ္။ ခ်စ္ခင္ႏွစ္လိုစဲြမက္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေစပါတယ္။

စာဖတ္တဲ့သူဟာ စာအုပ္ရနံ႔နဲ႔ ကိုယ့္ကိုယ္ကိုအေကာင္းဆံုးျဖစ္ေအာင္ လုပ္တယ္။
သူဟာတိမ္တစ္ပြင့္လို ျဖဴစင္ႏိုင္တယ္၊ ေရေႏြးၾကမ္းတစ္ခြက္လို ေမႊးပ်ံ႕ႏိုင္တယ္၊ ကန္ေရျပင္လို ေအးေဆးတည္ၿငိမ္ႏိုင္တယ္၊ ညေနဆည္းဆာလို အေရာင္အေသြးစံုႏိုင္တယ္။ စာဖတ္တဲ့လူက အမွားအမွန္ကို ခဲြျခားသိႏိုင္တယ္၊ ျဖားေယာင္းေသြးေဆာင္တာကို လ်စ္လ်ဴ႐ႈႏိုင္တယ္။ စာဖတ္တယ္.. စာအုပ္ထဲက လတ္ဆတ္႐ိုး႐ွင္းတဲ့စကားလံုးေတြက သင့္ရဲ႕ဖုန္အလိမ္းလိမ္းတက္ေနတဲ့ စိတ္ဓာတ္၊ ညိဳးငယ္စိတ္၊ အားငယ္စိတ္၊ ၾကမ္းတမ္းခက္ထန္မႈကို ေဆးေၾကာပစ္ႏိုင္တယ္။ ငယ္႐ြယ္ႏုပ်ဳိျခင္းက တိုေတာင္းတယ္၊ ႐ုပ္ရည္က အိုလြယ္တယ္။ စာအုပ္ရနံ႔ကသာ သင့္အပါး အၿမဲေမႊးပ်ံ႕ႏိုင္မွာျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ႏိုင္းႏိုင္းစေန

#Unicode Version#
 စာတွေများများဖတ်ပြီး မတွေးတောရင် သင့်ကိုယ်သင် အများကြီးတတ်သိနားလည်တယ်လို့ သင်ထင်မယ်။
စာတွေများများဖတ်ပြီး များများတွေးတောရင် သင်နားလည်တာတွေ၊ သင်သိတာတွေ နည်းသေးကြောင်း
သင်သဘောပေါက်လိမ့်မယ်။ ----- Voltaire (ပြင်သစ်စာရေးဆရာ၊ ဒဿနပညာရှင်)

စကားလုံးဆိုတာ လှပတဲ့နေရာကိုသွားတဲ့ လျှို့ဝှက်လမ်းသွယ်လေးတစ်ခုဖြစ်တယ်
အမြင် တွေးတောခြင်းက စိတ်ကူးနိုင်စွမ်းကိုချဲ့ထွင်ပေးတယ်
စာဖတ်ခြင်းက ပိုကျယ်ပြန့်တဲ့ စိတ်ကူးဉာဏ်အမြော်အမြင်ကိုရစေတယ်
စာဖတ်ခြင်းရဲ့အကျိုးက စိတ်ဓာတ်ကို လှုံ့ဆော်ပေးတယ်၊ ဘဝကို ပြောင်းလဲစေတယ်၊
အသိပညာ ဗဟုသုတတိုးပွားစေရုံမကကိုယ်ရရှိထားတဲ့ အသိပညာ ဗဟုသုတတွေ တခြားသူကိုဖြန့်ဝေပေးတာဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်

စာဖတ်ခြင်းကို ဘယ်သူမဆို သက်ဆုံးထိတိုင်လုပ်လို့ရတယ်

ကလေးသူငယ်တွေကိုပေးဖို့ အကောင်းဆုံးနဲ့ အဖိုးတန်ဆုံးအမွေလည်းဖြစ်တယ်။

 သင်ယူခြင်း၊ စာဖတ်ခြင်းက အသိပညာသစ်တွေကို လက်ခံရရှိစေရုံမက
အမှားတွေကို ပြင်ဆင်ပေးနိုင်သလို အမှားအတွက် သတိပြုဆင်ခြင်စရာတွေလည်း ရစေတယ်
စာအုပ်တွေကို မယုံကြည်ရင် အသိဉာဏ်ကိုတိုးမြင့်နိုင်မှာ မဟုတ်သလို
စာအုပ်တွေကိုပဲ ယုံကြည်နေရင်လည်း တွေးခေါ်မှုတွေ တုံးသွားနိုင်တယ်
အသိပညာပိုက်ကွန်ထဲ တိုးဝင်မိသူက အသိပညာရဲ့ချိုမြိန်ခြင်းကို အမြဲအရသာခံတတ်တယ်
ကြိုးစားပြီး သင်ယူပါ.. ဖတ်ရှုပါ
ဒါတွေလုပ်လို့ ဘာအကျိုးရလဒ်တွေရနိုင်မလဲလို့ အလျင်စလိုမေးခွန်းမထုတ်ပါနဲ့ ....

စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။ စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။ စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ်။

ယောက်ျားတစ်ယောက်ကပြောတယ် "အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ ဒုံးမဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။

ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြည်းဖြည်း ကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။ မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ်မခံစားရသေးပါဘူး။ သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာက စာဖွဲ့လို့မရသေးပါဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကို ပူဆွေးတဲ့အိပ်မက်လေးတွေဖြစ်တယ်။

အိမ်ထောင်ပြုပြီးတဲ့မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားပါတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့သွားခဲ့ကြတယ်။

စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။ ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်ပါတယ်။

စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။ စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။ လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။ သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံးရွေးချယ်ရာလမ်းဖြစ်တယ်။ စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။ ချစ်ခင်နှစ်လိုစွဲမက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေပါတယ်။

စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေးတည်ငြိမ်နိုင်တယ်၊ ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။ စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။ စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက သင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။ ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။ စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top